|
န.အ.ဖ စစ်တပ် ပြိုကွဲမှာလား။ ။
၃.၁၀.၂၀၀၇ နေ့က BBC
မှာဒီအကြောင်းကိုဆွေးနွေးကြတယ်။ ကျနော်ဝင်ရောက်မဆွေးနွေးပါ။ ရေဒီယိုမှာ
ပြောရတာက အချိန်အကန့်အသတ်နဲ့ မှို
့ပြောချင်တာမပြည်စုံနိုင်တဲ့အတွက် မဆွေးနွေး တာပါ။ ဒါကြောင့်
မြန်မာ့တပ်မတော်ရဲ့ သမိုင်းမှာ တပ်ပြိုကွဲမှု့ဆိုတာ ၁၉၆၂
နောက်ပိုင်းမှာ မရှိခဲ့ ဘူးပါ။ တပ်တွင်းပုန်ကန်မှု့ အသေးစားလေး
တွေတော့ဖြစ်ခဲ့ဘူးပါတယ်။ တပ်မတော်ကြီး တခုလုံး ကို
ထိခိုက်လောက်ထိအောင် တော့ မဖြစ်ခဲ့ပါဘူး။
မြန်မာပြည်မှာလူထုအုံကြွမှု့ဖြစ်လာတိုင်း စစ်တပ်ပြိုကွဲလာမလား။
ဒီအကြောင်းရေးဖြစ်ပါတယ်။ တချိန်တုံးက (၁၉၆၂ မတိုင်မီ
အချိန်)စစ်တပ်ရင်းလိုက် အချို့ တောခိုဘူးတာရှိတယ်၊ ဦးနေ၀င်း
ဦးစီးတဲ့ စစ်တပ်တည်ထောင်
လိုက်ချိန်မှာတော့ စစ်သား အချို့လောက်ပဲ
ပြည်သူနဲ့ပူးပေါင်းတာမျိုး၊ တောခိုတာမျိုးရှိခဲ့တယ်။
ရှစ်လေးလုံး အရေးအခင်းမှာတုံးက လူထုနဲ့ ပူးပေါင်းလာမလား ဆိုတာကို
မျှော်လင့်ကြတယ်၊ ဖြစ်လာနိုင်တယ်လို့ လဲ ဝေဖန် ပြောဆိုကြတယ်။
ထင်သလောက်ဖြစ် မလာခဲ့ပါဘူး၊ ရှစ်လေးလုံး အရေးတော်ပုံမှာ ပါခဲ့တဲ့
စစ်သားတွေ
ကို တချို့ စစ်တပ်က အထုတ်ခံရ၊ တချို့ ထောင်ချ အပြစ်
ပေးခံခဲ့ကြရပါတယ်၊ နောင်မလုပ်ရဲအောင် ဆိုတဲ့သဘောပေါ့၊ အခုလည်း
တချို့လူတွေက မျှော်ကြ ပြန်ပါပြီ။

ဒါကြောင့် စစ်တပ် အကြောင်းလေ့လာကြည့်ဘို့ လိုပါတယ်။ ယနေ
့မြန်မာစစ်တပ်ဟာ ဂျပန် စစ်တပ်ရဲ့ အခြေခံမူရဲ့ အောက်မှာဖွဲ့ စည်း
သန္ဓေတည် ခဲ့ရတယ်။ တသွေး၊ တသံ၊ တမိန့် ဘဲ။ ကမ္ဘာပေါ်မှာရှိတဲ့
စစ်တပ်တိုင်းဟာလည်း တသွေးတသံတမိန့် ပဲ။ သို့ သော်အချို့ နိုင်ငံက
စစ်တပ် တွေက နိုင်ငံတော်လူထု ရဲ့လုံခြုံရေးဘက်မှာရပ်ခံတယ်။ တချို
့နိုင်ငံရဲ့စစ်တပ်တွေက အုပ်စိုးသူ အာဏာရှင်နဲ့ လူ တစုဘက်က
ရပ်ခံတယ်။ ဒီကနေ့ ဗမာတပ်မတော်ဆိုတာ အဲဒီ အာဏာရှင်နဲ့
လူတစုကိုရပ်ခံထားတဲ့ စစ်တပ် ဖြစ်တယ်။
ဒီလိုဖြစ်အောင် နှစ်ပေါင်းများစွာ တင်ကြိုပြီး စီမံလုပ်ဆောင်ထားရတယ်။
စစ်တပ်မပြိုကွဲ ရလေအောင် စစ်တပ်အတွက် ဗိုလ်လောင်း ရွေးချယ်ရင်တောင်
စစ်မှုထမ်းနဲ့ စစ်မှုထမ်းဟောင်း သား၊သမီးတွေ ဦးစားပေး
ရွေးချယ်လေ့ရှိပါတယ်၊ အပြင်ဘက် စစ်မျိုး စစ်နွယ်မဟုတ်တဲ့ အရပ်သား
ဆိုရင် ဗိုလ်လောင်း အရွေးချယ်ခံရတာ အလွန်နည်းပါတယ်၊
ဒါကိုစစ်သားတိုင်းရော စစ်တပ်နဲ့ နီးစပ်တဲ့သူတိုင်း သိကြပါလိမ့်မယ်။
စစ်သားရဲ့ ဦးနှောက်ကိုဖျက်ဆီးပြီး လွဲမှားတဲ့ အယူအဆ အတွေးအခေါ်တွေ
အမြစ်တွယ်အောင် စံနစ်တကျ လုပ်ဆောင်ခဲ့ရတယ်။ “အတွေးအခေါ်အရတိုးတက်သူ၊
ကောင်းမွန်မှန်ကန်သူ၊ ထက်မြက်စူးရှသူဟာ စစ်ဗိုလ် မဖြစ်စေရ ဘူး။ အမိန်
့ကိုတသွေမတိမ်းနာခံသူကိုသာ စစ်ဗိုလ်စစ်သားဖြစ်စေပြီး အရေးကြီးတဲ့
နေရာကို ရနိုင်တယ်။ ”
စစ်တပ်မှာ အရာရှိတွေကို ရပိုင်ခွင့် အထူးအခွင့်အရေးတွေ ပေးထားပြီး၊
ခိုင်းတာ မရရင်ဖြစ်စေ၊ အကြောင်းတခုခု ကြောင့် သံသယ ဖြစ်လျှင်ဖြစ်စေ
ကြီးလေးစွာ အရေးယူအပြစ်ပေး လေ့ရှိပါ တယ်။ စစ်ဗိုလ် အရာရှိတွေဟာ
အထက်အရာရှိတွေကို ဆန့်ကျင်ရေးထက် လက်အောက် ရဲဘော်တွေကိုဖိနှိပ်ပြီး
ကိုယ်ရာထူးတိုးရေး၊ အထက်အရာရှိတွေ မငြိုငြင်ရေးကိုသာ လုပ်ဆောင်
နေကြရပါတယ်၊ ဒါဟာ အာဏာရှင်နိုင်ငံတွေရဲ့ အခြေခံစစ်တပ်သဘောတရား
ဖြစ်ပါတယ်။ ဒါ ကြောင့် စစ်တပ်ပြိုကွဲ အောင် ပုန်ကန်မှု့
ကြီးတွေဖြစ်ဘို့ ဆိုတာ အင်မတန်ခဲယဉ်းပါတယ်။ မြန်မာ ပြည်လို မဖွံ
့ဖြိုးသေးတဲ့နိုင်ငံမျိုးမှာအာဏာရှင်ဖြစ်လာရတာဟာ
အလိုအလျှောက်ဖြစ်ခဲ့တာမျိုးမဟုတ် ပါဘူး။
ကမ္ဘာ့သမိုင်းရေစီးကြောင်းအရ ဖြစ်တာပါ။
ဗိုလ်နေ၀င်း စစ်အာဏာရှင်ဖြစ်ခဲ့ရတာလည်း
ကမ္ဘာ့စစ်အေးတိုက်ပွဲကြီးကြောင့် ဘက်တဘက်က ဖန်တီးအားပေးခဲ့လို့ 
ဖြစ်ခဲ့ရတာ နိုင်ငံရေးသမားတွေ သိကြပါတယ်။ ထိုနည်းတူဘဲ ဒီနေ
့ဗိုလ်သန်းရွေ္ဒ အာဏာရှင် ဖြစ်နေတာလည်း ဘက်တဘက်က အားပေးကူညီထားလို
့ဘဲဖြစ်တယ်။
စစ်တပ်ပြိုကွဲမှု့ဖြစ်လာဘို့ ဆိုရင်
ဒါကိုခေါင်းဆောင်မယ့်သူဟာအာဏာရှင်ရဲ့ ကြောထောက် နောက်ခံ အားတွေနဲ
့နိုင်ငံတွေကို ထည့်တွက်နိုင်တဲ့အရည်အချင်းရှိဘို့ လိုပါတယ်။
နောက်တချက် က မိမိပိုင်တပ်အင်အားရှိထားပြီး၊ မိမိတို့ ကိုကူညီမယ့်
ကြောထောက်နောက်ခံအားကို မိမိရရ ရရှိထားဖို့  လည်းလိုပါတယ်။
“လူထုရဲ့သဘောကတော့လက်ရှိအာဏာရှင်လို ပုန်ကန်မယ့်သူကို ထောက်ခံကြ မှာ
သေချာ ပါတယ်။ ”
ဒါကြောင့် တပ်တွင်းပုန်ကန်မှု့ မှစပြီးတပ်ပြိုကွဲမှု
့ကြီးဖြစ်လာအောင်၊ လူထုဘက်မှ မားမားမတ်မတ် ရပ်တည်အောင်ပွဲရတဲ့အထိ
စွမ်းဆောင်ရမှာက “အရည်အချင်းပြည်ဝတဲ့၊ အမျှော်အမြင်ကြီးမားတဲ့၊
ပြည်သူကိုချစ်ပြီး ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့
စစ်ခေါင်းဆောင်ကြီးမျိုးပေါ်ပေါက်လာမှသာလျှင် ဖြစ်နိုင်မယ်”လို့
ယူဆပါကြောင်း တင်ပြအပ် ပါတယ်၊
သူရိန်မိုးမြင့်
|