|
အမေ့သမီးရဲ့  အလွမ်း
လွေးပိုးညိုဝ်း

အမေရယ် ...
ချယ်ရီတွေ ဝေေ၀ဆာဆာ
ဖူးပွင့်နေတဲ့ တပေါင်းလ
လေစိမ်းတွေ ပြင်းပြင်းထန်ထန်
တိုက်ခိုက်နေတဲ့ ပလောင်တောင်တန်းမှာ
အမေ ဘာများလုပ်နေပါလိမ့်။
အမေရယ် ...
အမေ့သမီးတော့
လှပတဲ့ ချယ်ရီတွေ
အေးမြသန့် ရှင်းတဲ့ ပလောင်တောင်တန်း
သမီး---လွမ်းနေရမြဲပေါ့အမေ။
အမေရယ်----
သမီးနဲ့ အမေတို့ ရဲ့  ဘ၀ဟာ
ဒီလိုပဲ ခွဲခွာနေနေရမှာလား...
အမေ့သမီး အမေ့ရင်ခွင်မှာ
သိုးကလေးတစ်ကောင်လို
ခိုနားချင်ပေမယ့်...
အမေရယ်...
ဒီမလှပတဲ့ ကံကြမ္မာ
အယုတ်သမ္မာရဲ့  လက်ထဲမှာ ရှိနေတဲ့
သမီးတို့ ရဲ့ ဘ၀ကို
အဖတ်ဆည်ယူနိုင်ဖို့  ကြိုးစားနေရတာမို့ 
အမေရယ် သမီးကိုခွင့်လွတ်ပေးပါလို့ ...
အဝေးမှာရှိနေတဲ့ သမီး
လွေးပိုးညိုဝ်း
|