|

ကြိုင်လှမောင်မောင်

အာဇာနည်နေ့ ထူးဟာ
အာဏာကြည်မွေ့ ရူးသူတွေရဲ့ 
မွှေခဲ့သရုပ်သကန်
အဟုတ်အမှန်ကို
ထုတ်ပြန်တဲ့နေ့ ။
အာဇာနည်နေ့ ဟာ
နောင်အခါတည်၍ အခါမလပ်
အနာဂတ်မျိုးဆက်သစ်တွေ
အကျိုးဆက်ဖြစ်စေမယ့်
မျိုးချစ်စိတ်တိုးပွါးစေတဲ့ နေ့ ။
အာဏာမက်လျက်
မညှာတာရက်စက်
အာဇာနည်အသက်တွေချွေ
ရတက်တွေပွေ
မျက်ရည်တွေစွေ အပူလှိုင်ချဲ့ ဖြိုး
ဇူလိုင်တဆယ့်ကိုးကို မမေ့နိုင်ကြပေ
မမေ့သင့်ကြပေ။
ကဗျာစာစီ၍ လွမ်းရင်းနဲ့ 
အာဇာနည်နေ့ တမ်းချင်းဖွဲ့ လျက်
ဝမ်းနည်းကြေကွဲစွာ ရှေ့ရှုကာ
အလေးပြု ဆုတောင်းအမျှဝေပါသည်
အာဇာနည်အပေါင်း ကောင်းရာသုဂတိလားပါစေ...
မြန်မာပြည် ကောင်းစွာ သုခိပွားပါစေ။
x x x
|