|
နိုး
ကြိုင်လှမောင်မောင်

အစက မဟုတ်လျက်
နအဖ ရုဒ်မက်နဲ့ 
ဘ၀ အလှတွေ အဟုတ်ပျက်ရတော့မှာလား။ ၊
ပီဘိ အာဏာရှင်
ဘယ်အရာကိုမှ ဘာမထီ
‘ငါသည်သာ အရှင်သခင်’
လိုချင်တာတိုင်း ဖြစ်ခိုင်းချင်
ကိုယ်ထင်ရာစိုင်း ညစ်ရိုင်းတဲ့အမှား၊ ၊
လောကပါလ
သဘာဝတရားတွေနဲ့ 
သောကဗျာပါဒပွါး
ကမ္ဘာတလွှားက နားချလဲ စောရဗာလသား
နအဖ များက
အမှားတကာ့အမှားတွေနဲ့ ယှက်
ဆက် အသက်ရှင်။
မမွေးရသေးတဲ့ ကလေး
‘သားလေး’လား ‘သမီးလေးလား’
ခွဲခြားမထင်မှန်းတတ်သေးကတည်းက
သင်္ကန်းဝတ်ပေးချင်။
‘သမီးလေး’မွေးလာမှဖြင့်
ချွေးဖြာကျ အရွှဲတွေကွက်လို့ 
အရှက်တွေကွဲ။ ၊
တွက်ရေးကတော့ စက်သူဌေးအသွင်
အတွက်လွဲလျှင်တော့ ၀က်ဝက်ကွဲ ရှုံးဘို့ သာပဲ။
လူထုကို ‘လူ’ဟုမထင်
တူထုပြုပြင် ပုံသွင်းနိုင်မယ်တွေး။
ဟန်ပြဥာဏ် ကူနွှဲမယ့်
ဆန္ဒခံယူပွဲမှာ
လူတကာက ‘နိုး’(No)ကြမယ်လေး။ ။
x x x
|