|
တောင်ကိုရီးယား ကို လာချင်သလား

ကိုရီးယားကိုလာချင်တဲ့ မြန်မာညီအစ်ကိုတွေကို ဆက်ပြီးကိုရီးယားနဲ့ဆိုင်တဲ့
အကြောင်းလေးတွေကို ဆက်လက်ဖော်ပြချင်တာနဲ့ ဒီဆောင်းပါးကို
ဆက်ရေးလိုက်ပါတယ်။ ကိုရီးယားကို ပွဲစားတွေနဲ့ လာမဲ့ ကိစ္စတွေကို
အရင်ဆောင်းပါးမှာ ဖော်ပြခဲ့ဘူးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု
ကိုရီး ယား မှာ
တရားမ၀င်(over stay)နေထိုင်တဲ့သူတွေကို အရမ်းနှိမ်နင်းဖမ်းဆီးနေပါတယ်။
အခုကိုရီးယားမှာ နည်းမျိုးစုံနဲ့ နေထိုင်လုပ်ကိုင်
နေကြ တဲ့ နိုင်ငံခြား
သားပေါင်း ၁၀သိန်းကျော် ရှိနေပါပြီ။ အဲဒီထဲမှာ တရားမ၀င်(over stay)
နေထိုင်တဲ့သူပေါင်း ၂သိန်း၂သောင်းကျော်ရှိပါတယ်။
နိုင်ငံခြားသားပေါင်း ၁၀သိန်းကျော်ထဲမှာတော့ မြန်မာက အနည်းစုပဲရှိပါတယ်။
၄၀၀၀ကျော်လောက်ပဲရှိပါတယ်။ အခုဆိုရင် မြန်မာတွေထဲက
တရားမ၀င် (over stay) နေကြတဲ့ သူတွေထဲကနေ
အဖမ်းခံရပြီး ပြည်တော်ပြန်ကြရတဲ့သူတွေလည်း မနည်းဘူး။ ပြီးခဲ့တဲ့
နိုဝင်ဘာလ ၂၈ ရက်နေ့က ကိုရီးယား
အလုပ် သမားဝန်ကြီးနဲ့
မြန်မာအလုပ်သမားဝန်ကြီးတို့
memorandum of
understanding
(MOU) စာချုပ်မှာ
တရားဝင် လက်မှတ်ထိုးပြီးသွားပြီလို့ ကိုရီးယားအလုပ်
သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ (MOU)
စာချုပ်
ချုပ်ပြီးသွားတဲ့အတွက် အမြန်
ဆုံးအကောင်အထည်ဖော်မယ်ဆိုရင် လာမယ့်နှစ် ၂၀၀၈ခုနှစ် မေလလောက်မှာ မြန်မာပြည်က
အလုပ်သမားတွေ အလုပ်သမား အသုံးပြုခွင့်
စနစ်(EPS)
employment
permit system
နဲ့ ကိုရီးယားကို တရားဝင်လာပြီး
အလုပ်လုပ်နိုင်တော့မှာဖြစ်ပါတယ်။
ဒါပေမယ့် အလုပ်သမားအသုံးပြုခွင့်စနစ်(EPS) အရ ကိုရီးယားဘာသာစာမေးပွဲ(EPS-KLT)
စာမေးပွဲကို အောင်မြင်ရမှာဖြစ်ပါတယ်။ ကိုရီးယား
နိုင်ငံမှာ အသုံးပြုတဲ့ အလုပ်သမားအသုံးပြုခွင့်စနစ်(EPS)အရ
အလုပ်သမားဝန်ကြီးဌာန အချင်းချင်းဆက်သွယ်ပြီး အလုပ်လုပ်ရမှာ ဖြစ်ပေမယ့်
မြန်မာပြည်ဖက် ကတော့
ရွှေအင်းဝကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးထားတာဖြစ်ပါတယ်။
ကိုရီးယားကိုလာမယ့်သူများအတွက်
ကိုရီးယားနိုင်ငံသားတွေရဲ့ ယဉ်ကျေးမှု အကျင့်စရိုက်လေးတွေ ထဲက
သိသင့်သိထိုက်တာလေးတွေနဲ့ ကိုရီးယား
နိုင်ငံကိုရောက်ပြီး အလုပ်လုပ်နေကြတဲ့ မြန်မာတွေရဲ့ အကြောင်းလေး အနည်းငယ်ကို
ပြောပြချင်ပါတယ်။ ကိုရီးယားလူမျိုးတွေဟာ တစ်ယောက်နဲ့ တစ်ယောက် တွေ့ရင်
မင်္ဂလာပါလို့ နှုတ်ဆက်တတ်တဲ့ အလေ့အကျင့်ရှိပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့(good
morning) ပေါ့ ဗျာ။
ဘာဖြစ်လို့ဒီဟာကို
ရေးကြီးခွင်ကျယ်လုပ်ပြီးထည့်ရေးရလည်းဆိုရင်ကျွှန်တော်တို့မြန်မာလူမျိုးတွေတော်တော်များများဟာ
တစ်ယောက်နဲ့ တစ်ယောက်
မင်္ဂလာပါဆိုတဲ့ နှုတ်ခွန်း
ဆက်စကားဟာကျောင်းစာသင်ခန်းတွေထဲမှာနှုတ်ဆက်
တတ်ကျပါတယ်။ အပြင်မှာ
နှုတ်ဆက်တတ်တဲ့ အကျင့်စရိုက်မရှိလို့
ထည့်ရေးလိုက်ရတာပါ။
နောက်ပြီးကိုရီးယားလူမျိုးတွေဟာဘာပဲလုပ်လုပ်မြန်မြန်လုပ်တတ်ကျပါတယ်။

ကိုရီးယားလူမျိုးတွေဟာကိုယ့်ထက်ကြီးတဲ့သူကိုရိုသေလေးးစားရမယ်၊ကိုယ့်ထက်ကြီးတဲ့သူကပြောတဲ့
စကားကိုနားထောင်ရမယ်ဆိုတဲ့ဓလေ့ဟာ ကျွှန်တော်
တို့မြန်မာတွေထက်ပိုပါတယ်။ဥပမာကျွှန်တော်တို့မြန်မာတွေ
ကိုယ်နဲ့အသက်အရွယ်ကွာပေမယ့် သူငယ်ချင်းလို
ပေါင်းသင်းဆက်ဆံ ကြတာ
ရှိပါတယ်။ ကိုရီး
ယား လူမျိုးတွေမှာမရှိသလောက်ပါပဲ။
ကိုရီးယားမှာရှိတဲ့မြန်မာတွေအကြောင်းကိုနည်းနည်းပြောပြချင်ပါတယ်။
ကိုရီး ယားကို
လာမယ့် ညီအစ်ကိုတွေ
အထူး သဖြင့်တရားဝင်နည်းလမ်းနဲ့လာမယ့်
ညီအစ်ကိုတွေပိုပြီး သိစေချင်ပါတယ်။
မြန်မာပြည်ကနေလာရင် ကိုရီးယား
မှာရှိတဲ့မြန်မာအဖွဲ့အစည်းတွေနဲ့ မပတ်သက်
မဆက်နွယ်ဖို့ ဆုံးမသြ၀ါဒတွေပေးမယ်ဆိုတာကို
အရင်ဆောင်းပါးမှာတုန်းက ဖော်ပြခဲ့
ဘူးပါတယ်။
မြန်မာပြည်ကနေအစိုးရရဲ့ခွင့်ပြုချက်နဲ့ကိုရီးယားကိုလူလွှတ်တဲ့ကုမ္ပဏီတွေရှိခဲ့ဘူးပါတယ်။အရင်တုန်းကတော့သင်တန်းသား
စနစ်နဲ့ပေါ့ ။
မာတီဂိတ် ကုမ္ပဏီ၊
ထွန်းဦး
ကုမ္ပဏီ၊ဒေါက်တာဇော်မင်း၊ရွှေအင်အားကုမ္ပဏီစတဲ့
ကုမ္ပဏီတွေနဲ့ကိုရီးယားကို
လူတွေပို့ပါတယ်။ဒါပေမယ့်အဲဒီ ကုမ္ပဏီတွေ
အားလုံး ဟာလည်း
ပွဲစားကုမ္ပဏီတွေပါ။အကျိုးဆောင်ကုမ္ပဏီတွေမဟုတ်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ ကျွှန်တော်သိထားတဲ့
အကျိုးဆောင်ဆိုတာ မိမိအကျိုး
ဆောင်ပေးတဲ့ လုပ်ငန်းကိစ္စတစ်ခုကို
ဆုံးခန်းတိုင်အောင်ဆောင်ရွက်ပေးတာအကျိုးဆောင်လို့သိထားလို့ပါ။
အဲဒီကုမ္ပဏီတွေကတော့အဲဒီလိုမဟုတ်ဘူးဆိုတာအဲဒီကုမ္ပဏီတွေနဲ့ကိုရီးယားကိုလာခဲ့ကြတဲ့ညီအစ်ကိုတွေကနေ
တဆင့်သိခဲ့လို့ပါပဲ။ အခု
ရွှေအင်းဝ ဆိုတဲ့
ကုမ္ပဏီကတော့ ဘယ်လိုလာအုံးမယ်ဆိုတာတော့
ပြောလို့မရသေးဘူး။စောင့်ကြည့်ရအုံးမှာပေါ့။ကိုရီးယားမှာ
မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတွေရဲ့
အကျိုး ကိုဆောင်ရွှက်ပေး
နေတဲ့မြန်မာ အဖွဲ့အစည်းတွေရှိပါတယ်။
ကိုရီးယားကိုရောက်လို့ရှိရင်
အဲဒီအဖွဲ့အစည်း တွေနဲ့
ဆက်သွယ် အကူအညီတောင်း
ဖို့အကြံပေး
လိုပါတယ်။ကိုရီးယားကိုတခြားနည်းလမ်းနဲ့လာပြီးတရားမ၀င်(over stay)နဲ့လာပြီး
အလုပ်လုပ်ကြတဲ့ သူတွေ
အချင်းချင်း အလုပ်ရှာပေး
ကြတဲ့ အခါ
တချို့ နိုင်ငံ
တွေမှာလို အလုပ်ပွဲစားမရှိပါဘူး။
အချင်းချင်းကူညီကြပါတယ်။
အခုဆိုရင်ကိုရီးယား
မှာမြန်မာလူဦးရေတာနည်းတာမြန်မာအစား အစာ
တော်တော် စုံစုံ
စားလို့ ရပါတယ်။ယုတ်စွအဆုံးကွမ်းယာ
ကြိုက်တဲ့ညီအစ်ကိုတွေ အတွက်
ဆိုရင် ကွမ်းယာတောင်
ဝယ်စားလို့ရပါတယ်။ ဈေးတော့
ကြီးတာပေါ့အခုကွမ်းတစ်ရာ
ကိုရီးယားဝမ်(၃၀၀)ပေးရပါတယ် ။မြန်မာငွေနဲ့ဆိုရင်
၄၀၀လောက်ပေါ့။
ကိုရီးယားကိုလာပြီးပင်ပင်ပမ်းပမ်းအလုပ်လုပ်ပြီး
သုံးဖြုံးလို့ကတော့အိမ်ကတောင်ပြန်မှာ
သုံးရလိမ့်မယ်။မြန်မာတွေအချင်းချင်း
ရိုင်းပင်းကူညီတဲ့ လူတွေ
ရှိသလို အချင်းချင်းခေါင်းပုံဖြတ်ချင်တဲ့
စီးပွားရေး သမား
အချို့လည်းရှိပါတယ်။
ကိုရီးယားမှာမြန်မာပြည်လိုပဲဘောလုံးပွဲ၊
ချဲထီလောင်း ကစားလုပ်လို့ရ
ပါ တယ်။
တချို့ဆိုအဲဒီလောင်းကစားတွေလုပ်လို့
လစာထုတ်ရင်ကုန်ပါလေရော။
ကိုရီးယားမှာပုံမှန်ကိုရီးယားထမင်း တစ်နပ်ကို
ဝမ်၄၀၀၀ကနေ ၅၀၀၀
ရှိပါတယ်။မြေအောက်ရထား(subway)တို့မြို့တွင်းပြေးဘတ်စ်ကားခကတော့အနည်းဆုံးဝမ်၁၀၀၀ကနေစပါတယ်။

သွားတဲ့လာတဲ့အခါမှာ ခရီးစရိတ်
သက်သာဖို့အတွက် ခရီးသွားကဒ်တွေ
ဝယ်ထားသင့်ပါတယ်။
ခရီးသွားကဒ်တွေကိုနီးစပ်ရာ ဘစ်စ်ကား
မှတ် တိုင်တွေမှာ
ရှိတဲ့ဈေးဆိုင်လေးတွေမှာရောင်းပါတယ်။ခရီးသွားကဒ်အသုံးပြုမယ်ဆိုရင်မြေအောက်ရထား
(subway)ပဲစီးစီး ဘစ်စ်ကားပဲစီးစီး
ဆိုးလ်မြို့နဲ့နီးစပ်ရာ
မြို့တွေမှာဆိုရင်ဈေးသက်သာပါတယ်။ ဆေးလိပ်
သောက်တတ်တဲ့သူအတွက်ဆိုရင်
ကိုရီးယားဆေးလိပ်တစ်ဘူးကို အနည်း
ဆုံးဝမ်၂၀၀၀တန်ကနေ
စပြီးရှိပါတယ်။အရက်သောက်တတ်တဲ့ ကိုကိုတို့အတွက်
ကတော့ကိုရီးယားအရက်(ဆိုဂျုး) တစ်ပုလင်းကို
ဝမ်၁၁၀၀ပါ။ ရုပ်ရှင်ရုံမှာ
အပျင်ပြေရုပ်ရှင်ကြည့်
ချင်တယ် ဆိုရင်တော့ရုပ်ရှင်တစ်ကားကို
ဝမ်၁၂၀၀၀ကျော်ပေးရပါတယ်။ အပျင်းပြေ
ကာရာအိုကေဆိုမယ် ဆိုရင်တော့
တစ်နာရီကိုဝမ်၁၄၀၀၀ပေးရ ပါ
တယ်။ အဲဒါရိုးရိုးနော်၊
မိန်းခလေးအဖော်နဲ့မှ ဆိုချင်တယ်ဆိုရင်တော
့နောက်ထပ်တစ်နာရီကို
ဝမ်၂၀၀၀၀သောင်းထပ်ပေးရပါလိမ့်မယ်။ အဲဒီထက်
ဆန်းချင်တယ်
ဆိုရင်တော့ ၀မ်သိန်းဂဏန်း
ကုန်မှာပေါ့ဗျာ။ ဆန်းသထက်
ဆန်းချင်ရင် တော့
အိမ်ကသာပြန်မှာပေတော့။
အရင်ဆောင်းပါးကိုဖတ်ပြီးကျွှန်တော့ဆီကိုအီးမေးလ်ကနေမေးမြန်းတာတွေရှိပါတယ်။အဲဒီအထဲမှာတချို့ဆိုပွဲစားတွေကိုစရံတွေပါတွေပေးထားပြီး
ပြီ။ မြန်မာပြည်မှာ
ဘာလုပ်ငန်းလုပ်တတ်လို့ကိုရီးယားမှာအဲဒီတတ်တဲ့အလုပ်မျိုးရမယ်ဆိုပြီးပွဲစားကပြောတယ်တဲ့။
အဲဒါမျိုးတွေ လုံးဝမယုံပါနဲ့။
ကိုရီးယား
မှာစင်္ကာပူလိုဘာပညာတတ်ရင်ဘာအလုပ်ရမယ်ဆိုတဲ့အလုပ်မျိုးအခုအချိန်အထိမရှိသေးပါဘူး။
အရင်ဆောင်းပါးမှာရေးထားဖူးသလိုပဲ
ကိုရီးယားမှာ လာပြီး
အလုပ်လုပ်မယ်ဆိုရင် ဘယ်အလုပ်ပဲဖြစ်ဖြစ်
ဒေါင်ကျကျ ပြားကျကျလုပ်မယ်
ဆိုတဲ့ စိတ်ရှိရင်ရပါတယ်။
ပညာအရည်အချင်းကတော့ ကုန်ကုန်
ပြောရရင် သူငယ်တန်းမအောင်လည်း
ကိုရီးယားကိုအလုပ်လာလုပ်လို့ ရပါတယ်။
ကိုရီးယားမှာကဘွဲ့တွေ တသီကြီးရလာတဲ့
ပညာတတ်ပဲဖြစ်ဖြစ်။ အတန်း
ပညာ
မတတ်သူပဲဖြစ်ဖြစ်အလုပ်လုပ်မယ်ဆိုရင်တော့
အတူတူပါပဲ။ ကွာခြားတာတစ်ခုတော့ရှိမယ်။
ကိုရီးယားဘာသာစကား နားလည်ရင်တော့
သက် တောင့်သက်တာဖြစ်မယ့်
အလုပ်မျိုးတွေရှာလုပ်လို့ ဖြစ်နိုင်
မယ်။ဒါတောင်အစိုးရအစီအစဉ်နဲ့
လာတဲ့သူတွေကတော့ အဲဒီအစီအစဉ်က
ချပေးတဲ့ အလုပ်တွေမှာပဲ
လုပ်ရတာများပါတယ်။ ကိုရီးယားကို
အလုပ်လာလုပ်မယ်သူတွေအတွက်
အဓိကလိုအပ်ချက်ကတော့ ဘာအလုပ်ပဲဖြစ်ဖြစ်
လုပ်မှာပဲ ဆိုတဲ့စိတ်ရှိရပါမယ်။
အတတ်နိုင်ဆုံး ကိုရီးယား
ဘာသာစကားကို လေ့လာပါ။
အခုဆိုရင်မြန်မာပြည်
ရန်ကုန်နဲ့မန္တလေးမြို့တွေမှာ ကိုရီးယား
ဘာသာ အရည်အချင်းစစ်စာမေးပွဲတွေတောင်
ဖြေလို့ရနေတယ်လို့ သိရပါတယ်။
နောက်တစ်ခုက အခုကိုရီးယားကိုရောက်လာ
နေတဲ့မြန်မာ မိန်းခလေးတွေ
အနည်းအကျဉ်းရှိပါတယ်။ တချို့က
ကျောင်းဗီဇာတွေနဲ့ လာကြတ
ဲ့သူတွေ ရှိသလို
များသောအားဖြင့်ကတော့ တခြားနည်းလမ်းတွေနဲ့
လာကြပါတယ်။
ကိုရီးယားကိုအလုပ်လာလုပ်တဲ့
မိန်းခလေး တော်တော်များ
များကတော့ ပွဲစားတွေနဲ့လာကြတာတွေပဲပေါ့။
ကိုရီးယားလာဖို့ပြင်ဆင်နေကြတဲ့
အစ်မ၊ညီအစ်မတွေကိုတစ်ခုပြောပြချင်ပါတယ်။
အခုကိုရီးယားမှာမြားနတ်မောင်ကုမ္ပဏီတွေရှိပါတယ်။အဲဒီကုမ္ပဏီတွေလုပ်တဲ့အလုပ်ကကိုရီးယားမှာဒီတစ်သက်မိန်းမမရနိုင်တော့တဲ့သူတွေနဲ့
တခြား
နိုင်ငံသူတွေကိုပေးစားတယ်။အခုဆိုရင်ဗီယက်နာမ်၊ဖိလစ်ပိုင်၊ထုင်း၊ကမ္ဘောဒီးယားစတဲ့အရှေ့တောင်
အာရှနိုင်ငံသူတွေအများကြီးပါ။
အဲဒီထဲမှာမြန်မာ အမျိုးသမီးတချို့လည်းပါပါတယ်။
အခုမြန်မာပြည်မှာကိုရီးယားကိုအရမ်းအထင်ကြီးနေတဲ့အတွက်
ကိုယ့်မြန်မာအမျိုးသမီးတွေ ဘ၀ရေတိမ်
နစ်မှာ စိုးရိမ်လို့ပါ။တစ်ကယ်
ချစ်လို့ကြိုက်လို့ အိမ်ထောင်ပြုကျတဲ့သူတွေ
ရှိပေမယ့်တော်တော်များများကတော့
ပေးစားခံရတာပါ။ ပေးစားတဲ့ကိုရီးယား
ယောင်္ကျားတွေက များသောအားဖြင့်ကိုရီးယားရဲ့
တောနယ်က လူပျိုသိုးကြီးတွေ
ဖြစ်ချင်ဖြစ်မယ်။ မြို့ပေါ်ကဆိုရင်လည်း
အိမ်ထောင်ကွဲထားတဲ့သူ၊
အဲဒီလိုလူမျိုးတွေများပါတယ်။

ကိုရီးယားပဲ
ပိုက်ဆံချမ်းသာမှာပဲဆိုပြီးအထင်ကြီးပြီးကိုရီးယားလိုက်လာရင်တော့မှားဖို့ကများပါလိမ့်မယ်။အဲဒီလိုတစ်ခြားနိုင်ငံသူတွေကို
ပွဲစား တွေ ကနေ
တစ်ဆင့်အိမ်ထောင်ပြုတဲ့သူတွေထဲမှာပိုက်ဆံချမ်းသာတဲ့သူမရှိသလောက်ပါပဲ။အဓိကကတော့အထင်မကြီးမိဖို့ပေါ့။
ပြီးခဲ့တဲ့နှစ်ကကျွှန်တော့ဆီကိုကိုရီးယားတစ်ယောက်မြန်မာစကားသင်ချင်လို့ဆိုပြီးအကူအညီတောင်းပါတယ်။ဘာလုပ်ဖို့
သင်မှာလဲလို့မေး တော့
မြန်မာပြည်ကနေမိန်းမယူမလို့တဲ့၊ သူအကြောင်း
မေးကြည့်တော့
ကလေးနှစ်ယောက်အဖေ၊သောက်စားမူးရူးနေလို့မိန်းမက
ကွာရှင်းသွားတာ။
အဲဒါသူကမြန်မာပြည်ကိုအရင်တစ်ခေါက်ရောက်ဖူးတဲ့အကြောင်းသူယူမယ်ဆိုတဲ့ကောင်မလေးဓါတ်ပုံကိုကျွန်တော့ကိုထုတ်ပြတယ်။
ကောင်မလေးက၂၁နှစ်ပဲရှိသေးတာတဲ့။ကောင်မလေးမိဘတွေကလည်းသူနဲ့သဘောတူတယ်လို့သူကတော့ပြော
တယ်။ ကျွန်တော်
ဒေါသ တော်
တော်ထွက်သွားတယ်။
အဲဒီလိုကိစ္စဆိုရင်မကူညီနိုင်ဘူးဆိုပြီးလမ်းခွဲလိုက်ရတယ်။
အခုကိုရီးယားကို
ကုန်းပေါ်မှာတင်မဟုတ်ဘူး
ကိုရီးယားသင်္ဘောလိုင်းတွေမှာမြန်မာသင်္ဘောသားတွေတော်တော်များနေပြီဒီဆောင်းပါး
ကနေ တစ်ဆင့်
ကိုရီးယားသင်္ဘောလိုင်းတွေမှာအလုပ်လုပ်နေကြတဲ့ရွှေမြန်မာညီအစ်ကိုတွေလည်းကိုရီးယားနိုင်ငံရဲ့အလုပ်သမား
ဥပဒေနဲ့ သက်ဆိုင်
ပါတယ်။အခက်အခဲဖြစ်ခဲ့ရင်ဆက်သွယ်နိုင်ပါတယ်။ကျွှန်တော်တတ်နိုင်တဲ့ဖက်ကနေကူညီပေးပါမယ်။
မြန်မာနိုင်ငံသားရွှေညီအစ်ကို
မောင်နှမတွေရောက်လေရာနေရာတိုင်းမှာအစစအရာရာအဆင်ပြေကျပါစေလို့ဆုတောင်းလိုက်ပါတယ်။
ကျွှန်တော့ကိုဆက်သွယ်နိုင်တဲ့အီးမေးလ်လိပ်စာကတော့
hlaing2005@hanmail.net
,
hlaing25@hotmail.com
ကိုဆက်သွယ် နိုင်ပါတယ်။

တောင်ကိုရီးယားရောက် မြန်မာများ
ကိုလူချစ်
|