|
ကျားသနားမှ
နွားချမ်းသာရတော့မှာလား
မြန်မာပြည်ထဲမှာ
ပြည်သူပြည်သူပြည်သားတွေ။ ရဟန်းသံဃာတော်တွေ။ ကျောင်းသား လူငယ်တွေ
အသတ်ခံရ ။အဖမ်းခံရ သူခံရ
ကြောက်လန့်တကြား
ထွက်ပြေးကြ ပုန်းအောင်းကြနဲ့
တတိုင်းပြည်လုံး ကြိမ်မီးအုံးသလို ပွက်လော
ညံသံတွေကမBာအနှံ့
ကိုပြန့် နှံ့နေပါပြီ၊
အဖြစ်သနစ်က ရာဇ၀င်ရိုင်းလှပါတယ်၊
ဗုဒဘာသာဝင်တွေဆည်းကပ်ကိုးကွယ်နေတဲ့သံဃာရတနာတွေကို
သတ်ဖြတ် ဖမ်းဆီး ရိုက်နှက်ညှင်းပန်း ထောင်ချပြီး ရဲဘက်စခန်းတွေကိုပို
့နေကြပါတယ်။
သတင်းတွေကတော့မကြားဝံ့ မနာသာ ဖြစ်နေပါပြီ၊
ဒါကြောင့်
မြန်မာ့အရေးကို အပူတပြင်းအဖြေရှာ ဆွေးနွေးကြရပါတယ်၊
ကုလသမဂ~အတွင်းရေးမှုးချုပ်ရဲ့
ကိုယ်စားလှယ်တော်ကြီး
ဂမ်ဘာရီကမြန်မာပြည်မှ ပြန်လာပြီး ကုလသမဂ~
ရုံးချုပ်မှာ သတင်းထောက်တွေ ကိုပြောတယ်၊ ဒါကတော့
မြန်မာ့အရေးမှာ တရုတ်
နိုင်ငံရဲ့ထောက်ခံမှု့ ကိုရဘို့ ဟာ အလွန်အရေးကြီးပါတယ်၊
တရုတ်တို့ ရဲ့နိုင်ငံရေးအမြင်ကို ထည့်စဉ်းစားပြီး ဒီပြနာ
ကိုဘယ်လိုကိုင် တွယ် သင့်တယ်ဆိုတာနဲ့
ပါတ်သက်ပြီး အကြံဥာဏ်တွေကို
ရယူသင့်တယ်လို့  ဆိုပါတယ်၊
နောက်တချက်ကတော့
တရုတ်နဲ့မြန်မာဟာ ကီလိုမီတာ နှစ်ထောင့်ငါးရာလောက နယ်နိမိတ်ခြင်း ထိစပ်
နေပါတယ်၊ ပြီးတော့ တရုတ်ရဲ့အရင်းအနှီးတွေလည်း မြန်မာပြည်ထဲမှာ
အများအပြားရှိနေပါတယ်၊ တရုတ်လူမျိုး တွေလည်း အများကြီးဝင်ရောက်နေ
ပါတယ်၊ တရုတ်ရဲ့အရင်းအနှီးအများအပြားကိုလည်းရေရှည်တည်တန့် ဘို့ တရုတ်က
လိုလားနေပါလိမ့်မယ်၊ ဒါကြောင့် မြန်မာ့
အရေးဟာ တရုတ်ရဲ့ထောက်ခံမှု့ ရဘို့  လိုပါတယ်လို့ 
တာဂမ္ဘာရီ
ကရှင်းလင်းပြောကြား
သွားပါတယ်၊

မြန်မာ့အတိုက်အခံတွေဘက်ကလည်း ပြောဆိုတင်ပြနေကြတာ
အမြဲဘဲကြားနေရပါတယ်၊
အယူအဆကတော့ ဂမ်ဘာရီ နဲ့တထပ်
တည်းပါဘဲ၊
မြန်မာပြည်ကတရုတ်နဲ့အိနိNယဆိုတဲ့နိုင်ငံကြီးနှစ်ခုကြားမှာရှိနေတယ်၊
ဒါကြောင့် မြန်မာ့ အရေးဟာ ဒီနိုင်ငံကြီးတွေနဲ့
အဆင်ပြေဘို့  ကအလွန်အရေးကြီးပါတယ်၊
အထူးသဖြင့်တရုတ်ကြီး သဘောထားပြောင်းလဲလာဘို့ က
အဓိကဖြစ်နေ ကြောင်းဆိုတာ
တွေပါဘဲ၊ အနောက်နိုင်ငံကြီးတချို့ကလည်း
မြန်မာ့အရေးမှာ တရုတ်နိုင်ငံရဲ့ အခန်း ကလည်းအလွန် အရေးပါနေပါတယ်တဲ့၊
ကဲ ဒီအတွေးအခေါ်အယူအဆတွေသာ အမှန်တရား ဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့မြန်မာပြည်ရဲ့
ကံကြမRာဟာ
ကိုယ့်ကြမRာကိုယ်ဖန်တီး
နိုင်တယ်ဆိုတာ ဟုတ်ပါတော့မလား၊ မြန်မာ့ ကံကြမRာကို
တရုတ်လက် ၀ကွက်အပ်နေရပြီမဟုတ်ပါလား၊ လက်ရှိအနေအထားအရ
မြန်မာပြည်အထက်ပိုင်းကို တရုတ်
တွေလွမ်းနေရာက အောက်ပိုင်းကိုပါ ပေးဆပ်ရတော့မှာပါလား၊
စစ်အစိုးရကတော့
သူတို့ အာဏာတည်မြဲရေးအတွက်
တရုတ်။ ကုလား။
ရုရှား။
အမေရိကန်ဘယ်သူနဲ့ ဖြစ်ဖြစ်ပေါင်း မှာဘဲ၊ မြန်မာ
နိုင်ငံရေး
သမားတွေ
ဒါတွေကို ဘယ်လိုစဉ်းစားကြမလဲ၊
မြန်မာပြည် ကိုတိဗက်လို မျိုးတရုတ်ကိုလိုနီမဖြစ်အောင်
ဘယ်လို လုပ် ဆောင်ကြမလဲ၊
လွန်အရေးကြီးတဲ့အချိန်ကိုရောက်နေပါပြီ၊
အရေးကြီးတဲ့အချိန်မှာ
အရေးကြီးတဲ့စကားတွေကိုပြောကြဆိုကြဆုံးဖြတ်ချက်တွေချကြရပါလိမ့်မယ်၊
မြန်မာ့အရေး ကိုထဲထဲ
ဝင်ဝင်
ဆောင်ရွက်နေကြတဲ့
အဖွဲ့
အစည်းတွေနဲ့ပါဝင်ပတ်သက်နေသူတွေမှာ
အယူအဆနဲ့သဘောတရားဟာ
တူချင်မှတူပါလိမ့်မယ်၊ ဒါ သဘာဝကျပါတယ်၊ အရှေ့ မျှော် အနောက်မုန်း။
အနောက်လိုလား အရှေ့ မုန်း စသည်ဖြင့် စုံလို့ ပါဘဲ၊
အားလုံးကတော့မြန်မာပြည်ကို ကောင်းစားစေချင်သူတွေ
ချည်းပါဘဲ၊
ကျွန်တော်လည်းမြန်မာပြည်ကိုကောင်းစားစေချင်ပါတယ်၊
၁၈ နှစ်သားထဲက တပ်ထဲရောက် တပ်ထဲမှာဘဲဆယ်တန်း
အောင်။ နောက်
အရာခံဗိုလ်ဖြစ်ပြီး
စစ်သက် ၃၉
နှစ်မှာတပ်ကထွက်ပြီး
အငြိမ်းစားယူခဲ့ပါတယ်၊ ကလန်ကဆန်ပြောလွန်းလို့  ရာထူးလဲ ဆက်မတက်
ခဲ့ပါဘူး။
ခုတော့ ကျူရှင်ဆရာအိုကြီးအဖြစ်
အသက်မွေးနေပါတယ်၊ ရေဒီယိုနားထောင်နှစ်ကလည်းစစ်သက်
လောက် ရှိနေပါပြီ၊
ဒီတော့ ဒီနေ့ဒီအချိန်
ဒီကမBာ့အခြေအနေမှာ
ဘယ်လိုမျိုးအယူအဆကတော
့မြန်မာပြည်နဲ့အသင့်တော်ဆံ
ုးဖြစ်မယ်ဆိုတာ
ရိုးသား
ပွင့်လင်းစွာဆွေးနွေးကြဘို
့အချိန်တန်နေပါပြီ၊ ပြည်သူကိုသက်သေထားပြီးပြည်သူ
့ရှေ့မှောက်မှာမြန်မာပြည်
ကယ်တင်ရေး
အယူအဆတွေတင်ပြကြပါစို
့၊ ပြည်သူကိုရိုးသားစွာမတင်ပြဘဲ တူရာတွဲပြီး နိုင်ငံရေးခြေပုန်း
ခုတ်နေ မှု့များပပျောက် ရေးသည် အရေးအကြီးဆုံး
ဒို့  အရေးပင်ဖြစ်ပါကြောင်း
၊
ဦးထွန်းစိန်
- မှော်ဘီ
|