|

သင်နှင့် သမိုင်း
လူတချို့ 
ရှိနေတဲ့
ကိုယ့်ရဲ့ သမိုင်း
ရိက္ခာနဲ့  လဲသူ
လဲကြ
သိက္ခာနဲ့  လဲသူ
လဲကြ
အရက်နဲ့ လဲသူ
လဲကြ
အချစ်နဲ့ လဲသူ
လဲကြ
ငွေကြေးနဲ့ လဲသူ
လဲကြ
အာဏာနဲ့  လဲသူ
လဲကြ။
လူတချို့ 
လူမသေခင်
သမိုင်းသေ
လူရှင်လျှက်နဲ့ 
သမိုင်းပုပ်သိုး
အကျည်းတန်
အရုပ်ဆိုးလှချည့်။
လူတချို့ 
မရှိသေးတဲ့
ကိုယ့်သမိုင်း
ဘ၀ပေးပြီး
တည်ဆောက်ကြ
အသက်ပေးပြီး
တည်ဆောက်ကြ
နှလုံးသားရင်းပြီး တည်ဆောက်ကြ
ငွေအားကိုးပြီး
တည်ဆောက်ကြ
လက်နက်အားကိုး
တည်ဆောက်ကြ။
ကိုယ်တိုင်ရေးတဲ့
ကိုယ့်သမိုင်း
ဒီနေ့ လည်း မွှေး၊
မနက်ဖန်လည်း မွှေး
မြန်မာပြည်မှာလည်း မွှေး
ကမ္ဘာမှာလည်း
မွှေးရအောင်
တည်ဆောက်ဖို
့ဘယ်လိုတွေး
ကိုင်း--သင်ဘယ်လို ရေးခဲ့ဖို့ ပြင်ပါလိမ့်။
ဖိုးသောကြာ(အညာမြေ)
|