
နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်ဖို့
မြန်မာနိုင်ငံမှာ
နအဖစစ်အစိုးရက စီမိုကရေစီ တောင်းဆိုလှုပ်ရှားသူတွေ၊
ကုန်ဈေးနှုန်းကျဆင်းရေး တောင်းဆိုသူတွေနဲ့ မြန်မာနိုင်ငံ ငြိမ်း ချမ်းဖို
့မေတ္တာပို့ ဆုတောင်းတဲ့ သံဃာတော်တွေနဲ
့ သီလရှင်တွေကို နိုင်ငံရေးအရ
ဖမ်းဆီးထားတာ
ထောင်ချီပြီးရှိနေပါတယ်၊ နိုင်ငံရေး
အကျဉ်းသားတွေကို လူမဆန်စွာ
ဆက်ဆံတဲ့အပြင် ကောင်းမွန်လုံလောက်တဲ့ အနေအထား ထောင်ထဲမှာ မပေးတာကြောင့်
ပြီးခဲ့တဲ့ ရက်ပိုင်း ကလေးတင်ပဲ နိုင်ငံရေးအကျဉ်းသား ကိုတင်ဝင်း၊
သာယာဝတီထောင်ထဲမှာ သေဆုံးသွားခဲ့ရပြန်ပါပြီ။
မြန်မာနိုင်ငံအနှံ
့မှာရှိတဲ့ ထောင်တွေထဲမှာ နိုင်ငံရေးသမားတွေဟာ ဘ၀တွေ အများကြီး ပေးဆပ်
နေရပါတယ်။ ကျွန်တော် ပထမ အကြိမ် ထောင်ထဲမှာနေခဲ့တုံးက အတူတူနေခဲ့တဲ့
နိုင်ငံရေး အကျဉ်းသားတွေ မလွတ်ကြသေးသလို နောက်တကြိမ် ထပ်ကြတုံးကလည်း အတူတူ
နေခဲ့တဲ့ သူတွေ မလွတ်မြောက်သေးပါဘူး။တချို့ က နိုင်ငံရေးဆက်လုပ်ကြလို့
နှစ်ခါကျသူတွေ၊ တချို့က သုံးခါကျနေသူတွေလည်း အများ ကြီးရှိပါတယ်။
ထောင်တွေထဲမှာ
အမှန်တရားအတွက် တောင်းဆိုကြလို့ မတရား အဖမ်းဆီးခံ အနှိပ်စက်ခံနေရသူ
နိုင်ငံရေးသမားတွေ လွတ်မြောက်ဖို့ အတွက် နိုင်ငံတကာ ကင်ပိန်းတွေကို
တတ်နိုင်သလောက် လုပ်ဖို့ အစီအစဉ်တွေအများကြီးရှိပါတယ်၊ အေအေပီပီ အနေနဲ့
နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုတွေကို ၁၃- ၀၃ -၀၈
ကနေပြီး ၈-၈-၀၈ အထိ ဆက်တိုက် လုပ်သွားဖို့ အစီအစဉ်
တွေချပြီးဆောင်ရွက်မှာဖြစ်ပါတယ်။
ငြိမ်းအေး -
အေအေပီပီ