“တပ်မတော်လား၊ တော်-တော်- တော်ပါတော”့

ကျနော်တို့မြန်မာနိုင်ငံမှာ နအဖစစ်အစိုးရက စက်လုံးလောင်ဇာဆီ ဈေးနှုန်း မြှင့်လိုက်ရာကနေ  အထွေထွေ ကုန်ဈေးနှုန်းတွေ တက် ကုန်လို့ ရှစ်လေးလုံးမျိုးဆက်ကျောင်းသားတွေက ပြည်သူတွေ ကိုယ်စား ကုန်ဈေး နှုန်းကျဆင်းရေး၊ လောင်ဇာဆီဈေးနှုန်းးကျဆင်း ရေး တောင်းဆိုဆနNဖော်ထုတ်ခဲ့ကြပါတယ်၊ဒီတော့ ကြံ့ဖွတ်နဲ့ စွမ်းအားရှင်တွေ သုံးပြီး နှိပ်ကွပ်ခဲ့ကြပြန်ပါတယ်။ ဒီအကြောင်းကို မြန်မာတွေက ခြေသွက် လက် သွက်နဲ့ တိုးတက်လာတဲ့ ကွန်ပြူတာ ခေတ်ကိုသုံးပြီး ကမBာသိအောင် လုပ်ခဲ့ကြပါတယ်၊ ဒီလိုလုပ်ဖြစ် သင့်တာကြာခဲ့ပါပြီ။

    

နောက်တော့ မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသ ပခုကU မြို့ ရဟန်းတော်တွေက ပြည်သူတွေအတွက် မေတWပို့ဆနNဖော်ထုတ်ကြတာကို လူမဆန်စွာ ကြိုးတုတ် ပါးရိုက်။သေနတ်ဒင်နဲ့ ထုရိုက်ပြီး မိုက်ရိုင်း စွာဆဲဆိုခဲ့တာ ကမBာအသိကျော်ကြားခဲ့ပါပြီ၊နောက်တော့ ဗျာ စစ်အစိုးရက ထုံးစံအတိုင်.း“ ကြွက်မနိုင် ကျည်မီးနဲ့ ရှို့”ဆိုတဲ့ အတိုင်း ပြည်ပမီဒီယာတွေက ချဲ့ကားပြောဆိုလို့။ပြည်ပ အဖွဲ့ အစည်းတွေကမြှောက်ထိုးပင့်ကော်လုပ်လို့ ဘာညာပေါ့ဗျာ၊၀ါးလုံး-ချေးသုတ် ရမ်းကားပြောဆိုနေတာ အများကြားကြမှာပါ၊ သူတို့ ကိုယ်တိုင်က ဆနNဖော်ထုတ်ကြတဲ့ ရဟန်းတော်တွေကို ရေသန့်ဘူးလှူလို့ ရိုင်ပြည်နယ်မှာ ဖမ်းဆီးတာ၊ထောင်ချတာ၊  ဘုန်းကြီးအတု တွေ ဖန်တီးပြီး တန်ပြန် မိုက်ရိုင်း ယုတ်မာဖို့ လုပ်နေတာတွေကိုကြတော့ ရှက်ရကောင်းမှန်းမသိကြဘူးရယ်။ ဒီအကြောင်းတွေကို အများသိအောင် ဖော်ထုတ် တင်ပြပေးကြတဲ့ ခင်ဗျားတို့  ပြည်ပမီဒီယာတွေကို ကျေးဇူးတင်ပါတယ်။

ပြည်တွင်းမှာတော့ သတင်းစာ။ရေဒီယို၊ ရုပ်မြင်သံကြားတွေမှာ ဘုန်းတော်ကြီးကျောင်းတွေကို ဆန်လှူပြ၊ဆီ လှူပြနဲ့ “ကုသိုလ်တပဲ၊ ငရဲတပိ\ာ ” လုပ်ပြနေကြတယ်၊ ပြည်သူတွေ မျက်စိလည် လမ်းမှားသွားအောင် လုပ်နကြတယ်၊ ကျေးဇူးတော်ရှင် ဆရာတော်ကြီး တွေကို အသုံးချ၊ မြို့မိမြို့ဖ ဆရာဝန်ကြီးတွေ၊ ကုန်သည်ကြီး တွေကို အသုံးချပြီး ရဟန်းတော်တွေကို ဆနNပြတာ မလုပ်အောင် တားမြစ်ခိုင်းတယ်၊ နအဖဘက်က ထုံးစံအတိုင်း “မိန်းမလည် သိန်းကြွယ်ဥာ%် ”နဲ့ အရှက်မရှိ သူ့စားပေါက်ဝါးပေါက်အတွက် လုပ်မြဲ လုပ်နေဦးမှာပါ၊

ပြည်သူတွေကတော့ လက်စောင်းထက်တဲ့ နအဖစစ်တပ်ရဲ့ အကြံဆိုးတွေနဲ့ ဘယ်လို အစွမ်းပြမလဲ သုံးသပ်နေကြသလို အချို့ သူတွေ ကလည်း “နေသေးသပ ခြုံထဲက ချိုသွေးသပ တမြမြ ”နဲ့ ပြန်အုပ်ချင်၊ ချချင်နေကြတဲ့ သူတွေလည်း မနည်းလှပေဘူး၊ ပြည်သူ့အချစ် တော် ကိုဇာ၈နာကြီးကတော့ မကြောက်မရွံ့ နဲ့ ပြည်သူတွေ အိမ်ထံမှာ ထိုင်မနေဖို့၊ မိုးရေထဲမှာ ပြည်သူတွေအတွက်တောင်းဆို တိုက် ပွဲဝင်  မေတWာပို့နေကြတဲ့ ဆရာတော်တွေနဲ့ ပူးပေါင်းဖို့ ပြောဆိုလှုံ့ဆော် နေပြန်ပါပြီ။

ပြည်သူတွေရဲ့ နာရေးကို ၀င်ရောက်ကူညီနေတဲ့ ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူရဲ့ အားပေးတဲ့ အသံလည်း ကြားနေရတယ်၊ နအဖက ယုတ်မာပြီး ကိုကျော်သူရဲ့ နာရေးကာညီမှုလုပ်ရပ်ကို ရပ်မှာ စိုးရိမ်နေတဲ့ အသံတွေလည်း ကြားနေရတယ်၊ ကိုကျော်သူကတော့ ပြည် သူတွေရဲ့ လက်တွေ့ သောက အပူတွေ မြင်နေ တွေ့နေရလို့ အခုလို ၀င်ရောက်ပြောဆိုတာ မှန်တယ်၊လုပ်ထိုက်တယ်လို့ ထောက်ခံ သံတွေလည်း ကြားရတယ်။

မြန်မာနိုင်ငံစစ်အစိုးရကတော့ နိုင်ငံခြားရေးဝန်ကြီး ည%်ဝင်းကို တရုတ်ပြည်သွားပြီး အစီရင်ခံခိုင်းသတဲ့၊ ပြီးတော့ ရုရှားကို လည်း ဦးသန်းရွှေကြီးကိုယ်တိုင် အစီရင်ခံစာရေးပို့သတဲ့၊ သူများတွေကိုကြတော့ ပြည်ပ အားကိုးသလေး ဘာလေးနဲ့ သူတို့ကျတော့ တိုင်းပြည်ပါ လာဘ်ထိုးတာ၊ရှက်ဖို့ကောင်းလိုက်တာ၊ အခု နိုင်ငံတကာရောက် မြန်မာတွေက တရုတ်သံရုံး နဲ့ ရုရှားသံရုံးတွေရှေ့မှာ သွားရောက် ဆနNဖော်  ထုတ်ကြတာတွေလည်း ကျနော်တို့ပြည်တွင်းက ကြားသိရပါတယ်၊ အတူတူ အနူနူတွေဆိုတော့ ပေကပ် ကပ်လုပ်ပြီး ဆနNဖော်ထုတ်ကြသူတွေကို လက်ခံတွေ့ဆုံခြင်း မရှိကြဘူးဆိုတာသိရပါတယ်၊ မြန်မာနိုင်ငံတွင်းက ဆရာတော်တွေက လည်း တရုတ်နဲ့ ရုရှားသံရုံးတွေထံသွားပြီး မေတWပို့တာ လုပ်ကြပါတယ်၊ ထုံးစံအတိုင်း တုန့်ပြန်မှု မရခဲ့ ကြပါဘူး။

“စစ်သားဆိုတာ မှန်တာလုပ်ရဲတယ်၊ စကားအပိုမပြောတတ်ဖူး ပြည်သူအတွက်အနစ်နာခံတယ် ”ဆိုတဲ့ လွတ်လပ်ရေး တိုက်ပွဲဝင် ဘီအိုင်အေ စစ်သားတွေရဲ့ ခံယူချက် ဘယ်ချောင်ရောက်နေပြီလဲလို့ မေးလိုက်ချင်ပါတယ်၊ ရှက်တတ်ကြစမ်းပါ စစ်သားတို့။ စားပြီး နားမလည် မလုပ်ကြပါနဲ့၊ လူစကား နားလည်ကြပါ စစ်သားတို့။ “တပ်မတော်လား- တော်-တော်- တော်ပါတော”့ လို့ဆက်ပြီး မဖြစ် ရအောင် ၊ ပြည်သူတွေရဲ့ ချဉ်ဖတ်။အံဖတ် ဘ၀က  ဘယ်တော့ရုန်းထွက်ပြီး အမှန်လမ်းကြောင်းပေါ် ဘယ်တော့တက် လာကြမှာ လဲလို့ မေးလိုက်တာကို ဖော်ပြပေးစမ်းပါဗျာ။

                                                                                                  ကိုသက်နိုင်ဦး(ပဲခူး)

 

http://www.hattaing.org/joke/index.htm

Suggestions & Comments: webmaster@hittaing.org