![]() |
|
| သတင်း နိုင်ငံတကာသတင်း ဆောင်းပါး ရသ သုတ ရင်ဖွင့်သံ သူ့အမြင် ကဗျာ ဟာသ ကာတွန်း ကမ္ဘာတလွှားမြန်မာများ ပြည်သူ့စစ်သည်ရေးရာ | |
|
ထောက်ခံ၊ ကန့်ကွက် ဘယ်လိုတွေး ကျနော်တို့ မြန်မာနိုင်ငံကတော့ အစိုးရဆိုး နှိပ်စက်မှုကြောင့် ဆင်းရဲမွဲပြာကျပြီး နိုင်ငံတကာအလယ်မှာ အောက်တန်းကျနေတာကို စစ်ဗိုလ်ချုပ်တွေနဲ့ စစ်အစိုးရ နောက်လိုက်တွေကလွဲပြီး ၀န်ခံကြမှာပါ။ သူတို့ ကတော့ အစိုးရဆီက အရိုးအရင်းလေးတွေ ကိုက်ဝါးနေကြရတော့ စားသောက်နေ ကြရ တာကိုး။ တချိန်တုံးက ဦးနေ၀င်းရဲ့  မဆလ အစိုးရလက်ထက်မှာ ပါတီ တိုက်ဆောက်။ ပြည်သူဗိုက်မှောက်၊ စစ်သား၈ျိုင်း ထောက်ဆိုတဲ့ စကား ထွက် တာ ကြားဖူးကြမှာပေါ့၊ အဲဒါ အရင်က တမင် ချိုးနှမ်ပြောတာလို့ ထင်ခဲ့တာ ကိုယ်တိုင်လက်တွေ့ ကျမှ ငြင်းမရအောင်မှန်ခဲ့တယ်ဗျ။ ကျနော်က စစ်မှုထမ်းဟောင်းလေ၊ ကရင်ပြည်နယ်မှာ စစ်မှုထမ်းရင်း တိုက်ပွဲမှာ ကျနော် မိုင်း ထိပြီး တကိုယ်လုံးမှာရော၊ပေါင်မှာပါ အကြီးအကျယ် ဒဏ်ရာရခဲ့တယ်။စစ်ဆေးရုံမှာ တနှစ်ခွဲလောက် ကုလိုက်ရ တယ်၊ ကံကောင်းချင်တော့ ဘယ်ခြေထောက်က သိပ်မသန်တော့တာကလွဲရင် ကျန်တဲ့ အပိုင်း ဘာမှ မဖြစ်ခဲ့ ဘူး၊ ခြေထောက်ကတော့ လမ်းသွားရင် တဖက်ဆွဲပြီး ဆာချင်နေတယ်၊ အမြန်ပြေးလို့ မရတော့ ဘူးပေါ့။ ၁၉၉၆ မှာ စစ်တပ်က ဒုတပ်ကြပ်ရာထူးအဆင့်၊ဆေးပင်စင်နဲ့ ထွက်၊ မွေးရပ်မြေ ရခိုင်ပြည်နယ်ကို ကျနော်ပြန်လိုက်ရတယ်။ထွက်စ ကတော့ တပ်ကပေးလိုက်တဲ့ နစ်နာ ကြေးနဲ့ ဘာကြေး ညာကြေး ထောက်ပန့် တာလေးနဲ့  အရောင်းအ၀ယ် လုပ်ပါသေးတယ်၊ တဖြေးဖြေး တက်လာတဲ့ ကုန်ဈေးနှုန်းက ကလေး ၂ ယောက်ရှိတဲ့ ကျနော်တို့ မိသားစု စားဝတ်နေရေးကို ဘယ်မှာ ဖူလုံနိုင်ပါ့မလဲ။ လက်ရှိဝန်ထမ်းတွေကို လစာတွေတိုးတယ်။ ကုန်ဈေးနှုန်းတွေ တက် လာတယ်၊ စစ်ပင်စားတွေကတော့ ပင်စင်လစာငွေက တက်မလာခဲ့ဘူးလေ။ ဒါနဲ့ ကျနော်လည်း ပင်စင်ငွေလေးကို မိန်းမကိုလွှဲပေးပြီး ထိုင်းဘက်ကိုအလုပ်လုပ်ဖို့ လူကြုံကောင်းတာနဲ့ ကျနော်အကိုရယ် သူငယ်ချင်းတွေရယ်နဲ့ အတူ ၁၉၉၈မှာ ထိုင်းနိုင်ငံကို ကူးခဲ့တယ်။ရောက်စက ငါးဖမ်းလှေ လိုက်တယ်၊ေ၈ါ်စမ်းလို့ ခေါ်တဲ့ ပန်းရံ အလုပ်လည်းလုပ်ဖူးတယ်၊နောက် ခြံ အလုပ် လုပ်တယ်။ အခုတော့ ရာဘာစေးခြစ်တယ်။ ပြီးခဲ့တဲ့ သင်္ကြန်မကူးခင်လေးမှာ ကျနော်အလုပ်လုပ်တဲ့ ရာဘာ ခြံနားမှာ ငါးတင်တဲ့ကားနဲ့ မြန်မာနိုင်ငံ သားတွေ ကယ်ရီ လုပ်လာတာ လေအေးစက် မဖွင့်မိလို့ သေသူတွေသေ၊ ပြေးသူပြေး၊အဖမ်းခံရပြီး တရားအစွဲ ခံရသူခံရနဲ့  မြင်ကွင်းနဲ့  နောက်ဆက် တွဲ သတင်းတွေကက အရုပ်ဆိုး အကျည်းတန် လွန်းလှ တယ်။
သူတို့လို စိတ်မချမ်းမြေ့ ဖွယ် သတင်းတွေက ထိုင်းမှာ ဖြစ်စဉ်ရိုးနေတဲ့ သတင်းပါ။ နအဖ စစ်အစိုးရရဲ့ ထိုင်းမှာရှိတဲ့ မြန်မာသံရုံးကတော့ တရားမ၀င် ၀င်လာကြတဲ့ မြန်မာတွေအပေါ် ကိုယ့်လူမျိုး ကိုယ့် နိုင်ငံ သားရယ်လို့ ကာကွယ်ရကောင်းမှန်းမသိ။မျက်စိ၊နား စုံပိတ်ပြီး နေပါတယ်။ အဲဒီထက် စိတ် မချမ်းမြေ့ ဖွယ် သတင်းက အစိုးရစိတ်ကြိုက် ရေးထားတဲ့ နိုင်ငံတော်ဖွဲ့ စည်းပုံ အခြေခံဥပဒေဆိုတာကို ဆန္ဒ ခံယူပွဲ မေလ ၁၀ ရက်နေ့ မှာလုပ်မယ် ဆိုပဲ။ တချို့ က ကန့်ကွက်မဲပေးဖို့ ဆော်သြနေကြသလို အစိုးရကိုယ်တိုင်ကတော့ ထောက်ခံမဲပေးဖို့ ဆော်သြေနေတာ အသံလွှင့်ဌာနတွေက ကြားနေ ရပါတယ်။ကြားရဆို ကျနော့် နေရာက မြန်မာ့ အသံကို ဧရီယာတိုင်ထောင်ပြီး ဖမ်းရင်ကြားရတယ်၊ ဘီဘီစီတို့၊ အာအက်ဖ်အေတို့ ဗွီအိုအေတို့က တော့ ညတိုင်း ဖမ်းနားထောင်ဖြစ်တယ်၊ စစ်ထွက်ပီပီ စစ်တပ်မကောင်းကြောင်း ပြောတာကြားရင် မခံချင်ဖြစ်မိတာအမှန်ပါ၊ ဒါပေမယ့် လက်ရှိမှာ စစ်အုပ်ချုပ်ရေးတို့၊ တပါတီ အာဏာရှင် စနစ်တို့ ၊ ဗဟိုဦးစီး စနစ်တို့ဆိုတာ ခေတ်ကာလနဲ့ မကိုက်ညီတော့ ဘူး လို့ ကျနော်ယုံကြည်မိပါတယ်၊ စစ်သားက နိုင်ငံရေးလုပ်ခွင့် ရှိပြီး တခြားသူ ၀န်ထမ်းတွေကျတော့ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်ဆိုတော့ ဥပဒေက လွဲနေတယ်လို့ ခံစားရတယ်၊စစ်သားလည်း ၀န်ထမ်းပဲမို့ လား။ အခုလည်း ရွေးကောက်ပွဲမ၀င်ဘဲနဲ့  ၂၅ ရာခိုင်နှုန်း ယူမယ်၊ ဒု သမ္မတ တယောက်ခန့်မယ်၊ လိုအပ်မယ်ထင်ရင် ကြိုက်တဲ့ အချိန် အာဏာသိမ်းမယ်ဆိုတဲ့ ဥပဒေ က တော်တော် လွဲနေတယ်လို့ ကျနော်ယုံတယ်။ နအဖဘက်က ဦကြည်ဝင်း၊ အတိုက်အခံတွေဘက်က ဦးအောင်ထူးတို့၊ ဦးမြင့်သိန်းတို့ အပြန်အလှန် ပြောကြတာ ကြားနေရပါတယ်။ ကျနော် ဟိုဘက် ဒီဘက်က အသံတွေ နားထောင်ပြီး မြန်မာ့နိုင်ငံရေးကို တွေးနေတုံး မြန်မာနိုင်ငံက ကျနော့် သမီးဆီက စာတဆောင်ရောက် လာ တယ်၊ " အဖေ၊ သမီးစာရေးလိုက်တယ်၊ အဖေ့ပင်စင်လစာလေးရယ် အဖေလစဉ်ပို့တဲ့ ငွေရယ်နဲ့ သမီးတို့ ချိုးခြံသုံးစွဲနေပါတယ်၊ အခုနှစ်တော့ သမီး ၁၀ တန်းမတက်တော့ဘူး၊ ကျောင်းထွက်ပြီး နေ့ဘက်အလုပ်လုပ်၊ ညဘက်ကျူရှင်တက်ပြီး အလုပ်မှဖြစ်တော့မယ်၊ မောင်လေးက သင်္ကြန်တုံးက နိုး ဆိုတဲ့ တီရှပ်ဝတ်ပြီးရေပက်လို့ အဖမ်းခံလိုက်ရတယ်။ ပြန်လွတ်မလား၊ထောင်ကျမလား ရှေ့ ဘာဖြစ်မယ်ဆိုတာ မသိဘူး။အခုလည်း ကန့်ကွက်မဲ ပေးမိရင် အဖမ်းခံရမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတယ်၊ မဲပေးဖို့ စာရင်းကောက်တော့ အဖေ့နာမည် မိသားစု စာရင်းက ပယ်လိုက်တော့ အမေက အရမ်းကြောက်နေတယ်၊ အဖေ အမြန်ပြန်လာခဲ့ပါတဲ့။" ကျနော် မြန်မာနိုင်ငံကတော့ အများခန့်မှန်းကြသလို တိုင်းပြည်တိုးတက်အောင်၊ နိုင်ငံတကာအလယ်မှာ ဂုဏ်တင့်အောင်လုပ်ဖို့ ၊ကောင်းတဲ့ဘက် ကူးမှာထက် စစ်တပ်က အရာရှိကြီးတွေ သူတို့ မျိုးဆက် အာဏာ တည်မြဲအောင်။ သူတို့ အနားယူခဲ့ရင်တောင် အကာအကွယ်ပေးနိုင်အောင် ဆက်ပြီး လုပ်ကြဦးတော့မယ် ထင်ပါရဲ့ ။ကျနော်တို့ မြန်မာတွေကတော့ ပြည်တွင်းမှာလည်း မွဲပြာကျ၊ လူနပ်လူလယ်တွေရဲ့  အနိုင်ကျင့်ခံရ၊ ထိုင်းမှာ ကျပြန် တော့ လည်း ထိုင်းလူမျိုးတွေအနိုင်ကျင့်ခံရနဲ့ ဘယ်တော့ လူဖြစ်နိုင်မှာလဲဗျာ။စစ်အစိုးရ အခြေခံဥပဒေဆိုတာကြီးက မြန်မာပြည်သားတွေကို လုံခြုံမှု ပေးဖို့၊ ဖူလုံမှုပေးဖို့ ဖြစ်လာနိုင်မယ်မထင်ပါဘူးဗျာ။ ကိုလွမ်းတင်မောင်( ကျန်းဝပ် ကရဘီ ။ ထိုင်းနိုင်ငံ) |
|
|
|
|
|
Suggestions & Comments: webmaster@hittaing.org |
|