သတင်း  နိုင်ငံတကာသတင်း    ဆောင်းပါး     ရသ    သုတ    ရင်ဖွင့်သံ   သူ့အမြင်    ကဗျာ  ဟာသ   ကာတွန်း   ကမ္ဘာတလွှားမြန်မာများ  ပြည်သူ့စစ်သည်ရေးရာ

          

နအဖတို့ ထိပ်ကွက်စီးပွါးရေး

 မြန်မာနိုင်ငံက နိုင်ငံရေးစီးပွားရေး ဖြစ်ပျက်နေတာတွေကို ပြည်တွင်းပြည်ပက လူတွေက ဟိုစစ်တပ်ထဲက ကောင်တွေကတော့ သိမှာ မဟုတ် ဘူး၊ အခွင့်ထူးတွေ ရနေတာကိုးလို့ ထင်ကြလို့ကျနော်ရေးပို့ဖြစ်တာပါ။ မြန်မာနိုင်ငံ မှာ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေရယ်။ သူတို့နဲ့ ပါတနာ ကျနေတဲ့ သူတွေ။ သားပေး သမီးယူ လုပ်ထားတဲ့ သူတွေ ပဲ အခွင့်အရေး ရကြတာပါ။ကျနော့ အဖေကတော့ ဒီလိုပြောရင် ကျနော်နဲ့ ရန်သူကိုဖြစ် ကရော။ အဖေက ရိုးရိုးတပ်သားလေးဘ၀ကနေ တဆင့်ချင်း ရာထိုးတိုးပြီး နောက်ဆုံးတေဇ ဗိုလ်ကြီးလို့ ခေါ်တဲ့ အရာခံဗိုလ် လုပ်သက် ၁၀ နှစ်ပြည့်ပြီး ဗိုလ်ကြီးဘ၀နဲ့ ပင်စင်ခံစားခဲ့ရသူမို့ပါ။ အခုလည်း စစ်တပ်ကောင်းကြောင်းပြောနတာ သားသမီးတွေနဲ့တော့ ဖီလာဆန့်ကျင်ပါပဲ။

ကျနော့ ညီမလေးက ကျောင်းဆရာမ။ ကျနော့ ညီလေးက အရောင်းအ၀ယ်သမား၊ ကျနော့ စစ်တပ်ကကနေ စစ်မှုထမ်းဟောင်းသားသမီးတွေကို ပြည်ပပို့တဲ့ ရွှေအင်းဝ ကျေးဇူးကြောင့် အစီအစဉ်ကြောင့် ပြည်ပရောပ်ပြီး အလုပ်လုပ်ခွင့်ရနေတဲ့ သူတယောက်ပေါ့။ ပြည်ပရောက်မှ ပြည်တွင်း မှာ  မသိရတာတွေ ၊သိခွင့်မရှိတာတွေ သိရတာပါ၊ ပြည်တွင်းမှာတော့ ဘယ်သူ့ကြောက်ရမှန်းမသိဖြစ်နေတာကိုး။စစ်တပ်က အာဏာ သုံးပြီး စားသောက် နေတာတွေများ ယိုသူမရှက် မြင်သူရှက်ဆိုသလို ကျနော်လို စစ်သွေးမကင်းတဲ့ လူတယောက်အဖို့ရှက်မဆုံး ဖြစ်ရတာပေါ့ဗျာ။

သူတို့ စားကွက်တွေထဲက တချို့ကို ပြောပြရရင် ၊အခု နိုင်ငံတကာမှာ ဆန်ဈေးတွေ တက်နေချိန်မှာ သူဌေးတွေက ဘာမှ မဖြစ်ပေမယ့် တနေ့လုပ် တနေ့စား ဆင်းရဲသားတွေမှာ တနပ်စာအတွက် ဆန်ဝယ်ဖို့ အနိုင်နိုင်ဖြစ်ချိန်မှာ နအဖက ဆန်ဈေးကို အောက်ဈေးနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောင်းဖို့ စာချုပ် ချုပ်သတဲ့။ ထိုင်းက ဆန် တစ်တန်ကို ဒေါ်လာ (၁၀၀၀)ရောင်းချိန်မှာ မြန်မာက ဒေါ်လာ(၄၀၀) နဲ့ရောင်းမယ်တဲ့၊သူတို့ ဒေါ်လာ မက်တာထက် ပြည်သူတွေ အစားအစာခက်မှာ ပြန်မတွက်ကြဘူးဗျာ။ ပြည်သူတွေမှာ လက်ရှိ ဆန်ကြမ်းတပြည် (၈၀၀)လောက်တာင်မနဲ ၀ယ်စားနေရတဲ့ အချိန်မှာ ရှေ့ရေး မတွေးတတ်အောင်ပဲပေါ့၊ အဲဒီ လုပ်ပိုင်ခွင့်ကို ကိုတေဇတို့။ အောင်သက်မန်းတို့ပဲ လုပ်ခွင့်ရကြဦးမှာပေါ့၊ ပြည်သူတွေ ချောင်လည်ရေးထက် သူတို့ အသက်ရှူချောင်ဖို့ အိမ်နီးချင်းနိုင်ငံတွေက ထောက်ခံ မှု ရဖို့ လုပ်နေတာ မဟုတ်ဖူးလားဗျာ၊တချိန်တုံး ဆရာကြီး သခင်ကိုယ်တော်မှိုင်းက- ကုလားအရေး လောက်ကို ဓါးမသွေးလောက်ပါဘူးလို့ ယူဆခဲ့တဲ့ခေတ်ကနေ ကုလားကို ပြန်ဖားနေတဲ့ခေတ်ရောက်နေပြန်ပါရော့လား။

ဒါက ပြည်သေူတွ မြင်ရတဲ့ အပိုင်း၊ ပြည်သူတွေ လက်လှမ်းမမှိတဲ့ နည်းပညာပိုင်းဘက် ပြန်ကြည့်မယ်ဆိုရင် စစ်အစိုးရက ဂြိုဟ်တုစလောင်း လိုင်စင် ကြေးကို ကျပ် ၁၀ သိန်း အထိ တိုးမြှင့်ယူမယ်ဆိုတဲ့ သတင်း ကြားကြ မှာပေါ့။ အဲလိုထုတ်ပြန်ထားပေမယ့် လည်း ပြန်ကြားရေးဝန်ကြီး ဌာနနဲ့  ဖော်အဲ ဗား ဂရု(ပ်) (Forever Group) ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းထားသတဲ့  ဖန်မလီ အင်တာတိန်းမင့်(Family Entertainment)မှ ဂြိုဟ်တုရုပ်သံ ဖမ်း စက် တွေကို ဝယ်ရင် အခွန်ဆောင်စရာမလိုကြောင်း အဲဒီကုမ္ပဏီဝန်ထမ်းများနဲ့  ဝယ်ယူတပ်ဆင်သူတွေနဲ့ လက်ရှိဝယ်တပ် ထားတဲ့ ကျနော့သူငယ် ချင်းတွေဆီ သိရတယ်၊အခုနှစ် ဇန်နဝါရီလ မှစပြီး ဂြိုဟ်တုစလောင်း လိုင်စင်ကြေးများကို ကျပ် ၆၀၀၀ မှ ကျပ် ၁၀ သိန်း အထိ တိုးမြှင့် ကောက်ယူ သွားမယ်လို့လည်း ဆက်သွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ဇန်နဝါရီလဆန်းတွင် သတင်းကြေငြာခဲ့သေး တယ်လေ။

အဲဒီ သတင်း တရားဝင်ထွက်ပေါ်လာပြီးနောက် နိုင်ငံတကာ သတင်းရုပ်သံလိုင်းများ ကြည့်ရှုနိုင်တဲ့ ရှစ်ပေ စလောင်းတပ်ဆင်ထားသူများက သူတို့ စလောင်းတွေုဖြုတ်ချခဲ့ပြီး စလောင်းအရောင်းဆိုင်တွေမှာလည်း အဝယ် ရပ်ဆိုင်းခဲ့ရတဲ့ အထိဖြစ်သွားခဲ့ရသတဲ့။ဘယ်နေ့ စတင်အကောင် အထည် ဖော်မယ်ဆိုတာ  စုံစမ်းမေးမြန်းကြတော့ တာဝန်ရှိ သူတွေက တိကျသေချာစွာ ပြန်လည်ဖြေကြားခဲ့တာ မရှိကြဘူးတဲ့၊  စလောင်းလိုင်စင် ကြေး အဆမတန်ပေးဆောင်ရမယ်ဆိုတော့ ရန်ကုန်နှင့် မန္တလေး မြို့တွေက စလောင်း အရောင်းဆိုင်တွေ အရောင်းအဝယ်ရပ်ဆိုင်းသွားပေမယ့်  ဖန်မလီ အင်တာတိန်းမင့် ဂြိုဟ်တု ရုပ်သံဖမ်း စက်များ တရက်ကို ၅၀ နှင့် ၁၀၀ အကြားရောင်းချနေရသတဲ့ဗျ၊ ဘာလို့လည်းဆိုတော့ အဲဒါတွေ ရောင်းတဲ့ ဝါးတန်းလမ်းရှိဆိုင်ဆိုတာက ပြန်ကြားရေးဝန်ကြီးဌာနနဲ့  ဖော်အဲဘားဂရု(ပ်) ကုမ္ပဏီတို့ရဲ့ ဖန်မလီ အင်တာ တိန်းမင့် ဂြိုဟ်တု ရုပ်သံ ဖမ်းစက်များ ရောင်းချသည့်ဆိုင်ဖြစ်လို့ပါဘဲ။

စလောင်းအခွန်တိုးမြှင့်မယ့်သတင်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပြီးနောက်ပိုင်း မြန်မာ စာတန်းထိုး အင်္ဂလိပ် ရုပ်ရှင်ဇတ်ကားများ၊ ကာတွန်း ကား များ၊ ပရီးမီးယားလိဂ် ဘောလုံးပွဲများအပါအ၀င် ကမ္ဘာ့ဖလားဘောလုံး ပွဲများကို တိုက်ရိုက်ဖမ်းယူနိုင်သော ဖန်မလီ အင်တာတိန်းမင့် ဂြိုဟ်တုရုပ်သံ ဖမ်းစက်များ ၀ယ်ယူမှုက မြန်မာတွေကြားမှာ ပိုအရောင်းတက်ခဲ့သတဲ့။ အဲဒီ ဖန်မလီ အင်တာတိန်းမင့် ဂြိုဟ်တုရုပ်သံဖမ်း စက်တွေ က အစိုးရက တရားဝင်ရောင်းတာ ဆိုတော့ အခွန် ဆယ်သိန်း ဆိုလည်း ဆောင်စရာမလိုဘူး၊ ကိုယ်ကြည့်တဲ့ ရုပ်သံလိုင်း အနည်းအများပေါ် မူတည်ပြီး လစဉ်ကြေး သွင်းသွားရုံပဲတဲ့၊လုပ်ကိုင်ရတာ လွယ်တာပေါ့။ဖန်မလီ အင်တာတိန်းမင့် ဂြိုဟ်တုရုပ်သံဖမ်းစက်ဆိုတာက CNN/ STAR MOVIE/ STAR WORLD / DISCOVERY/ NATIONAL GEOGRAPHIC/ ADVENTUR ONE / MTV/ EURO SPORT/ CHANNEL [V]/ ANIMAL PLANET/ CARTOON NETWORK/ DISCOVERY TRAVEL & LIVING / 5 MOVIE/ 5 CARTOONS / STAR SPORT/ ESPN/ 5 SERIES/ CCTV စသည့်နိုင်ငံတကာ ရုပ်သံ ၁၉လိုင်းနှင့် မြန်မာ့ရုပ်မြင်သံကြားနှင့် မြ၀တီက စမ်းသပ်ထုတ်လွှင့် နေသော ရုပ်သံလိုင်းအများအပြားကို ဖမ်း ယူနိုင်တယ်လေ။ ကုန်ကျစရိတ် ကလည်း အဲဒီ ဖန်မလီ အင်တာတိန်းမင့် ဂြိုဟ်တုရုပ်သံဖမ်းစက်ရယ်၊ ESPN/ STAR SPORTS/ 5SERIES/ 5 MOVIES/ 5 CARTOON ရုပ်သံ ငါးလိုင်းဖမ်းတဲ့ ကတ်ရယ် ဆိုရင် ငွေ ကျပ်၂၇၇၀၀၀ ကုန်မှာတဲ့၊ အဲဒါ တနှစ်စာ အခွန်ပါ အပြီးတဲ့။

ဒါ့အပြင် CNN / MTV နှင့် တခြားနိုင်ငံတကာရုပ်သံ လိုင်းများထပ်မံကြည့်ရှုလိုပါက ရုပ်သံလိုင်းတလိုင်းလျင် တလ ကျပ် ၂၀၀၀ နှုန်းနှင့် တနှစ်စာ ငွေထပ်သွင်း၍ ကြည့်ရှုနိုင်ကြောင်း၊ အစိုးရကို မည်သည့် အခွန်ငွေမှ ထပ်မံပေးဆောင် စရာ မလိုကြောင်းလည်း သိရသေးသဗျ။ဒါပေမယ့် ဖန်မ လီ အင်တာတိန်းမင့် ဂြိုဟ်တုရုပ်သံဖမ်းစက်နှင့် ဖမ်းယူကြည့် ရှုနိုင်တဲ့  CNN နှင့် သတင်း ရုပ်သံ လိုင်းများရဲ့  သတင်းအစီအစဉ်များကို စစ်အစိုးရ က ဖြတ်တောက် ဆင်ဆာလုပ်၍ ပြန်လည်ထုတ်လွှင့်ခြင်း ဖြစ် ပါသတဲ့။ ဒီတော့ သို့သော် ဖန်မလီ အင်တာတိန်းမင့် စလောင်းကို ငွေကြေး တတ် နိုင်သည့် စီးပွားရေးလုပ်ငန်းရှင်များ က အပန်းဖြေ ဖျော်ဖြေရေးအတွက် ၀ယ်ယူကြည့်ရှုကြသူကြည့်ကြ၊ လောင်းကစား ဒိုင်များ ကလည်း ဘောလုံးပွဲပြသ ရန် ၀ယ်ယူတပ်ဆင်ကြပေါ့၊

တချို့ ဝေဖန်သူတွေကတော့ ၂၀၀၇ ခုနှစ် စက်တင်ဘာလ သံဃာတော်များဦးဆောင်တဲ့ ဆန္ဒပြပွဲများကို ရှစ်ပေ ဂြိုဟ် တုစလောင်းတွေနဲ့ ဖမ်းယူ ကြည့်ရှုခြင်းအား စစ်အစိုး ရ၏ မနှစ်သက်မှု အဓိကပါဝင်ကြောင်း၊ ထို့အပြင် ဖန်မလီ အင်တာတိန်းမင့် စလောင်းများရောင်းချအမြတ်ထုတ် လို၍ ပြန်ကြားရေးဝန်ကြီးဌာနှင့် ဖော်အဲဗား ဂရု(ပ်) တို့ ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း နဲ့ စစ်အစိုးရက ပြည်သူတွေကို နိုင်ငံတကာရုပ်သံလိုင်း တွေ မကြည့်စေချင်လို့ စလောင်း အခွန်တွေကို ပြည်သူတွေ မတတ်နိုင်တဲ့ ဆယ်သိန်းဆိုပြီးဆောင်ခိုင်းမယ်၊ တကယ်လို့ စလောင်းသိပ်တပ်ချင် ရင်တော့ သူတို့ရောင်းတဲ့ ဖန်မလီ စလောင်းတပ်ပေါ့၊ ရှင်းရှင်းပြောရရင်တော့ တချက်ခုတ်နှစ်ချက်ပြတ်ဆိုတဲ့သဘော လုပ်လိုက်တာပါ”ဟု ဆိုကြပြန်ပါတယ်၊

သူဌေး သင်္ဘောမှောက်တာထက် သူတောင်းစားခွက်ပျောက်တာ ပိုဆိုးတယ်ဆိုတဲ့ စကားပုံလိုပြောရင် ရိုင်းတယ်လို့ မထင်ပါနဲ့၊ တချိန်တုံးက ရဲနိုင်ဝင်း တို့ သားအဖ ခေါင်းဆောင်ပြီး ကွန်ပြူတာ အင်တာနက်လိုင်းနဲ့ လက်ကိုင်ဟန်းဖုန်း လောကို ထိုင်းဝန်ကြီးချုပ် တပ်ဆင်အားကိုးနဲ့ လုပ်ခဲ့ဖူးတယ်။ နောက်သိပ်မကြာလိုက်ဖူး၊ ရဲနိုင်ဝင်းတို့ ဦးခင်ညွန့်တို့ သားအဖ တသိုက်ကိုတော့ နိုင်ငံအာဏာ အလွဲသုံးမှု။ လာဘ်စားမှုတဲ့ အရေးယူလိုက်ကြတာ၊ သူတို့ကြတော့ ပိုဆိုးနေပါ ရောလား။

ကျနော့ အဖေကတော့ အရပ်ထဲက ပြောသလို ဗူးယိုရောဂါထပြီး အငြိမ်းစား ဗိုလ်ကြီးဆိုတဲ့ ရာထူးကို ပြုံးပြုံးကြီး ကြည့်ပြီး ပြည်သူ့ဒုက္ခမှန်သမျှကို မျက်ကွေယ်ပြုနေတာကို အဖေ့ကိုယ်စား ကျနော်တော့ ရျက်မဆုံး ဖြစ်နေရတာပါ။

ကိုထူးလှိုင် (မလေးရှား)

 

မူလ ဆောင်းပါးများသို့ 

 

Suggestions & Comments: webmaster@hittaing.org