|
ရှက် မဆုံးတော့သည်
ခုတလော
မြန်မာနိုင်ငံမှာ နအဖ စစ်အစိုးရ ရေးဆွဲတဲ့ အခြေံ ဥပဒေကို ထောက်ခံဖို့
မြန်မာ့အသံနဲ့ မြန်မာ့ ရုပ်မြင် သံကြားဌာနတွေကနေ တရား ၀င်
ဆော်သြနေပါပြီ။ဒီဥပဒေဟာ စစ်အစိုးရ သက်ဆိုးရှည်ရေးအတွက် လုပ်ကြံ ရေးထားတာမို့
မတရားဘူးလို့ ကန့် ကွက်သူတွေကိုတော့ စီးပွါးရေးလုပ်ခွင့် ပိတ်ပင်ခြင်း၊
ချောင်းမြောင်း ရိုက်နှက်ခြင်း၊ အမှုဆင် ဖမ်းဆီးခြင်း တွေ သင်္ကြန်ရက်မြတ်
အတွင်းပါမရှောင် ဆက်တိုက်လုပ် နေပါတယ်။
နအဖစစ်အိုးရဘက်က ဘယ်လို တားဆီးနေပါစေ အမှန်တရားကိုမြတ်နိုးသူတွေ၊
ဒီမိုကရေစီစနစ် ထွန်းကား ဖို့ ကြိုးစားနေကြသူတွေကတော့ ကြောက်မွေးပါ ဇာဂနာနဲ့
နှုတ် စိတ်မွေးပြီး မျိုးဆက်သစ် တွေနဲ့ တိုက်ပွဲခရီး ဆက်လက်ချီတက်နေပါတယ်။
မြန်မာ့အရေးကို ပြည်တွင်းမှာ ဖော်ဆောင်နေကြသလို ပြည်ပရောက်မြန်မာတွေကလည်း
တတ်နိုင် သလောက် ကြိုးစားလုပ်ဆောင်နေကြတာ တွေ့မြင်ကြားသိကြမှာပါ။လွန်ခဲ့တဲ့
နှစ်ရက်ခန့်က တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တခုမှာ ဆယ်စုနှစ် ၂ ခုကျော်
တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ကျန်းမာရေး ချို့ယွင်နေတဲ့
တော်လှန်ရေး ရဲဘော်တယောက် ကျနော့်ထံ ရောက်လာပါတယ်၊ သူက တော်လှန်ရေးမှာ ရခဲ့တဲ့
ဒဏ်ရာတွေကြောင့် လမ်းကောင်းစွာ လျှောက်နိုင်စွမ်းမရှိတော့ပါဘူး။ မျိုးဆက်သစ်
အနေနဲ့ တော့ သူ့မှာ ၁၂ အရွယ် အကြီးဆုံးရှိတဲ့ လူမမယ် သမီး ၄ ယောက်ရှိပါတယ်၊
သူက ဒေါ်အောင်ဆန်း စုကြည်တို့၊ မင်းကိုနိုင် တို့ အဖွဲ့ နဲ့ တွေ့ ဖူးသလားတဲ့ ၊
သူတို့ အခု လက်ရှိ နိုင်ငံရေး အခြေအနေအတိုင်းကို ရှေ့ ကို ဘယ်လို ခရီး
ဆက်ကြမယ်ထင်သလဲတဲ့ ဆွေးနွေး မေးမြန်းလာပါတယ်။
၁၉၉၅
ကျနော်ထောင်ကလွတ်စက ပုဇွန်တောင်မှာရှိတဲ့ အင်အယ်ဒီအဖွဲ့ဝင်တဦး ထောင်ထဲမှာ
ဆုံးတာကို ဆွမ်းကျွေးတော့ ဒေါ်အောင်ဆန်း စုကြည် လာရောက်ပြီးအားပေးလို့
စကားလက်ဆုံပြောကြပြီး သိချင်တာ တွေ ဆွေးနွေးဖူးကြာင်း၊ ကိုမင်းကိုနိုင်တို့
အဖွဲ့နဲ့တော့ အပြင်မှာ မကြာခန ဆုံဖြစ်ခဲ့ကြောင်း သူ့ကို ရှင်းပြ လိုက်ပါတယ်၊
သူတို့ ရှေ့ ရေးက တော့ ပြည်တွင်းမှာပဲ သူတို့ ယုံကြည်တဲ့ အကြမ်းမဖက်တဲ့
လမ်းစဉ်နဲ့ ယုံယုံကြည်ကြည်ကို ဒီမိုကရေစီအတွက် တိုက်ပွဲဝင်သွားမယ်လို့
ယုံကြည်ကြောင်း ဆက်ရှင်းပြလိုက် မိ ပါတယ်၊

နောက်တော့
သူတို့လုံခြုံရေးအကြောင်း ဆွေးခန်းအရောက်မှာတော့῝ အင်း
-ဒေါ်အောင်ဆန်းစုကြည်ကတော့ ရပြီးသား အခွင့်အရေးတွေကို စွန့်လွှတ်ပြီး စစ်အစိုးရ
ဖမ်းဆီး နှိပ်စက်မှာကို သိရက်နဲ့ ဒီမိုကရေစီအရေး လုပ်ဆောင်နေတဲ့သူ၊
ကိုမင်းကိုနိုင်တို့ အဖွဲ့ကတော့ နအဖက ပေးမယ့် ဆွယ်လုံးအခွင့်အရေး၊
ပြည်ပထွက်ရင် ဘယ်လိုအခွင့် အရေး တွေ ရနိုင်မှန်းသိရက်နဲ့ ပြည်တွင်မှာ စစ်တပ်
ဖမ်းဆီးမှာကို ရဲရဲဝန့်ဝန့် အံတုပြီး လုပ်နေတဲ့သူတွေ῞ လို့ဖြေတော့
သူအားရကြေနပ်စွာပြုံးရင်း῝ ဒီလူတွေကို သူရဲကောင်းလို့ သတ်မှတ်ပြီး ခေါ်သင့်၊
လေးစားသင့် တဲ့ သူတွေ῞ မှတ်ချက်ချပြောဆိုပါတယ်။
သူရဲကောင်းနှင့် ပတ်သက်ပြီး လူတို့ အဓိပ္ပါယ်များစွာ ကျနော်တို့ မမွေးဖွားခင်
ရှေးဘုရှင်ဘုရင်ခေတ်များက အဓိပ္ပာယ်တွေ ဖွင့်ခဲ့ကြဖူးပြီဖြစ်ပါ တယ်၊
သူရဲကောင်းတွေကို ပြည်သူ တွေက အထူးချစ်ခေင် လေးစားခဲ့ကြ တာ၊ ကျနော်တို့
မသိမီလိုက်တဲ့ ပုဂံခေတ်ကနေ ဒီနေ့ခေတ်အထိ ပါ။လက်ရှိလဲ ကျန်စစ်သားမှအစပြုပြီး
ကြည်ညိုလေးစား ခံရဆဲ ဗိုလ်ချုပ် အောင်ဆန်းအထိ လူအများက လေးစားမြဲ လေးစားဆဲပါ၊
သူရဲကောင်းတွေဟာ နိုင်ငံတိုင်းမှာ ပေါ်ပေါက်ခဲ့ကြသလို မြန်မာနိုင်ငံမှာလည်း
မထင်မရှားသူရဲကောင်းတွေ ထင်ထင်ရှားရှား သူရဲကောင်းတွေ
များစွာရှိနေပါတယ်၊စစ်အာဏာ ရှင်စနစ် ၁၉၆၂ ခုနှစ် စတင်ခဲ့ပြီးနောက်မှာ
လွတ်လပ်မှု၊ မျှတမှု ငြိမ်းချမ်းမှု တို့အတွက် အညတြ သူရဲကောင်း တွေ များစွာ
အသက်ပေး၊ ဘ၀ပေးပြီး တိုက်ပွဲဝင်ခဲ့ကြတာ ရေတွက်လို့ ရနိုင်မယ်မထင်ပါ။
သူက ပြန်ခါနီး
နောက်သလိုနဲ့ စကားတခွန်းပြောပါတယ်၊
အခုပြည်ပရောက် နေသူဆိုတော့ ဒေါ်အောင်ဆန်း စုကြည်တို့၊ မင်းကိုနိုင် တို့အဖွဲ
့နဲ့ မြန်မာပြည်တွင်းက တိုက်ပွဲဝင် ရဲဘော်တွေကို
ခင်ဗျားက ချန်ခဲ့ထားခဲ့ပြီးပြီ၊ လက်နက်ကိုင်ဖူးတဲ့ တော်လှန်သူတဦးအနေနဲ့
ပြောရရင် ခင်ဗျား ပြည်ပထွက်လာတာ စစ်မြေပြင်နဲ့ တိုက်ပွဲကိုစွန့်ခွါမှုပဲ၊
သေဒဏ် ကျနိုင်တဲ့ ပြစ်မှု နော်လို့ ပြောပြီး၊ ပြန်လိုက်ဦးမယ် တိုက်ပွဲဝင်
ရဲဘော်ကြီးရေ ဆိုကာ နှုတ်ဆက်ပါတယ်။
သူက နောက်သလို
ပြောဆိုနေပမယ့် ကျနော့် ရင်ထဲမှာ ၀မ်းနည်းကြေကွဲအလုံး ဆို့နေပါတယ်၊ကျနော်တို့
ပြည်ပရောက် မြန်မာတွေ စစ်အစိုးရကို စီးပွါးရေးပိတ်ဆို့ဖို့ ၊မြန်မာ့ဒီမို
ကရေစီအရေးကိုကူညီဖို့ ဆန္ဒပြကြ၊ ဒေသခံနိုင်ငံသားတွေနဲ့လက်တွဲပြီး
မြန်မာ့အရေးလှုံ့ ဆော်ပွဲတွေ လုပ်ကြတယ် ဆိုတာက ပြည်တွင်းကတိုက်ပွဲဝင်
ရဟန်းပြည်သူ ကျောင်း သားတွေလို အနှိပ်စက်ခံ အရိုက်နှက်ခံ ၊ထောင်ကျမယ့်ဘေး၊
အသက်ဘေးတို့နဲ့ မနီးပါ။
တကယ့်အသေခံ
တိုက်ပွဲဝင်သူတွေက ပြည်တွင်းစစ်မျက်နှာမှာ ရှိပါကြောင်း၊ သူပေးလိုက်တဲ့
မြန်မာ့ဒီမို ကရေစီတိုက်ပွဲဝင် ရဲဘော်ကြီးဆိုတဲ့ အမည် လက်ခံထိုက်ရလောက် အောင်
အလုပ်အများကြီးလုပ်ဖို့ လိုပါသေးကြောင်း တွေးမိတိုင်း တာဝန်မကျေသေးတဲ့
ကိုယ့်ကိုကိုယ်
ပြည်တွင်း က နိုင်ငံရေးဆောင်ရွက်သူတွေနဲ့ ယှဉ်ကြည့်မိတိုင်း ရှက်မဆုံး ဖြစ်မိနေပါတော့တယ်။
ဖိုးသောကြာ(အညာမြေ)
ကနေဒါ
|