
လမ်းပေါ်၌
ကျောက်တုံးများ။ ချိုင့်ကြီးများကို
ခဲရာခဲဆစ်ကျော်ဖြတ်နေရသော ကားလေးကြောင့် ကျနော်သည် တချက်ချက်
မြောက်ဆွမြောက်
ဆွဖြစ်လျှက်။ စိတ်ကို သဘာဝပါတ်ဝန်းကျင် ရေမြေတောတောင်အလှ၏ အာရုံထဲ၌
နစ်မြုပ်ထားလိုက်သည်၊ အအေးပိုင်းဒေသ၏ ပေါက်ရောက်
သော သစ်ပင်များက လမ်းဘေးဝဲယာ၌
စိမ်းစိမ်းစိုစို ထိုးထိုးထောင်ထောင်။ ၀ါးရွက်များပေါ် တင်နေသော
နှင်းခဲနှင်းဥလေးများကို ကျနော်သည် ငေးစိုက်ကြည့်လျှက်။ ဒီလမ်းက ကေအိုင်အို
ဖေါက်ထားတာတဲ့၊ တရုတ်ဖေါက်ရင်တော့ ဒီထက်ပိုကောင်းမှာပေါ့ ဒါပေမဲ့တရုတ်က
သူအတွက်
အကျိုးအမြတ်မရှိဘဲနဲ့ ဘာမှမလုပ်ဘူးလေဟု သူမှတ်ချက်ပေးနေပြန်သည်၊ မြောက်ပိုင်း
ကျောင်းသားရဲဘော်လေး၏ ရှင်းလင်း ပြောဆိုမူများ
က
တလမ်းလုံး ဝေေ၀ဆာဆာရှိလှသည်၊ သူက
ကျနော်တလှည့် တရုတ်ကားမောင်သမားကို
တလှည့်ဖြင့် စကားနှင့်
ဖေါ်ရွေစွာပင် ရှင်းပြနေ
လျှက်။သူ အရွှင်းဖေါက်သမျှ တရုတ်ကားမောင်းသမားက
တ၀ါးဝါးပွဲခံ် ရီမောနေလျှက်။ကျနော်က ပဲပင်ပေါက်စကားများကို သေခြာနား
မလည်
သေး၊
တံခါးဖွင့်စီးပွားရေးကြောင့် ခရီးသွားရတာ အစစ်အဆေးမရှိတော့ဘူး အကိုရေ…။
စိတ်ထဲမှာတော့ ဒီရဲဘော်လေး ရေတက်ငါးစင်ရိုင်း စိတ်ရှိတဲ့ စစ်အစိုးရ စိတ်ကို
မဖတ်မိလို့ပဲ ထင်ရဲ့ဟု ကျနော့ စိတ်အစဉ်မှာ တွေးတောလျှက်၊ ဆက်ပြီးသူက
အရင်တုံးကဆိုရင်
စာရွက်သယ်
သွားရင် စာရွက်မှာ
ကျနော်တို့ မ.က.ဒ.တ စည်းတံဆိပ်ပါရင် တောင်ဖမ်းတာ။ ကျနော်ဆို
မကြာမကြာအဖမ်းခံရတယ်ဟု
ခရီးသွားတာဝန်ခံ မြောက်ပိုင်းကျောင်းသား ရဲဘော်လေးရှင်းပြချက်ကို
လေးလေးစားစားစိုက်၍ နားထောင်ရင်း
သူ့ကိုကြည့်မိသည်၊
သူ့ဇာတိသည်
မိုးကောင်း
မြို့က အသက်က ၂၀ကျော်။ မခံချင်လွန်းလို့ လက်နက်ကိုင်တိုက်ဖို့ အသက်
၁၄နှစ်ကတည်းက တောခိုလာခဲ့တာဟု သူ့ဘ၀ဇတ်ကြောင်းကို ရှင်းပြနေသည်မှာ
ကျနော့်အတွက်
တန်ဖိုးရှိစရာ သင်ခန်းစာ။ ရရင်ရ မရရင်တော့ ချမှပဲရတော့မည်။ ၁၉၈၈တုံးက
ဒို့လူထုက
ဒီမိုကရေစီကို လမ်းမပေါ်ကနေ လက်ဝါးဖြန့် တောင်းခဲ့ကြတယ်။ ဒါပေမဲ့ ကျနော်တို့
ရခဲ့ကြတာက ဂျီသရီးကျည်ဆန်ဟု ပြောလိုက်တော့ ကျနော့စိတ်ထဲ မာတောင့်တောင့်
ဖြစ်သွားသည်၊ သူ့စကားများကြောင့် ကြက်သီးတဖျန်းဖျန်းပင် ခံစားလိုက်ရသေးရဲ့။
ပင်လယ်ရေမျက်နှာပြင်
အထက်အတော်မြင့်မားသော
ထိုဒေသသို့ရောက်ခဲ့ရသည့်အတွက် အက်စကီမိုးလူမျိုးများသည်ပင်လျှင် ထိုဒေသ၌
အခြေချနေထိုင်နိုင်မည် ဖြစ်သော်လည်း နုနယ်ငယ်ရွယ်သော ထိုကျောင်းသား
တပ်မတော်ရဲဘော်များအတွက် ကာယိက ဒုက္ခဝေဒနာကို ကြီးကြီးကျယ်ကျယ် ခံစားကြရမည်မှာ
အသေအချာ။ နှင်းမြူများကြားမှ မုဒ်ဦးဂိတ်ဝတခုကို တွေ့လိုက်ရသည်၊ ထိုမုဒ်ဦး၌
ဒါးနှစ်လက်ကို ကြက်ခြေခတ်ထားသည်၊ သူတို့က ဒါးဒါးခြင်း၊ ကျနော်တို့
ကျောင်းသားတပ်မတော်က ဒါးဒါးခြင်း၊ လှံလှံခြင်း၊ ကျနော်တို့ စစ်အကျီင်္ဘယ်ဖက်
တံဆိပ်က
ဒါးနှင့်လှံကို ကြက်ခြေခတ်ထားသည်၊ သူတို့က ဒါးနှစ်လက်ကို ကြက်ခြေခတ်ထားသည်၊
ဂိတ်ဝကိုရောက်တော့ ကချင်စကားဖြင့်
“
အန်းထဲ့
ဂျောင်မာ ဒပ်ကော့နား”
(
ကျနော်တို့
ကျောင်းသား တပ်မတော်ကပါ )ဟုပြောတော့ ဂိတ်စောင့် ကေ.အိုင်.အို ရဲဘော်က
မောင်းတံကို
ဖွင့်ပေးလိုက်သည်၊ ကျနော် ကေ.အိုင်.အို ဗဟိုဌာနချုပ်ရှိရာ
လိုင်စင်ဒေသသို့ခြေချမိပြီ၊ ယခင်က ပါဂျောင်၊ နားဖေါ့ဒေသမှာ သူတို့ ဌာန
ချုပ်
ရှိသည်၊
ထိုဒေသရန်သူ့ လက်ထဲသို့ကျသည့်အတွက် ပါဂျောင်၏ တောင်ဘက်ရှိရာ
ယခုလိုင်စင်သို့အခြေချသည်၊ ပါဂျောင်မှာဆိုရင် ၀ါး ရေ
တံလျောက်ကကျတဲ့ ရေတောင်
မနက်ရောက်ရင် အတောင့်လိုက်ကြီး ရေခဲသွားတယ်ခင်ဗျ ဟုပြောလိုက်တော့
ရေခဲများအပေါ်သွားနေသော ကျနော်တို့ကားဘီးကို ဖြတ်ကနဲကြည့်မိလိုက်သည်၊ မကြာခင်
ဒေါင်းအလံစိုက်ရာသို့ ရောက်ရကြတော့မည်။
ရောက်ပြီဆိုတာနဲ့
စခန်းမှူးရဲဘော်ပေါက်ကွေးက ကျနော်တို့ကို
အပြေးအလွှားလာကြိုသည်၊
လူကြီးတွေ
အပေါ်မှာ စောင့်နေကြတယ်ခင်ဗျဟု
ပြောဆိုရင်း စစ်ယဉ်ကျေးမှုအရ သူကကျနော့်ကို အလေးပြုသည်၊ ကျနော်က
လေးစားပါတယ်ရဲဘော်ဟု
ပြောရင်း သူကိုကြည့်မိတော့ ကျောင်းသားယူနီဖေါင်းနှင့် သပ်ရပ်တင့်တယ်နေလို့။
ပစ္စတိုကို ခါး၏ဘေး၌ သေသပ်စွာထိုးချိတ်ထားသော သူ၏ ရုပ်သွင်ကိုမြင်လိုက်ရသဖြင့်
အမိမြန်ပြည်အတွက် စိတ်ဓါတ်အားတက် မိလိုက်သည်၊ သြော် ကျနော်တို့ဘ၀သည်ကား
ကျောင်းစိမ်းဘ၀မှ ယူနီဖေါင်းအစိမ်းဘ၀များသို့။ ခဲတံကိုင်ခဲ့သောလက်မှ
သေနတ်ကိုင်နေကြရသော လက်များသို့။
မ.က.ဒ.တ(မြောက်ပိုင်း)ရဲဘော်များက အမိန့်နာခံမူ
အားကောင်းကြသည်ကို တွေ့ရသည်။ တိုင်းပြည်လွတ်မြောက်မှုအတွက် ထိုအမိန့်နာခံမူသည်
အရေးကြီးကြောင်း စစ်မြေပြင်သင်ခန်းစာများက ကျနော့်ကို
လက်တွေ့သင်ပြပေးခဲ့ဘူးသည်၊
“မ”တထောင်သားများကို
အုပ်ချုပ်ရသည့်အတွက် ထိုအမိန့်နာခံမှုမှ အစ
လိုက်နာစရာနည်းနာများအား စစ်သင်တန်းများမှ ရရှိခဲ့သည်၊ ကျနော်သည် ကျနော်တို့
ဥက္ကဌဟောင်းကိုထွန်းအောင်ကျော်၊ ကိုမိုးသီးနှင့် တွေ့လျှင်ပင် သတိဆွဲမတတ်
ရိုသေစွာ
ဆက်ဆံတတ်ကြောင်းကို ကျနော့်ကို ကျနော်သတိထား လိုက်မိသည်က ထိုစစ်သင်တန်းများက
သင်ကြားပေးခဲ့သည့်အရာများ။ တော်လှန်ရေးပျောက်ကျားရဲဘော် တဦးအနေဖြင့်
ထိုအမိန့်နာခံမူကို သဘောတရားဖြင့် ချွန်းအုပ်မှသာလျှင် ရန်သူတပ်နှင့်
ကွဲပြားခြားနားစေနိုင်သည်၊ ကျနော် တို့ကျောင်းသားတပ်က လူထုကို ဦးထိပ်ပြုသည်၊
လူထုကိုနှိပ်စက်လာလျှင် ဆတ်ဆတ်ထိလုံးဝမခံနိုင်၊
ရန်သူက ဤသို့မဟုတ်၊
သူတို့၏
ဗိုလ်သင်တန်း သင်ခန်းစာများက လူတွေကို အုပ်ချုပ်တဲ့အခါ ဒီအရာ သုံးပါးနှင့်
အုပ်ချုပ်ပါဟုသင်ကြားပေးသည်၊ (၁)အကြောက်တရား (၂)ကိုယ်ကျိုးရှာလိုမူ
(၃)အသိအမှတ်ပြုခံလိုမူ
ဒီအရာသုံးပါးကို ထိမ်းချုပ်နိုင်ရင် မင်းခေါင်းဆောင်ဖြစ်ပြီ
ရန်သူက ကြောက်အောင်ခြောက်သည်၊ မြောက်ပေးသည်၊ ဖျက်ဆီးပစ်သည်၊ ယခုရဲများ၊
ကြံဖွတ်များ၊ စွမ်းအားရှင်များကို မြောက်ပေးနေသည်၊ လူတွေကို
အကျင့်စာရိတ္တပျက်ရန်
ကိုယ်ကျိုးရှာခိုင်းသည်၊ လူမူထူးချွန်ဆုဘွဲ့ တံဆိပ်များပေး၍ အသိအမှတ်ပြုသည်၊
လူတွေကိုဤကဲ့သို့အုပ်ချုပ်လျှင်ရမည်ဟု ထိုမိစ္ဆာကောင်များက ထင်သည်၊ လူတွေကို
မေတ္တာ၊
စေတနာ၊ မုဒိတာရှေ့ထား၍ အုပ်ချုပ်နိုင်မှသာလျှင် ရမည်ဟု ကျနော်က ခံယူသည်၊
ကျနော်တို့လူထုအပေါ်ထားသော သဘောထားနှင့် သူတို့၏ သဘောထားများက ရှေ့နောက်
ပမာကွဲလွဲလျှက်။
မြောက်ပိုင်းကျောင်းသားများ
လက်နက်ငယ် စစ်ရေးလေ့ကျင့်ကြစဉ်
ကျနော်က
ဗိုလ်ပေါက်ကွေးကို ခင်ဗျားသေနတ်က ဘာသေနတ်လည်းဗျ
ဟုမေးမိရာ “တရုပ်လုပ်သေနတ်ပါခင်ဗျ”ဟု
သူကဖြေသည်၊ ကျနော်က သေနတ်ကိုင်လျှင်
ဘ၀င်မြှင့်သည့် နအဖ ဗိုလ်ပေါက်စများကို ငယ်စဉ်က ကောင်းကောင်းမြင်ဘူးခဲ့သည်၊
လူတယောက်သည် သေနတ်ကိုင်လိုက်သည်နှင့် သူ့လက်သည်ဘေးသို့ ကားထွက်လာသည်၊ သူ၏
ရင်ဘတ်သည်လည်း ရှေ့သို့ငေါ့ထွက်သွားသည်၊ သူ၏ စကားပြောပေါက်ကလည်း
သူများနှင့်မတူတော့၊ မာမာထန်ထန်၊ ကျနော်တို့ ကျောင်းသားတပ်မတော်မှ
ဗိုလ်ပေါက်ကွေး
သည်ကား ဤကဲ့သို့လူစားမဟုတ် သူတို့သည် စစ်မှန်သည့် လူထုအတွေးအခေါ် လူထုကို
အလုပ်အကျွေးပြုရေး၊ လူထုကိုမှီခိုရေးဆိုသည့် လူထုလမ်းစဉ်နှင့်
သေနတ်ကိုပေါင်းစပ်နေကြသူများ ထိုသေနတ်သည် လူထုဘ၀ကိုချေဖျက်နေသည့်
မိစ္ဆာကောင်များကို
ပစ်မည့်သေနတ်များသာ မဟုတ်ပါလား။
လမ်းဘေးတောင်ကုန်းပေါ်၌ အစီအရီတည်ဆောက်ထားသော
အဆောက်အဦများကို ဝေ့၀ိုက်ကြည့်မိသည်၊ တောင်ကုန်းများကို ဖြိုချ၍
ဆောက်ထားခြင်းဖြစ်သည်။
တောင်အောက်မှ
တောင်ပေါ်အထိ အဆောက်အဦးများကို
စီကာရီကာ
ဆောက်ထားသည်၊ ဘေးကာကို ၀ါးဖြင့်ယက်လုပ် ကာရံထားခြင်းဖြစ်သည်၊ အမိုးက
တရုပ်ပြည်လုပ် ရင်ပေါင်ကျန်း( ကတ္တရာနှင့် ၀ါးဖတ်ကို နယ်၍လုပ်ထားခြင်း၊
အအေးပိုင်းဒေသများ၌သာ သုံး၍ ရသောအမိုး )ဖြင့်မိုးထားသည်၊
“ကိုသံချောင်းတို့
တဲက
ဟိုး တောင်ပေါ်မှာ”ဟု
ရဲဘော်လေးတယောက်ကဆိုသည်၊ တောင်ပေါ်မှ ဆင်းလာသော ရဲဘော်လေးက
ကျနော်တို့ကိုမြင်သည်နှင့် သူသည် သတိဆွဲလျှက် ရပ်နေသည်၊ ကျနော်တို့ကို
ကျော်သွားမှသာ သူက သတိကိုဖြုတ်၍နောက် တောင်အောက်ဆင်းသွားသည်ကို မြင်လိုက်ရသည်၊
သူတို့သည် စစ်၏ ယဉ်ကျေးမူကို အတိအကျလိုက်နာ ယဉ်ပါးလျက်
နေကြောင်းတွေ့လိုက်ရသည့်အတွက် ကျနော်က သဘောကျနေမိသည်။
တဲလေးတစ်လုံးမှ
ရဲဘော်များက စီကာရီကာရပ်နေကြသည်၊
ထိုသူများသည်ကား ကျောင်းသားတပ်မတော် မြောက်ပိုင်း ခေါင်းဆောင်များ ဖြစ်သော
ကိုသံချောင်း၊ ကိုကျော်ကျော်၊ ကိုစိန်အေး၊ ကိုနေထွန်း၊ ကိုထွန်းလွင်၊
ကိုလဆိုင်း
တို့ကို မြင်လိုက်ရသည်၊ ရောက်သည်နှင့် သူတို့၏ နွေးထွေးသော လက်များက ကျနော်၏
လက်ထဲ၌
တင်းတင်းရင်းရင်း ဆွဲကိုင်လှုပ်ရမ်းခါလျှက်၊ ကျနော်အား
ထိုတဲငယ်လေးတစ်လုံးသို့ဖိတ်ခေါ်သည်၊ ထိုအလယ်၌ မီးလင်းဖိုတလုံး
….. လူတော့မစုံတော့ဘူးဗျာ၊
ကျဆုံးကုန်တဲ့လူတွေတော့ ကျကုန်ကျပြီဟု
ကိုသံချောင်းကပြောသည်၊ ကျနော်တို့အတွင်းရေးမှူး ကိုမျိုးဝင်းတယောက်တော့
၉၂တိုက်ပွဲမှာ ကျသွားတယ်ဟု ပြောတော့ ကျနော်သည် ကိုဖုန်းမော်ကျဆုံးစဉ်ကလို
လက်သီးကို
တင်းတင်းရင်းရင်း ဆုပ်လျှက်မိသားဖြစ်မိသွားသည်၊ ကိုမျိုးဝင်းက
ကိုဖုန်းမော်တို့နှင့် ကလပ်စ်မိတ်တွေလေ။
အာ.အိုင်.တီ
စက်မှုတက္ကသိုလ်ကျောင်းသား၊ ရှမ်းနီလူမျိုး၊ သူက ကချင်ပြည်၊ဒေသနမ္မားက
“ရန်သူတောင်ကုန်းကို
တက်သိမ်းရင်း ၀ဲဖက်ရင်အုံကို ရန်သူကျည်က ဖေါက်ထွက်သွားပြီး
ကျဆုံးသွားတယ်ဗျာ”ဟု
ပြောတော့ ပေးဆပ်မှုများကို ပြန်လည်၍ အမှတ်ရလိုက်သည်၊
ကျနော်နှင့်လုပ်ဖေါ်ကိုင်ဘက် ရဲဘော်ကြီးဆန်းလင်း၊ တိုက်မောင်း၊ ထွန်းဦး၊
ခင်ထွန်းကြည်တို့ပင်လျှင် လူထုအတွက် ပေးဆပ်ခဲ့ကြလေပြီ ကျောင်းသားနှင့်
တိုက်ပွဲ၊
ကျောင်းသားနှင့်စွန့်လွှတ်မူသည် အာဏာရှင်စနစ်ကြောင့် အတူယှဉ်တွဲလျှက်။ “အမိမြေလွတ်မြောက်ဖို့
အရိုးတွေတောင်လိုပုံမှရမယ်ဆိုရင် ငါတို့ကျောင်းသားတွေရဲ့
အရိုးတွေဟာ
ဟိုးအောက်ဆုံးအလွှာမှာ ရှိစေရမယ်”ဟု
ရှေးကနောင်တော်
ကျောင်းသားခေါင်းဆောင်ကြီးပြောခဲ့ သောစကားတခွန်းကို နားထဲမှာ
အမှတ်ရပဲ့တင်ထပ်လျှက်၊
ကျောင်းသားတပ်မတော်၏ ပေးဆပ်မှုတွေကလည်းအများသား၊ သေရဲ၊ တိုက်ရဲ၊
အနိုင်ယူရဲစသည့်
ရဲသုံးရဲ
စိတ်ဓါတ်နှင့် တိုက်ပွဲဝင်ကြရတော့မည့် အချိန်အခါ ဖြစ်သည့်အတွက်
ကိုမျိုးဝင်းကျဆုံးမူသည် လုပ်သင့်လုပ်ထိုက်သည့် တာဝန်တရပ်ကို
ရဲရဲကြီးထမ်းဆောင်သွားခဲ့ခြင်းသာ ဖြစ်သည်ဟု စိတ်မကောင်းသောရင်ကို
ဖြေသိမ့်လိုက်ရသည်၊ ကျနော်တို့၏ ဘ၀သည်ကား လူထုအတွက် ပေးဆပ်ထားပြီးသား၊
လူတွေအလုပ်လုပ်ကြသည်မှာ နှစ်မျိုးဘဲရှိ သည်ဟု ဆရာကြီးမြသန်းတင့်၏
အဆိုအမိန့်ကို
စကားကိုသတိရမိလိုက်သည်၊ တမျိုးက
“လုပ်သင့်လုပ်ထိုက်လို့
လုပ်နေကြသူ”
တမျိုးက “သူများတွေ
အသိမှတ်ပြုပေးဖို့အတွက် လုပ်နေကြသူ”၊
မ.က.ဒ.တ ကျောင်းသားရဲဘော်များက
ရဲရဲမြင်၊ ရဲရဲတွေး၊ ထဲထဲဝင် လူထုအတွက် လုပ်သင့်လုပ်ထိုက်၍ လုပ်နေကြသော
အဖိုးအနဂ္ဂ
တန်ဖိုးရှိသည့် သားကောင်းရတနာများသာ။

တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသော မြောက်ပိုင်း
ခွပ်ဒေါင်းများ
ဝမ်းသာ
ရွှင်လန်းစွာတက်ကြွနေသော ရဲဘော်များ၏ အသက်ဝင်နေသော
ရှင်းလင်းပြောဆိုမှုများက ကျနော်၏ ရင်ကို ဆွဲ ရမ်းခါနေသကဲ့သို့၊ ထိုညက
ကျနော်တို့
အာဂျင်ဒါဆုံကြသည်၊ တိုက်ပွဲဝင်ရဲဘော်များ၏ တက်ကြွသံများ၊ ရင်ထုမနာအသံများ၊
ဖြတ်သန်းမှု ပုံရိပ်များက ကျနော်အတွက် ၀မ်းသာဝမ်းနည်းဖြစ်ရသည်၊ သူတို့က
သမိုင်းကို ရဲရဲရေးနေကြသည်၊ တချို့က ဖေါ့၍ဖေါ့၍ရေးကြသည်၊ ကျနော်တို့
မ.က.ဒ.တ
သမိုင်းသည်ကား အရှေ့လေ၊
အနောက်လေ၊
မျက်နှာစုံမှ လေတိုက်၍ ဖိတ်စင်ထွက်သွားသော လှေဝမ်းဗိုက်အပေါက်နှင့်
့ရဲဘော်များအတွက် နှမျှောတသသဖြစ်မိသည်၊ ၀မ်းဗိုက်အပေါက်နှင့် လှော်ခတ်
နေသောရဲဘော်တို့ ရွှေဝါရောင်တော်လှန်ရေးကြီးက အသင်တို့ကို သင်ခန်းစာပေးခဲ့ပြီ၊
ငါတို့ရင်ခွင်ကို ခိုလူံကြပါလော့၊
ငါတို့က တိုက်တွန်းနေခြင်းမဟုတ်၊ လူထုက
တိုက်တွန်းနေခြင်းသည်သာ၊ ငါတို့သည် လူထုအတွက် ရဲရဲရင်ဆိုင်၍
ရဲရဲကျော်ဖြတ်နေသည်၊
ဒါ ….
ငါတို့သမိုင်းဖြစ်သည်၊
ဒါလည်း …
ငါတို့၏ လူထုသမိုင်းဖြစ်သည်။
မိုးကချူပ်ပြီ
…
ညကနက်နေပြီ …
ကျနော်နှင့်သူတို့နှစ်ဦးသား
သာလျှင် မီးဖို၏ အနွေးဓါတ်ကို ခိုလူံနေကြသည်။ ကိုကျော်ကျော်နှင့် ကိုထွန်းလွင်
ဖြစ်တည်လာသော သူတို့၏ ဘ၀ဖြတ်သန်းမှုများက လူထုအတွက် ပေးဆပ်ကြရမည်ဆိုသော
အာဂျင်ဒါများ၏ နိဂုံးအဆုံးကို ကျနော်က ကြို၍ မြင်မိသည်၊
နက်မှောင်အေးစိမ့်နေသော ည၏
သန်းခေါင်ယံ အချိန်အခါများကို လူထုလွတ်မြောက်ရေး အတွေးအခေါ်
စိတ်ဓါတ်အပြည့်အ၀ဖြင့်
ရှင်းပြနေသော ဆွေးနွေးချက်များက ထိုတညရဲ့ ကျနော်၏ အိပ်ချင်စိတ်ကို
သတ်ပစ်လိုက်သည်။
တောစခိုတယ်ဗျာ
….
စတာနဲ့
နန်းကွေ့ချောင်းရေကြီးချိန် ချောင်းကိုဖြတ်ပြီးသွားတာဗျ၊
ဟိုဘက်ကမ်းလည်းရောက်ရော
လက်ပစ်ဗုံး ကိုင်ထားတဲ့ ကေ.အိုင်.အိုရဲဘော်က ဗဟိုက အမိန့်မရလို့ဆိုတော့
ကျနော်တို့
နောက်ကြောင်း ပြန်လှည့်ရတာပေါ့ဗျာ။ မြို့ထဲလည်းဝင်ရော ဒီစစ်ခွေးဝဲစားတွေနဲ့
ထိပ်တိုက်တိုးတယ်ဗျ။ ညကလည်းမှောင်နေတယ်။ ဒီကောင်တွေက မင်းတို့ဘယ်က လာလဲ။
မင်းတို့ကို ပစ်သတ်လိုက်လို့ ရတယ်ဆိုပြီးခြိမ်းခြောက်တယ်။ သေမထူး၊
နေမထူးဘ၀တွေပဲဗျာ
….. ဟု
ထိုသို့ ကိုထွန်းလွင်၏ စကားသံက ညဦးယံကို
လျှပ်ကာဖေါက်ထွက်သွားသည်။ သူ၏ စကားသံများ၌ တိုက်ပွဲ၊ သေနတ်သံများ၊
စိန်ခေါ်မှုများ
ဗရပွ။ ရဲဘော်လေး
မိုင်လားက ထင်းကို မီးပုံထဲသို့ အဆက်မပြတ်
ထိုးထည့်ပေးနေသည်၊
သူတို့လေးတွေ အိပ်ချင်ရှာတော့မည်။ စကားစကဖြတ်၍
မရသေး၊
အရှိန်က ပို၍ ပို၍ ကောင်းလာသည်၊ နာရီကြည့်လိုက်တော့ ည
သုံးနာရီ…။
ကိုထွန်းလွင်၏ စကားသံများကို ဆက်၍ ငံ့လင့်မိတာတော့ အမှန်၊
မြောက်ဖျားပိုင်း အအေးဒါဏ်ကို ကြံ့ကြံ့ခံနေသော မီးလင်းဖို၏
မီးရှိန်များကြောင့်
သူတို့၏ မျက်နှာများသည် ၀င်းထိန်နေကြသည်၊ မိန်းမရှိကြတဲ့လူတွေက အစောကြီး
အိပ်ကုန်ကြပြီဗျဟု ကိုထွန်းလွင်က ပြောသဖြင့် ကျနော်က ခင်ဗျားတို့ရောဟု
ပြောသဖြင့်
ကိုကျော်ကျော်က ဖိတ်စာတ၀က်တော့ သေချာနေပြီဟု ပြောသဖြင့် ၀ါးကနဲပွဲကြသွားသည်။
ထိုညက
မ.က.ဒ.တ(မပ)ရှိ ရဲဘော်များရဲ့ သမိုင်းကြောင်းများ၊
ဖြတ်သန်းမှု အတွေ့အကြုံများ၊ တိုက်ပွဲများ မဟာမိတ်များအခြေအနေ အကြောင်းကို
ရဲဘော်များက မမောနိုင် မပမ်းနိုင် ပြောပြကြသဖြင့် ကျနော့်အတွက် တချိန်
သမိုင်းဆိုင်ရာ အချက်အလက်များ ဖြစ်လာမည်ကို ရရှိစေခဲ့သည့်အတွက် ထိုရက်များသည်
ကျနော့်အတွက်တော့
….ရွှေ၊
လူထုအတွက်
ပတ္တမြား၊ တိုင်းပြည်အတွက်
ရတနာများသာတည်း။ သူတို့၏ ဖြတ်သန်းမှု အတွေ့အကြုံများသည် သူတို့ရေးတဲ့ သူတို့သမိုင်း၊
မ.က.ဒ.တ ရဲဘော်များက သမိုင်းကို
ဖေါ့ဖေါ့ရေးနေကြသူများ မဟုတ်ကြ၊ သူတို့က ကျောက်တုံးကျောက်နံရံများပေါ်၌
ခက်ရာခက်ဆစ် စူးနစ်စွာ ဖေါက်ထွင်း၍
ရေးခဲ့ကြသည်။
ကျနော်က ခက်ရာခက်ဆစ်
ရေးချယ်ကြသော သမိုင်းကို ပို၍ ပုံရိပ်
ထင်ကျန်ရစ်စေချင်သူ၊
ရေးခဲ့သော
ပုံရိပ်များသည် လူထုအတွက် အေးမြစေနိုင်သော အရိပ်များအဖြစ်
ထင်ဟပ်စေချင်သူ၊
ကျခဲ့ရသော
သွေးစက်များနှင့် ခင်းခဲ့သည့်လမ်းသည်
မြန်မာပြည် အနာဂါတ်
ရင်သွေးလေးများအတွက် ဆက်၍ အသင့်လျှောက်ကြရမည့်
ဖြောင့်ဖြူးသောလမ်းများ ဖြစ်စေချင်
သူသာ။
ကျနော်က
ကိုကျော်ကျော်နှင့် ကိုထွန်းလွင်တို့၏
ပြောပြချက်များကို လေးနက်စွာ အာရုံပြု နားစိုက်လျှက်ရှိနေသည်။ ရာသီဥတုက
စူးစူးရဲရဲ
ဆိုး
ရွားလာသည်၊ ရဲဘော်လေးကလည်း ထင်းများကို အဆက်မပြတ် မီးပုံထဲသို့
ထည့်ပေးလျှက်ရှိသည်၊ ထိုထင်းတုံး၏ မီးအပူရှိန်များ၊ သူတို့နှစ်ဦး
၏
ထောင်းထောင်းထ
တက်ကြွစွာ ရှင်းလင်းဆွေးနွေးမှု အရှိန်များကြောင့် ကျနော်၏ နှလုံးသွေးသည်လည်း
အရှိန်အဟုန်ပြင်းစွာ လည်ပါတ်
လျှက်။
“ကျနော်တို့
ကျောင်းသားတပ်မတော်(မြောက်ပိုင်း)ကို
ဒီလိုစခဲ့ကြတယ်ဗျ”ဟု
အစချီသော နောက်ခံ အတိတ်သမိုင်းများသည် ကျနော့်အတွက်သာမက
ကချင်ပြည်နယ်၏ ကျောင်းသားများ သမိုင်း အနာဂါတ်အတွက်သော် လည်းကောင်း။
အမိမြန်မာပြည်တပြည်လုံး အတွက် လည်းကောင်း အကျိုးရှိမည်ဖြစ်သဖြင့် ထိုအနာဂါတ်
ခေါင်းဆောင်များဖြစ်လာကြမည့် သူတို့၏ ပုံရိပ်များ၏ ညှို့ငင် ဆွေးနွေး
ပြောဆိုမှုများသည် ကျနော်၏ နား၊ မျက်စိ၊ အမြင်အာရုံများ၌ စွဲလျှက်၊
ညှိလျှက်။

စခမ်းတနေရာသို့ ရေသွယ်ယူစဉ်
န၀တ
၁၉၈၈အာဏာသိမ်းပြီးနောက် ပြည်မြန်မာ အနှံ့ လူထုတရပ်လုံး
သွေးမြေခခဲ့ရသည်။ ထ