|
2008 April 10
ရက်နေ့ အထိ ပြည်တွင်းအနေအထား
April 9 ရက်နေ့ မှာအစိမ်းရောင်စာအုပ်ဖုံးနဲ့ အခြေခံဥပဒေမူကြမ်းစာအုပ်ကို
အများပြည်သူသို့ ရောင်းပါပြီ။ February လလယ်မှာ ရိုက်နှိပ်ခဲ့ပြီး ပေမယ့်
အဲဒီတုန်းက Gumbari, NLD, ဌာနဆိုင်ရာအကြီးအကဲများလောက်သာ ဝေခဲ့ပါသည်။
အများပြည်သူလူထု စာဖတ်ရလေ အခြေခံဥပဒေရဲ့ အား နည်းချက်တွေ ပိုသိတာများလေ
ဖြစ်မှာစိုးလို့စောစောမရောင်းတာ ဖြစ်နိုင်ပါတယ်။
အခြေခံရမယ့်မူများနဲ့ကွဲလွဲပြီး ပြင်ဆင်ရေးခဲ့တဲ့ အခန်း (၁၂)မှာ
အပိုဒ်တပိုဒ် အချက် တချက်ကိုတော့ ပြန်ပြင်ထားပါတယ်။ ပြင်တာကလဲ ပြီးစလွယ်
နောက်ဆုံးမှာ စာရွက်ပိုင်းငယ်လေးကပ်ပြီး ဖော်ပြခဲ့ပါတယ်။ ဒါကတော့ ပုဒ်မ
၄၃၆(က)မှာ
``…ဆန္ဒမဲပေးခွင့်ရှိသူအားလုံး၏ဆန္ဒမဲဖြင့်သာပြင်ဆင်ရမည်´´ဆိုသည့်စာကြောင်းကို
``…ဆန္ဒပေးပိုင်ခွင့်ရှိသူအားလုံး၏
ထက်ဝက်ကျော် ဆန္ဒမဲ
ဖြင့်သာပြင်ဆင်ရမည်´´ ဖြစ်သွားပါသည်။ (ထက်ဝက်ကျော် ထောက်ခံမဲဟု ရေးမထားပါ)
အခန်း (၁၄)က အပိုဒ်တပိုဒ် အချက် (၂)ချက်ကိုတော့ ပြန်မပြင်တော့ပဲ
အခြေခံရမယ့် မူများနဲ့ ကွဲလွဲစွာ ဖော်ပြထားပါတယ်။
မူလအခြေခံမူဖော်ပြချက်က
``ဤဖွဲ့စည်းပုံအခြေခံဥပဒေသည်ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင်
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ထောက်ခံဆန္ဒမဲဖြင့်
အတည်ပြု ပြဌာန်းသည့် နေ့မှစ၍
နိုင်ငံတော် တစ်ဝှမ်းလုံး၌ အာဏာတည်သည်``ဟု ပါရှိပြီး
ပြန်မပြင်တော့သည့် ယခုပုဒ်မ (၄၄၁)မှာ
``ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင်
ဆန္ဒမဲပေးပိုင်ခွင့်
ရှိသူအားလုံး၏ ထက်ဝက်ကျော်မဲပေးသည့် ဆန္ဒမဲ၏ မဲအများဖြင့်
အတည်ပြုပြဌာန်းလိုက်သည့် ဤဖွဲ့စည်းပုံအခြေခံဥပဒေသည်
ပြည်ထောင်စုလွှတ်တော် ပထမအကြိမ်အစည်းအဝေး စတင်ကျင်းပသည့်နေ့မှစ၍
နိုင်ငံတော်တစ်ဝှမ်းလုံး၌ အာဏာတည်သည်´´ ဟုဖော်ပြထားပါသည်။
ဒါကြောင့်ဆန္ဒမဲပေးခွင့်ရှိသူအားလုံးရဲ့
၅၀%ကျော်မဲပေးမှ အထမြောက်မယ်။ မဲလာပေးတဲ့လူ ၅၀%မကျော်ရင်အထမမြောက်ဘူး။
လာပေး တဲ့၅၀%ကျော်ထဲကထောက်ခံမဲတစ်ဝက်ကျော်ရမှအတည်ဖြစ်မယ်။ တနည်းအားဖြင့်
ဆန္ဒမဲပေးခွင့်ရှိသူအားလုံးရဲ့ ၂၅.၀၂%ခန့် ထောက်ခံမဲရရင် အခြေခံ ဥပဒေအတည်
ဖြစ်သွားပါမယ်။
၂၀၀၈ ဧပြီလ ၉ရက်နေ့ က ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေနဲ့
တာဝန်ရှိသူများက ရန်ကုန်တိုင်းက လူအများအပြားကိုဖိတ်ပြီး
ထောက်ခံမဲများများရဖို့ ခေါ်ပြောတယ်လို့သိရပါတယ်။အဲဒီပွဲမှာ
တာဝန်ရှိသူတစ်ဦးက အထက်ဖော်ပြခဲ့တဲ့ မဲလာပေးသူ ၅၀%ကျော်ဖို့ နဲ့
အတည်ပြုဖို့ ၂၅%ကျော် လိုကြောင်း ရှင်းပြတယ်လို့ ဆိုပါတယ်။

ထပ်သိရတဲ့ထဲမှာ အရေးကြီးတဲ့ အချက် (၂)ချက်ပါတယ်။
(၁) မဲရေတွက်မှု့ ကိုနောက်ဆုံးမဲလာပေးသူ ၁၀ဦးရှေ့ မှာ
ရေတွက်မယ်လို့ ပြောပါတယ်။ ဆန္ဒခံယူပွဲ ဥပဒေမှာ ဖော်ပြတာက
ဆန္ဒမဲပေးခွင့်ရှိသူ အနည်းဆုံး (၁၀)ဦးရှေ့ တွင် ရေတွက်ရမယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းမှာ ရှင်းတာက နောက်ဆုံး (၁၀)ဦးကလွဲရင် မဲရေတွက်တာ
မကြည့်ရဘူးလို့ ဆိုလိုပြီး ဥပဒေမှာက (၁၀)ဦးကျော်ကိုကျော်ရမယ်။
(၅၀)လည်းရတဲ့သဘောလို့ နားလည်ရပါတယ်။ မဲပေးခွင့်ရှိသူ ၄သန်းကျော်ရှိတဲ့
ရန်ကုန်တိုင်းမှာ ဒီလိုကျင့်သုံးမယ်လို့ ကြေညာရင်
ကျန်ပြည်နယ်တိုင်းများလည်း ဒီလိုဖြစ်သွားနိုင်ပါတယ်။ ဒါကိုပြည်သူလူထုက
ဥပဒေအတိုင်း မဲရေတာကိုဝင်ပြီး ကြည့်ကြဖို့လိုပါတယ်။
(၂) မဲရေတွက်ပြီးရင် ရတဲ့ Result ကိုအဲဒီမဲရုံမှာ မကြေညာဘူးလို့
ရှင်းပြကြောင်း ပြန်လည်သိရှိရတယ်။ ထောက်ခံမဲဘယ်လောက်၊ ကန့်ကွက်မဲ ဘယ်
လောက်၊ ပယ်မဲဘယ်လောက် ဆိုတာမကြေညာဘူးဆိုရင် ပိုပြီး မရိုးသားတဲ့
သဘောဆောင်သွားပါမယ်။ ဒီလိုပဲ ရပ်/ကျေး၊ မြို့ နယ်၊ ခရိုင်၊ တိုင်း အဆင့်
များမှာလည်း မကြေညာပဲ အားလုံးပေါင်းပြီးမှ ဗဟိုတစ်ခုထဲကပဲ ကြေညာမယ်လို့
သိရှိရပါတယ်။
မဲထည့်ပြည်သူလူထုက ကိုယ့်မဲရုံအခြေအနေကို
လူတိုင်းသိချင်ကြမှာပါပဲ။ တစ်ကမ္ဘာလုံးမှာ အခြေခံလုပ်ထုံးလုပ်နည်းကို
မြန်မာပြည်မှာ မလုပ်တဲ့ သဘောပါပဲ။ မြန်မာ့တပ်မတော်ရဲ့ SPDC က free and
fair လို့ ကြေညာပြီး တကယ်လုပ်နေတာ တလွဲပါပဲ။ တပ်မတော်အတွက်တော့
မကောင်းပါဘူး။ အာဖရိကတိုက်က ဇင်ဘာဘွေမှာတောင် ဒီထက်ပိုကောင်းတဲ့
အခြေအနေရှိတယ် ဆိုတာကို ပြည်သူလူထုနဲ့တပ်မတော်သားများသိရှိအောင်
ဝိုင်းဝန်း ရှင်းပြစေလိုပါတယ်။
ဒီမိုကရေစီလိုလားသူများကဖြစ်နိုင်သမျှ နောက်ဆုံး(၁၀)ဦးထဲမှာ
ပါအောင်ဆောင်ရွက်ကြဘို့၊ သိရတဲ့ မိမိရဲ့ ရပ်/ကျေးမဲစာရင်းများကို တဆင့်
စကားတစ်ဆင့်နား ဖြန့် ချိဘို့ ၊ သိရှိရတဲ့ မဲစာရင်းများကို website များ
blogger များထံပေးပို့ ဘို့ ကြိုတင်ပြင်ဆင်သင့်ပါပြီ။ website များ၊
blogger များနဲ့ အသံလွှင့် ဌာနများကလည်း အချင်းချင်း အပြန်အလှန်လဲလှယ်
စုဆောင်းပြီး အနီးစပ်ဆုံးဖော်ပြကြဖို့ လိုပါတယ်။
ရပ်ကွက်မဲစာရင်းတွေ သင့်သလောက်ရရင်၊ အဲဒီမြို့ နယ်ရဲ့
မဲစာရင်းအသင့်အတင့်ရပါမယ်။ ဒီထက် ပိုကောင်းတဲ့နည်းတွေလည်း ရှိနိုင်ပါတယ်။
ဝိုင်းစဉ်းစားစေချင်ပါတယ်။
ကျွန်တော်တို့ အားလုံး ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊
ယခုအခြေခံ ဥပဒေကတော့ မြန်မာများနှင့် ပက်သက်ရမှာ ဖြစ်ကြောင်း၊
ဒါကြောင့်သေသေချာချာ စဉ်းစားပြီး မိမိဆန္ဒကို ဖော်ပြဘို့
သိပ်ကိုအရေးကြီးကြောင်း ဆိုတဲ့ချဉ်းကပ်မှုနဲ့ အသံလွှင့်ဌာနများ၊ website
များ၊ blogger များက ယခုဆောင်ရွက်နေတာထက် ပိုပြီး
ကျိုးစားဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။ Singapore, Thai, Malaysia,
Korea, US, UK, India အစရှိတဲ့ မြန်မာအများစုရောက်နေတဲ့ နိုင်ငံများမှ
ဒီမိုကရေစီရေး လိုလားသူအားလုံး မြန်မာပြည်ထဲက မိမိတို့ ရဲ့ မိတ်ဆွေ၊
ဆွေမျိုးသားချင်း၊ သူငယ်ချင်း များကို email, fax, phone, စာတိုက်ကစာထည့်
(သို့မဟုတ်) အခြားသင့်တော်တဲ့ နည်းများနဲ့ ပြန်ရှင်းပြစေလိုပါတယ်။
ထပ်ဆင့်ထပ်ဆင့် လုပ်နိုင်ရင် ပိုကောင်းပါမယ်။ ပိုမိုဆောင်ရွက်နိုင်တဲ့
အုပ်စုများက May watch အုပ်စု အသွင်များနဲ့ ဆောင်ရွက်လို့ လဲရနိုင်ပါတယ်။
အချိန်အများကြီး မရှိတော့တာရယ် ၁၉၉၀နောက်ပိုင်း
မြန်မာပြည်သူလူထုဆန္ဒကို ငြိမ်းချမ်းတဲ့ နည်းနဲ့
ဖော်ထုတ်နိုင်တဲ့တခုတည်းသော အခွင့် အရေးဖြစ်လို့
ဝိုင်းပြီးကြိုးစားပေးစေလိုပါတယ်။ ပြည်တွင်းကလူများလဲ
သူတို့လုပ်နိုင်သလောက်လုပ်နေပါပြီ။အားလုံး``ပြိုင်တူတွန်းလျှင်ရွေ့
နိုင်ပါ သည်´´ လို့ မီးမောင်းထိုးပြပါရစေ။

အရင်ကတော့ No Vote, Vote No ငြင်းနေတာ ကိစ္စမရှိပါဘူး။ အခု NLD
ပြောသလိုပဲ မဲရုံကို သွားပြီး အခြေခံဥပဒေကို မကြိုက်သူများက (X)
ကန့်ကွက်မဲပေးဖို့ကိုပဲ ရှေ့ရှုစေလိုပါတယ်။ ဒီမိုကရေစီစနစ်မှာ
သဘောထားကွဲလွဲတာ လက်ခံပေမယ့် ဒီအချိန်မှာ တွေဝေကုန်ရင် ပြည်သူလူထုအတွက်
အကျိုးမရှိပါ။ USDA,
စစ်တပ်၊တစညနဲ့ကိုအေးလွင်တို့လိုအုပ်စုများကတော့မဲရုံကိုအသေအချာသွားပြီး၊(ì)
ထောက်ခံမဲပေးကျမှာ ဖြစ်လို့ မပေါ့ဆကျစေလိုပါ။
သံဃာတော်များကလည်း တပည့်ဒါယကာ၊ ဒါယကာများကို အတတ်နိုင်ဆုံး
ရှင်းပြစေလိုပါတယ်။ ရဟန်း၊ သံဃာ ၄သိန်းခန့် ဆိုတဲ့ အင်အားက
အတော့်ကိုကြီးမားပါတယ်။ ဂုဏ်သိက္ခာရှိပြီး၊ ပြည်သူလူထု လက်ခံနိုင်သူများရဲ့
``ပြည်သူလူထုသို့……´´ ``တပ်မတော်သားများသို့…´´ ``ကော်မရှင် အဖွဲ့
ဝင်များသို့
……´´``သံဃာတော်သို့များသို့…..´´စတဲ့ပန်ကြားချက်များလဲများများရရှိအောင်ကြိုးစားပေးပါ။
ကျွန်တော်အနေနဲ့သေချာပေါက် အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ (ဆရာ
လူထုဦးစိန်ဝင်း၊ ရှမ်းခေါင်းဆောင် ဦးရွှေအုံးတို့ ရဲ့ အသံဟာ
သင့်သလောက်အကျိုးရှိပါတယ်။)
နယ်တစ်ချို့မှာတော့ သက်ဆိုင်ရာ ရရကများ၊ USDA များ၊
တချို့နေရာမှာ တပ်မတော်သား တချို့က
မဲပေးကိုပေးရမယ်၊မဲမပေးရင်(ထောက်ခံမဲမပေးရင်)ထောင်ချမယ်ဆိုတဲ့ခပ်တည်တည်ဟောက်စားတချို့
လဲစနေ ပါပြီ။ NLD လဲလှုပ်ရှားဘို့ မလှယ်လို့
ကိုယ့်အားကိုယ်ကိုးရပါလိမ့်မယ်။ ကိုယ်အားဆိုတာ ပြည်တွင်းမှ မြန်မာများ
ပြည်ပမှ မြန်မာများနှင့် မြန်မာအသံလွှင့်ဌာနများနှင့် media
များကိုဆိုလိုကြောင်းပါခင်ဗျာ။
(ပြင်ပမှ ယခုဆောင်ရွက်ပေးနေတာကို ကျေးဇူးတင်ပါတယ်။ ဒီထက်ပိုပြီး
အားထည့်ပေး စေလိုတဲ့အတွက် အားကိုးရေးသားရခြင်းဖြစ်ပါတယ်။)
မောင်မြန်မာ
(၁၅-၄-၀၈
|