|
ငြိမ်းချမ်းရေး နှင်းဆီသို့

နျူကလီးယား အဆိပ်ဓာတ်တွေနဲ့
လိမ်းကျံရူးသွပ်နေတဲ့
စစ်ဘီလူးတွေရဲ့ ဖန်လုံအိမ်ဟာ
ငြိမ်းချမ်းရေးနှင်းဆီအတွက် အန္တိမ မဟုတ်ဘူး….။
ပန်းတိုင်းပွင့်စေမယ့် နှလုံးသား တစုံဟာလည်း
အဲဒီ ဖန်လုံအိမ်ထဲ ပိတ်လှောင်ထားဖို့မဟုတ်ဘူး…။
လူသားစင်စစ် သွေးသားတွေနဲ့
စု ဖွဲ့ထားတဲ့
တို့အားလုံးရဲ့ ငြိမ်းချမ်းရေးပန်း…
ဒုက္ခတွေကို ထမ်းပိုးထားရတဲ့
တောင်တန်းတခု၊
ရာစုသစ်အတွက် စွမ်းအင်တခုဖြစ်ပြီး
သူ့ လွတ်မြောက်ရာလမ်းဟာဖြင့်
တို့အားလုံးရဲ့ ပန်းတိုင်ပဲဖြစ်တယ်….။ ။
စိုးအောင်ဆန်း
(၂၀၀၇
ခုနှစ်အတွက် ငြိမ်းချမ်းရေးနှင့် လူသားအကျိုးဆောင်
ရောမမြို့သားဆုရှင်သို့ )
|