|
တချိန်က ရွှေမြန်မာ
မိုင်ထွာ

ရေမြေ တောတောင် စိမ်းလန်းကာ
လောင်းရိပ်အောက်က တို့မြန်မာ...
တာရှည်သောမင်းဆက် မြန်မာ
ဘယ်လောက်မကြာ ပြတ်တောင့်ကာ
သူများလက်အောက် ရောက်တော့တာ
လဲလှယ်ခုခံတော်လှန်ရေး တို့မြန်မာရဲ့သွေး
သန်းချီမက ရတနာ ဆုံးရှုံးသွားကာ
ရွှေရောင်လေးတဖန်သန်းစ ဗိုလ်ချုပ်ကြီးကျ
မျောက်ရေလောင်းတဲ့ ဥယျာဉ်ပမာ
ကြီးစွာလှသော အမှားတွေပါ
ရေတွက်မကုန် အကြိမ်များစွာ
လောင်းရိပ်ကလေး ပြောက်ကွယ်ကာ
တာရှည်ရက်ကြာ ခံစားကာ
အားအင်တွေ ဆုတ်ယုတ်လာ
လုံ့လမပါ သူခိုင်းတာ
တားဆီးမရ စည်းလုံးမှု အရင်းခံပြ
ရရာလက်နက် ဆွဲကိုင်စွဲ
မည်မျှကြာကြာ တို့တိုက်မြဲ။
(သီတဂူဆရာတော်၏ တရားတော်
(ဧကရာဇ်မင်းကြီး၏ဘ၀နိဂုံး)ကို ကိုးကား၍)
x x x

အသွေးအသား စတေးသွားတာ ဘာကြောင့်လဲ
ရူပါပြုံးနဲ့ 
လူတကာ မမုန်းအောင်
ဝင်းဝါချောမော့ လှနေတဲ့ အသားအရေ
နက်မှောင်ချည်
ဆံကေသာ အလှပိုင်ရှင်
အသွေးအသား
စတေးသွားတာ ဘာကြောင့်လဲ။
ခေါင်းမှခြေ
တွေဝေစရာမရှိ
မျက်နှာအလှ
ဘ၀တသက် ရွေးချယ်ရခက်အောင်
နှာတံဖြောင့်ဖြောင့် နှုတ်ခမ်းပါးအောက်က
ပုလဲလုံးအသွင်
သွားအလှပိုင်ရှင်
အသွေးအသား
စတေးသွားတာ ဘာကြောင့်လဲ။
ပခုံးလက်တံ
စံချိန်အထိ မယုံမရှိနဲ့ 
စံနှမွှာအလှ
အထင်ကရ
မနော်နွယ်သရက်
အယှဉ်ရခက်အောင်
ပြည့်ဖြိုးခြင်းနှင့် လှချင်တိုင်းလှ ငေးကြည့်ရမယ့်
ရွှေအလှပိုင်ရှင်
အသွေးအသား
စတေးသွားတာ ဘာကြောင့်လဲ။
ခါးမှတင်
ယှဉ်ဖွယ်အထိ ရင်မှထိ၏
ခါးသေးရင်ချီ
ကုမုဒြာအလှ
ဒဏ္ဍာရီအဆင်းနဲ
့ အမြင်ရှင်းတဲ့ အလှပိုင်ရှင်
အသွေးအသား
စတေးသွားတာ ဘာကြောင့်လဲ။
ခန္ဓာအလှ
ကြည်လင်ဝင်းဖျှ
ဖက်ရှင်မယ်အလှ
ယှဉ်မရအောင်
ရှုမြင်မဆုံး
ရူပါအပြုံးနဲ့ 
ကိန္နရီ
အလှပိုင်ရှင်
အသွေးအသား
စတေးသွားတာ ဘာကြောင့်လဲ။
ဓနအတွက်
မပေးဆပ်ခဲ့
အလှအတွက်
မပေးဆပ်ခဲ့
ဆန္ဒအတွက်
မေပးအပ်ခဲ့
မူးယစ်ဆေးအတွက် မပေးဆပ်တဲ့
သမိုင်းကို
တိုက်ပွဲဝင်
ဒီမိုကရေစီအတွက် ပေးဆပ်ဆဲ
ဘ၀အမြင်
သမိုင်းတွင် ကဗျည်းတင်မယ့်
ကိန္နရီ
အလှပိုင်ရှင်
သမိုင်းက
သက်သေထူလိမ့်မည်။ ။
ဝိရိယမေ (မြန်မာ့အမျိုးသမီး သမဂ္ဂ)
----------------------------------------------------

ရော့ ယူလိုက်
ပြည်သူတွေခင်မျာ
ရေနစ်ခြင်းကြားတောင်း လိုပေါ့။
အတွင်းလှုပ်ရှား အပြင်အိတ်ဖောင်းပုံကလည်း
မယုံဘူးပြောချင်မေမယ့် ကိုယ့်ရှေ့ မြင်နေ။
မျက်မှောင်ကြုတ်ရင်း နုံးနေဆဲ ကျုပ်ကတော့
ခေါင်းထောင်ပြီး အောင်ပြီကြွေးးကြော်နိုင်ရေး
တော်လှန်မာန်နဲ့  ရုန်းနေသူတွေကို
ဦးညွှတ်လိုက်ပါတယ်။
အယောင်ဆောင်
အရေခြုံ
မျက်နှာပြောင်
မောင်နက်တုံးတွေကိုတော့
ဖားလို
မကျင့်ကြပါနဲ့ တော့
ကျားအသွင်၊
ခြင်္သေ့အသွင် ကျင့်ကြပါတော့။
လျှော့တွက်ပြီး ဆက်ရမ်းကားရင်တော့
သမိုင်းတွင်
ဘွဲ့ ပေးလိုက်မယ်
မစားဖူး---------
မစီးဖူး-----------
မနေဖူး
တာတွေနဲ့ -----
မ အက္ခရာ
ကြေတဲ့ဘွဲ့ ။
ဟိန်းနိုင် (မန္တလေး)
--------------------------------------------
ဇန်န၀ါရီ
၁၇ ရက်
မောင်လွမ်းမှိုင်း

အေးစက်စူးရှတဲ့
ဆောင်းလေကြမ်းတို့ရဲ့
အညှာအတာကင်းမဲ့မှုကို အံတုရင်း
သူစိမ်းဆန်သော ဇန်န၀ါရီနေ့ရက်များထဲ
ငါ... မင်းကို သတိရနေမိတယ်...။
တခါတရံ
နေ့မှန်း ညမှန်းမသိရတဲ့
အုတ်လှောင်ရုံလေးထဲမှာ...
တခါတရံ
ကြိုးသမားတွေရဲ့
ချောက်ချားဘွယ်ရာ
အခန်းထဲမှာ...
လေးဆယ့်လေးနှစ်မြောက်မွေးနေ့ကို
မင်း ဘယ်လိုခံစားမှုမျိုးနဲ့
ကျော်ဖြတ်နေမှာလဲဆိုတာ
ငါ သိချင်လိုက်တာ...။
ကုန်လွန်ခဲ့တဲ့...
ပြီးဆုံးခဲ့တဲ့...
ထောင်တွင်း ဆယ့်တစ်နှစ်ကို ကြံ့ကြံ့ခံရင်း
နောက်ထပ် ဖြတ်သန်းရမယ့်
တဆယ့်ငါးနှစ်တာကာလကို
ဘယ်လိုခံနိုင်ရည်တွေနဲ့
မင်း... ဖြတ်သန်းမယ်ဆိုတာ
ငါ... ကြေကြေကွဲကွဲနဲ့
တွေးနေမိသေးတယ်။
သားတွေ အနားမှာမရှိဘဲ
ရောက်ရောက်လာတဲ့
(သားတွေရဲ့)
မွေးနေ့တွေကိုလည်း
ရင်ကွဲပက်လက် မျက်ရည်စက်နဲ့
အမေ ဖြတ်သန်းနေမှာ အသေအချာပါပဲ။
နိုင်ငံရေးအကျဉ်းသားဟောင်း မင်းရဲ့ဇနီး
(ထောင်တွင်းဖြတ်သန်းမှု (၇) နှစ်ခရီး)
မလွတ်မြောက်မီ
မင်းရဲ့သမီးသုံးယောက်နဲ့
မုဆိုးမအမေအိုတယောက်မှာ
မြင်းခြံထောင်နဲ့ အင်းစိန်ထောင်
တလ တလ ပြေးတွေ့ရတဲ့ဘဝ
ယက္ကန်းစင်ထဲက လွန်းတခုလိုသာပ။
ငါ့မှာတော့...
အဝေးမြေတနေရာကနေ
ကြေကွဲနေရင်း
အမေ့ရဲ့ သားတွေအပေါ်ထားတဲ့
ချစ်ချင်းမေတ္တာတရားမှာ ခိုနားနေမိတယ်။
လေးဆယ့်လေးနှစ်မြောက် မွေးနေ့မှာ
ညီတယောက်က
အကိုတယောက်ကို ချစ်မြတ်နိုးတဲ့တရား
ရဲဘော်တယောက်က
သူ့ရဲ့တိုက်ဖေါ်တိုက်ဖက်
သွေးသောက် တယောက်ကို ယုံကြည်လေးစားတဲ့တရား
ချစ်ချင်းမေတ္တာများနဲ့ နာကြားပါ။
ငါတို့ ဘယ်တော့မှ ဒူးမထောက်ဘူး...
ငါတို့ ဘယ်တော့မှ လက်မမြှောက်ဘူး...
ငါတို့ ဘယ်တော့မှ အရှုံးမပေးဘူး...။
x x x

ငါတို့ ကန့်ကွက်မဲ ပေးရမယ်
ဗုဒ္ဒ ရဲ
့ဓမ္မစက်
အာဏာစက်နဲ့ ပယ်ဖျက်မယ်လို့ 
ကမ္ဘာသိ စော်ကားခဲ့ပြီး
ဗုဒ္ဒသားတော်သံဃာတွေကိုသတ်
ကျောင်းသားလူငယ်တွေကိုသတ်
တတ်သိပညာရှင် မှန်ရင် အပြတ်ရှင်း
တိုင်းပြည်ကို ငတ်အောင်ထား
ဒီစစ်သားတွေက------။
ခေါင်ထိပ် တမတ်သား
စစ်တပ်ကယူထားပြီး
တကျပ်လုံး ထိန်းချုပ်ဖို့ 
ဖွဲ့ စည်းအုပ်ချုပ်ပုံ
စစ်ဥပဒေ ယုတ်နဲ့ 
တိုင်းပြည်ကို မီးလောင်ကျနေအောင် ဆက်လုပ်ဖို့ 
ပြည်သူ့ ဆန္ဒ ခံယူပွဲ ဆက်လုပ်မတဲ့----၊
ဒီဆန္ဒခံယူပွဲ မဲရုံသွားပြီး
ထောက်ခံမဲ ပေးမိတယ်ဆိုရင်
မိမိအသက်ထွက်သွားပြီးမှ
မိမိဝိဥာဉ်က မိမိကိုယ်ကို ပြန်ပြီး
အသုဘ လိုပ်ကို့ ရမယ့် အလုပ်
မိမ်ကိုယ်တိုင် လိုက်လုပ်သလို ဖြစ်နေမယ်။
အဲဒါကြောင့် ----
စစ်ဥပဒေယုတ် ဆန္ဒခံယူပွဲ
ငါတို့ ကန့် ကွက်မဲပေးရမယ်။
ဟိန်းနိုင် ( မန္တလေး) ၃- ၃- ၀၈
|