|

အရုဏ်ဦးဆိုတာ ရင်နဲ့
ပျိုးယူရတယ်
ပင်ညဲရိုး … လာ
ပြန်ပြီ
ဂမ်ဘာရီ … ပြန် ပြန်ပြီ။
မင်းကိုနိုင်ရေ …..
လာရင်လာတယ်လို့ မှတ်
ပြန်ရင်ပြန်တယ်လို့ မှတ်။
ရဲဘော် တို့ရေ ……
ငါတို့ရဲ့ မေတ္တာစမ်းတွေ
မခမ်းသမျှ
ခြေလှမ်းတွေ လှမ်းနေသမျှ
ပန်းတိုင်ဟာ နီးနီးလာမှာ
မုချ
လမ်းမတွေကတော့
ထုံးစံအတိုင်း စိုလိုက်
ခြောက်လိုက်ပေါ့။
အဓမ္မ၀ါဒီ တို့ရေ …..
မိစ္ဆာတို့ သွားရာလမ်းကို
ဆဒမ်ဟူစိန်က ညွှန်ပြခဲ့ပြီ။
အဲဒီ
အမှောင်ခါးခါးကြီးကို
ငါတို့ မျိုချလိုက်နိုင်တဲ့ အခါ
ဝဋ်ကို နောက်ဘ၀ထိ
စောင့်စရာမလိုတော့ပါဘူး။
ငရဲကြီးရှစ်ထပ်မှာလည်း
မင်းတို့အတွက်
နေရာတွေက အဆင်သင့်ပြင်ပြီးသား။
ကိုယ့်လူ တို့ရေ …..
စင်ပေါ်က မင်းသားခေါင်းလေး
ဆောင်းပြလိုက်တာနဲ့
အဲဒီလို ဖင်တကြွကြွ
ဖြစ်မနေပါနဲ့။
၈၈အစ ဒီပဲယင်းအလယ်
၂၀၀၇အဆုံး
နောက်ဘာတွေ ဖြစ်လာအုံးမလဲ
အရုဏ်ဦးဆိုတာ ……
ရင်နဲ့ပျိုးယူရတယ်။
မြတ်သစ်(Dawn)
|