![]() |
|
| သတင်း နိုင်ငံတကာသတင်း ဆောင်းပါး ရသ သုတ ရင်ဖွင့်သံ သူ့အမြင် ကဗျာ ဟာသ ကာတွန်း ကမ္ဘာတလွှားမြန်မာများ ပြည်သူ့စစ်သည်ရေးရာ | |
|
ပါပ ဂရဟီ န= နိုင်ငံသူ နိုင်ငံသားတွေရဲ့ အ=အသက်အိုးအိမ် စည်းစိမ်တွေကို ဖ=ဖျက်ဆီး သတ်ဖြတ်နေသော နအဖ နအဖ စစ်ဗိုလ်ချုပ်တစုသည် နိစဏလဋ္ဌိ အမည်ရှိသည့် ငရဲကြီးရှစ်ထပ်တွင် ဆင်းရဲခံ နေရသော ဒေ၀ဒတ်နှင့်ပူးပေါင်းရန် ဆုံးဖြတ်ချက်ချလိုက်ပါပြီ။ လောကကိုအစဉ်ထာဝရ စောင့်ရှောက်ပေးသော ဟီရိသြတ္တပ တရားနှစ်ပါး အားဖျက်ဆီးနေသည့်နအဖစစ်ဗိုလ်ချုပ် တွေရှိနေသမျှ ကာလပတ်လုံး နာဂစ် ဆိုက်ကလုန်းလေမုန်းတိုင်းတွေရဲ့ဘေးတွေ မီးဘေး တွေ ရေဘေးတွေ နှင့် လက်နက်ဘေးတွေ ကုန်ဈေးနှုန်းကြီးတဲ့ဘေးတွေ ကြုံတွေ့နေရအုံး မှာပါ ဘဲ။ အို တိုင်းသူပြည်သားအပေါင်းတို့ ပါပ မကောင်းမှုမှန်သမျှတွေကို ဂရဟီ ဆန့် ကျင်တိုက်ဖျက်ခြင်းသည် သူတော်ကောင်းတို့ မြတ်သော အကျင့် ဖြစ်ပေ၏။ မီးဖိုချောင် ထဲက ယောင်းမ နဲ့ မြန်မာနိုင်ငံထဲက နအဖ စစ်ဗိုလ်ချုပ်တွေဟာ အတူတူပါ။ ယောင်းမ တို့သည် ဟင်းအိုးထဲမှာ ဘယ် လောက် ပင် ကြာကြာ ဟင်းရဲ့အရသာကို မသိ။ ထို့အတူ နအဖ လူမိုက်စစ်ဗိုလ်ချုပ်တစုသည် သူတော်ကောင်းတရားတို့အား မသိ။ တရားရေအေး တိုက်ကြွေး ကြကုန်သော ဆရာတော်အရှင်သူမြတ်များကိုပင် ရန်ပြုကြပေပြီ။ကိုယ့်တိုင်းသူ ပြည်သားများကိုလည်း ကျေးကျွန်တွေလို သဘောထားနေ၏။ ဂုတ်သွေး စုတ်ယုံမျှ မက ဦးနှောက်တွေကိုပင် ဖေါက်စားနေကြပေပြီ။ မြန်မာ့အရေး မတွေးဝံ့စရာပါ။ ရွှေပင်နားတော့ရွှေကျေး ငွေပင်နားတော့ငွေကျေး ဗူးပင်နားတော့ ဘောက်ဖတ် ဆိုသော ရှေးလူကြီးသူမတို့စကားသည်မှန်၏။ နအဖ လူမိုက် တစု၏ သွားရာလမ်း အတိုင်းမ လွှဲသာမရှောင်သာ လိုက်ပါနေကြရတဲ့ ပြည်သူ့တပ်မတော်သားတွေရဲ့ဘ၀။ မုဆိုးကသား ကောင်လိုက်သလို ညသန်း ကောင်ယံမှာ တိုင်းသူပြည်သားတွေကို လိုက်လံချောင်းမြောင်း နေကြရတဲ့ ပြည်သူ့ရဲတွေရဲ့ဘ၀။ ညစ်ဥာဏ်တွေအမျိုးမျိုးထုတ်ပြီးမှ ထမင်းတလုပ်စားရ တဲ့ ပြည်သူ့ဝန်ထမ်းဆိုသူတွေရဲ့ဘ၀။ ဒုတ်ဓါးလက်နက်တွေကိုင်ပြီး မိုက်သွေးဝင်နေကြရတဲ့ ကြံ့ဖွံ့တို့ စွမ်းအားရှင်တို့ရဲ့ဘ၀။ ကိုယ့်အမျိုးကိုယ့်ဘာသာ အတွက် တိုက်ပွဲဝင်နေကြတဲ့တိုင်း ရင်းသား ညီတော်နောင်တော်များရဲ့ဘ၀။ ကျီးကန်းတောင်းမှောက် ကြောက်ရွံ့ နေကြရတဲ့ တိုင်းသားပြည်သူတွေရဲ့ ဘ၀။ နုံချာဆင်းရဲလှတဲ့ ဒကါဒကါမတွေရဲ့ ဆွမ်းအလှူကို ခံယူနေ ကြရတဲ့ ရဟန်းသံဃာတွေရဲ့ဘ၀။ ထောင်နန်းစံနေကြရတဲ့ ဒီမိုကရေစီနှင့်လူ့အခွင့် အရေး တိုက်ပွဲဝင်ရဲဘော်များရဲ့ဘ၀တွေ။ စစ်ဘေးဒါဏ်ကြောင့် ထိုင်းနိုင်ငံရောက် ဒုက္ခသည်တွေ။ ဘ၀နှင့်ရင်းပြီး အသက်မွေးဝမ်းပြုရတဲ့ အမျီုးသမီးတွေ။ ဟိုမရောက်ဒီမရောက် လမ်းမှာဘဲ အသက်ပျောက်ရတဲ့ ပြည်ပထွက်မြန်မာတွေ။ ပြောရင်းဆိုရင်း နအဖရဲ့ ညံ့ဖျင့်းမှုကြောင့် နာဂစ်ဘေးက ပြေးမလွတ်တဲ့ မကြားဝံ့မနာသာ ရေထဲမှာမျောပါနေတဲ့ အလောင်းတွေ။ ထိုထိုသော အရုပ်ဆိုး အကြီးတန်လှသည့် ဘ၀တွေကို ခြုံငုံသုံးသပ်ခါ အဖြေမှန်ရှာဖွေ ကြည့်ပါကစစ်အာဏာရှင်စနစ်ရဲ့ သားကောင်တွေဖြစ်နေ ကြရ တယ်ဆိုတာ အထင်အရှား တွေ့မြင်ရမှာဖြစ်ပါတယ်။ တရားခံဟာ နအဖ စစ်ဗိုလ်ချုပ်တစု ဖြစ်တယ်ဆိုတာ တညီတ ညွတ်တည်း ဆုံးဖြတ်ချက်ချဖို့ အချိန်တန်ပါပြီ။ ယခုခါတွင် စစ်ဖိနပ်အောက်က လွတ်မြောက်ရေးအတွက် သံဃာ့တပ်ပေါင်းစုက ဦးဆောင်မှု ပြုနေပါပြီ။ စက်တင်ဘာ ရွှေဝါရောင် မှ မွေးဖွါးပေးလိုက်တဲ့ မျိုးဆက်သစ်လူငယ်တွေလည်း မြန်မာပြည် တနံတလျားမှာ လှုပ်ရှားနေကြပါပြီ။ အသက်အိုးအိမ်စည်းစိမ်တွေကိုစွန့်လွှတ်အနစ်နာခံပြီး ဒီမိုကရေစီရေး တိုက်ပွဲဝင်နေကြတဲ့ NLD အဖွဲ့ကြီးကလည်း အားသွန်ခွန်စိုက် ဦးဆောင်လမ်းပြနေ ကြပါ ပြီ။ မကြုံစဘူး ထူးထူးခြားခြား တိုက်ပွဲဝင်နေကြတဲ့ ယခုအချိန်မှာ တိုင်းသူပြည်သားအပေါင်းတို့သည် ကိုယ့်မှာရှိနေတဲ့အားတွေကို ယုံကြည်ကြ ပါ။ စုပေါင်းကြပါ။ နအဖ စစ်ဗိုလ် ချုပ်တွေရဲ့ ပါပ မကောင်းမှုတွေကို ဂရဟီ ဆန့်ကျင်ကန့်ကွက်ကြပါ။ ပျော်ပျော်ပါးပါး မဲရုံသွားလို့ ကြက်ခြေ ခတ်တွေကို သေသေသပ်သပ် ရေးမှတ်ကြပါ။ ပြည်သူ့အာဏာဆိုတာ ပြည်သူ့ ဆန္ဒတွေက ဖြစ်တဲ့အကြောင်း (၁၉၈၈) က သာဓက ရှိခဲ့ပါပြီ အဆွေ။ မင်းတိက္ခ ( ၇။၅။၀၈။) ---------------------------- ကြွကြွ ငရဲပြည်ကိုကြွ...ခိုင်းတဲ့ မလေးသင်္ကြန် အဖွဲ့သားများ ကို......... (မလေးရှား)
နအဖ ဗိုလ်ချုပ်တွေနဲ့ တူအောင် မိုးကြိုးငှက်ငယ်လို သရုပ်ဆောင်ရမယ်ဆိုတော့.. ပါးကွက်တွေ ကွက် ဒီသံချပ်အတွက် ဘယ်လိုစိတ်ကူးတွေ ရလဲဆိုတော့ လက်ရှိ ဖြစ်နေတဲ့ အနေအထားပေါ် မူတည်ပြီး ခံစားချက်ဖြစ်လာတာပါ။ ဒီလိုမျိုး လုပ်ရင်ကောင်းမယ်ဆိုပြီး။ ကျနော်ကလဲ နဂိုကတည်းက နောက်နောက်ပြောင်ပြောင် စိတ်ကလဲ ရှိတော့....။ ၉၀ ခုနှစ်ကတည်းက စကားမတည်ဘူး၊ ပေးထားတဲ့ ကတိတွေ ခဏခဏ ဖျက်တယ်ဆိုတော့ အခြောက်တွေ ပုံစံနဲ့ အပေါ်က ယူနီဖောင်းနဲ့ အောက်က ထမီဝတ်ပြီး သနပ်ခါး ပါးကွက်ကျားနဲ့ နှုတ်ခမ်းနီ ဆိုးပေးထားလိုက်တယ်။ ဗိုလ်ချုပ်တွေ အကုန်လုံး အခြောက်လုပ်လိုက်တယ်။ ကျနော်က သန်းရွှေ နေရာမှာ မျက်မှန်နဲ့ ၀င်ကရတယ်။ အကတွေက အားလုံး ၀ိုင်းတိုက်ကြတာ။ ဗိုလ်ချုပ်တွေ အကုန်လုံးက ကြပ်ပြေးနေပြည်တော်မှာ နောက်ဆုံးနှစ်ဆိုပြီး ပျော်ပျော်ပါးပါးကြီး ပြည်သူတွေကို နှုတ်ဆက်ပွဲ ကျင်းပနေတဲ့ပုံပေါ့။ ဟာ... ပရိသတ်က ကျနော်တို့ စထွက်လာကတည်းက လက်ခုပ်တွေ တီးတာ တ၀ါးဝါးပဲ။ သီချင်းနဲ့ ကကွက်နဲ့ တေးသရုပ်ဖော် ကတာ။ “ကြွကြွ.. ငရဲပြည်ကိုကြွ”က “က...က မမကိုယ်တိုင်က” သီချင်းအလိုက်လေ။ ကျနော်တို့က စာသား ပြောင်းထားတာ။ ပရိသတ်ထဲက ချီးကျူးတယ်။ မဆိုးဘူး၊ ဒီလိုမျိုး လုပ်ရဲတာပေါ့လေ။
သီချင်းစာသားက ..... “အာဏာရှင်စစ်ဘီလူး အရူးနအဖ ပြည်သူကို အနိုင်ကျင့်ပြီး အုပ်ချုပ်ထားကြ... လောကကြီးမှာ အင်မတန်မှ လူမဆန်သည်မှာ အဆိုးဆုံးဗျ။ ဘုန်းကြီးကိုတောင် သတ်ခဲ့ကြ။ ဘာသာသာသနာ စော်ကား ကြ။ လူသိမှ ကမ္ဘာသိမှ ပြောစရာ ဖြစ်ကြ၊ ထူးထူးခြားခြား ရူးရူးမိုက်မိုက်...ကြွကြွ ငရဲပြည်ကို ကြွ။
(အာဏာရူးတွေ မိုက်ခဲ့ကြ၊ ၀မ်းနည်းစရာပဲဗျ။ ဘာသာ
သာသနာ စော်ကြားကြ၊ ကြံ့ဖွတ်တွေတဲ့ဗျ။ စွမ်းအားရှင်တဲ့ဗျ။ သီချင်းရေးတာက ကိုကျော်ကျော်လေ။ ပုံထဲမှာ အကျီ င်္အဖြူနဲ့လူ။ (၂၅-၄-၀၈) x x x ) |
|
|
Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top |
|
|
Suggestions & Comments: webmaster@hittaing.org |
|