ဓားစာခံ အာဖဂန် သတင်းထောက်ကို တာလီဘန်များ သတ်ဖြတ်
ဧပြီ ၈။ အေပီ၊ဘီဘီစီ
Photoအေအက်ဖ်ပီ
အသတ်ခံလိုက်ရသော ဓားစာခံသတင်းထောက်
အာဖဂန်နစ္စတန် တာလီဘန်များက ယခင်လက အီတလီ သတင်းစာဆရာနှင့်အတူ ပြန်ပေးဆွဲခံလိုက်ရသည့် အာဖဂန် သတင်းထောက် အပ်ဂ်ျမားလ်ကို သတ်လိုက်ပြီဖြစ်ကြောင်း ပြောကြားသည်။
အီတလီနေ့စဉ်သတင်းစာလာ ရီပတ်ဘလစ်ကာမှ သတင်းထောက် ဒန်နီယယ် မတ်စထရိုဂီယာကိုမိုကို အကျဉ်းကျနေသော တာလီဘန် ငါးယောက်ကို အစိုးရဘက်မှ လွှတ်ပေးပြီးနောက် အလဲအလှယ်အနေဖြင့် မတ်လ ၁၉ ရက်နေ့ က ပြန်လွှတ်ပေးလိုက် သည်။
သတင်းထောက်နှစ်ဦးနှင့် ၎င်းတို့ ၏ ကားမောင်းသူကို မတ်လ ၆ ရက်နေ့ က ဟဲလ်မန် ခရိုင်တွင် ဖမ်းဆီးသွားခြင်း ဖြစ်သည်။ ယာဉ်မောင်းသူမှာ ခေါင်းဖြတ်ခံလိုက်ရသည်။ တာလီဘန် တပ်မှူး မူလာ ဒက်လူဘာ၏ ပြောရေးဆိုခွင့် ရှိသူက ရှိုဟာဘူဒင် အတားလ်က ``ကျုပ်တို့  တောင်းဆိုချက်တွေကို အစိုးရက ကျုပ်တို့  တောင်းဆိုချက်တွေကို မလိုက်လျောလို့  အပ်ဂ်ျမားလ်ကို ဒီနေ့  သတ်လိုက်ပြီ`` ဟု ပြောသည်။ အပ်ဂ်ျမားလ်သည် ဧည့်သည် နိုင်ငံခြားသားသတင်းထောက်များအတွက် လမ်းညွှန်နှင့် ဘာသာပြန်အဖြစ် အလုပ်လုပ်နေသူဖြစ်သည်။ အီတလီသတင်းထောက်နှင့် ယာဉ်မောင်းသူတို့ နှင့်အတူ တာလီဘန် စစ်ဆေးရေး ဂိတ်တွင် ဖမ်းဆီးခံလိုက်ရသည်။ မူလက ဗြိတိသျှစစ်တပ်အတွက် သူလျှိုလုပ်ပေးသည်ဟု စွပ်စွဲခဲ့သည်။
ယာဉ်မောင်းသူကို ၎င်းတို့ ၏ တောင်းဆိုချက်အား စေ့စပ်ညှိနှိုင်းရန် ဖိအားပေးသည့်အနေဖြင့် ခေါင်းဖြတ်ခဲ့သည်။ ကဘူးမြို့ မှ ဘီဘီစီ သတင်းထောက် မာ့ခ် ဒမ်းမတ်က အီတလီတို့ ဘက်မှ ပြင်းပြင်းထန်ထန် စေ့စပ်ဆွေးနွေးပြီးနောက် သဘောတူညီချက် ထမြောက်သွားခဲ့သည်။ တာလီဘန် ငါးဦးကို လွှတ်ပေးလိုက်ပြီးနောက် မစ္စတာ မက်စထရိုဂီယာကီမိုကို လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
တာလီဘန်များသည် အစိုးရ ဆေးဝန်ထမ်း ငါးဦးနှင့် ပြင်သစ် ကယ်ဆယ်ရေးလုပ်သား နှစ်ဦးတို့ ကို ၎င်းတို့ ၏ အာဖဂန် လုပ်ဖော် ကိုင်ဘက် သုံးဦးနှင့်အတူ ဖမ်းဆီးထားဆဲ ဖြစ်သည်။ ၎င်းတို့ ၏ ကံ့ကြမ္မာကို နောက်ပိုင်း ဆုံးဖြတ်မည်ဟု ဆိုသည်။
သမ္မတ ဟာမစ် ကာဇာအီက ဓားစာခံများ လွတ်မြောက်ရေးအတွက် တာလီဘန်တို့နှင့် နောက်ထပ်စေ့စပ်ညှိနှိုင်းမှု လုပ်မည် မဟုတ်ကြောင်း ပြောသည်။ `မစ္စတာ မက်တထရိုဂီယာကိုမို ကိစ္စက သာလွန်ထူးကဲတဲ့ အခြေအနေတခုပဲ။ ဒါကို နောက်ထပ် ဒါမျိုး ထပ်မဖြစ်တော့ဘူး။ ဘယ်သူနဲ့ ၊ နောက်တခြားဘယ်တိုင်းပြည်အတွက်မှ နောက်ထပ် ဆွေးနွေးမှုတွေ မလုပ်တော့ဘူး ´ဟု ဆို သည်။
ဆိုမာလီမြို့ တော် စစ်မြေပြင်ဖြစ်နေ
ဧပြီ ၃။ မိုဂါဒစ်ရှူး။ အေပီ
Photo
အီသီယိုးပီးယားက နောက်ခံပေးနေသော အစိုးရတပ်များနှင့် အစ္စလာမ်မစ် သူပုန်များ မိုဂါဒစ်ရှူးမြို့ တော်တွင် တိုက်ပွဲများ ပြင်းထန်လျက် ရှိရာ လေးရက်အတွင်း အရပ်သား အများစုဖြစ်သော လူ ၄၀၀ နီးပါး သေဆုံးသွားကြောင်း ဆိုမာလီ လူ့ အခွင့် အရေး အဖွဲ့ တခုက တနင်္လာနေ့ က ပြောကြားသည်။
တနင်္လာနေ့ က တိုက်ပွဲအရှိန်လျော့သွားသဖြင့် ထောင်ပေါင်းများစွာသော ပြည်သူများသည် စစ်ဒဏ်ကြောင့် ပျက်စီးနေသော ပင်လယ်ကမ်းခြေမြို့ တော်မှ ခြေလျင်တမျိုး၊ မြည်းဆွဲသောလှည်းများဖြင့်တဖုံ၊ ကားများဖြင့်တသွယ် ထွက်ပြေးနိုင်ခဲ့သည်။ အမျိုး သမီးနှင့် ကလေးငယ်များ အများစု ဖြစ်သော စစ်ပြေးဒုက္ခသည် ၄၇၀၀၀ သည် ပြီးခဲ့သည့် ၁၀ ရက်အတွင်း ၎င်းတို့ ၏ နေအိမ် များကို စွန့် လွှတ်ခဲ့ရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်ဌာနက ဆိုသည်။ ဖေဖော်ဝါရီလကတည်းက လူတသိန်းနီးပါး တိုက်ပွဲကြောင့် ထွက်ပြေးခဲ့ရပြီး ဖြစ်သည်။
အီသီယိုးပီးယား တပ်များကို သူပုန်တို့  မြို့ တော်တောင်ပိုင်းရှိ သူပုန်တို့  အမာခံနေရာများနှင့် နီးကပ်စွာ စစ်ကူပေးနေသည်ကို တွေ့ ရသည်။ မိုဂါဒစ်ရှူးမြို့ တော်တွင် အီသီယိုးပီးယားစစ်သည် လေးထောင်ခန့် ရှိနေကြောင်း လုံခြုံရေးကြောင့် အမည်မဖော်လို သူ အနောက်သံတမန်များက ဆိုသည်။
ဒီဇင်ဘာလက အာဏာချုပ်ကိုင်လိုက်သော အစ္စလာမစ် အုပ်စုများကို ဖြိုခွင်းရန် အီသီယိုးပီးယား တပ်များ တင့်ကားများ၊ တိုက် ခိုက်ရေး ရဟတ်ယာဉ်များဖြင့် ၀င်ရောက်လာပြီးနောက် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ၃၈၁ဦး သေဆုံးကာ ၅၆၅ ဦး ဒဏ်ရာ ရကြောင်း အယ်လ်မန် လူ့ အခွင့်အရေး ဖောင်ဒေးရှင်း ဥက္ကဌ ဆူဒန် အလီ အာမက်က ဆိုသည်။ ထိုအရေအတွက်မှာ ဆေးရုံမှ စာရင်းများ၊ ဒေသန္တရ အဖွဲ့ များနှင့် မြှုပ်နှံသဂြိ င်္ုဟ်မှုများအပေါ် တွက်ချက်ထားခြင်း ဖြစ်ပြီး တိုက်ပွဲကျဆုံးသော အီသီယိုးပီးယား စစ်သားများ မပါကြောင်း ပြောကြားသည်။ ဒဏ်ရာရသူ အများစုမှာ ဆေးဝါးကုသစောင့်ရှောက်မှု မရရှိဘဲ လမ်းပေါ်တွင် လဲ လျောင်းနေရကြောင်းလည်း ဆိုသည်။
ယမန်နေ့ က ဆိုမာလီတပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အလီအိုမာသည် ၎င်းတည်းခိုရာ ဟိုတယ်မှ အစိုးရကားတန်းဖြင့် ထွက် ခွာလာစဉ် လမ်းဘေးမှ ဗုံးပေါက်ကွဲပြီး အသက်ဘေးမှ သီသီကလေး လွတ်ခဲ့ရသည်။ ဤဖြစ်ရပ်က သူပုန်များ အားကောင်း နေဆဲဖြစ်ကြောင်း ထင်ရှားသည့် သင်္ကေတတခု ဖြစ်သည်။
ဗုံးကွဲမှုတွင် စစ်သည်တဦး ဒဏ်ရာရသွားကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ဟူစိန်က ပြောကြားသည်။ “ဒီပေါက် ကွဲမှုနောက်မှာ အယ်လ်ကေဒါ အဖွဲ့ တခု ရှိတယ်။ သူတို့ က အစိုးရ အရာရှိတွေကို သတ်ချင်တယ်။ အီရတ်မှာ သူတို့  လုပ်နေ သလိုမျိုး သူတို့  ဒီမှာ လုပ်ချင်တယ်“ ဟု ဆိုသည်။
အီသီယိုးပီးယား၊ အာဖရိက၊ အာရပ်နှင့် အမေရိကန် သံတမန်များသည် ပြဿနာ အဖြေရှာရန် အီဂျစ်ပြည် ကိုင်ရိုမြို့ တွင် ယနေ့  တွေ့ ဆုံမည် ဖြစ်သည်။
အီရစ်ထရီးယားနိုင်ငံတွင်မူ ယူဂန်ဒါသမ္မတ မူဆီဘီနီသည် အီသီယိုးပီးယားသမ္မတ အက်ဖ်ဝါကီနှင့် ဆိုမာလီ တိုက်ပွဲများကိစ္စ ဆွေးနွေးလျက် ရှိသည်။ အီရစ်ထရီးယားသည် အစ္စလာမစ် အုပ်စုများကို ထောက်ခံအားပေးသည်ဟု စွပ်စွဲခံနေရသည်။
ခဏတာ အာဏာချုပ်ကိုင်နိုင်ခဲ့သော အစ္စလာမစ် အုပ်စုများကို ပြီးခဲ့သည့် ဒီဇင်ဘာလက အီရစ်ထရီးယား၏ ပြိုင်ဘက် အီသီယိုး ပီးယားက အမေရိကန် အထူးတပ်ဖွဲ့ များနှင့် ပူးပေါင်းကာ တိုက်ခိုက် အာဏာဖယ်ရှားခဲ့သည်။ အမေရိကန်က အစ္စလာမစ် အုပ်စု များကို အယ်လ်ကေဒါနှင့် ဆက်နွှယ်သည်ဟု စွပ်စွဲသည်။
ထိုင်းဘုရင့်ပုံ ဆေးဖြင့်ဖြန်းမိသည့် ဆွစ်လူမျိုး ထောင် ၁၀ နှစ်
မတ် ၃၀။ အေပီ၊ ဘီဘီစီ။
Photoရိုက်တာ
စီရင်ချက်ကျပြီး တရားရုံးမှ ချင်းမိုင်ထောင်သို့  ပို့ ဆောင်မည့် အချုပ်ကားပေါ် တက်နေသည့် ဂျူဖာ
ထိုင်းဘုရင် ဘူမိဘော အဒူယာဒက်ကို စော်ကားမှုဖြင့် ထောင်၁၀ နှစ် ကျသွားသော ဆွစ်ဇာလန်နိုင်ငံသား အိုလီဗာ ဂျူဖာ (၅၇ နှစ်)အတွက် ဆွစ်ဇာလန်က တစုံတရာ ကန့် ကွက် အရေးဆိုမည် မဟုတ်ကြောင်း ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြော ကြားလိုက်သည်။
ယခုလဆန်းပိုင်းက ဂျူဖာသည် ဘုရင်ကို အကာအကွယ်ပေးသည့် တင်းကျပ်သော ထိုင်းဥပဒေအောက်တွင် ပြစ်မှုငါးခု ကျူးလွန်ကြောင်း ၀န်ခံခဲ့ရသည်။ တရားသူကြီး တန်ဘူကာလီက ဂျူဖာသည် အပြစ်ရှိကြောင်း ၀န်ခံသဖြင့် ပြစ်ဒဏ်လျှော့ပေါ့ပေး ခံရခြင်း ဖြစ်ကြောင်း ဆိုသည်။
“ဒါဟာ ဆိုးရွားတဲ့ ပြစ်မှုတခုပါ။ သူ့ ကို ပြစ်မှုတခုကို ငါးနှစ်နဲ့  ထောင် နှစ် ၂၀ ချလို့ ရတယ် အပြစ်ရှိကြောင်း ၀န်ခံလို့  ၁၀ နှစ် လျှော့ပေးလိုက်တယ်“ ဟု ပြောကြားသည်။ ထိုင်းအမျိုးသမီးနှင့် လက်ထပ်ထားပြီး ထိုင်းနိုင်ငံတွင် ၁၀ နှစ်ကျော် နေထိုင်လျက် ရှိသူ ဂျူဖာသည် ယခု ပြစ်မှုအတွက် အမြင့်ဆုံး ထောင် ၇၅ နှစ်ထိ ကျခံရဖွယ် ရှိခဲ့သည်။
ဂျူဖာသည် အဆိုပါ ပြစ်မှုအတွက် ပထမဆုံး အပြစ်ပေးခံရသည့် နိုင်ငံခြားသား ဖြစ်သည်။ ယခင်က အလားတူ ပြစ်မှုမျိုးဖြင့် တရားစွဲဆိုခံရသည့် နိုင်ငံခြားသားများ ရှိဖူးသော်လည်း နောက်ပိုင်းတွင် ထောင်ဆက်မချဘဲ ပြည်နှင်ဒဏ်သာ ပေးခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလက ထိုင်းဘုရင်၏ ၇၉ နှစ်ပြည့် မွေးနေ့ တွင် အရက်မူးယစ်နေသော ဂျူဖာသည် ထိုင်းဘုရင့် ရုပ်ပုံကို ဆေးများဖြင့် ပက်ဖြန်းနေစဉ် သူခိုးဖမ်းကင်မရာ၏ အလိုအလျောက် ရိုက်ချက်ထဲတွင် ပါသွားခဲ့သည်။ ဆေးဖြင့် မပက်ဖြန်းမီ ဂျူဖာ အရက်ဝယ်ရန် ကြိုးစားသည်ကို ဆိုင်ရှင်က မရောင်းဘဲ ငြင်းဆန်ခဲ့သည်။ အရက်ရောင်းချခြင်းကို အရေးကြီးသော နေ့ ရက်အချို့ တွင် ရံဖန်ရံခါ ပိတ်ပင်ထားတတ်သည်။
ထိုင်းနိုင်ငံသားများသည် ဘုရင် ဘူမိဘောကို ကြည်ညိုလေးစားသော်လည်း ဘုရင့်မိသားစုဝင် အချို့ ကိုဝေဖန်လျှင် ပြစ်ဒဏ် စီရင်ခံရမှုများကြောင့် မဝေဖန်မဆွေးနွေးရဲကြပေ။
ဂျူဖာသည် တလအတွင်း အယူခံဝင်နိုင်သော်လည်း လွတ်မြောက်ရေးအတွက် အဖြစ်နိုင်ဆုံး မျှော်လင့်ချက်မှာ ဘုရင် ဘူမိဘောထံမှ လွတ်ငြိမ်းချမ်းသာခွင့် ဖြစ်သည်။
ဂျပန်ငလျင် တဦးသေ ၁၆၂ ဦး ဒဏ်ရာရ
မတ် ၂၅။ အေပီ
Photoအေပီ
ငလျင်ကြောင့် ပြိုကျသွားသည့် အိမ်တလုံး
အင်အားကြီး ငလျင်တခု ဂျပန်နိုင်ငံတွင် ယနေ့  တုန်လှုပ်သွားရာ အနည်းဆုံး လူတဦး သေဆုံးပြီး ၁၆၂ ဦး ဒဏ်ရာရသွားသည်။
အဆောက်အအုံများ ကြမ်းကြမ်းတမ်းတမ်း တုန်ခါသွားပြီး ငလျင်လှိုင်းကြောင့် ဖြစ်ပေါ်သည့် ဆူနာမီ အငယ်စားတခုလည်း ကမ်း ရိုးတန်းကို ရိုက်ခတ်သွားကြောင်း တာဝန်ရှိသူများနှင့် သတင်းဌာနများက ပြောကြားသည်။ ပြင်းအား ၆ ဒသမ ၉ ရှိ ငလျင်သည် ဂျပန်စံတော်ချိန် နံနက် ၉ နာရီ ၄၂မိနစ်တွင် တိုကျိုမြို့ အနောက်မြောက်ဘက် ၂၂၅ မိုင်အကွာရှိ အီရှီကာဝါခရိုင် မြောက်ဘက်ကမ်းရိုးတန်းတွင် တုန်လှုပ်သွားကြောင်း ဂျပန် မြေငလျင်ဌာနက ဆိုသည်။
ငလျင်လှုပ်ပြီး မိနစ် ၄၀ အကြာတွင် ခြောက်လက်မရှိ ဆူနာမီ အငယ်စားတခုပါ ဖြစ်ပွားခဲ့သည်။ ဆူနာမီ သတိပေးချက်ကို တနာရီ ကြာပြီးနောက် ထုတ်ပြန်ခဲ့သည်။ ငလျင်ကြောင့် အဆောက်အအုံများ ပြိုကျသွားပြီး မြေပြိုခြင်း၊ ဓာတ်အားပြတ်တောက်ခြင်း၊ ဖုန်း လိုင်းများ ချွတ်ယွင်းခြင်း၊ ရေပေးဝေသည့် နေရာများ ပျက်စီးခြင်းများအပြင် ယာဉ်သွားလာမှုပါ ပျက်ပြားသွားခဲ့ရသည်။
ငလျင်လှုပ်ပြီးသည့် နေရာတွင် ညလုံးပေါက် မိုးရွာသွန်းမှုကြောင့် မြေများ ရွှံ့ ရည်ပျော်ကာ မြေပြိုကျပြီး နောက်ဆက်တွဲ ထိတ်လန့် စိုးရွံ့ မှုများလည်း ဖြစ်ပွားလာခဲ့သည်။ ရုပ်သံသတင်းတွင် ငလျင်ဒဏ်ကြောင့် ကြမ်းတမ်းစွာ လှုပ်ခါနေသော အဆောက်အအုံ များကို စက္ကန့် ၃၀ ကြာ ပြသသည်။ ပြိုကျပျက်စီးနေသော အဆောက်အအုံများ၊ ပြတင်းမှန်များ အစိတ်စိတ်အမြွှာမြွှာ ကွဲနေသော ဈေးဆိုင်များ၊ ပြိုကျလာသည့် အိမ်မိုးအုတ်ကြွပ်များနှင့် ရှုပ်ပွနေသော လမ်းမကြီးများ၊ စင်္ကြလမ်းများ အက်ကွဲကုန်သည့် လမ်းများကိုလည်း ရိုက်ပြသည်။
ဒဏ်ရာရသူ အများအပြားမှာ မီးလောင်ကျွမ်းခြင်း၊ ပြိုကျလာသည့် ပစ္စည်းများထိမှန်ခြင်း၊ မှန်ကွဲစများ စူးခြင်းတို့ ကြောင့် ဖြစ် ကြောင်း သတင်းဌာနများက ဆိုသည်။ သေဆုံးသူ အသက် ၅၂ နှစ်အရွယ် အမျိုးသမီးမှာ လွင့်ကျလာသည့် ကျောက်မီးအိမ်တလုံး ထိမှန်ပြီး ကွယ်လွန်ရခြင်း ဖြစ်သည်။
“ဒုက္ခသည်တွေကို ကယ်တင်ဖို့  ကျနော်တို့  အစွမ်းကုန် ကြိုးစားနေပါတယ်။ အပျက်အစီး ပမာဏကို ပိုင်းဖြတ်ဖို့ လဲ ကြိုးစားနေ ပါတယ်“ဟု အစိုးရအဖွဲ့  အတွင်းဝန်ချုပ် ရှီအိုဇာကီက ဆိုသည်။ အစိုးရက ငလျင်ဒေသတွင် ကယ်ဆယ်ရေး လုပ်ငန်းများကို ကူညီ ရန် ရဲနှင့် ကာကွယ်ရေးတပ်များ ဖြန့် ချထားကြောင်းလည်း ရှီအိုဇာကီက ပြောကြားသည်။ ရဲနှင့် သက်ဆိုင်ရာ အစိုးရဌာနများသို့ ဆက်သွယ်သော ဖုန်းများမှာ ချက်ချင်း အကြောင်းမပြန်ပေ။
“ကျနော်တို့  ကိုယ်တွေ တုန်ခါကုန်တယ်။ ကျနော့်လုပ်ဖော်ကိုင်ဘက်တွေကတော့ သူတို့  အိမ်တွေထဲမှာ အားလုံး ကြမ်းပေါ် ပြုတ် ကျပြီး ရှုပ်ပွကုန်တယ်ပြောတယ်“ဟု ငလျင်ဗဟိုချက်အနီး အနာမီဇူမြို့ ၏ ဒုတိယ မြို့ တော်ဝန် မတ်ဆုမိုတိုက အန်အိပ်ခ်ျကေ သတင်းဌာနကို ပြောကြားသည်။
လက်ရှိ ငလျင်တုန်လှုပ်သွားသည့် ဒေသကို ငလျင် မကြာခဏ လှုပ်တတ်သည့် ဇုန်တခုအဖြစ် မစဉ်းစားထားကြောင်း မိုးလေ၀သ ဌာနမှ မြေငလျင်နှင့် ဆူနာမီ ဌာနခွဲမှူးဟာချီမီနေက ဆိုသည်။ ထိုဒေသတွင် လူသေသည်အထိ တုန်လှုပ်ဖူးသော အကြီးဆုံး ငလျင်မှာ ၁၉၃၃ ခုနှစ်က လူသုံးယောက် သေခဲ့ရသည့် ငလျင် ဖြစ်သည်။
၂၀၀၄ အောက်တိုဘာလက ဂျပန်မြောက်ပိုင်းတွင် ပြင်းအား ၆ ဒသမ ၈ ရှိ ငလျင်ကြောင့် လူ ၄၀ သေဆုံးပြီး အိမ် ၆၀၀၀ ကျော် ပျက်စီးခဲ့ရသည်။ ၁၉၉၅ က လူ ၆၄၃၃ ဦး သေဆုံးခဲ့ရသော ကိုဘေးငလျင်ကြီးနောက်ပိုင်း အဆိုးဆုံးဖြစ်သည်။
တမန်တော်မိုဟာမက်ပုံ ဖော်ပြမှု ပြင်သစ်အယ်ဒီတာ အမှုမှလွတ်
မတ် ၂၂။ အေပီ၊ ဘီဘီစီ
အေအက်ဖ်ပီ
ဒိန်းမတ်အလံကို မီးရှို့ နေသည့် မွတ်ဆလင် ဘာသာဝင်များ
ပြင်သစ် သရော်စာမဂ္ဂဇင်း အယ်ဒီတာကို တမန်တော် မိုဟာမက်ပုံ ကာတွန်းများကို ပြန်လည် ပုံနှိပ်ဖော်ပြခြင်းဖြင့် မွတ်ဆလင် ဘာသာဝင်များကို စော်ကားသည်ဟူသော စွဲချက်အတွက် အပြစ်မရှိကြောင်း ပြင်သစ် တရားရုံးက စီရင်ချက် ချလိုက်သည်။ အပတ်စဉ်ထုတ် ချာလီ ဟက်ဘ်ဒို မဂ္ဂဇင်းကို မွတ်ဆလင်များအပေါ် မုန်းတီးအောင် သွေးထိုးသည်ဟူသော မွတ်ဆလင် အုပ်စုများ၏ စွပ်စွဲချက်ကို တရားရုံးက ပယ်ချလိုက်သည်။
ကာတွန်းများသည် လွတ်လပ်စွာ ပြောရေးဆိုခွင့် ဥပဒေနှင့် အကျုံးဝင်ပြီး အစ္စလာမ်ဘာသာကို တိုက်ခိုက်ခြင်း မဟုတ်ဘဲ အခြေခံ ၀ါဒီများကိုသာ ရည်ရွယ်ကြောင်း တရားရုံးက ပြောကြားသည်။ ယခုအမှုကို ပြင်သစ်နိုင်ငံတွင် လွတ်လပ်စွာ ပြောရေးဆိုခွင့် အတွက် အရေးကြီးသော စမ်းသပ်မှု တရပ်အဖြစ် ရှုမြင်ကြသည်။
စီရင်ချက် ဖတ်ကြားပြီးချိန်တွင် တရားရုံး ခန်းမအတွင်း သြဘာသံများ လွှမ်းသွားခဲ့သည်။
ဖေဖော်ဝါရီလ ၂၀၀၆ က ပုံနှိပ် ဖော်ပြခဲ့သော ကာတွန်းပုံ သုံးပုံသည် မွတ်ဆလင် အသိုင်းအ၀ိုင်းကို စော်ကားရာ မရောက်ကြောင်း တရားရုံးက ဆုံးဖြတ်ပေးခဲ့သည်။ အယ်ဒီတာ ဖိလစ်ပီ ဗားလ်က စွဲချက်များကို ငြင်းဆန်ပြီး ကာတွန်းများသည် မွတ်ဆလင်များကို ထိုးနှက်ခြင်း မဟုတ်ဘဲ အကြမ်းဖက်ဝါဒီများကိုသာ ထိုးနှက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ယခု စီရင်ချက်သည် ဘာသာရေးလွှမ်းမိုးမှု လွတ်ကင်းသော ပြင်သစ် မွတ်ဆလင်များအတွက် အောင်ပွဲတခုဟုလည်း ပြောကြား သည်။ “ဒီအငြင်းအခုန်မျိုးက မရှိမဖြစ် လိုပါတယ်“ဟု ဆက်ပြောသည်။
ပါရီ မဟာဗလီကြီးနှင့် ပြင်သစ် မွတ်ဆလင်အသင်းများ သမဂ္ဂတို့ က အမှုကို စွဲဆိုခဲ့ခြင်း ဖြစ်သည်။
ယခင်လက နှစ်ရက်ကြာ တရားခွင် စစ်ဆေးမှုတွင် အယ်ဒီတာ ဗားလ်က ဒိန်းမတ်တွင် ၂၀၀၅ စက်တင်ဘာက ပုံနှိပ်ဖော်ပြ ခဲ့ပြီးသော ကာတွန်းများအား အကြမ်းဖက်ဝါဒကို ရှုတ်ချရန် ပြန်လည် ဖော်ပြခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။ မဂ္ဂဇင်း၏ အမှု ဆောင်အယ်ဒီတာ ဗားလ်သည် ပြစ်မှုထင်ရှားပါက ဒဏ်ငွေ ယူရို သုံးသောင်း (ဒေါ်လာ လေးသောင်းခန့် )နှင့် ထောင် ခြောက်လ အထိ ကျခံရဖွယ် ရှိသည်။
လူသားအသွင် သရုပ်ဖော် ရေးဆွဲခြင်းသည် အစ္စလာမ်ဘာသာတွင် များသောအားဖြင့် မလုပ်ကောင်းသော အရာတရပ် ဖြစ်သည်။ ဗုံးသဏ္ဍာန် ဦးပေါင်းနှင့် တမန်တော် မိုဟာမက်ပုံပါ ကာတွန်းအပါအ၀င် ကာတွန်းများသည် မွတ်ဆလင် နိုင်ငံများတွင် အုံကြွမှုများ ပေါ်ထွက်လာစေခဲ့သည်။ ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေ အပါအ၀င် ဥရောပ နိုင်ငံများတွင်လည်း မွတ်ဆလင် ဘာသာဝင်များ ကန့်  ကွက် ဆန္ဒပြခဲ့ကြသည်။
ဗီယက်နမ် သားကလေးတဦး ထပ်မွေးစားသည့် အင်ဂျလီနာ ဂျိုလီ
မတ် ၁၅။ အေပီ
Photoအေပီ
သားကြီး မက်ဒေါက်စ်နှင့်အတူ ဟိုချီမင်းလေဆိပ်သို့  ရောက်ရှိလာပြီး မကြာမီ ကားထဲတွင် တွေ့ ရသော ဂျိုလီတို့  သားအမိ
ဟောလီးဝုဒ် ကြယ်ပွင့် အင်ဂျလီနာ ဂျိုလီသည် သူ မွေးစားမည့် သုံးနှစ်ရွယ် သားကလေးကို ခေါ်ဆောင်၍ ဗီယက်နမ် တောင်ပိုင်း ရှိ မိဘမဲ့ဂေဟာမှ ယနေ့  ထွက်ခွာသွားသည်။
ယမန်နေ့ ညကမှ ဟိုချီမင်းမြို့ သို့ ရောက်ရှိလာခဲ့သူ ဂျိုလီသည် တန်ဘင် မိဘမဲ့ဂေဟာမှ ကလေးငယ်ကို ခေါ်ကာ အသင့် စောင့် ဆိုင်းနေသော တိုယိုတာ ကားပေါ်သို့  တက်သွားခဲ့သည်။ ရှေ့ ဆင့်နောက်ဆင့်ပင် ပုံစံတူ အခြား တိုယိုတာကားတစီးသည် မွေး စားမှု တရားဝင် ထမြောက်ကြောင်း အခမ်းအနားဖြင့် ပြုလုပ်မည့် ဟိုချီမင်းမြို့ တော် တရားရေးဌာနသို့  မောင်းနှင် ရောက်ရှိလာ သည်။ နောက် နာရီဝက်အကြာတွင် ကားနှစ်စီးလုံးသည် တရားရေးဌာနမှ ထွက်ခွာသွားရာ သတင်းထောက်များနှင့် ဓာတ်ပုံဆရာ များက ထပ်ချပ် လိုက်ပါသွားကြသည်။
မည်သည့်အရပ်သို့  ဦးတည်မောင်းနှင်သွားမည်ကို မသိရသေးသော်လည်း အမည်မထုတ်ဖော်လိုသူ တာဝန်ရှိပုဂ္ဂိုလ်များက ဂျိုလီ သည် ကလေးငယ်အတွက် နိုင်ငံကူးလက်မှတ် ထုတ်မပေးမီ မွေးစားမှုကို စစ်ဆေးရမည့် အမေရိကန် ကောင်စစ်ဝန်ရုံး အရာရှိများနှင့် တွေ့  ဆုံမည်ဟု စောစောပိုင်းက ပြောကြားခဲ့သည်။
ကုလသမဂ္ဂ ချစ်ကြည်ရေးသံတမန် ဂျိုလီသည် ၂၀၀၂ ခုနှစ်က ကမ္ဘောဒီးယားမှ သူမွေးစားခဲ့သူ ငါးနှစ်ရွယ် သားကြီး မက်ဒေါက်စ် နှင့်အတူ မိဘမဲ့ဂေဟာသို့  ရောက်လာခြင်း ဖြစ်သည်။ သားအမိနှစ်ဦး မိဘမဲ့ ဂေဟာသို့  ရောက်ရှိလာချိန်တွင် ဗီယက်နမ် ရိုးရာဝတ်စုံများဆင်မြန်းထားသော ကလေးငယ် ၂၀ ခန့် က ပန်းများ ဆက်၍ ကြိုဆိုကြသည်။
အနက်ရောင်စကပ်နှင့် ရှပ်အကျီ င်္ ၀တ်ဆင်ထားသည့် ဂျိုလီကို သက်တော်စောင့်များက ရှေ့ မှ ခြံရံ ခေါ်ဆောင်လာသည်။ ဂျိုလီ၏ အတွဲ ဘရက် ပစ်တ်ကမူ ဗီယက်နမ်သို့  လိုက်ပါမလာပေ။
ဂျိုလီတွင် ကမ္ဘောဒီးယားမှ မွေးစားထားသော သားငယ် မက်ဒေါက်စ်၊ အီသီယိုပီးယားမှ မွေးစားထားသော နှစ်နှစ်သမီး ဇာဟာရာ နှင့် မေလကမှ ဘရက်ပစ်တ်နှင့် ဖွားမြင်ခဲ့သည့် သမီး Shiloh တို့  ရှိသည်။
နီပေါဘုရင်နှင့် အိမ်ရှေ့ မင်းသား နန်းစွန့် သင့်ကြောင်း ၀န်ကြီးချုပ် ပြောပြီ
မတ် ၁၃။ BBC World news
Photo အေအက်ဖ်ပီ                             HRH Crown Prince Paras in a public function
နီပေါဝန်ကြီးချုပ် ကွိုင်ရာလာ                                                    လူမုန်းများသည့် အိမ်ရှေ့ စံ
ဂျန်နင်ဒရာဘုရင် နန်းစွန် ခဲ့လျှင် ကောင်းမည်ဖြစ်ကြောင်း၊ လူကြိုက်နှစ်သက်ခြင်း မရှိသော အိမ်ရှေ့ မင်းသားလည်း ထီးနန်း အရိုက်အရာကို စွန့် သင့်ကြောင်း နီပေါဝန်ကြီးချုပ် ကွိုင်ရာလာက ယမန်နေ့ က ပြောကြားလိုက်သည်။
အဆောင်အယောင်ပြ ဘုရင် စနစ်ကို ထောက်ခံကြောင်း အမြဲ ပြောလာသည့် ၀န်ကြီးချုပ် ကွိုင်ရာလာ၏ ဘုရင်စနစ် ဆန့် ကျင်သော အထင်ရှားဆုံး မှတ်ချက်စကား ဖြစ်သည်။ ဘုရင်သည် ၄င်းကို ဆန့် ကျင်သည့် ပြီးခဲ့သည့် ဧပြီလ လမ်းမပေါ် ဆန္ဒပြပွဲ များ နောက်ပိုင်း ပါလီမန် ဒီမိုကရေစီစနစ်ကို ပြန်လည် အသက်သွင်းပေးခဲ့ရသည်။
ဝန်ကြီးချုပ် ကွိုင်ရာလာသည် ယမန်နှစ်က အဆောင်အယောင်သဘော ဘုရင်စနစ်ကို နေရာ ပေးသင့်သည်ဟု သူထင်ကြောင်း ပြောခဲ့သည့်အတွက် ၀ိုင်းဝန်း အပြစ်တင်ခံခဲ့ရသည်။ ယခုမူ ၀န်ကြီးချုပ်သည် ရပ်တည်ချက်ကို ပြောင်းလဲလိုက်ပြီ ဖြစ်သည်။
ယခင်လက နန်းတော်မှ ထုတ်ပြန်သော ကြေညာချက်တွင် ဂျန်နင်ဒရာ ဘုရင်က လွန်ခဲ့သော နှစ်နှစ်က (၀န်ကြီးအဖွဲ့ ကို ဖျက် ကာ) သူ အာဏာ အကြွင်းမဲ့ ရယူခဲ့ခြင်းသည် မလွှဲမရှောင်သာ အခြေအနေအရ ဖြစ်သည်ဟု ပြောဆိုသည်ကို ပြတ်သားစွာ တုန့်  ပြန်သည့် အနေဖြင့် ကွိုင်ရာလာက အဆိုပါ ကြေညာချက်သည် နီပေါနိုင်ငံကို သမ္မတနိုင်ငံ ပိုဖြစ်သွားအောင် လုပ်လိုက်ခြင်း ဖြစ် သည်ဟု ပြောကြားသည်။
ဘုရင်နှင့် သားတော် အိမ်ရှေ့ စံ ပါရာ့စ်တို့ သည် ရုပ်ပြ မကောင်းကြောင်း ထုတ်ပြောလာသည့် ၀န်ကြီးချုပ်က နှစ်ဦးစလုံး အရိုက် အရာ စွန့် ကြလျှင် အကောင်းဆုံး ဖြစ်ပြီး ထိုသို့  ထီးနန်းစွန့် ခြင်းကို နိုင်ငံတကာကလည်း ၀မ်းမြောက်ကြိုဆိုမည် ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။ အချို့  ဆန္ဒရှိသလို ဘုရင်သည် ထီးနန်းကို မြေးတော်အား လွှဲအပ်သင့်ကြောင်း အဆိုကို ၀န်ကြီးချုပ်က ထောက်ခံမခံ မသိရပေ။ သို့ သော် ၄င်းတို့  နန်းစွန့် ခြင်းသည် မော်သူပုန်ဟောင်းများ လက်ရှိ တောင်းဆိုနေသော သမ္မတနိုင်ငံ ချက်ချင်း ထူထောင်ရေး ပဲ့တင်သံများကို  အဆုံးသတ်စေမည် ဖြစ်ကြောင်း ပြောကြားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ မော်သူပုန်တို့ နှင့် ငြိမ်းချမ်းရေး သဘောတူညီချက်အရ ဘုရင်စနစ်၏ အနာဂတ် ကံကြမ္မာကို ယခုနှစ် နှောင်းပိုင်း ရွေးကောက်ကျင်းပမည့် နီပေါ တိုင်းပြည်ပြု လွှတ်တော် အစည်းအဝေးက ဆုံးဖြတ်မည် ဖြစ်သည်။
မကြာသေးမီက လူထုဆန္ဒ စစ်တမ်းအရ နီပေါပြည်သူ တ၀က်ကျော်က ဘုရင်စနစ်ကို အသွင်တမျိုးမျိုးဖြင့် အလိုရှိနေဆဲ ဖြစ် ကြောင်း ပြသော်လည်း အာဏာရ ညွန့် ပေါင်း မဟာမိတ် ပါတီများကမူ နီပေါကို သမ္မတနိုင်ငံ ဖြစ်စေလိုကြသည်။
ဆန္ဒပြ အီရန်အမျိုးသမီးများ ပြန်လွတ်ပြီ
မတ် ၈။ ဘီဘီစီ
Photoအေအက်ဖ်ပီ
အမျိုးသမီးများအား ၀င်ခွင့်မပြုသော အားကစားကွင်း အပြင်မှနေ၍
အီရန် ဘောလုံးအသင်း လေ့ကျင့်ခန်းဆင်းနေပုံကို  အီရန်အလံ ကိုင်ဆောင် ကြည့်ရှုနေသော အမျိုးသမီးတဦး
အမျိုးသမီးများအား ချိုးနှိမ်ဆက်ဆံမှုကို ဆန့် ကျင်ဆန္ဒပြသဖြင့် ယခုသီတင်းပတ် စောစောပိုင်းက တီဟီရန် မြို့ တော် တရားရုံး တခု အပြင်တွင် ဖမ်းဆီးခံခဲ့ရသော အမျိုးသမီး ၃၃ ဦးအနက် သုံးဦးမှတပါး ကျန် အယောက် ၃၀ကို အီရန် အာဏာပိုင်များက ပြန်လွှတ်ပေးလိုက်သည်။ လွှတ်ပေးလိုက်သူများအား ယနေ့ နိုင်ငံတကာ အမျိုးသမီးများနေ့ တွင် ဆန္ဒပြမှုတွင်မှ မပါဝင်ရန် အာဏာပိုင်များက သတိပေးထားသည်။
၎င်းတို့ သည် ၂၀၀၆ ခုနှစ် ကျားမ ခွဲခြားချိုးနှိမ်မှု ဆန့် ကျင်ရေး ဆန္ဒပြပွဲကြောင့် ဖမ်းဆီးရုံးတင်ခံနေရသော အမျိုးသမီးများအား ထောက်ခံ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ လူ့ အခွင့်အရေးသမားများက အဆိုပါ ဖမ်းဆီးမှုကို ရှုတ်ချခဲ့ကြသည်။
နယူးယောက် အခြေစိုက် လူ့ အခွင့်အရေး စောင့်ကြည့်မှု အဖွဲ့ ကလည်း ယခုကိစ္စသည် အမျိုးသမီးများအား ချိုးနှိမ်သည့် ဥပဒေ များကို ရုပ်သိမ်းရန် တောင်းဆိုသည့် အီရန် တက်ကြွလှုပ်ရှားသူများအား တရားစွဲဆိုခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများ၏ တစိတ် တပိုင်း ဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့ က ဖမ်းဆီးခံရသူများအနက် တက်ကြွလှုပ်ရှားသူ နှစ်ဦးနှင့် ၄င်းတို့ ၏ ရှေ့ နေမှာ အဖမ်းခံထားရဆဲ ဖြစ်ပြီး အခြား အမျိုးသမီးများကို ညသန်းခေါင်ယံတွင် ပြန်လွှတ်ပေးလိုက်သည်။ မလွတ်မြောက်သေးသူ နှစ်ဦး၏ မိသားစုများထံ အာဏာပိုင်များက ညအချိန် ရောက်ရှိလာပြီး အဖမ်းခံ အမျိုးသမီးနှစ်ဦးသည် လာမည့် နိုင်ငံတကာ အမျိုးသမီးများနေ့ တွင် ဆန္ဒ ပြမှု ပြုလုပ်မည် မဟုတ်ကြောင်း ခံဝန်လက်မှတ် ရေးထိုးခိုင်းခဲ့သည်။
လွတ်မြောက်လာသူ အမျိုးသမီး တဦးက နောက်ထပ် ဆန္ဒပြပွဲများတွင် ပူးပေါင်းပါဝင်ရန် သူ့ အနေဖြင့် ယခု အလွန် စိုးရိမ် ထိတ် လန့် နေကြောင်း ပြောသော်လည်း အမျိုးသမီးများအုပ်စုက လွှတ်တော်ရှေ့ တွင် နောက်ထပ် စုရုံးရန် စီစဉ်နေကြောင်း ပြောကြား သည်။
တရားရုံး အပြင်ဘက်တွင် ပိုစတာများ ငြိမ်းချမ်းစွာ ကိုင်ဆောင်မှုအတွက် ထင်ရှားသော အမျိုးသမီးများစွာကို ဖမ်းဆီးရန် ဆုံး ဖြတ်ချက်သည် အီရန် အစိုးရအား နိုင်ငံတကာတွင် လူသိထင်ရှား အနှုတ်လက္ခဏာ ထွက်သွားစေခဲ့သည်။
အမျိုး&#