|

ကြယ်စင်လေး

လောင်မြိုက်နေတဲ့အိမ်ကို
ကျောခိုင်း
ဆာလောင်နေတဲ့ကလေးရဲ့ လက်ကိုဆွဲ
ခြေဦးတည့်ရာ ပြေးနေရတဲ့ဘဝ
ကယ်တင်ရှင်ဆိုတာ ဘယ်သူဖြစ်နိုင်မလဲ့ 
မနက်ဖြန်ဆိုတာ မသေချာပါဘူး
ဒီည ဘယ်မှာပုန်းခိုနေရမလဲ့ 
ဒါတွေက အိပ်မက်တခု မဖြစ်တာတော့ သေချာပါလိမ့်မယ်၊
သဘာဝတရားလို့  မစွပ်စွဲလိုက်ပါနဲ့ 
အဲ့ဒါ့ တမင်လုပ်ယူခဲ့တဲ့လူတစုရဲ့ လုပ်ဇာတ်
ပြဇာတ်ဆန်ဆန်အခြေအနေကြားမှာ သူတို့ လဲ
လင်းတခါ မှောင်တလှည့် စမ်းတ၀ါးဝါးနဲ့ 
အာဏာရှင်စစ်ဘီလူးတွေရဲ့လက်အောက်
ရှင်လျက် သေခဲ့တာ ကြာပြီ့ 
လွန်ခဲ့တဲ့နာရီပိုင်းလေးအတွင်းကမှ
တောင်ယာသွားမယ့် ယောက်ျားကိုနူတ်ဆက်
မချိုမြိန်တဲ့ ပေါက်ကွဲသံစဉ်တခု
သေမင်း မြေမြှုပ်မိုင်းက သူ့ ဘ၀တခုလုံးကိုနူတ်ယူ
တကယ်ဆို့ 
တောင်ယာခုတ်သာမန်လူတယောက်ရဲ့နိဂုံး
ဒီလိုအဖြစ်မျိုးတွေပဲလား ...
ဖြစ်တတ်ပါတယ်လို့ ပြီးစလွယ်မပြောလိုက်ပါနဲ့ 
ကံကြမ္မာလို့ လဲ ပုံမချလိုက်ပါနဲ့ 
အာမခံချက်မရှိတဲ့ ဘ၀အနာဂတ်များစွာအတွက်
မလှပတဲ့ ခွဲခွာခြင်းမျိုးစုံနဲ့ 
သူတို့ 
့........................
ယနေ့တိုင်ထိ
သူတို့  ..............
၁၈၊၅
|