![]() |
||||||||||||||||||||||
| သတင်း နိုင်ငံတကာသတင်း ဆောင်းပါး ရသ သုတ ရင်ဖွင့်သံ သူ့အမြင် ကဗျာ ဟာသ ကာတွန်း ကမ္ဘာတလွှားမြန်မာများ ပြည်သူ့စစ်သည်ရေးရာ | ||||||||||||||||||||||
|
နာဂစ် ဆိုက်ကလုန်း ဒဏ်နဲ့  ပဲ့တင်သံများ မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းမွှေလိုက်တာကတော့ ကြီး မား တဲ့ ပြဿနာတခုကို ရင်ဆိုင်လိုက်ရတဲ့မြင်ကွင်း မြင်လိုက်ရ တယ်လို့ ကျမ အသည်းနှလုံးမှာ ခံစား လိုက်ရပါတယ်။ နော်ဝေ အစိုးရက ခရိုနာငွေ ၁၀ သန်း (မြန်မာငွေ ကျပ်သန်း ၂၀၀၀ ကျော်ခန့် ) ကူညီတယ်လို့ ကြေငြာထားတာ သိရပါ တယ်။ နာဂစ်လက်ချက်ကြောင့် လူဦးရေ ၁ သိန်းခန့်  သေကြရ တယ်၊ အိုးအိမ်များစွာ ပျက်စီးကြရတယ်၊ သောက်သုံးရေတွေ ပြတ်လပ်နေတယ်၊ ၀မ်းရောဂါ အပါအ၀င် ရောဂါဆိုးတွေပါ နောက်ဆက်တွဲ ခံစား နေကြရတယ်ဆိုလို့ မြန်မာနိုင်ငံ သား များနဲ့ ထပ်တူ လူသားနှလုံးသားအပြည့်နဲ့ ကြေကွဲ ၀မ်းနည်း စွာ ခံစားရပါတယ်။ အန်နခရစ္စတီနာ့ အာရုဆွန် (နော်ဝေနိုင်ငံသူ) ကျောင်းဆရာမ -----------------------------------
ဒီကိစ္စကတော့အထူး ၀မ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်ပါ၊ တီဗွီ သတင်းမှာ ကြည့်လိုက်ရတာ အလွန်ဆိုးဝါးတဲ့ သတင်းဆိုး တခုပါ။ ကျမစဉ်းစားကြည့်တယ်၊ ပျောက်ဆုံးနေတဲ့သူတွေ၊ သေဆုံးကုန်တဲ့သူတွေနဲ့  ကျန်ရစ်သူတွေအဖို့ကတော့ ကြီးမားတဲ့ အပြောင်းအလဲကြီးတခုကို ရင်ဆိုင် လိုက်ကြရတာပါပဲ။ အလွန် ခက်ခဲတဲ့ အခြေအနေနဲ့  ရင်ဆိုင်ရတဲ့  သူတွေအတွက် ထပ်တူ ခံစားရပါတယ်။ ရှူ မစ် ( ခြေချင်းညှာ နိုင်ငံသူ) ------------------------------
မြန်မာ နိုင်ငံက အဖြစ်ဆိုးတွေ တီဗွီကနေ၊အင်တာနက် သတင်းတွေကနေ မြင်ရ ကြားတာ အမိုး စိတ် မကောင်းဘူး။ မြစ်ဝကျွန်းပေါ်မှာ အမျိုးတွေ အများကြီးရှိတယ်၊ အိုးအိမ်အပျက်အစီးတွေ၊ သင်္ဘောတွေ နစ်နေတာတွေ၊ လူသေတွေ လယ်ကွက်ထဲမှာရှိနေတဲ့ ပုံတွေ မြင်ရတော့ ရင်ထဲမှာ ဘယ်လိုဖြစ်သွားတယ်ဆိုတာ ပြောမပြတတ်ဖူး။ ဘုရားကျောင်းမှာရော အိမ်မှာပါ မြန်မာပြည်သားတွေ နောက်ထပ်ခုလို မဖြစ်ဖို့ ဆုတောင်းတယ်။ နိုင်ငံခြားတွေက ၀ိုင်းပြီး ကူညီ ကြတယ်ဆိုလို့ အများကြီး ၀မ်းသာတယ်၊ စစ်တပ်အစိုးရက ကူညီမယ့် သူတွေကို ၀င်ခွင့်ဗီဇာ နှောက်နှေးအောင်၊ လုပ်တာ ကြားရပြန်တော့ စိတ်မကောင်း ဖြစ်ရပြန်တယ်။ မူဂါ ချာရတီ ( ကရင်တိုင်းသူ) နော်ဝေ -----------------------------------------
မြန်မာနိုင်ငံမှာ လေမုန်တိုင်းကြီး ကျရောက်သတဲ့၊ ကျနော် ဒီသတင်းကြား ရတော့ မြန်မာ နိုင်ငံသားတွေ အတွက် အရမ်းဝမ်းနည်း သွားရပါတယ်၊ ကျနော်က အာဖရိက ကနေ နော်ဝေကိုရောက်လာခဲ့ပေမယ့် မြန်မာ သတင်း တွေ တီဗွီကနေ မြင်ရကြားရပါတယ်။ မြန်မာနိုင်ငံက အာဖရိက တိုင်းပြည် တွေမှာလို နိုင်ငံရေး မတည်မငြိမ် ဖြစ်နေတာ၊ ဒီကြားထဲ မုန်တိုင်းက ထပ်ပြီး ဒုက္ခပေးပြန်တယ်။ ပြန်လည်ထူတောင်ဖို့  အတော်ခက်ကြမှာပါ၊ အပျက်အစီး တွေ ကျနော် မြင်ရတယ်။ ကျနော် ထင်တယ်၊ အကူအညီတွေ အများကြီး ပေးဖို့ လိုပါ လိမ့်မယ်။ အ၀ီ ယူဆု ဟာဆီး (အာဖရိက) -----------------------------------
မြန်မာနိုင်ငံနဲ့ ကျမတို့ ဆိုမာလီယာ နိုင်ငံက ဖြစ်စဉ်တူတယ်၊ ပြည်တွင်းစစ် ဖြစ်ပြီး ပြည်သူတွေ ဒုက္ခ ရောက် နေ ကြတာလေ။ ကျမတို့ နိုင်ငံမှာ ဘုရင် ကောင်း မရှိဘူး၊ ကျမတို့ စိတ်ထားကောင်းတဲ့ အရည်အချင်းရှိတဲ့ တရားမျှတ တဲ့ ဘုရင် လိုချင်တယ်၊ မြန်မာနိုင်ငံမှာလဲ အစိုးရကောင်း မရှိဘူး၊ ဒီမိုကရေစီစနစ်နဲ့ ပေါ်ပေါက်မယ့် အစိုးရ လိုချင်နေကြတယ်၊ ကျမတို့ ပြည် သူတွေ စစ်ကို မလိုချင်ကြတော့သလို မြန်မာပြည်သူတွေလည်း ဆိုးဝါးတဲ့ အစိုးရကို လိုချင်ကြမှာ မဟုတ်ဖူး၊ ကျမတို့ ဆိုးဝါးတဲ့ နိုင်ငံမှာ ကြီးပြင်း ခဲ့ကြ ရတာပါ။ စစ်ကြောင့် အစားအစာတွေ ဈေးတက်တယ်၊ လူတွေ ဒုက္ခရောက် ကြတယ်၊ မြန်မာနိုင်ငံ ကတော့ နာဂစ်ဆိုက်ကလုန်း မုန်တိုင်းက မွှေလိုက် ပြန်တော့ ပိုပြီး ဒုက္ခ ရောက်ရပြန်တာပေါ့၊ စိုက်ပျိုးရေးကောင်းတဲ့၊ သယံဇာတ တွေ ပေါတဲ့မြေက မြန်မာနိုင်ငံသားတွေ အေးချမ်း ကြပါစေလို့ ဆုတောင်း ပေးပါတယ်။ ခါဒရာ မိုမင် အီမီ(ဆိုမာလီယာနိုင်ငံသူ) -----------------------------------------
မြန်မာနိုင်ငံသားတွေ အခုလို ဒုက္ခရောက်နေတာ မြင်ရတော့ တကယ်ပဲ ၀မ်းနဲမိပါတယ်၊ နိုင်ငံခြားတိုင်းပြည် တွေက လူသားပီသစွာ ကူညီကြ တယ် ဆိုတော့ ဒုက္ခသည်တွေအတွက် ၀မ်းသာရပြန်တယ်။ မြန်မာပြည်သားတွေကို ကူညီတာ ကောင်းတဲ့ ဘက်ကဖြစ်ပါစေလို့ ဆု တောင်းပါတယ်၊ ကူညီနေတဲ့ လေယာဉ်ပျံကြီးတွေ၊ ရဟတ်ယာဉ်ကြီးတွေ မြင်ရတော့ အရမ်းကြေနပ်ပါတယ်။ ကိုယ်လဲ ကူညီနိုင်တာ မဟုတ်ဘဲနဲ့ ၊ ဒီလိုကူညီနေတဲ့ သူတွေကို မကောင်းပြော၊ မကောင်းမြင်ပြီး ဗီဇာမပေးတာ၊ ကန့်  သတ်တာ တွေ အစိုးရက လုပ်တာတော့ အရမ်းကိုမုန်းပါတယ်။ မချစ်(ချင်း တိုင်းရင်းသူ)နော်ဝေ --------------------------------------
နိုင်ငံတကာမှာ အခုလို သဘာဝဘေး ကပ်ဘေးဒုက္ခတွေ ရောက်လာရင် နိုင် ငံခေါင်းတွေက တိုင်းပြည်ကို တရားဝင် အသံလွှင့် ဌာနကနေ မိန့် ခွန်း ပြော လေ့ ရှိကြပါတယ်၊ ပြီးခဲ့ ဆူနာမီမှာ ထိုင်းမှာပဲ ကြည့် ကြည့်၊အင်ဒို နီး ရှားမှာ ပဲကြည့်ကြည့် ၊၂၀၀၇ နိုဝင်ဘာမှာ ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် မုန်တိုင်းမှာပဲ ကြည့်ကြည့်၊ အမေရိကန်မှာ ဖြစ်ခဲ့တဲ့ မုန်တိုင်းဘေးနဲ့  မီးဘေးမှာ နိုင်ငံ ခေါင်းဆောင် တွေက တကယ်ဖြစ်တဲ့ နေရာမှာ သွားရောက်ကွင်းဆင်း ကြည့်ကြတယ်၊ လိုအပ်တာတွေ အကြံပေးပြီး ပြည်သူတွေကို အားပေး ခဲ့ ကြတယ်၊ အခု ကျနော်တို့ မြန်မာနိုင်ငံမှာတော့ နံ ပါတ် ၀မ်း၊ တူး၊သရီးတွေ ဘာလုပ်နေကြတယ်မသိဘူး၊ ကွင်းဆင်းကြည့်တာ ဆောင်ရွက်တာ မတွေ့ ရဘူး၊ ပျောက်ချက်သား ကောင်းနေပါတယ်၊ ပြည်သူတွေရဲ့  လက်ရှိ ဖြစ်နေ တဲ့ သေဆုံးတိဒုက္ခ ရောက်ပြီး လူ ၁ သိန်းကျော် သေဆုံးတာ ၊ ၅သောင်း ကျော် ပျောက်နေတာကို မျက်ကွယ်ပြု နေတာဟာ သူတို့ တွေမှာ လူ့အသိ ဥာဏ်လုံးဝမရှိတော့ဘူးဆိုတာ သေချာ တယ်လို့ ပြောချင်တယ်။ ကိုဇော်ဝင်း (မွန်တိုင်းရင်းသား)နော်ဝေ -------------------------------------- ရွှေမြန်မာတို့ ရှေ့ရေး ကျနော် ဥရောပတိုက် မြောက်ဖက်စွန်းမှာရှိတဲ့နော်ဝေနိုင်ငံက -ယော်ဗစ်ဆိုတဲ့ မြို့ လေးကိုရောက်တာ ၃ နှစ်ကျော်လာခဲ့ပါပြီ။ မြန်မာနိုင်ငံအရေးကို စိတ်ဝင် စားတဲ့ အငြိမ်းစားကျောင်းဆရာကြီး စဗိုင်း(Svein) ဦးစီပြီး ဒီမြို့ လေးကို ရောက်လာတဲ့ မြန်မာနိုင်ငံသား (၆၀)ကျော်နဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာလက မြန်မာနိုင်ငံသားမိတ်ဆွေများ အသင်းကို စတင်ထူထောင်ပေးပြီး မြန်မာနိုင်ငံအကြောင်း နော်ဝေလူမျိုးတွေ ပိုမိုသိရှိပြီး ကူညီနိုင်အောင် လှုံ့ ဆော်ပွဲ လုပ်တာ ၆ ကြိမ်ကျော်ရှိခဲ့ပါပြီ။ အခုလည်း ၂၃။၀၄။၀၈ နေ့က နော်ဝေနိုင်ငံသား စာရေးဆရာ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဟန့်စ်အိုလာဗ့် လလွန်း( Hans-Olav _Lahlun) ကိုဖိတ်ကြားပြီး မြန်မာအရေး လှုံ့ ဆော်ဟောပြောပွဲ ကျင်းပပြုလုပ် ပါတယ်၊ သူက မြန်မာနိုင်ငံ အရေးကို ကူညီဆောင်ရွက်နေတဲ့ ပီဒီ ဘားမား ဆိုတဲ့ နော်ဝေအဖွဲ့ အစည်း နဲ့ အ တူ ထိုင်းမြန်မာနယ်စပ်က တိုင်းရင်းသား တော်လှန်ရေးနယ်မြေနဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်စခန်းတွေကို အကူအညီပေးရင်း အကြိမ်များစွာ ရောက် ခဲ့သူပါ။ အခန်းအနားမှာ မြန်မာနိုင်ငံတော်သီချင်းကို မြန်မာတွေက သီဆိုဖွင့်လှစ်ပြီး၊ ကေအင်ယူဗဟိုမှ နအဖစစ်အစိုးရရဲ့  အခြေခံဥပဒေ မဲဆန္ဒခံယူပွဲကို ကန့့် ကွက် ကြောင်း ထုတ်ပြန်ကြေငြာချက်ကို ကေအင်ယူ ရဲဘော်ဟောင်း ကိုမိုးကျော်က ဖတ်ကြားရှင်လင်း ပြီး အခန်းအနားကို စတင်ပါတယ်။ စာရေးဆရာ အိုလာ့လွန်းက မြန်မာနိုင်ငံရေးသမိုင်းကို စတင်ဟောပြောရင်း နော်ဝေနိုင်ငံသား စာပေမိတ်ဆွေ ၀ါသနာရှင်တွေရဲ့ မေးခွန်တွေကို ပြန်လည်ဖြေကြားရင်း၊ ဟောပြောရင်းနဲ့ အခန်းအနားကို စတင် အသက်သွင်းပါတယ်။
အငြိမ်းစားကျောင်းဆရာကြီး စဗိုင်း(Svein) နှင့်စာရေးဆရာ ဟန့်စ်အိုလာဗ့် လလွန်း( Hans-Olav _Lahlun) တို့ မြန်မာ့အရေးဟောပြောနေစဉ် အိုလာ့လွန်းဟာ အမေရိကန် သမ္မတများ ကိုယ်ရေး စာအုပ်။ နော်ဝေနိုင်ငံ လွှတ်တော်သမိုင်းနှင့် တိုင်းပြည် ထူထောင်ပုံ၊ နော်ဝေခေါင်းဆောင်များ ကိုယ်ရေး စာအုပ်များရေးသား ထုတ်ဝေပြီးဖြစ်ပါတယ်၊ အခုဆက်လက်ပြီး မြန်မာနိုင်ငံအကြောင်း ရေးသားဖို့ စီစဉ်နေသူ ဖြစ်ပါတယ်။ စာရေးဆရာက စတင်ရှင်းလင်းရာမှာ မြန်မာနိုင်ငံဟာ သယံဇာတတွေ အလွန်ပေါများတဲ့ နိုင်ငံဖြစ်တယ်၊ ကမ္ဘာမှာ အလွန်ကောင်းတဲ့ ကျွန်းသစ်တွေကို မြန်မာနိုင်ငံက ထွက်ရှိတယ်။ဒီကျွန်းသစ်တွေကို အိန္ဒိယမှာ ရှိတဲ့ ဘုံဘေဘားမားဆိုတဲ့ ကုမ္မဏီကနေ စတင်ပြီး ပြည်ပကို တင်ပို့ရောင်းချခဲ့တယ်၊သစ်ကိစ္စကို အကြောင်းရှာ ပြဿနာပြုပြီး မြန်မာ ဘုရင်ကို ၁၈၈၅ ခုနှစ်မှာ ဖမ်းဆီးပြီး သိမ်းပိုက်ခဲ့တယ်။ ပြီးတော့ မြန်မာနိုင်ငံ က ရေနံမြေတွေမှာ ရေနံ ကုမ္မဏီတွေ ထောင်ပြီးရေနံတွေ တူးခဲ့တယ်၊ စပါေးတွ အရမ်းထွက်လို့ အင်္ဂလိပ်တွေက စပါးတွေကို ပြည်ပတင်ပို့ ခဲ့ကြတယ်၊ မြန်မာမျိုးချစ်တွေက အင်္ဂလိပ်ကို ဂျပန်အကူအညီနဲ့ ၁၉၄၅ မှာတိုက်ထုတ်ပြီး၊ ဂျပန်တွေက ဖက်ဆစ်ဇာတိ ရုပ်ပြလာတဲ့ အခါမှာ ၁၉၄၅တွေ အမေရိကန်နဲ့ အင်္ဂလိပ်တွေဦးစီးတဲ့  မဟာမိတ်တွေနဲ့  ပူးပေါင်းပြီး ပြန်လည် မောင်းထုတ်ခဲ့ တယ်၊ အဲဒီတော်လှန်ရေးကို ၁၉၉၁ ခုနှစ်က နော်ဝေနိုင်ငံက ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဖခင် ဗိုလ်ချုပ်အောင်ဆန်းက ခေါင်းဆောင်ပြီး လုပ်ဆောင်ခဲ့တယ်၊ ၁၉၄၇ မှာ သူဟာ မသမာသူတွေ လုပ်ကြံမှုကြောင့် ကျဆုံးကွယ်လွန်သွားခဲ့တယ်လို့ မြန်မာ့ နိုင်ငံရေးသမိုင်းကို အခြေခံက အစ ရှင်းလင်းဟောပြောပါတယ်။ နောက်တော့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီး ဦးနု ပါလီမန်အစိုးရခေတ်၊ ဗကပတို့ တောခိုပုံ။တိုင်းရင်းသားလူမျိုးစုတို့ လက်နက်ကိုင်ပုန်ကန် အခွင့်ရေးဆိုကြပုံ၊ ဦးနေ၀င်း စစ်အစိုးရ ထူထောင်ပြီး မဆလ ထူထောင်ခဲ့ပုံ ။ ၁၉၈၈မှာအရေးတော်ပုံ ဖြစ်ပြီး ဒီမိုကရေစီစနစ် ပြောင်းလဲရေး ဆောင်ရွက်ကြပုံ။ နောက် ထိုင်းမြန်မာမှာ ကျောင်းသားတပ်မတော်ဆိုတာ ပေါ်ပေါက်လာပုံ၊ နယ်စပ်က တိုင်းရင်းသားဒုက္ခသည်စခန်းတွေနဲ့ အင်၈ျီအို ကူညီရေးအသင်းများဘယ်လို ကူညီနေကြပုံ၊၁၉၉၀မှာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ပြည်သူတွေက အပြတ်အသတ်မဲပေးလို့ နိုင်ခဲ့ပေမယ့် စစ်တပ်က ယနေ့အထိ အာဏာမလွှဲဘဲ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြု လုပ်ချင်ရာလုပ်နေပုံ၊မြန်မာနိုင်ငံမှ လည်ပင်းရှည်-ပဒေါင်တိုင်းရင်းသားများအကြောင်း၊ မြန်မာနိုင်ငံရွှေတြိဂံနယ်မြေမှ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိမှု ပြဿနာ အကြောင်း ရှင်းလင်းဟောပြောပါတယ်၊ တက်ရောက်လာတဲ့ နော်ဝေနိုင်ငံသား မြန်မာ့အရေးစိတ်ဝင်စားသူများမှ နအဖ ဘာလို့ ပြည်သူကန့်ကွက်နေတဲ့ ကြားက သက်ဆိုးရှည်နေတာလဲ၊ ဥရောပနဲ့ အမေရိကန်အပါဝင် နိုင်ငံအများက စီးပွါးရေး ပိတ်ဆို့နေတဲ့ ကြားက ဘာလို့ စစ်သား အင်အား ၄ သိန်းကျော်အထိ အင်အားကြီးထွားလာတာလဲ၊အခု အခြေ ခံ ဥပဒေကို ကန့်ကွက်တဲ့ကြားမှ စစ်အစိုးရက နိုင်အောင်လုပ်ရင် ရှေ့ကို ဘာဆက်ဖြစ်မလဲ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ ဆက်ဆံရေးအခြေ အနေ၊ ထိုင်းမြန်မာ နယ်စပ် က နိုင်ငံရေးအဖွဲ့ အစည်းတွေ လုပ်ဆောင်နေမှု အပေါ် သူ့အမြင်၊ ပြည်ပရောက် နိုင်ငံရေးအဖွဲ့ အစည်းတွေ လုပ်ဆောင်နေမှု အပေါ် အမြင်၊ အနိုင်ရပါတီက ပြည်သူကို အောင်ပွဲခံနိုင်အောင် ဘယ်လိုဦးဆောင် မယ်ထင်သလဲ ဆိုတဲ့ မေးခွန်းတွေကို စာရေးဆရာ အိုလာ့လွန်းက ကြိုးစားဖြေ ကြားပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုး ၁၀၀ကျော်ရှိပြီး ဘာသာစကား ၁၀၀ကျော်သုံးစွဲပြောဆိုတာကို အလွန်စိတ်ဝင်စားကြောင်း အခု ဒီမြို့လေးမှာ ကရင်၊ ကယား၊ချင်း၊မွန်၊မြန်မာ၊ ရခိုင်တွေ တွေ့ ရလို့ အလွန်ဝမ်းသာပါကြောင်း နဲ့ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ မြန်မာနိုင်ငံသားတွေ အမိ နိုင်ငံပြန်နိုင်မယ့်ရက် ခန့်မှန်းပြောဆိုဖို့ ဆိုရင် ဆိုပြီး စကား ရပ်တန့် ပြီးတော့၊ ဥပဒေကိုမလေးစားဘဲ၊ လက်နက်အားကိုး အုပ်ချုပ်ပြီး စကားမတည်တဲ့ စစ်တပ်က ကိုယ်ကျိုးရှာ စစ်ဗိုလ်ချုပ်တွေကို ခန့်မှန်းရ ခက်ခဲကြောင်း၊ သူ့ဘက်မှာ တရုတ်၊ ရုရှား ကနောက်ခံ ရပ်တည်ပေးထားတော့ ကျနော့်အမြင်အရ --- ကိုယ်အမူအယာနဲ့  ဆုတောင်းပေးဟန်လုပ်ပြပြီး လေးလံဖြေးညှင်းစွာ လက်ဝါးခါပြ အဖြေပေးတာကို မြန်မာနိုင်ငံသားတွေနဲ့ နော်ဝေလူမျိုးတွေ ၀ိုင်းဝန်းလက်ခုပ် တီးရင်း အခန်းအနား ရုပ်သိမ်းလိုက်ကြပါတယ်။ နော်လီမိုင် --------------------------------------- နိုင်ငံ ငြိမ်းချမ်း ဖွံ့ဖြိုးတိုးတက်ဖို့ သန်းတိုးရှိန် တော်လှန်သူများရဲ့ ရမ်ဘိုရုပ်ရှင် နောက်ကွယ်က ကောက်ကြောင်း ကာတွန်းသားငယ် ( ဟစ်တိုင် ) သပိတ်မှောက် သံဃာနှင့်ကျောင်းသားကို တွေ့ ဆုံခြင်း အနာဂတ်မျိုးဆက်သစ် ကျောင်းသားအဖွဲ့ မြန်မာပြည်ကို တိတ်တဆိတ်ကူညီနေသည့် စတီဖင်ဟူးနှင့် တွေ့ ဆုံခြင်း
|
||||||||||||||||||||||
|
Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top |
||||||||||||||||||||||
|
Suggestions & Comments: webmaster@hittaing.org |
||||||||||||||||||||||