|

ချိုစိမ့်

-သမီးလေးက မေးတယ်
ထုပ်စည်းတိုးတာဘာလဲ
စည်းနင်းတာဘာလဲ
နှင်းတောထဲမှာ
သမီးသူငယ်ချင်းတွေ
ကစားနည်း အများကြီး ရှိတယ်တဲ့
သမီးတို့မှာရော”တဲ့
- ရှိပါ့ သမီးရယ်
ကစားနည်းပေါင်းများစွာ
တို့ ဗမာပြည်မှာ
ရှိခဲ့တာပေါ့
ဒါပေမယ့် သမီးရယ်˜
ဘဘ တခုတည်း ပြောချင်တယ်
“လိပ်ဥပျောက်လို့ လိပ်မ,ရှာ
သူ့ခမျာ ငိုမဲ့ ငိုမဲ့”တဲ့”
ဒီကစားနည်းတော့
မကစား လိုက်ပါနဲ့ကွယ်˜
တို့ ဗမာပြည်မှာ
သားပျောက်အမေတွေ
များလွန်းလို့ပါ။
(သမီးလေး “ဆင်း” သို့)
x x x
|