|
လှေပြိုင်ပွဲကြီး
မြတ်ထက်

နိဒါန်း .. တစင်းကအစိမ်း။ တစင်းကအ၀ါ
လှေပြိုင်ပွဲမှာ၊
(၁) အစိမ်းရောင်လှေ
ငုတ်စိုက်၊ တုတ်ရိုက်
ပဲ့ပိုင်းနဲ့တွဲ ကြိုးချည်ခိုက်
ပဲ့ထိန်းဆရာကြီး လက်ပြလိုက်
ရီးလေးလေး... ရီးလေးလေး...
မျက်နှာထားတင်းတင်း
လှော်အားပြင်း
နာခံလိုက်တဲ့ တပည့်တသင်း
ရီးလေးလေး... ရီးလေးလေး...
(၂) အ၀ါရောင်လှေ
မျက်နှာချင်းဆိုင်
လှေပေါ်ထိုင်
တက်ကိုင်ပြီး အားစိုက်လှော်
ဟုတ်ဘူးနော် - ပြောင်း၊
ဟုတ်ကဲ့၊ ဟုတ်ကဲ့
ပြိုင်တူလှည့် ကျောပေးထိုင်
တက်ကိုင်ပြီး အားစိုက်လှော်
(ဟောတော်)
ထိုနည်း၎င်း...
နိဂုံး... တစင်းကအ၀ါ၊ တစင်းကအစိမ်း
လှေပြိုင်ပွဲ
ဇာတ်ဘယ်ခါသိမ်း။
မြတ်ထက်
(၁၉-၆-၂၀၀၇)
(ဒေါ်စု ၆၂ နှစ်ပြည့် အထိမ်းအမှတ်)
|