|
မတ်လ--လင်းပြာ
ချိုစိမ့်

ျ
မတ်လဟာ
ဒေါင်းနင်းလမ်းထဲမှာ
လက်ရုံးကိုဆန့် ပြီးတော့
“ကရက်ဒေါက် ပြန်သွား“လို့ 
ပြောတယ်၊
ဒေါင်းဋီကာကို ပိုစတာကပ်လို
့
နှစ်ထပ်သင်္ဘောမြို
့လေးနားမှာ
ကဗျာတပုဒ်
ဖွားမြောက်ခဲ့တယ်။
ျ
မတ်လဟာ
ရစ်သမ်ကျပါတယ်၊
သူ
့ဖွားမြင်မှုတွေက
ကဆုန်စိုင်းတယ်။
ျ
မတ်လဟာ
မတ်လရနံ့ နဲ
့
နွေဦးကို
ရင်မှာပိုက်ပြီး
တန်ခူးထိုးစစ်ကို စတင်တယ်
ျ
မတ်လဟာ
သံမဏိနှင်းဆီကို
သယ်ဆောင်ပြီး
စိန်ပန်းပြာတွေကို
ပြေးလွှားစေတယ်
ျ
မတ်လဟာ
ဝမ်းစာဟောင်းကို ကျီနဲ
့စုပြီး
ဝမ်းစာသစ်အတွက်
မနက်ခင်း
လေညင်းဆော်တယ်
ျ
မတ်လဟာ
တဟုန်းဟုန်း
ထနေတဲ့
မီးတစ
ဖြစ်သလို
အရုဏ်ဦး
နီမြန်းစ ပန်းလဲ
ဖြစ်တယ်
ျ
မတ်လဟာ
၁၂ ဗို့ 
တလက်ကို
တွန်းထိုးရင်း
မနက်ခင်းများစွာအတွက်
နှင်းဆီရနံ့ နဲ့ 
လက်ဆက်ခဲ့ရဖူးသူ ဖြစ်တယ်
ျ
အဲဒါ မြင့်ဦး
ဖြစ်တယ်
စိုးနိုင်ဖြစ်တယ်
ဖုန်းမော်
ဖြစ်တယ်
နေတော့လဲ ပါးပါးလေး
ဖြစ်တယ်
သေတော့လဲ
ပါးပါးလေးပါပဲ
ဘယ်သူ့ ကိုမှ
ပါးပါးလေးမှ
ခေါင်းစဉ်မတင်ခဲ့ပါဘူး။
ျ
မတ်လဟာ
လင်းပြာတကောင်ကို
တဖြတ်ဖြတ် ပျံသန်းစေခဲ့သလို
ဆန်စေ့သေးသေးကလေးအပေါ်
ခင်းထားတဲ့
အနုလက်ရာကိုမှ
အတ္တနဲ့ လဲလှယ်ခဲ့သူကို
နင့်နေအောင် ချစ်နေခဲ့ရသူ
ဖြစ်တယ်
ျ
အဲဒီမတ်လပါပဲ
အကြိမ်ကြိမ်
ချစ်ခဲ့ကြရ
အကြိမ်ကြိမ် တစစီ
ဖြစ်ခဲ့ကြရ
ငါ
သိခဲ့ရပါတယ်
ငါ
ရခဲ့ပါတယ်
ကွယ် . . .
ရာစုတစုကျော်
ချစ်ခြင်း, လှပခြင်း,
ရရှိခဲ့ခြင်း
အမြင့်မြတ်ဆုံး တောင်ဟုန်ခတ်ခြင်း
အဆင်းသစ်လှပါပေ့ကွယ်
အို . . . လင်းပြာငှက်ငယ် . .
. . . .
x x x x x
|