သတင်း  နိုင်ငံတကာသတင်း    ဆောင်းပါး     ရသ    သုတ    ရင်ဖွင့်သံ   သူ့အမြင်    ကဗျာ  ဟာသ   ကာတွန်း   ကမ္ဘာတလွှားမြန်မာများ  ပြည်သူ့စစ်သည်ရေးရာ

ငါးနှစ်သားလေးရဲ့ အတွေးနဲ့စကား

        ရဲရင့်သက်ဇွဲ

မနက်ခင်း လေပြေလေညင်းထဲက သီချင်း
“အဖေ
ငါ့သားလေ
အိပ်ချင်မျက်လုံးဖြစ်နေလို့...
ပြီးတော့လေ ငါ့သား
ကျောင်းမကြိုက်ဘူး...”

အိမ်အပြန် ကျောင်းအဆင်းက သီချင်း
“အဖေ
တက္ကစီနဲ့ပြန်ရအောင်
ငါ့သားလေ
ခေါင်းထဲက မောနေလို့”

ဆည်းဆာရဲ့နောက် အမှောင်အောက်က သီချင်း

“အဖေ
ငါ့သားလေ
ဘာဖြစ်လို့ ရေချိုးရမှာလဲ
ကျောင်းကပြန်လာထဲက
စိတ်ထဲမှာ ချိုးပြီးသား...
အဖေ
ငါ့သားပြောမယ်နော်
ဗမာအခွေတွေက ဘာဖြစ်လို့
ဗိုက်ထဲက ရယ်(ရီ)ရတာလဲဟင်”

နေ့တဓူဝ ကောင်းကင်ပြာကြီးအောက်က သီချင်း
“အဖေ
ပြောမယ်နော်
ငါ့သားရဲ့ တိုင်းပြည်က ဘယ်ဟာလဲဟင်
ငါ့သား တီဗွီထဲမှာ တွေ့တဲ့
ဘုန်းကြီးတွေကို တုတ်နဲ့ရိုက်တဲ့ နေရာလား
စုကြည်စံ ကိုတော့ မရိုက်ဘူးနော်
ငါ့သားလေ စုကြည်စံကိုချစ်တယ်...”

“အဖေ
ငါ့သားပြောမယ်နော်
အဖေက အစည်းဝေးပဲ
ခဏခဏ သွားနေတာပဲ
တီဗွီထဲမှာ
ဘုန်းကြီးတွေ အရိုက်မခံရအောင်
အဖေတို့ လုပ်လို့မရဘူးလား
သွားပြောပေါ့... မရိုက်ပါနဲ့လို့”

“အဖေ
ငါ့သားလေးတို့
မြန်မာပြည်ပြန်ရင် အရိုက်ခံရမှာလားဟင်
အဲဒါဆိုရင်
ငါ့သား စင်္ကာပူမှာ
မမကြီးတို့နဲ့ သွားနေမယ်
အဖေနဲ့အမေပဲ မြန်မာပြည်ပြန်...”

ငါးနှစ်သားလေးရဲ့
အတွေးစကားမှာ
ငါ..ဖျားပြီးကျန်ခဲ့တယ်...။                                                                                                                                  
(၂၈-၉-၀၈)

x         x           x
 

စားကျက်

ချိုစိမ့်

သစ္စာတဲ့လား

ကဗျာတဲ့လား....။

နွားတွေ မြက်စားရာ စားကျက်ရှိရာမှာ

ကန်စွန်းကြီးတွေက

ဆိုရှယ်အိမ်ရှေ့မှာ

ခြင်တွေနဲ့...။

(၂၃-၉-၀၈)

x                            x                                         x

 

ရူးချင်ယောင်ဆောင်ခြင်း


အလင်းရောင်မဲ.  မှောင်မိုက်သောအခန်းထဲမှာ

ကျွန်တော်တို့  နေထိုင်ကြတယ်။

တစ်ယောက်နဲ.တစ်ယောက် အမြင်တွေက

မှုန်ဝါးဝါး မွန်းကျပ်စွာ

ကျွန်တော်တို.နေထိုင်ကြတယ်။

မင်း………စိတ်ညစ်နေလား လာ………..ဒိံကို

ကြိုက်တာယူသုံး အားလုံးကပျော်စ၇ာချည်းပဲ

ဒိံအခန်းကျဉ်းကျဉ်းလေးမှာ

ကျွန်တော်တို.နေထိုင်ကြတယ်။

အပြင်မှာ ဘာ၇ှိလဲမစဉ်းစားနဲ.

အေးချမ်းမှုအပြည်.နဲ. လိုတရဗိမာန်တစ်ခု

ကျွန်တော်တို. အပေါက်ဖောက်ပြီးချောင်းကြည်.တယ်

အား………….အလင်းရောင်ဆိုတာ  တယ်မျက်စိညောင်းတာပဲ………….

ဒါ.ကြောင်.လူကြီးတွေက သင်ပေးထားတာ

"ငါ့အခန်းသည်သာ  ငါ့ကမာ(ဘာ) ……………အခြားဘာမှမရှိ ။"


လက်ဘက်ရည်ဆိုင် ယဉ်ကျေးမှု   ငါတို့ထွင်ခဲ့

ဂျင်းဘောင်းဘီ နဲ. ဆံပင်ရှည်    ရွှေရောင်နဲ့နားကွင်း

ဒါလား…………………ငါတို့ Revolution

ဒါလား…………………ငါတို့ Identity

အလားကားပါကွာ………သင်္ကြန်အမြေုာက်၊ ကျိုက်ထီးရိုးသေနတ်

အနာဂတ်မဲ့ ပေါ့ပျက်  အပျော်မက်      တွေပါတဲ့

ကဲ့ရဲ့မှုတွေအောက်မှာ   ကန့်သတ်ချက်တွေကြားမှာ

နောက်ကျိ  ခက်ခဲစွာ

ကျွန်တော်တို. နေထိုင်ကြတယ်။

အဆိုးနဲ.အကောင်းဒွန်တွဲနေတာ

မပာုတ်ဘူး………………..အဆိုးချည်းပဲ

ကျွန်တော်တို.အတွက်    အကောင်းမရှိ

အညောင်းမိတဲ့   သည်ကာလများ

လုပ်နိုင်စွမ်း (ability) နဲ.အချိန်ကို

ကျွန်တော်တို.များ    အခြားကိုရောင်းစားခဲ့ကြ

လူငယ်ကဏ္ဍကပျက်ပြား…………ကလေးဆိုးကြီးအတိုင်း

ကျွန်တော်တို.နေထိုင်ကြတယ်

ကျွန်တော်တို.နေထိုင်ကြရတယ်……….ဗျာ။

                      Written by  Ko hein

--------------------------------

စက်တင်ဘာ တမ်းချင်း

 ငြိမ်းချမ်းရေး ငှက်တွေရဲ့ ဆုတောင်းသံတွေနဲ့

တစ်ကမ္ဘာလုံး

မေတ္တာပို့သံတွေ ပြန့်လွင့်ခဲ့တယ်။

 

မိစ္ဆာနတ်ဆိုးတွေရဲ့

အကြမ်းဖက်ပြစ်ခတ် သတ်ဖြတ်မှုတွေနဲ့

လမ်းတွေပေါ်

အပြစ်မဲ့ ရဟန်းရှင်လူများစွာရဲ့သွေးတွေ

သွေးစိမ်းနီနီ ဖြာကျလို့

တဒင်္ဂအိပ်မက်တွေ အရေပျော်ခဲ့ပြီ။

 

ညည

စစ်ဖိနပ်သံတွေနဲ့ ခြိမ်းခြောက်လို့

တဖြောင်းဖြောင်း သေနတ်သံတွေဟာ

ဝိညာဉ်များများစွာရဲ့ဘ၀တွေကို ယူဆောင်သွားခဲ့တယ်

ကျောင်းကန်ဘုရားတွေဟာ

စစ်တလင်းနယ် ညစ်ပတ်လို့

သေနာကောင်တွေရဲ့လက်တွေ ချွန်မြနေခဲ့တယ်။

 

သူတော်ကောင်းတွေရဲ့ အရိုးတွေ

ဘယ်တော့မှ ဆွေးမြေ့သွားမှာ မဟုတ်ပါဘူး။

စိတ်ဓာတ်ကို တင်းတင်းဆုပ်ကိုင်လို့

ကမ္ဘာကို တုန်ဟည်းစေခဲ့တယ်။

 

မေ့မရဘူး

ဘယ်တော့မှ မေ့မရဘူး. . . .စက်တင်ဘာ

မင်းအတွက်ကျခဲ့တဲ့ မျက်ရည်စတွေ

မင်းအတွက် ခခဲ့တဲ့ သွေးတွေ

မင်းအတွက် တခဲ့တဲ့ အလွမ်းတွေ

မင်းအတွက်တူးဖော်ခဲ့တဲ့ အမှန်တရားတွေ

မင်းအတွက် ရေရွတ်ခဲ့တဲ့ တမ်းချင်းတွေ

စိတ်ဆာလည်း

ဆာနေတဲ့စိတ်တွေနဲ့ ကုစားနေခဲ့ရတယ်။

 

စက်တင်ဘာ

ငါတို့ရဲ့ရွှေရောင် အိပ်မက်တွေ

ဘယ်တော့လင်းလက်လာမှာလဲ

ပေးဆပ်မှုများများ

တုန့်ပြန်မှုမရှိတဲ့ မိစ္ဆာတွေရဲ့ အူသံတွေအောက်

ဘ၀တွေပြားပြားမှောက်လို့

ငါတို့ဘယ်တော့ နိုးထနိုင်မှာလဲ

ငါတို့ဘယ်တော့ ငြိမ်းချမ်းရေးသီးချင်းတွေ သီဆိုနိုင်မှာလဲ

တစ်ရက်မှ မေ့မရဘူး .. . .စက်တင်ဘာ။

(စက်တင်ဘာ နှစ်ပတ်လည်ကို ဂုဏ်ပြုပါသည်)

                                                  ရာဇာစိုး၊ရန်ကုန်။

  ---------------------------------

စက်တင်ဘာ

 စက်တင်ဘာ

သင်ဟာ သွေးချောင်းစီးလို့

သင်ဟာ သွေးမြစ်စီးလို့

ရဲရင့်သော သွေးစက်များ ဘာကြောင့်သွေးမြေကျ။

ရဲရင့်သော သွေးစက်များ ဘာကြောင့်သွေးမြေခ။

အနန္တစကြ၀ဠာ မိုးမြေဆုံး။

 

မိစ္ဆာ

လာခြင်းမကောင်းသော သင်တို့ရဲ့ အနုမြူ ယန္တရား

မြင်ကွင်းအားလုံးပက်လက်

သင်း(ဒင်း)တို့ရဲ့ ပစ်ချက်တွေ

ပြည်သူရဲ့ ရင်ဘတ်ပေါ်တည့်တည့်ရွာချ

မိုးကြိုးသွားမကသော မီးတောက်များ

တဖွဲဖွဲ။

 

စက်တင်ဘာ

အဖြူရောင်တွေကို သွေးစွန်းပေစေခဲ့တယ်

အနီရောင်တွေကို လှောင်တိုက်ကျစေခဲ့တယ်

မင်းမြဲမြဲ ဆုပ်ကိုင်ထားတဲ့အလံ

လွင့်ကနဲ. . . . . .၀ဲကျ။

တစ်ဦးတစ်ယောက် မကသော လက်များ

ကျစ်ကျစ်မည် ဆန့်တင်လို့

ဆူးလေလမ်းမ ၀င်္ကပါ

ကမ္ဘာကို ကြေငြာခဲ့ပြီ။

 

(စက်တင်ဘာ နှစ်ပတ်လည်ကို ဂုဏ်ပြုပါသည်)

                                       မြန်မာကဗျာဆရာ

၅။ ၀၉။ ၂၀၀၈

------------------------------------------------

 ရွှေဝါရောင်နှင့်ခွပ်ဒေါင်းနီ

အာဏာရူးမူးဘီလူးကြီးသန်းရွှေ

မြတ်ဗုဒ္ဒ၏သွေး နီစွေးစွေးကို

မရှက်မကြောက် ဒင်းသောက်ဝံ့တယ်။

ကိုယ့်အမျိုးကိုယ့်ဘာသာရယ်လို့မှမထောက်

စစ်ဖိနပ်အောက်မှာ

မြတ်သောနှစ်လုံးသားတွေ ပျောက်ဆုံးခဲ့ရတယ်။

အို ပြည်သူအပေါင်းတို့

တရားခံတွေ မလွတ်စေနဲ့

အမျိုးယုတ်ကို သုတ်သင်ပြစ်မယ်။

မဟာရာဇ၀င်မှာ

အစဉ်အလာသမိုင်းပြောင်ခဲ့တဲ့ 

ရွှေဝါရောင်နှင့်ခွပ်ဒေါင်းနီ

တပ်ပေါင်းစုကြီးလာနေပြီ ဟေ့။

အရေးတော်ပုံ……အောင်ရမည်

အရေးတော်ပုံ……အောင်ရမည်

အရေးတော်ပုံ……အောင်ရမည်။

                     မင်းတိက္ခ ၈။၈။၀၈။

 ----------------------------------

ဆန်းစစ်ရမယ့် ဒဏ္ဍာရီ

လှိုင်းလုံးတွေ လှိုင်းလုံးတွေ

လူသားလှိုင်းလုံးတွေ

မြို့ ပြမှ တရွေ့ ရွေ့ ဖြတ်သန်း

မြို့ပြမှ ကျေးလက် ပဲ့တင်ခတ်ခဲ့--။

ဆယ်စုနှစ်တစ်ခု ဖြတ်သန်း

အမှားတွေ အမှန်ဖြစ်

ရင့်ရော်ဟောင်းနွမ်းသွားတဲ့ စနစ်

ဂ-ဂ-ဂဂ မှာတွန်းလှန်ဖြိုချ

မြို့ရိုးသစ် ဆောက်ခဲ့ကြပေါ့--။

လူသားတန်ဖိုးနဲ့ 

သုည သီအိုရီ

ပီပြင်အောင်လေ့လာဖို့

မင်းကိုလောကဓံက ကြိုနေရဲ့ --။

 

တခါတလေ

အကောင်းနဲ့ အဆိုး

အကြောင်းနဲ့ အကျိုး

ရွေ့ လျားမှုသီအိုရီ

ထာဝစဉ် မညီမျှနိုင်ခဲ့--။

ကမ္ဘာကြီးဟာ

ရပ်တန့် မနေ

ရွေ့ လျားနေတယ်ဆိုတဲ့

ပြောင်းလဲတဲ့ နိယာမ

တွေ့ ရှိခဲ့တာ ကြာခဲ့ပေါ့--။

ယဉ်ကျေးမှုနဲ့ လူ

လူနဲ့သဘာဝ ပတ်ဝန်းကျင်

ဘာတွေဆက်စပ် ပြောင်းလဲနေလဲ

နှိုင်းရ ဓမ္မလည်း မဖြေရှင်းနိုင်

အသစ်ကိုတောင်းဆို

ခေတ်ကို ပြောင်းလိုနေကြပြီလေ--။

အုတ်နံရံ လေးဘက်တွင်းက

ကြမ်းတမ်းလွန်းတဲ့ မုန်တိုင်းရဲ့ ရိုက်ချက်

ဒို့- ဟားတိုက်ရယ်မောခဲ့

အချိန်ကာလတွေ ဖြတ်သန်း

လေလွင့်တဲ့ လောကဓံ

အဆက်မပြတ်ခံရင်း

ဘ၀တွေပျက် ခန္ဓာတွေပျောက်

ဒုက္ခတွေရဲ့ အောက်

အော်ငေါက်တဲ့ ဒဏ်

ခံရမှန်းသိပေမယ့်

ဒို့ခံနိုင်ရည်ရှိခဲ့--။

တရားမဲ့ ပြိုင်ပွဲ

သုံညအောက်တောင် အလံမလဲဘဲ

ရဲရင့်စွာ အနိုင်ကြဲရင်း

အောင်ပွဲခေါ်သံ

မိုးထက်မှာ ခြိမ့်ခြိမ့် ညံခဲ့ပေါ့--။

ဒါဟာ အိမ်မက် မဟုတ်

ဒဏ္ဍာရီဇာတ်လမ်း မဟုတ်

တကယ့်ပြယုဂ်

တကယ်တော့--

နှိပ်စက်ခံရတဲ့ သံသရာ

လွယ်လွယ်နဲ့  မမေ့ပျောက်

ကမ္ဘာတည်သရွေ့  မမေ့--မမေ့--။

ငါတို့ရဲ့  ရှင်သန်မှု

သမိုင်းမှတ်တမ်းသစ်ကို

အနှိုင်းမဲ့ ကျန်ရစ်ခဲ့လေတော့

ကမ္ဘာအဆက်ဆက်

ကမ္ဗည်း မော်ကွန်း တင်စေသတည်း--။ 

                                                                                                 သက်ထူးဇင(အော်လီဆောင်း)

-----------------------------------

x               x                    x

နာဂစ်သင်ပုန်းကြီး

ရေးသူ အမည်မသိ

တစ်နှစ် ကိုနာဂစ်

သုံးလေး လွတ်အောင်ပြေး

ငါးခြောက် ရေထဲရောက်

ခုနစ်ရှစ် မသာဖြစ်

ကိုး တဆယ် ၀ဋ်ကျွတ်တယ်။

ဘယ်က လာသလဲ

ဘယ်နယ်ကလဲ

အလယ်ကလူ

အသားဖြူ၏

ခင်ဗျားအလှူ

တပြားမရှူရ။

အစားအစာ ၀ါးစားပါ။

အသားပါသလား ငါးပါသလား

ဘီစကစ်ပါသလား

ဘာပဲပါပါ ထားခဲ့ပါ။

ဟိုဘက်ကမ်းက ဗိုက်ပိန်ပိန်

ဒီဘက်ကမ်းက ဗိုက်ပိန်ပိန်

အမိုးအကာ မဲ့နေတဲ့

မနှင်းတို့အိမ်။

ဖိုးရွှေကြီး ဖိုးရွှေကြီး

အလွန်ယုတ်တဲ့ ဖိုးရွှေကြီး

ဖိုးရွှေကြီးက မိုက်တိုင်ထု

ခွေးအကြီးနဲ့တူ

တူပါသကွဲ့မယုံငြား

ဒီမှာကြည့်ပါလား

တနင်္ဂနွေ တနင်္လာ

ဗိုက်မှောက်မျှော်နေတာ

အင်္ဂါဗုဒ္ဓဟူး

ရောက်လုတဦးဦး

ကြာသပတေးသောကြာ

ဘယ်သူမှ ပေါ်မလာ

စနေမှာ သေချာသွား ဘယ်သူမှ မလာအား။

မုန့်လုံးကို စတ္ကုကပ်

အကြံပက်စက် တို့အပေါ်တင်

ပလ္လင်ပေါ်က မျောက်မူး

ဆင်းမလာတော့ဘူး၊ အာဏာရူး

အာဏာရူးကို ခွေးတွေယက် မှောင်မိုက်မှာအူ

အူသူတွေ အစာလုကြ

ငါတို့ကိုဆွဲ တွဲလဲ

တွဲလဲရယ်ငိုတိုင်း မိုးတောင်ကမှိုင်း

မုန်တိုင်း....။

အလောင်းလေးများ ဖွေးလို့စီ

မြစ်ညာရိုးတလျှောက်ဆီ

ရေပြင်ပေါ်မှာ ဗိုက်ကြီးဖောင်း

ငါတို့ပူစီဖောင်း။

ဘဘ၀၀ ထလို့က

ဘဘနိုင်ပြီဗျ။

ကပါကပါဘဘရာ

ဘဘခေတ်လေဗျာ

မဲလိမ်တွေကို အမှန်ပြ

ဘဘအကြံပိုင်ပါ့

သူများတွေ မသာဖြစ်တာ

ဘဘနဲ့ မဆိုင်ပါ

မုန်တိုင်းတွေ ဘယ်လိုသည်းသည်း

ဘဘနိုင်ဖို့ပဲ

ဘ၀စိတ်ဓာတ်ကျ

အနောက်က ပရက်ရှာရ

သူများအကူ မယူခဲ့တာ ဘဘစေတနာ

မလုပ်ပေးတာ တခုကလွဲ

ဘဘသတ္တိခဲ

အနောက်ကငွေ မြင်သောအခါ

ဘဘစိတ်ပြောင်းလာ

အားရပါးရ လာလှူကွယ့်

ဘဘအိတ်ထဲထည့်

ဘဘ၀၀ ထပ်လို့က

ဘဘခိုင်ပြီဗျ

လုပါယက်ပါ ဘဘရာ

ဘဘခေတ်လေဗျာ

မြစ်ပြင်မှာတော့ အညှီတွေထ

ပုပ်ပုပ်ပွပွ အနံ့အသက်ရ

ဘဘကတော့ ဆက်လို့က

ဘဘ ဘယ်တော့မှ ကလို့မဝ

x                                    x                                            x

ဒုက္ခသည်

မိုးစဲနေ

နှင်းတစ္ဆေခြောက်ခြင်းမှာ

ဘ၀က လန့်လန့်နိုးလာခဲ့။      ။

အစ်ကိုကြီးက စမ်းချောင်းလေးနားမှာ

ပစ်သတ်ခံခဲ့ရပြီး...

ညီမလေးကတော့ တောင်ယာတဲလေးက

ဘယ်တော့မှပြန်မလာနိုင်တော့ဘူး။    ။

ကျွန်တော်ကတော့

ဟိုးအဝေးကြီးမှာ

ကမ္ဘာမကြေသီချင်းကို

အထပ်ထပ်အခါခါပဲ ဆိုနေရတော့။    ။

မိုးစဲနေ

x                         x                                     x

 

မိခင်တဦး၏ ကျူးရင့်သံ

မင်းခေါင်

ဝတ်ရုံမည်းတွေရဲ့  အနာဂါတ်သင်းသတ်ရုံရှေ့ 
အပူလှိုင်းငွေ့ တွေနဲ့ 
မူးမေ့ရူးသွပ်မတတ်
ဘယ်ရာဇသတ်ကိုမှ မကိုင်းရှိုင်းနိုင်တော့တဲ့
အရူးတစ်ပိုင်း မိန်းမရိုင်းကြီး
ရင်ဘတ်ကိုစည်တီး...တီး...ပြီး
လောင်မီးမြိုက်မြိုက်ငိုချင်းတစ်ပိုဒ်က
စိတ်လိုက်မာန်ပါ ကျူးရင့်လာသည်
      “ငါသည်...
      တရားမင်သော မိခင်
      ညစ်နွမ်းမှုတွေ စွန်းထင်ပြီး
      မသန့် စင်တဲ့
      နင်တို့ ရဲ့ စစ်ခုံးရုံး ပျက်သုဉ်းပါစေ”

မိခင်ရဲ့ ရွာရိုးရွာစဉ်
ခေါင်းလောင်းထိုးသံက မချိုလွင်
ကျေးငှက်တွေရဲ့ သံစဉ်လည်းမကြား
တစ်ဝမ်းတစ်ခါးအတွက်ပင်
ရတက်က မအေးရွှင်
စပါးတလင်းထက်ပင်
နေ့ ခင်းဘက်မိုးသက်ကယ်လေနှင်
ရင်ပြင်မှာ သားပျောက်ဒဏ်ရာတွေက အပိုနှိပ်စက်
အအိပ်ပျက် အစားပျက်
စိတ်မသက်သာစရာနေ့ ရက်တွေကများ
အဆိပ်တက်လေတဲ့ ကာလသုံးပါး
အရှုံးများနဲ့ လူမင်းတစ်သိုက်
ဆက်မိုက်နေတုန်း
ကြွေလေဦး ကြယ်နီတွေ
အမေတွေလည်း အသိုက်ပျက်
အမိုက်မဖက်တဲ့အဆွေ ကျူးရင့်လေသည်
      “ ငါသည်...
      တော်လှန်သောမိခင်
      သွေးစိမ်းရှင်ရှင် စွန်းထင်းပြီး
      မသန့် ရှင်းတဲ့
      ဒင်းတို့ ရဲ့ အလံ အကျမြန်ပါစေ၊ ”

ငြိမ်းချမ်းရေးအတွက်
တရားမဖက်တဲ့ ဓါးရွက်တွေကိုပဲ
တလက်လက်ဖြစ်အောင်သွေး
အဖမဲ့ကလေးတွေလည်းမွေးထုတ်
ကြိုးရှုပ်သွားတဲ့ ယမင်းရုပ်တွေ
ဘ၀ရဲ့ အနှုတ်ရက်တွေဖြတ်သန်းဘို့ 
လောကခရီးလမ်းတို့ က ကြမ်းတမ်း
အမေတွေတောင်မလွမ်းတတ်တဲ့ ဖခင်ပုံစံ
သစ္စာအမှန်ဟာ ဟိုး...ဟို...အဝေး
မနွေးထွေးတဲ့ မေတ္တာအရင်းခံနဲ့ 
ဘာမှမကျန်အောင် အသိုက်အမြုံတွေကိုလောင်တိုက်သွင်း
မှောင်မိုက်ခြင်းရဲ့ လမ်းဆုံး
အမေ အလွန်မုန်းစစ်ဝါဒီ
သည်းညှာမှသည် ကျူးရင့်ချေပြီ

      “ ငါသည်...
      စိမ်းလန်းသောမိခင်
      ဓါးနဲ့ ယှဉ်လျက်ထားတဲ့
      ဒင်းတို့ ရဲ့ အချုပ်အချာအာဏာစက်
      အလဲလဲ အ၀က်ဝက် ကွဲပျက်ပါစေ၊ ”

ဒင်းတို့ ရဲ့ 
တရားကပင် ရှုံးတဲ့ စစ်ခုံရုံး
အကျအဆုံးတဲ့နေ့ ။
ဒင်းတို့ ရဲ့ 
ယမ်းနံ့  သွေနံ့ ဝေလူနေတဲ့အလံ
မြေမှာသက်ကျံတဲ့နေ့ ။
ဒင်းတို့ ရဲ့ 
သစ္စာမဖက်တဲ့ အချုပ်အချာအာဏာစက်
အလဲလဲ အ၀က်ဝက် ကွဲပျက်တဲ့နေ့ 
ရင်ကိုလာဝှေ့ မဲ့ ရင်ငွေ့ မဲ့သားတွေကို
ရွှေရင်တဖိုဖိုနဲ့ 
နေပျိုချိန်ဆို အမေအိုတွေ ကြိုနေလေရဲ့ 
      “ သားတို့ ရေ
      မဖောက်ပြန်တဲ့ သစ္စာအမှန်တွေကို ရင်ဝယ်ပိုက်ထား။
      အမြိုက်တရားတွေကိုလည်း
      ငမိုက်သားတွေအတွက် ယူဆောင်ခဲ့။
      အပူရောင်တရားတွေကိုလည်း
      အယူသည်းပြီး မသရဇ္ဇယ် ညည်းလေနဲ့ 
      ကောင်းကင်ဗွေ ဝေယံဆီ
      ခွပ်ဒေါင်းတောင် အောင်လံနီကို
      အမြင့်မားဆုံးလွှင့်ချီပြီး
      အမေ့ရဲ့ သားပျောက်အပူမီးတွေကို
      ကူပြီးငြှိမ်းလှည့်ပါတော့၊ ”

(၂-၆-၀၈)

x                    x                    x

 

“ကဗျာစပ်၍ ကွက်လပ်ဖြည့်ပါ”

 

သူခိုးဆိုတာ ဘယ်လိုဟာကို

ခေါ်ပါသလဲ ပြောစမ်းပါ။ ။

သူပိုင်ဥစ္စာ မသိသာအောင်

ယူတာသူခိုး ဖြစ်ခဲ့လျှင်။

ပြည်သူပိုင်ထား ပစ္စည်းများကို

လုပ်သားပြည်သူ မသိမူဘဲ

ယူသူ သူခိုးဖြစ်မှာပေါ့။ ။

ဓါးပြဆိုတာ ဘယ်လိုဟာကို

ခေါ်ပါသလဲ ပြောစမ်းပါ။ ။

သူပိုင်ဥစ္စာ ဖြစ်သည့်ဟာကို

သဒ္ဓါဖြူစင် မပေးချင်လည်း

သွင်ပြင်ဟန်မူ ခြိမ်းခြောက်ယူသော်

ထိုလူဓါးပြဆိုပါက။ ။

(       )

စာပေရောင်းရင် အပေါင်းသင်းတို့

အရှင်းကွက်လပ် ကဗျာစပ်၍

ဖြည့်တတ်ကြပါစေ။  ။

                                                                               မာတလိ

 

ကွက်လပ်ဖြည့်ကဗျာများ

ပြည်သူအာဏာ စစ်တပ်သာလျှင်

ပိုင်တာပါကွ သေနတ်ပြတော့

ဓါးပြစစ်စစ် ဖြစ်သွားသည်။ ။

                                                                (ဓတရဋ္ဌ နတ်မင်းကြီး)

 

မှတ်ပုံတင်ကြ လ ၀ က တဲ့

ဋ္ဌာနဆိုင်ရာ ပိုင်အာဏာဖြင့်

လာဘရရန် ခြိမ်းခြောက်ပြန်လျှင်

အမှန်စင်စစ် ဓါးပြဖြစ်၏။ ။

                                                                    (၀ိရုဠကနတ်မင်းကြီး)

 

ကျောင်းဖွင့်သောခါ ကျောင်းဆရာကို

ကျောင်းမှာနေရေး ကောက်ခံကြေးတို့

ပိုပေးနေရ အဓမ္မသည်

ဓါးပြကြီးစား ထိုအလား။ ။

                                                               (ကုဝေရနတ်မင်းကြီး)

ကျူရှင်ဆရာ စေတနာတဲ့

ပညာသင်ကြေး အပိုပေးမှ

မနှေးခဏ သင်ခွင့်ရတဲ့

ဓါးပြသဘော ရေမရော။ ။

                                                          (၀ိရူပေက္ခနတ်မင်းကြီး)

ရောဂါဆိုးကြမ်း မကျန်းမမာ

လူသူနာတို့ သပြာငွေကြေး

အပိုပေးမှ ဆေးကုသသည့်

ဆ,ဆရာဝန် ဓါးပြချွန်ဟု

တွံ သင်အများ မှတ်ခါထား။ ။

                                                 (သိကြားမင်း)

 

--------------------------------------------

ဆရာအတွက် တပည့်

ရေချမ်း

ကြေးမုံကိုထောင်

အလင်းဆောင်

ပြည်သူ့အတွက် မီးရှူးတန်ဆောင်

ဦးဆောင်လမ်းပြ

သတင်းကဏ္ဍ

နည်းလမ်းအမှန်ချ

သောင်းပြောင်းထွေလာ

စွယ်စုံပါ

ပြည်သူ့အတွက် ရိုးသားစွာ

ကောင်းမျိုးအထွေထွေ

ကောင်းဆိုးအမွေတွေ

ရင်ကော့လို့ခံ

မျိုးချစ်မာန်

ရာထောင်မက

ကလောင်မချ

လွတ်လပ်ဖို