ရွှေတိဂုံစေတီရင်ပြင်
မိမိကိုယ်ကိုယ် မီးရှို့ဆန္ဒပြမှုအပေါ် ရဟန်းတော်တပါးအမြင်
ဦးဇင်းလေး (သီရိလင်္ကာ)
တကယ်တမ်းတော့
သူ့ကိုယ်သူ သတ်သေတယ်ဆိုတာ တစုံတခုကို မကျေနပ်လို့ သတ်သေတဲ့အပိုင်းရယ်၊
နောက် သူ့ကိုယ်သူ စိတ်ဖိစီးမှုတွေ များပြီး သတ်သေတဲ့ အပိုင်းရယ် နှစ်ခု
ရှိတာပေါ့။
တစုံတခုကို
မကျေနပ်လို့ သတ်သေတယ်ဆိုတာ အပြင်ပုဂ္ဂိုလ်တယောက်ကို မကျေနပ်တာရယ်၊
ပြင်ပအရာဝတ္တုတခုကို မကျေနပ်လို့ရယ် ကြောင့် သတ်သေတာပေါ့။ ကိုယ့်ကိုယ်ကိုယ်
မကျေနပ်လို့ ငါ ဒီလောက်ထိ ဆင်းရဲရသလား။ ဒီလောက်ထိ အခြေအနေဆိုးရသလားဆိုပြီး
သတ်သေတာပေါ့နော်။ တကယ်တမ်းကျတော့ ဘ၀လွတ်မြောက်မှုအတွက် အကျိုးမရှိပါဘူး။
ကိုယ် အသက်ရှင်နေမယ်ဆို လုပ်ငန်းတွေ အများကြီး လုပ်လို့ ရတာပေါ့။ ခုဟာက
ရှင်ရက်နဲ့ မလုပ်နိုင်တာ မဟုတ်ဘဲ သေပြီး မလုပ်နိုင်တာ။ မသေဘဲနဲ့ ဒီပြင်
အကျိုးရှိတဲ့ဟာတွေ လုပ်သွားမယ်ဆိုရင် ဘယ်လောက် တန်ဖိုးရှိမလဲ။ အလုပ်တခု
လုပ်တဲ့အခါမှာ ဘယ်အလုပ်လုပ်လုပ် စည်းကမ်းနည်းလမ်းတကျ။
အခု သူ
လုပ်လိုက်တယ်။ ဘယ်လောက်ထိ အကျိုးများသွားလဲ။ အများအတွက်လဲ ဘယ်လောက်
အကျိုးများမလဲဆိုတာ အကျိုးရှိမရှိ နှိုင်းယှဉ်ပြီးတော့ အလုပ်တခုကို
လုပ်သင့်တယ်။ ဓမ္မစကြ်ာမှာ ကိုယ်ကိုယ့်ကိုယ် ညှဉ်းဆဲတာကို
အစွန်းလမ်းစဉ်ခေါ်တယ်။ ကိုယ့်ကိုယ်ကိုယ် ရေသာခိုလွန်းအား ကြီးတာလဲ
အစွန်းလမ်းစဉ်လို့ ခေါ်တယ်။ မြတ်စွာဘုရား ကြိုက်တာက အလယ်အလတ်လမ်းစဉ်ဆိုတဲ့
မဇ္ဈိမပဋိပဒါပဲ။ သူက မတင်းလွန်း မလျော့လွန်း လမ်းစဉ်။
တင်းလွန်းရင်
ပြတ်ထွက်သွားတတ်တယ်။ လျော့လွန်းတော့ ကြိုးတွေ ရှုပ်လာပြီး သူ့ကိုယ်သူ
ပြန်ပတ်မိတတ်တယ်။ လူတိုင်းဟာ မြတ်စွာဘုရား ဟောတဲ့အတိုင်း မတင်းလွန်း
မလျော့လွန်းတဲ့ အလယ်အလတ်လမ်းစဉ် မဇ္ဈိမပဋိပဒါနဲ့ နေထိုင်ကြမယ်ဆိုရင်
သာယာဝပြောတဲ့ လောကကြီးကို အားလုံးက တည်ဆောက်နိုင်လိမ့်မယ်။ ဘာမှလဲ
ဒေါသတွေနဲ့ တင်းစရာ မလိုဘူး။ ကာမဂုဏ် အာရုံတွေနဲ့လဲ ဘာမှ ရေသာခို
အချောင်လိုက်ပြီးတော့ ပျော်ပါးနေစရာ မလိုဘူး။ ဘယ်ကိစ္စမဆို လွန်ကျူးတာ
မကောင်းဘူး။ ဥပမာ ပြောမယ်ဆိုရင် ထမင်းစား လွန်ရင်လဲ အစာမကျေဖြစ်မယ်။
အအိပ်လွန်ရင် ခေါင်းနောက်တယ်။ လွန်လွန်းရင်လဲ မကောင်းဘူး။
မဇ္ဈိမ ပဋိပဒါ
ကျင့်သုံးတဲ့ ပုဂ္ဂိုလ်တွေဆိုတာ မြတ်စွာဘုရား အလိုတော်ကျ နေထိုင်တဲ့
ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ အဲဒီတော့ ကိုယ့်ကိုယ် သတ်သေတဲ့ကိစ္စကို
ဆန်းစစ်ရမယ်ဆိုရင် တဖက်ဖက်မှာ လိုလွန်းပိုလွန်းနေလို့ပဲ ဖြစ်ရမယ်။
လိုတယ်ဆိုတာ ဘာလဲ၊ သူ့အနေနဲ့ တရားမျှတမှုကို လိုချင်ရာမှာ မှန်ကန်တဲ့အသိ
လိုတယ်။ တစုံတယောက်ကဖြစ်စေ အဖွဲ့အစည်း တခုက ဖြစ်စေ သူ့အပေါ်မှာ မတရား
လုပ်နေတယ် ဖြစ်ကောင်း ဖြစ်မယ်။ မတရား ချုပ်ချယ်တာတွေ သူ
ခံကောင်းခံနေရမယ်လေ။ ဒါကြောင့် တရားမျှတမှုကို လိုချင်နေတာကို
မရတဲ့အတွက်ကြောင့် (မှန်ကန်တဲ့နည်းနဲ့ အားမထုတ်ဘဲ) သူ့ကိုယ်သူ သတ်သေတာ
ဖြစ်ရမယ်။ ပိုနေတယ် ဆိုတာကတော့ သူ့စိတ်ထဲမှာ ဒေါသတွေ ပိုနေတယ်။
စိတ်ဆင်းရဲမှုနဲ့ ဒေါသတွေ ပိုနေလိမ့်မယ်။ တအားတင်းလွန်းလာတော့ သူ
ပြန်ထွက်သွားတာပေါ့။ စိတ်ဖိအားတွေကို သူ ဘယ်လို လျှော့ချရမယ်ဆိုတာ သူ
အဖြေရှာလို့ မရတော့ဘူးလေ. မရတော့ ဘ၀က ရုန်းထွက်ဖို့အတွက် သူဟာ သူ့ကိုယ်သူ
သတ်သေရတဲ့ အဆင့်ကို ဖြစ်သွားတယ်ပေါ့။
ဖြစ်နေတဲ့
ကိလေသာရောဂါကို သူ ကုဖို့ မှန်မှန် ကြိုးစားလို့ မရတဲ့အတွက် ဘယ်လိုမှ
သည်းခံလို့ မရတဲ့အတွက်ကြောင့် နောက်ဆုံးမှာ ဒေါသနဲ့ အဆုံးစီရင်ပြီးတော့
သတ်သေလိုက်တာ ဖြစ်ရမယ်။
(၂၅-၃-၀၈)
x x x
x x