မီးခတ်ကျောက်တို့၏ တနင်္လာ ပြန်စာ

ချိုစိမ့်

တဆစ်စီ တဆစ်စီ
ထုဖဲ့ရိုက်ခြွေပုံသွင်း
တရောင်စီတရောင်စီ
တကန့်စီ တကြောင်းစီခြယ်သ
လှတယ်ဗျာ...
ဒါပေမယ့် မာတယ်။
သတ္တုကာဗာနဲ့ အရိုင်းတောအုပ်သဏ္ဍာန်လေ
မီးခိုးလုံးတွေ
ဖန်လုံအိမ်ထဲ ရုန်းကြွ
ဒါ ကိုယ်ပျိုးချတဲ့ ကောက်ပင်လေ
ဘယ့်နှယ်
ဒီနှစ်မှ ဥတုက ဖောက်ပြန်တယ်တဲ့လား၊
ရိတ်သိမ်းလိုက်ပေဦးတော့
ကော်ပိုရိတ်တွေကို
ကွန်ချက်ပြခဲ့သူ ထရပ်ကားကတော့
ဝေါစထရိက စက်များကိစ္စ ပြောပြသွားချင်ပါသေးသတဲ့
ဘယ်သူ့ ကောင်းမှုပြုချက်မှ မဟုတ်ဘဲ
ကိုယ့်ရွေးချယ်မှုနဲ့သာ
ငါမလွမ်းချင်တော့ပါဘူးကွယ်၊
ဒီနှင်းတောထဲပဲ
ရဲရဲနင်းရတော့မှာပေါ့...

မရှိဘူး
တနင်္ဂနွေတွေလဲ ပျောက်ရှလို့
တေးသွားတွေကလဲ
ဘာသာစကားတွေကြားပဲ့ရွဲ့
လစိမ်းစိမ်း ယိမ်းကည
ပျားအုံခံစားမှုဆီက
ကျဆိမ့်နဲ့ နွေးထွေးမှု
ဒါပါပဲ
ဒီတချက်တည်းနဲ့တင်
စိတ်ကိုလှန်ထားခဲ့တာပေါ့။

ဒီမှာတော့
ပုံသွင်းကောင်းကြတုန်း
ခြယ်သကောင်းလှတုန်း
သတ္တုနွံ ငြိမ်းချမ်းရေးကိစ္စ ညှိ့ကောင်းကြတုန်း...
ငါကလည်း
လှုပ်ထားတဲ့ ကြိုးကလေး လျှော့ပေးနေတုန်း...
ကမ္ဘာ့ကျောပေါ်က ကျည်တောက်တွေထဲမှာလား
မြှားတွေနဲ့ ပြည့်လို့ ပေါ့ကွယ်

x x x

 
 

Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top

Suggestions & Comments: webmaster@hittaing.org