“တိုက်စည်တိုက်မောင်းမြည်သံ”

ရဲရင့်သက်ဇွဲ

  ဇာတ်လမ်း ဇာတ်ညွှန်း
  ကြမ်းချင်ကြမ်းမယ်
  ရမ်းချင်ရမ်းမယ်
  မဟာပထ၀ီမြေကြီး
  ဟက်တက်ကွဲထဲ
  စုန်းစုန်းမြုပ်သွားရတဲ့
  ဒေ၀ဒတ်လို
  နောင်တတရားနဲ့
  တတွတ်တွတ်ရေရွတ်မြည်တမ်းသံတွေက
  မင်းတို့နှုတ်ဖျားကိုကူးစက်
  ပြည်သူလူထုကြီးရဲ့စီရင်ချက်ကို
  အလိုမတူပဲ လက်ခံရတော့မယ်...

  သစ္စာတရားနဲ့
  ယုံကြည်ချက်စိတ်ထားဟာ
  ပင်လယ် သမုဒ္ဒရာတွေကို
ဖြတ်သွားနိုင်တယ်...
တောင်တွေကိုထိုးဖောက်
ထွက်သွားနိုင်တယ်...
ကောင်းကင်ကြီးကို
မီးရှို့ပြာချ...
ကမ္ဘာမြေကြီးကိုတောင်မှ
ချေမွပြစ်နိုင်တယ်...

အခုတော့
ဟောဒီ ရင်ဘတ်ကြီးကိုပဲ
ကတုတ်လုပ်ပြီး
ဘ၀ကိုချွန်းအုပ်နေခဲ့ရသမျှ
တိုက်ပွဲကို စောင့်စားနေခဲ့ရသမျှ
‘အကောင်းဆုံးကို မျှော်လင့်ထားသလို
အဆိုးဆုံးအတွက်လည်း
အသင့်ပြင်ထားကြ’ စကားသံဟာ
အဆုံးသတ်တိုက်ပွဲအတွက်
တံပိုးခရာသံသာ ဖြစ်တော့တယ်...

x x x

 
 

Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top

Suggestions & Comments: webmaster@hittaing.org