သတင်း  နိုင်ငံတကာသတင်း    ဆောင်းပါး     ရသ    သုတ    ရင်ဖွင့်သံ   သူ့အမြင်    ကဗျာ  ဟာသ   ကာတွန်း   ကမ္ဘာတလွှားမြန်မာများ  ပြည်သူ့စစ်သည်ရေးရာ

 

ဒို့များလည်းပဲ ပြောချင်ပ

မြန်မာထိုင်း ၀န်ကြီးချုပ်ပြုတ်များ

မြန်မာနိုင်ငံမှာ ဘာဖြစ်နေတယ်ဆိုတာ ပြည်တွင်းက လူတွေက ပိုသိမှာပဲလို့  ရေဘူယျအားဖြင့် ပြောကြမှာပဲ၊ အဲဒါမှားတယ်ရှင့်၊ကျမကို သူငယ်ချင်းတွေက ကွယ်ရာမှာ ဘီဘီစီ လို့ နောက်ပြောင် ခေါ်ကြပေမယ့် သူတို့ ကျမပြောတာ နားမထောင်ပဲလဲ မနေနိုင်ကြပါဘူး၊ အခုလည်း ကျမ ပြည်ပကို ဈေးဝယ်ရောက်နေတုန်း ကျမပြောတာ နားထောင် ရအောင် ရောက်နေကြပါပြီ၊ ကျမဘယ်က စပြောရမလဲ၊  ပြည်တွင်းမှာတော့  အများစုက စစ်အစိုးရက ထုတ်ဝေတဲ့ မုသာဝါဒ နဲ့ ဒီမိုကရေစီလိုလားတဲ့သူတွေ၊ ဒီမိုကရေစီ လှုပ်ရှားတဲ့ ကျောင်းသားတွေ ဒီမိုကရေစီ ကိုထောက်ခံ အားပေးတဲ့ အနောက်နိုင်ငံတွေကို ကလော်တုတ်တဲ့ အမနာပ သတင်းတွေကများတယ်၊

ဝေးဝေးမကြည့်နဲ့၊ ထိုင်းနိုင်ငံကို နမူနာထားပြောကြရအောင်၊ နအဖစစ်အစိုးရက သူတို့အကြိုက် ထိုင်းက လိုက်ပြောရင် အိမ်နီးချင်းကောင်း မိတ်ဆွေ ထိုင်းနိုင်ငံတဲ့၊ သူတို့ ခိုင်း တာမရရင်၊ သူတို့ နဲ့ နဲနဲလေး ဆန့်ကျင်မိတယ်ဆိုရင် ယိုးဒယားတဲ့ အခေါ်အဝေါ်ချင်ချင်းပြောင်းပြစ်လိုက်တယ်၊ ကျောင်းစာအုပ်တွေမှာဆိုရင် ထိုင်းနိုင်ငံ မကောင်းကြောင်း၊ ဘယ်ဘုရင်လက်ထက်က ထိုင်းကိုဘယ်လို နိုင်လိုက်ကြောင်းတွေတောင် ပြဌာန်းပြီး အသင်ခိုင်းလိုက်သေး။

၊မြန်မာ့အသံက တီဗွီသတင်းရိုက်ရင် အမြင်လှအောင် မိတ်ကပ်လိမ်းလေ့ရှိလို့  အန်တီညွန့်လို့ ကျောင်းသားတွေက ခေါ်ကြတဲ့ ဗိုလ်ချုပ် ခင်ညွန့် လက်ထက်ကဆို အဆိုးဆုံးပေါ့၊ ထိုင်းကို နာမ်နှိမ်ဖို့တဲ့။ဘုရင့်နောင် ရုပ်ထုတွေ မြန်မာနယ်စပ်မြို့တွေမှာ အထုခိုင်းပြီး ထားလိုက်သေး၊ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို နာမ်နှိမ်ဖို့ လုပ်တာတွေလဲ ကြားလိုက် ရတာ မျိုးစုံပဲ၊ ရွှေတိဂုံစေတီတော် ထီးတော်တင်တုံးကဆိုရင် သူကိုယ်တိုင် ရွှေတိဂုံဘုရားပေါ်တက်ပြီး ဘိုးတော်တိမ်ကြားသန်းလှ အကူအညီနဲ့ ယတြာလုပ်တာတဲ့တော့။

လုပ်ပုံက ဘုရားထိပ်မှာ ဖယောင်းနဲ့ ဒေါင်းပုံတပုံလုပ်တယ်၊ ရွှံ့ နဲ့ ခြင်္သေ့ပုံတပုံလုပ်ပြီးတင်ထားသတဲ့။ သဘောကတော့ နေပူရင် ဖယောင်းရုပ်ခွပ်ဒေါင်းက အရည်ပျော်ပြီး ပျက်သွားမယ်၊ ရွှံ့ က နေပူပြီးမာမယ်၊ အကောင်းပကတိဖြစ်ပြီး တည်မြဲမယ်ပေါ့၊ ဖြစ်ချင်တော့ အဲဒီနေ့ မိုးလဲ မထင်မှတ်ဘဲ ရွာချလိုက်ရော ရွှံ့ ရုပ်က အရည်ပျော်သွားပြီး ဖယောင်းက အအေးဓါတ်ကြောင့် ပိုမာပြီး မပျက်မစီး ကျန်ခဲ့သတဲ့လေ။

ထီးတော် တင်ပြီးဘယ်ကြာလို့တုန်း၊ အန်တီညွန့် တယောက် မြွေခြောက်ကိုက်ပြီး ရာထူးပြုတ်၊ နေအိမ် အကျယ်နန်းမှာ ဆိုင်းငံ့ထောင် ဒဏ် (၄၄) နှစ်တဲ့ အချခံလိုက်ရ ပါရောလား။

အခုပြောချင်တာ အဲဒီအန်တီညွန့်အကြောင်း၊သူက ထောင်ကျ တယ်တာဆိုတယ်၊ အခုဟိုမှာ ဒီမှာ သူတို တွေ့မြင်နေကြရပြီ၊ အကန့်အသတ်နဲ့  အပြင်ထွက်ခွင့်ပေးတားသတဲ့၊ လွန်ခဲ့တဲ့ နှစ်က ရန်ကုန်မှာ ကမ္ဘာအေးမှာ ရှိတဲ့ မဟာဂန္စာရုံဆရာကျောင်းတိုက်က တိပိက ဆရာတော် ဦးသုမင်္ဂလ ပျံတော်မူတုန်းက ဈာပနပွဲကို ရုပ်ဖျက်ပြီးလာလိုက်သေး ဆိုပဲ၊ တွေ့တဲ့ လူတွေက အန်တီညွန့် ဘယ်လိုရုပ်ဖျက်ပေမယ့် ဒင်းရုပ်ကို ခွေးချီသွာေးတာင်မှတ်မိနေကြပါတယ်။

 အခုလည်း ခင်ဝင်းရွှေ တယောက် ရွှေတိဂုံပေါ်လာပြီး ကောင်းမှုကိုလ်လုပ်ခွင့်ရလို့ ဘာညာလှူ တာတွေ လာလုပ်တာ တွေ့တဲ့ လူတွေက တွေ့ကုန်ကြပြီ၊ အန်တီညွန့်ကတော့ သူကောင်းစားစဉ် အခါက တည်ဆောက်ခဲ့ သန်လျင်ကဖားအောက် ဓမ္မတောရမှာ တရားလာအားထုတ်နေသတဲ့ တော်ရေ့ ။အေးလေ- သူက အလုပ်မလုပ်လဲ တိုင်းပြည် အပေါ်က ခိုးထုပ်ခိုးထည်တွေ ဖွင့်ပြီး အေးအေးဆေးဆေး စားနိုင် နေနိုင်လောက်ပြီပေါ့။

အံမယ်။ အံမယ် -အန်တီညွန့်က အခု အသက် (၆၉)နှစ် ရောက်နေပြ၊ီဆိုတော့ တရားရတဲ့ ပုံစံနဲ့ နှုတ်ခမ်းမွှေး ပါးသိုင်းမွှေးတွေတောင် မရိတ်ထားဖူးဆိုပဲ၊ ကိုင်းဒီသတင်းတွေ အနဖ သတင်းစာမှာပါတယ်လို့ ကြားဖူးလား၊ တလောတုံးကလဲ ဗိုလ်ချုပ် ရွှေမန်းသား အောင်သက်မန်းတို့ ကိုတေဇတို့ စတဲ့ စစ်ဗိုလ်ချုပ် အသိုင်းအ၀ိုင်း တွေ ဒါဇင်နဲ့ချီပြီး အမေရိကန်က စီးပွါးရေးပိတ်ဆိုသတဲ့၊ နောက်ဆက်တိုက်ဆိုသလို လော်စစ်ဟန် မိသားစုပိုင် စင်္ကာပူက ကုမ္ပဏီ (၉)ခုရယ် မြန်မာနိုင်ငံထဲမှာရှိတဲ့ အေရှဝေါတို့ ၊အေရှလိုက်ဖ်တို့ ဆိုတဲ့ စားကွက်တွေနဲ့ ဆိုင်တဲ့လုပ်ငန်းတွေ အမေရိကန်က ဘလက်လစ်စ် စာရင်းထပ်သွင်းလိုက်ပြန်ပြီလေ၊ သူတို့က ငြင်းပေမယ့် တဖက်က အထောက်အထားသိပ်ခိုင်တယ်၊ လော်စစ်ဟန်သား မင်္ဂလာဆောင်ကို ၀န်ကြီးအဆင့် စစ်ဗိုလ်ချုပ် (၈)ယောက်တောင်သွားသတဲ့၊ ထိုင်းနိုင်ငံထုတ် သတင်းစာတွေ၊ စင်္ကာပူနိုင်ငံထုတ် သတင်းစာတွေနဲ့  မြန်မာ့ ဒီမိုရေစီအင်အားစု အင်တာနက် စာမျက်နှာတွေမှာ ဖော်ပြထားတာ တွေ့ရတယ်၊ ဒီတော့ မဟုတ်ရင် ငြင်းကြလေ၊ ဘယ်ငြင်းရဲမှာလဲ၊ ငြင်းလိုက်ရင် တဖက်က ဘိန်းရာဇာ တွေနဲ့ ဘယ်လို ကွန်တက်ဖြစ်ပြီး ဘယ်လို စီးပွါးရေး ရှယ်ယာ လုပ်ထားတာတွေ တိုင်းသိပြည်သိ ဖြစ်မှာစိုးတော့ ငြိမ်နေရတာပေါ့၊

သူတို့က ပြည်တွင်းကလူတွေနား၊မျက်စိ၊ ပါးစပ်တွေဇွတ်အတင်းပိတ်ပြီး ဘိန်းရာဇာ ခွန်ဆာကို အကာအကွယ်ပေးလိုပေး၊ ဘိန်းက၀င်ငွေတွေနဲ့ အကျိုးတူစီးပွါးရေးလုပ်ပြီး ချမ်းသာနေကြ သလောက်ပြည်သူတွေမှာဖြင့် ဖွတ်ကြောပြာစု ဖြစ်နေလိုက်ကြတာ၊ အောင်မယ် -ရှင်က မြန်မာပြည် ဆင်းရဲတာ မယုံဖူးလား၊ တိုင်းပြည်ချမ်းသာရင် ရှင်တောင် အခုလို နိုင်ငံခြားမှာ လာအလုပ်လုပ်ရတဲ့ ဘ၀ ရောက်မှာ မဟုတ်ဖူး၊ အရင်တုန်းက အရှေ့ တောင်အာရှက ကျောင်းသားတွေ မြန်မာနိုင်ငံ လာပြီး ရန်ကုန်တက္ကသိုလ်မှာ ကျောင်းလာ တက်ကြရတာတဲ့၊ ပြီးတော့ ထိုင်းလူမျိုးတွေ၊ အိန္ဒိယက လူတွေ မြန်မာနိုင်ငံမှာလာလုပ်ရတာ၊ လွတ်လပ်ရေးရပြီးစကဆိုရင်  ဂျပန်တွေတောင် မြန်မာနိုင်ငံမှာ လာလုပ်ခဲ့သူတွေ တောင်ရှိကြ ပါတယ်၊

အခုတော့ မြန်မာနိုင်ငံသားတွေ အဖြစ်က ပြောင်းပြန်ဖြစ်လိုက်သမှ မြင်မကောင်းအောင် ဇောက်ထိုးမိုးမျှော်ကြီးပါရှင်၊

ဟဲ့ဟဲ့ -ဟိုစာဂျပိုး ။ နင် စာရေးရင်  ငါ့နာမည်လေးတော့ ပြောင်းရေးဖို့ မမေ့နဲ့နော်။

(ဆက်ပါဦးမည်)                 နော်လီမိုင်

 

မူလ ဆောင်းပါးများသို့ 

Suggestions & Comments: webmaster@hittaing.org