|
အနာ၈တ်အတွက် အသိအမှတ်ပြုခြင်း
၃
နာရီလောက်မောင်းနှင်ခဲ့ရတဲ့ နွေးနွေးထွေးထွေး မှန်လုံဘတ်စ်ကားကြီးက ဟီတာ
(တောင်ပေါ် နားနေ အပန်းဖြေ စခန်း)ကို ရောက်ပြီ။ ဟီတာက(Røros) ရားရို့ စ်မြို့ရဲ
့ အနောက်ဘက်ရေခဲ တောင်ကုန်းတွေပေါ်မှာရှိတာ၊ရားရို့ စ်မြို့ ကလေးရဲ့ အောက်တိုဘာ
လေက စူးစူးရှရှ အေး စက်လှ၊ တချက်တချက် လေအလှည့်မှာ ရေခဲ မဖြစ်သေးတဲ့
မြေပြင်ပေါ်က နှင်းမှုန်တွေ မျက်နှာကို ရိုက်ခတ်လိုက်၊ ဒါတောင်ဆောင်းရာ သီကို
မ၀င်သေးဘူး၊ ပြဒါးတိုင်ကိုကြည့် လိုက်တော့ အနှုတ်(- ၇)တဲ့။

ထရွန်ဟိုင်း(
Trondheim- နော်ဝေနိုင်ငံရဲ့  တတိယ မြို့ တော်) မှာနေတုံးက နှင်းတွေမရှိ၊
ရေခဲတွေမရှိ၊ ဒီမြို့ ကလေး ရောက်မှ တွေ့ ရတာ၊ ဒါတောင် ထရွန်ဟိုင်းနဲ့  ရာရို
့စ်က ကီလိုမီတာ ၁၀၀ ကျော်လောက်ပဲဝေးတာ၊ ရှေးဟောင်းမြို့ တော်ကေလးထဲက
ရှေးဟောင်း အဆောက် အဦး တွေ၊ ရှေးဟောင်း ကြေးနီသတ္တုတွင်း၊ အပူချိန်ကတော့
အနှုတ်နှစ်ဆယ်၊အနှုတ် နှစ်ဆယ့်ငါး၊( -၂၀၊ -၂၅ ဆောင်းတွင်းဆိုရင်) ။နော်ဝေအလယ်
ပိုင်း အဲဒီမြို့ ကလေးရဲ့  ပေါ်ပြူလာ၊ တိုးရစ်တွေလာကြ၊ ဒီဟီတာ မှာ နားအေးပါးအေး
အပန်းဖြေကြတဲ့ သူတွေ၊ ဒါကြောင့်လည်း ဟီတာကို ကျောင်းဘားဂျက်ကနေ
ဈေးကြီးကြီးနဲ့ ငှားလိုက် တာတဲ့ ၊ တနေ့ကို နော်ဝေငွေ ခရိုနာ တသောင်း
။အမေရိကန်ဒေါ်လာနဲ့ ဆို နှစ်ထောင့် ငါးရာ လောက်ကျ တယ်၊ (မြန်မာငွေနဲ့ ဆိုရင်
လက်ရှိ ပေါက်ဈေး ၁၂၀၀ကျပ် ၀န်းကျင်ပေါက်းဈေးနဲ့ ခန့် မှန်းကြည့်နိုင်ပါတယ်။)
တရက်ကို ၂၈ သိန်း လောက်ရှိမယ်ထင်တယ်၊ ဒါတောင်စားစရိတ်မပါသေးဘူး၊
ကိုယ်နားမယ့်
ဘန်ဂလိုတွေအပေါ် ပစ္စည်းတွေထားပြီးတော့ နေ့ လည်စာစားကြ၊ နေ့ လည်စာ စားနေတုန်း
ကျောင်းအုပ်ကားကလေး ရောက် လာတယ်၊ ကျောင်းအုပ်နဲ့ အတူ
နော်ဝေအမျိုးသမီးတဦး(အသက် ၅၀ ခန့် ) ဆင်းလာတာတွေ့ ရတယ်၊ နေ့ လည်စာစားပြီးတော့
သတ်မှတ်ထား တဲ့ လက်ချာခန်းမ (ဟောခန်းတခုကို ယာယီလုပ်ထားတဲ့
)အထဲကိုဝင်ရတယ်၊ကျောင်းအုပ်က အခုနက အမျိုးသမီးနဲ့ မိတ်ဆက်ပေးတယ်၊မြို့ တော်
အော်စလိုက လာတာတဲ့၊ အခုကျနော် အလုပ်လုပ် နေတဲ့ ကျနော်တို့ ကျောင်း (နေ
့ကလေးထိန်း ကျောင်း)က ဆရာ ဆရာမတွေ( နော် ဝေမှာတော့ ဆရာ၊ ဆရာမလို့ မခေါ်ပါဘူး၊
လူနာမည် အတိုင်းပဲ ခေါ် ကြပါတယ်) ကို လက်ချာပေးမယ့်သူတဲ့၊ သူမက ဟောမည် ပြောမည်၊
ကျနော်တို့ က အပြန်အလှန်ဆွေးနွေး ကြမည်၊ သင်တန်း လို့ ပဲခေါ်ခေါ်။ အလုပ်ရုံ
ဆွေးနွေးပွဲလို့ ပဲခေါ်ခေါ်။ဆွေးနွေးမယ့်ခေါင်းစဉ်က -ကလေး များကို
အသိအမှတ်ပြုခြင်း-အင်္ဂလိပ်လိုက(Recognize)
နော်ဝေလိုက အာနဲ ရှာနဲစတဲ ( Anerkjenne)
တဲ့။
ကလေးတယောက်
ရုတ်တရက် ချော်လဲသွားမယ်ဆိုရင် မနာပေမယ့် ကလေးက သူ့ ကို အသိ အမှတ်ပြု
စေချင်လို့ နာတယ်လို့ ဆိုပြီး အော်ငိုရင် မနာမှန်း သိပေမယ့်လဲ ကျမတို့ သူ့ ကို
ထူပေးရမယ်၊ သူလိုချင်တဲ့ အကြင်နာကို အသိအမှတ်ပြူတဲ့ အနေနဲ့  နာတယ်ဆိုတဲ့
နေရာကို လေ မှုတ်ပေးတာတို့  ပွတ်ပေးတာမျိုးတို့ လုပ်ရမယ်၊
ကလေးတယောက်
ပုံဆွဲတာပဲဖြစ်ဖြစ် ကစားစရာ အိမ်ဆောက်တာပဲဖြစ်ဖြစ် လုပ်နေရင် ကျတို့က
ဂရုတစိုက်နဲ့ သူတို့ ကို အသိအမှတ်ပြု တုန့် ပြန်ပေးရမယ်၊ သူတို့ ရဲ
့စဉ်းစားမှုနဲ့  လုံ့ လ ကြိုးစားအားထုတ်မှု ကို အသိအမှတ်ပြုပေးတဲ့ သဘောပဲ၊
အဲဒါကို လစ်လှူ ရှုတယ်ဆိုရင် ကလေး တွေရဲ့ ကြံဆမှုကို တား ဆီး
ပိတ်ပင်လိုက်တာနဲ့  အတူတူပဲ၊ဌာနခွဲ ခေါင်းဆောင်တွေ အနေနဲ့  လက်ထောက်တွေရဲ့ 
လုပ်ငန်းခွင်ကြံဆမှုနဲ့ အကြံ ပေးဆွေးနွေးမှုကို မှားသည်ဖြစ်စေ
၈ရုတစိုက် အသိအမှတ်ပြုပါ၊
(၂)

အဲဒီလိုနဲ့ 
အာနဲ ရှာနဲစတဲ (Anerkjenne)
လက်ချာက အပြန်အလှန်ဆွေးနွေးခဲ့တာ နှစ်ရက် ကြာသွားတယ်၊ လူလည်း နားထောင်ရ၊ တတ်
သလောက်မှတ် သလောက် ပြောရနဲ့  အတော်လေး ပင်ပန်းသွားတယ်၊ အိမ်ရောက်တော့ ခြေပစ်
လက်ပစ်ပဲ။
သင်တန်းပြီးတော့ အိပ်မက်တခု မက်ဖြစ်တယ်၊ ရာရို့က ဟီတာမှာ အာနဲ ရှာနဲစတဲ (Anerkjenne)
အလုပ်ရုံဆွေးနွေးပွဲ လုပ်တယ်တဲ့။ အဲဒီ ဆွေးနွေးပွဲက နော်ဝေလိုမပြောဘဲ
မြန်မာလိုပြောကြသတဲ့၊ ဗိုလ်သန်းရွှေလည်းပါတယ်၊ ကျနော်တို့ အတိုက်အခံ
ခေါင်းဆောင်တွေ လည်း ပါတယ်၊ ဆွေးနွေးမှာ ပြောဆို ဆွေးနွေးမယ့်
အချက်အလက်အားလုံးကို ဗိုလ်သန်းရွှေက ခေါင်းခါပြနေတယ်၊ကျနော်တို့ ခေါင်းဆောင်တွေ
အလှည့်မှာ ကျနော် အိပ်ယာက နိုးသွားတယ်။
သက်ပိုင်
၃၀-၃-၂၀၀၈
|