|
ဧကုန၀ိဿတိ


ကြာခဲ့လေပြီ။
ရှစ်ဆယ့်ရှစ်ခုနှစ်ဟာ
ကျနော့် အသည်းနှလုံးထဲမှာ
စွဲမြဲနေခဲ့တာ
နှစ်ပေါင်း ဆယ့်ကိုးနှစ်ပြည့်ခဲ့ပြီ
မွေးရပ်မြေကို ကျောခိုင်းထားပစ်ခဲ့တာ
ကျနော့် နှလုံးသားထဲမှာ
သွေးတွေဟာ ဆူဆူပွက်နေခဲ့ပေါ့၊
တနေ့တနေ့
ပုဂံက ရွေ့ရွေ့သွားခဲ့တာ
အခုဆိုရင် ဆယ်စုနှစ် (၂) ကြိမ် ရောက်တော့မယ်၊
ဒါပေမယ့် သူတို့ကတော့
အားလုံးကို
မျက်နှာလွှဲခဲပစ်လုပ် အုပ်ချုပ်နေခဲ့တာ ရက်တွေတောင် အတော်ကြာခဲ့ပြီ
လူတွေလည်း
တရက်ပြီးတရက်၊ တညပြီးတည
အသက်တွေသာ ကြီးကြီးလာခဲ့
နိုင်ငံကတော့ တရက်ပြီးတရက် ဆင်းရဲတွင်းထဲ
ပိုပိုပြီး နက်နက်လာခဲ့ရ
တချို့လူတွေလည်း
သူတို့ချစ်မြတ်နိုးတဲ့
သူတို့မိသားစုတွေ...
သူတို့သူငယ်ချင်းတွေ။
သူတို့မိသားစုဝင်တွေကို မလွှဲသာပဲ ခွဲခွာခဲ့ကြရပေမယ့်
တနေ့တရက်၊ တနာရီမှ
မပျော်ပိုက်ခဲ့ရတာ တဆယ့်ကိုးနှစ်ပြည့်ခဲ့ပြီ။
ဒါပေမယ့်
သူတို့ကတော့
အများပြည်သူတွေရဲ့ မေတ္တာတွေ စူးရောက်တာကြောင့်
တိုင်းပြည်ခမျာ ကုန်းကောက်စရာမရှိတော့လောက်အောင်
မွဲပြာကျနေခဲ့ရပြီ။
အလို...အခုဆို...
အခုဆို နှစ်ပေါင်း နှစ်ဆယ်ပြည့်တော့မယ်...
ကကကကကကကကကကကကကကကခနှစ်ပေါင်း
နှစ်ဆယ်ပြည့်တော့မယ်...
(ဧကုန၀ိဿတိ= ၁၉)
ဖေသက်နီ
(ခေတ္တ
နော်ဝေနိုင်ငံ၊ အော်စလိုမြို့၊)
|