|
အတ္တကြီးသူများသို့


မပြေလည်မွန်းကျပ်တဲ့ ဘ၀ကို စွန့်ခွာ့ 
့
မျှတတဲ့ ဘ၀လွတ်လပ်မှုတွေကို
တောင့်တတပ်မက်လွန်းလို့ 
ကျနော်ဟာ...
အိပ်ရာအသစ်ရှာဖို့
အဝေးကို ပြေးထွက်ခဲ့သူတယောက်ပါ ...။
တကယ်ပါ ...
ဗိုလ်နေ၀င်းဆိုတဲ့စစ်အာဏာရူး
အာဏာသိမ်းပြီး
ဖိနှိပ်ချုပ်ချယ်မှုတွေအောက်မှာ
ကြီးပြင်းလာခဲ့ရသူတယောက်ပေမို့
အစစ အရာရာ
အတွေ့အကြုံတွေကလည်း
ပြည့်စုံလုံလောက်အောင်
ပါမလာခဲ့တာကတော့အမှန့့်  ၊
အဲ့ဒီနောက့့် 
ဆက်လှန်လာခဲ့တဲ့စာမျက်နှာတွေမှာတော့
အတွေ့အကြုံကောင်းတချို့
ဘ၀အတွက် ဗဟုသုတကောင်းတချို့
ကောင်းကောင်းကြီးထပ်တိုးလာခဲ့တာကတော့
တကယ့်အမှန်တရားပါ့  ၊
ယဉ်ကျေးသိမ်မွေ့ချင်ပါတယ့့် 
ဒါပေမဲ့ ဘ၀အတွေ့အကြုံတချို့အရ
တကိုယ်ကောင်း အတ္တကြီးသူတွေအတွက်
ခပ်ရင့်ရင့်စကားလုံးတွေကို
ကျုပ်သုံးပါရစေ
ကျုပ်သုံးတဲ့စကားလုံးတွေကို
မိတ်ဆွေနားလည်မှုပေးပြီး
ကျုပ်ကဗျာကို
နှလုံးသားနဲ့ ဖတ်ကြပါလေ့  ၊
လက်ရှိဖြစ်တည်နေတဲ့ ဒီဘ၀မှာ့ 
ကျုပ်လေ့  ငရဲဆိုတာကို
မရောက်ဖူးခဲ့ပါ
ဒါပေမဲ့ 
အဲ့ဒီစနစ်ဆိုးရဲ့အောက်မှာ
သိနားလည်သူတွေ ခံစားနေရတာ
ငရဲတမျှ ပူပြင်းလှတာ
အမှန်ပါ့  အမှန်ပါ
တကယ်ဆိုရင့့် 
အမှားပြုမိတတ်ကြတာ
လောကရဲ့ သဘာဝပေမို့
လောကီသားတိုင်း
အနည်းနဲ့အများဆိုသလို
အမှားနဲ့ မကင်းတတ်ကြတာ
လောကရဲ့သဘာဝပါ။
ဒါပေမယ့်ကွာ ...
အမှားကိုသိပြီး
အမှန်ကိုမပြင်နိုင်
တကိုယ်ကောင်းအတ္တကြီးစိုးလွန်းပြီး
ဆင်ကန်းတောတိုး
သိရက်နဲ့ ဆက်မိုက်နေကြသူတွေကိုတော့
ကျုပ် ရွံမုန်း မုန်းတဲ့
စာရင်းမှာထည့်ထားရဲ့  ၊
ဆက်လျှောက်နေအုံးမှာပါ။
ခရီးလမ်းတွေ
ဆုံးသည့်အထိပေါ့
တိုက်ခိုက်ရအုံးမယ်
အမှန်တရားဆိုတဲ့
မျှတတဲ့လွတ်လပ်မှုအတွက်
ကြည့်လိုက်စမ်းပါ့ 
ရိုင်းလိုက်တာကွာ
ကိုယ့် ကိုယ်ကိုစိတ်မလုံ
ကိုယ့် ကိုယ်ကျင့်တရားကိုတောင်
ကိုယ်မယုံကြည်ကြသူတွေ
တခါတလေလည်း ဒင်းတို့က
စာမျက်နှာတွေကို
တရွက်ချင်း ကျေအောင်မဖတ်
စာမျက်နှာတွေကို့ 
အထပ်လိုက် အထပ်လိုက် ကျော်လှန်ဖို့
အကြိမ်ကြိမ်အခါခါ
ကြိုးစားနေကြလေရဲ့  ၊
အထီးကျန်မဟုတ်ဘူးဟေ့...
အသိုင်းအ၀ိုင်းနဲ့ကွ
လက်ဖက်ထုပ်တတ်ကြသူတွေ လက်ဖက်ထုပ်
အာဏာကို သေနတ်ပြောင်းက ထုတ်
ပြည်သူတွေကို
အကြောက်တရားနဲ့ အုပ်ချုပ်နေသူတွေကို
ရရာလက်နက်ကိုကိုင်
ကျရာအခန်းက
အမြစ်ပြုတ်အောင်တော်လှန်သွားမယ်။
x-x-x-x
|