|
တိုးတိုး ပြောကြပါ
မြန်မာနိုင်ငံမှာ စစ်အစိုးရက အခြေခံဥပဒေအသစ်ရေးပြီးလို့
ဆန္ဒခံယူပွဲလုပ်ပြီး အတည်ပြုဖို့ လုပ်နေတာ ကြားကြပြီးရောပေါ့၊ ကုလသမဂ္ဂ
အဖွဲ့ ကြီးကရော။ ဒီမိုကရေစီနိုင်ငံအများစုကရော။ ပြီးတော့ ပြည်ပ
ရောက်နေတဲ့ နိုင်ငံရေးနားလည်တဲ့ မြန်မာတွေ၊ နိုင်ငံရေး စိတ်မ၀င် စား
တဲ့ မြန်မာတွေပါ မတရားဘူး လို့ ပြောဆိုနေပမေယ့် ကိုယ်တော်ချောတွေကတော့
ငါ့ လှေငါထိုး ပဲခူးရောက် ဆိုတဲ့ စကားပုံလို အလှော်လွန် လို့
လှေသာပေါက်သွားမယ် သူတို့ လုပ်ချင်တာ ရပါမှာ မဟုတ်ဖူးလို့
ဝေဖန်သံတွေကည်း မိုးလုံး ညံနေပြီဗျ။ အနဖ ဘက်ကတော့ သူတို့ ရဲ့  အမာခံ
အင်အားတွေဖြစ်တဲ့ စစ်တပ်အသိုင်းအ၀ိုင်း၊ ကြံ့ဖွံ့ အင်အား၊ ရဲဝန်ထမ်း၊
နောက်ပြီးတော့ သူတို့ လက်ခုပ်ထဲကရေဖြစ်နေတဲ့ ၀န်ထမ်း တွေ၊ နအဖစစ်တပ်
ခြိမ်းချောက်ရင်ကြောက်မယ့် ပြည်သူတွေ စာရင်းကိုတွက်ကြည့်ရင်
ပိုပြီလို့ တွက်ပြီး အပိုင်ကိုချမှာပါ။
ခက်တာက
အခေခြခံဥပဒေဆိုတာ ပြည်တွင်းပြည်ပ ရေဒီယို အသံလွှင့်ဌာနတွေက
ရယ်ပြောဆိုနေတာရယ် ၊ နအဖထုတ်သတင်းစာတွေမှာ ဖော်ပြတဲ့ အခြေခံဥပဒေစာအုပ်
မျက်နှာဖုံးပုံလေးရယ် ကလွဲပြီး တိတိကျ ပြည်သူတွေမှ မသိကြရသေးပါဘူး၊
တချို့ကတော့
လက်ရှိအခြေအနေ ရပ်တန့်နေတာနဲ့စာရင် တခုတခု အပြောင်းအလဲ ဖြစ်သွားမှာကို
စိတ်ဝင်စားပြီး ထောက်ခံမဲ ပေးချင်ကြ သလို တချို့ကြပြန်တော့
ပိုဆိုးသွားနိုင်တယ်ဆိုပြီး ကန့် ကွက် ချင် သူတွေလည်း မနည်းလှပါဘူး၊
ထောက်ခံမဲပေးဖို့ စည်းရုံးနေသူတွေကို အစိုးရက လုံခြုံရေးပေးပြီး
ကာကွယ် အားပေးနေပေမယ့် ၊ အခြေခံဥပဒေအသစ်ကို ကန့်ကွက်ဖို့ လှုံ
့ဆော်သူ။ ပြောဆိုသူမှန်သမျှ ထောင်ချ မယ်လို့
တရားဝင်ကြေငြာချက်ထုတ်တားဆီးထားပါတယ်၊ ဘယ်လိုပဲတားဆီးတားဆီး၊ မတရားတဲ့
ဥပဒေ အတည်မပြူနိုင်ဖို့ ကန့်ကွက်ဖို့ ကောင်းသားလူငယ်တွေ ၊
ရဟန်းတော်တွေကတော့ အခက်အခဲတွေကြားက လှုံ့ ဆော် တားဆီးနေပါတယ်။
စားခွင့်ရ
လုပ်ပိုင်ခွင့်ရသူတွေနဲ့  စစ်တပ်နဲ့ နီးစပ်ပြီး အဆင်ပြေနေ သူတွေ၊
တချိန်က တပ်မတော်မှာ တကယ်အသက်ပေးပြီး တကယ် တာဝန် ထမ်း ဆောင် ခဲ့သူ
တချို့ စစ်မှုထမ်းအိုကြီးတွေကတော့ စစ်တပ်ကို ကောင်းနိုး ကောင်းနိုးနဲ့
သံယောဇဉ်မပြတ် သူတွေလဲရှိကြ ပါတယ်၊
အဲဒီလို
သံယောဇဉ်မပြတ်သူတွေထဲမှာ ကျနော်တို့ မိသားစုလည်းပါတယ်၊ ကျနော်တို့
မိသားစုဆိုတာမှာ အဓိက ဖြစ်တောက အဖိုးရယ်၊ အဖွားရယ်၊ အမေရယ်ပေါ့၊
အဖေကတော့ တက္ကသိုလ်က ကျောင်းဆရာ ဆိုတော့ လက်ရှိနိုင်ငံရေး အခြေအနေကို
အသိဆုံးပေါ့လေ၊ ဒါပေ မယ့် သေကံမရောက် သက်မပျောက်ဖြစ်ခဲ့ပြီး
အရွယ်လွန်(အသက် ဂ၀) ကျော်နေတဲ့ ကျနော့် အဖိုးအဖွားတို့ စိတ်မဆင်းရဲ
စေချင်တာရယ် အမေကို ဗြောင်မဆန့်ကျင်ချင်တာရယ်ကြောင့် အိမ်မှာတော့ နအဖ
လုပ်ပြသမျှ ပြုံးပြုံးကြီး တီဗွီမှာ ကြည့်နေတတ်သလို လွတ်လပ်ရေး
မော်ကွန်းဝင် ပထမအဆင့်ရ အငြိမ်းစား ဗိုလ်ကြီးအဆင့်ရခဲ့သူ
အဖိုးပြောပြသမျှ တချိန်က မြန်မာစစ်တပ်ရဲ့ လွတ်လပ်ရေး ရပြီးစ အခြေ
အနေတွေကို သီးခံ နားထောင်နေတတ်ပါတယ်၊ကျနော်တို့မှာ ညီအကိုမောင်နှမ
သုံးယောက်ရှိပါတယ်၊ အကိုကြီးက အာအိုင်တီပြီးလို့ ဘွဲ့ လွန်တက်ပြီး
ထိုင်းမှာ တက္ကသိုလ်ဆရာ၊ ကျနော်က စင်္ကာပူအလုပ်လာလုပ်နေတဲ့သူ၊ အငယ်ဆုံး
ညီမလေးက ရန်ကုန်မှာပဲ အလှပြင်ဆိုင်နဲ့ တွဲပြီး
စတိုးဆိုင်လေးထောင်တားတယ်၊ အဝေးမသွားစေချင်တဲ့သဘော၊
ရန်ကုန်အိမ်မှာမိသားစု စုဆုံမိပြီဆိုရင်
မြန်မာ့အသံတီဗွီသတင်းကြည့်ပြီး ကျနော်တို့ မောင်နှမတွေ ရီမိကြတတကို
အဖေက ပြုံးပြီး ကြည့်နေ တတ်ပေမယ့် အဖိုးအဖွားနဲ့ အမေတို့ကတော့
မျက်ထောင့်နီကြီးတွေနဲ့ ကျနော်တို့ကို ကြည့်ပါတယ်၊
ဒီအချိန်မှာအကိုကြီးက မနေ့ကမှ ကျနော်တို့ ၀ယ်တပ်လိုက်တဲ့ ဂြိုလ်တု
စလောင်လိုင်းပြီး ကြည့်တော့ တရုတ်နိုင်ငံတိဗက်ပြည်နယ်အရေးအခင်း
သတင်းထွက်လာတယ်၊ တိဗက်လားမားဘုန်းတော်ကြီးတွေကို တရုတ်ရဲတွေ
စစ်တပ်တွေက နှိပ်ကွပ်နေတဲ့ သတင်းမြင်ကွင်း။
ဒီအချိန်မှာ
စစ်ဗိုလ်အို အဖိုးနဲ့ အဖွားက --ဟယ်--မိုက်ရိုင်းချက်ဖြင့် ကမ်းကုန်ပ၊
သာသနာတော်ကို စော်ကားသူတွေမှန်သမျှ အမြန်ကျဆုံး ပါစေလို့
ဆုတောင်းသံထွက်လာတယ်၊
ဒီအချိန်မှာ
အဖေနဲ့ ကျနော်တို့ မောင်နှမ ၃-ယောက်ဆီက မတိုင်ပင်ပဲ ပြိုင်တူ
စကားသံထွက်လာကတော့-- အို -တိုးတိုးပြောလေ၊ အပြင်က ကြားရင်
အဖမ်းခံနေရဦးမယ်။
ကိုဖိုးနိုင်( ခေတ္တ- ရန်ကုန်) ၁၄။ ၀၃။ ၂၀၀၈
|