“ရှေ့ ဆက်ချီတက်”

ရဲရင့်သက်ဇွဲ


တောတောင် လျှိုမြောင်
စိမ့်စမ်း ရေတံခွန်...

မြစ်ချောင်း အင်းအိုင်
ပင်လယ် သမုဒ္ဒရာ...

ကမ္ဘာကုန်ကျယ်သရွေ့
ရှာတွေ့နိုင်မယ်မထင်
သည့်ထက်လှတဲ့ တိုင်းပြည်တောင်မှ
သည်လောက်မလှနိုင်...

အဲဒီ... တိုင်းပြည်ကြီးထဲမှာ
ဟုတ်ကဲ့...
ရော့ အင့်... ဆိုပြီး
ဘယ်သူမှပေးခဲ့တာမဟုတ်
ခင်ဗျားတို့.. ကျနော်တို့ ပုခုံးပေါ်ကအထုပ်
သမိုင်းကပေးတဲ့အလုပ်
ကိုယ့်အတ္တကို ကိုယ်တိုင်ထိမ်းချုပ်
(နှစ်တွေ ကြာလာတဲ့အခါ)
အရှုပ်ထုပ်လို့တော့ မမြင်စေလိုပါ...

တယောက်လဲရင်
တယာက်တွဲထူ
သွေးတူ ညီတူ ဖေးကူအားပေး
တော်လှန်ရေးမှာ ...
အနာဂတ်အရေးမှာ ...
ခေတ်တခေတ်ကို ထုဆစ်ရာမှာ

ဟေ့္ဖ လာကြ
ဒေါင်းသံ ဒေါင်းဟန်နဲ့
ဒေါင်းမာန်
ဒေါင်းအလံလေမှာဝဲပါလို့
ရှေ့ဆက်ချီတက်...

x x x
 

 
 

Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top

Suggestions & Comments: webmaster@hittaing.org