|

ပြန်မပြောရင်
ပြောချင်ပ (၂)
“ပြန်မပြောရင် ပြောချင်ပ” ဆိုတဲ့ စကားဝိုင်းလေးထဲ “ကနေဒါ”ရာက်နေတဲ့ ကျမ
ဝင်ပြီး စကားဆက်ခွင့် ပေးပါရှင့်။ အခုအပတ်ထဲမှာ အင်ဒိုနီးရှားက အာဏာရှင်
ဆူဟာတို ကွယ်လွန်သွားပြီဆိုတဲ့ သတင်း ထွက်လာပါတယ်၊
အင်ဒိုနီးရှားနိုင်ငံဆိုတာက တချိန်တုံးက မြန်မာစစ်ခေါင်းဆောင်တွေ
အားကျခဲ့တဲ့ နိုင်ငံလေ၊ သွားရှာလေသူ ဦးနေ၀င်းတို့ ဦးစောမောင်တို့ နဲ့
လက်ရှိအာဏာရှင်ကြီး ဦးသန်းရွှေတို့ အင်ဒိုနီးရှားမှာ ဆူဟာတိုလှုပ်ရှား
လုပ်ဆောင်ခဲ့ ပြည်သူ့လွှတ်တော် ထဲမှာ မဲရွေးချယ်စရာမလိုပဲ
မျက်နှာပြောင်ပြောင်နဲ့ စစ်ဗိုလ် တမတ်သား ချယ်လှယ်တဲ့ အစိုးရကို အတုယူ အားကျ
ခဲ့တဲ့ နေရာတခုပေါ့၊ ဘာလို့လဲဆိုတော့ နအဖကလည်း သူသွားချင်တာက အဲလို
ပုံစံမျိုးကိုး နော့။ ကိုယ်စားလှယ်တွေ ဘာတွေ လွှတ်ပြီး ဆူဟာတို ဆရာတင်ပြီး
သူ့ဆီက နည်းတွေ အကြံတွေတောင်း တာတောင် လုပ်လိုက်ကြသေးရဲ့ ။
နောက်တော့ သိပ်မကြာလိုက်ခင်ပါဘူး၊ ပြည်သူတွေ ကျောင်းသားတွေ က ဆူဟာတိုလုပ်ကွက်
ရိုက်စား ကွက်တွေကို မြင်ကုန်ကြပြီး ဆန္ဒပြကြလို့ ရာထူးက ထွက်ပေးလိုက်ရပြီး
ဆက်တိုက်ဆိုသလို ဆာဟာတို ကို လာဘ်စားမှုနဲ့ အရေးယူကြမယ်လဲဆိုရော
နအဖစစ်ဗိုလ်ချုပ်တွေ တွေကို အင်ဒို နီးရှားက ဆူဟာတိုကြီးနဲ့
ခပ်ခွါခွါလုပ်လာကြရင်း နောက်ပိုင်း အဆက်အသွယ် မလုပ်တော့ပဲနေလာလိုက်တာ
အခုအထိပဲပေါ့လေ။
ကျမပြောချင်တာ အခု ဆူဟာတို ကွယ်လွန်သွားပေမယ့် မကျန်းမာလို့ တရားစွဲတာကို
ရပ်ထားခဲ့တဲ့ အမှုက ကျန်ရစ်သူမိသားစုကို ပြန်ပြီးအသက်ဝင် လာကာ
လှုပ်ရှားတော့မယ်ဆိုတာပါပဲ။
ကျမတို့ မြန်မာနိုင်ငံမှာဆိုရင် ဗိုလ်ချုပ်ထွန်းကြည် မန္တလေးမှာ
တိုင်းမှူးဖြစ်စဉ်က အိမ်ဆောက်တာများ ကြီးကျယ်လွန်းလို့ မန္တလေးသားတွေက
ဗိုလ်ချုပ်ထွန်းကြည်ရဲ့ အိမ်ကို “အိမ်တော်ကြီး”လို့ တောင် ခေါ်ခဲ့ကြ တယ်၊ဒါ
မန္တလေးသားတိုင်းသိကြပါတယ်။ဗိုလ်ချှုပ်မှူးကြီး သန်းရွှေကတော့ မင်္ဂလာဒုံမှာ
အိမ်တော်ကြီးဆောက်တာ သူများတွေ မသိပေမယ့် မင်္ဂလာဒုံ ရှယ်ရပ်ကွက်က လူတွေ
စစ်ဗိုလ်အသိုင်းအ၀ိုင်းက လူအတော်များများ သိပါတယ်။ ဘယ်ဝန်ကြီးဌာနက ဘာတွေ
ပန့်ပိုးပြီး ဘယ်စစ်တိုင်းမှူးက ဘာတွေထောက်ပန့် ခဲ့တယ်ဆိုတာ ကာယကံတွေ ၀န်မခံလဲ
သိတဲ့လူတွေ အများကြီးပါရှင်။ အိမ်ဆောက်တဲ့ နေရာကို တပ်က လုံခြုံရေး အပြည့်နဲ့
အ၀င်ရှာ။ အထွက်ရှာ နဲ့ ဆောက်လုပ်ခဲ့တာတဲ့၊ ကျမနဲ့ ဆွေမျိုးမကင်းတဲ့ကလေး
တယောက်တောင် အလုပ်လုပ်နေရင်း ထောင်နန်းမစံရအောင် မနည်းဆင်ခြင်နေခဲ့ရတဲ့လေ။
အခုလည်းကြည့် ၊ ဗိုလ်မှူးကြီး သမီးတော် မင်္ဂလာဆောင်တဲ့ စိန်စီသောည
ဗွီဒီယိုအခွေဆိုတာ ထွက်လာ တယ်၊ သူတို့ အနေအထိုင်မတတ်တာကို ကြတော့
လူသိမှာရှက်လိုက်တာ။ လုပ်တုန်းက လုပ်ကြပြီးတော့ ဘာမဆိုင် ဘာမဆိုင် အဲဒီအခွေ
ကြည့်မိတဲ့ သူတွေ အဖမ်းခံရ၊ထောင်အချခံလိုက်ကြ ရတယ်။
အခု
ပြည်တွင်းမှာ ဖြစ်နေတာတွေကြည့်ရင် နိုင်ငံတော်ပိုင် ပစ္စည်းတွေ
လေလံတင်ရောင်းချနေလိုက်တာ ဘိုးမွေဘွားမွေရထားတဲ့ အတိုင်းပါပဲ၊ လေလံဆွဲခွင့်
ဘယ်သူရသွားတယ်၊ ကြမ်းခင်းဈေးဘယ်လောက် ဆို တာ ပြည်သူတွေ မသိလိုက်ရပါဘူး၊
စက်ရုံပေါင်းစုံပါအ၀င်၊ ဘီပီအိုင်ဆေးဝါး စက်ရုံတို့ အမျိုးသားစာကြည့်တို့
တောင် လေလံတင်ရောင်းတဲ့အထဲ ပါကုန်တယ်၊ ကျမ ထင်ပါတယ်၊ ၀ယ်ခွင့်ရသွားတဲ့ သူတွေက
သူတို့ ပါတာနာ အမြီးစားဖက် ခေါင်းစားဖက်တွေပဲဖြစ်မှာ။
မြန်မာနိုင်ငံမှာ စီးပွါးရေးလောက က မင်းသား“ကိုတေဇ” ဆိုတာ အများပြောကြတာက
ဗိုလ်ချုပ်မှူးကြီးနဲ့ ဘာတော်သလိုလို ညာတော်သလလို။ လုပ်ပိုင်ခွင့်တွေ
ကြည့်ပြန်ရင်လဲ လက်နက်ပွဲစားတဲ့၊ ပြည်တွင်းပြည်ပ လေယာဉ်ပျံသန်းရေး
လိုင်းလုပ်ခွင့်ရထားတယ်။ စားရ ၀ါးရမယ့် အကွက်ထူး တွေမှ ရွေးချယ်
ရပိုင်ခွင့်ရှိတဲ့ “ထူး” ဆောက်လုပ်ရေးလုပ်ငန်း၊ “ထူး”သွင်းကုန်၊ ထုတ်ကုန်
လိုင်စင်ရလုပ်ငန်းတွေ၊ ကိုင်းဒီလိုလူမျိုးမှ မချမ်းသာ ဘယ်သူချမ်းသာဦးမှာတုံး။
တချို့ ကတော့ ဦးတေဇမှာ အရင်အိမ်ထောင်ရှိသတဲ့၊ နောက်မှ ဦးသန်းရွှေ သမီးနဲ
့ထပ်ညားတာတဲ့၊ တချို့ ကတော့ တိတ်တိတ်ပုန်းပါတော်- အဖေရာထူးနဲ့  သူများလင်
ကြောင်တောင်နှိုက် လုယူတာပါလို့ ပြောကြတာတွေလည်း မကြားဒ၀န့် မနာ သတင်းတွေ
ထွက်လိုက် ပါသေးရဲ့ ။
မပြေးသော် ကန်ရာရှိ ရှိတဲ့ မြန်မာ စကားပုံလို အခုလို ကိုတေဇ တယောက်
ဒီလောက်လုပ်ပိုင်ခွင့်တွေ ရနေမှာတော့ ဦးသန်းရွှေ မိသားစုနဲ့ ထဲထဲဝင်ဝင်
ပတ်သက်မှူရှိမှာကတော့ အမှန်။
တလောက ပြည်တွင်းမှာရော ပြည်ပမှာပါ ရီစရာ ဟာသ တခုထွက်လိုက်သေးရဲ့ ။
ကြားကြမယ်ထင်ပါတယ်၊ မကြားရရင်သေးရင်တော့ ပြောပြရဦးမယ်၊ မာမီကြိုင်ကြီးက
သူ့လင်တော်မောင် ရာထူးသက်တမ်းရှည်ဖို့ ဆရာတော်တပါးကို အခါတော်တောင်း
ဗေဒင်မေးသတဲ့၊ ဆရာတော်ကြီးက မတရားတာ တွေ မလုပ်ချင်ပါနဲ့ တော့၊ “တေဇ
သမီးကိုပေးလိုက်” မိန့်ကြားတာကို အဓိပ္ပါယ် အကောက်လွဲပြီး ကိုတေဇနဲ့  သူတို့
သမီးတော်ကို ပေးစားလိုက်ဆိုပဲ၊ ဆရာတော်ကြီးဆိုလိုတာက တိုင်းပြည်အာဏာ မတရား
ရယူထားတာကို ဗိုလ်ချုပ်အောင်ဆန်း “ခေါ် ” ဗိုလ်တေဇ သမီး “ အောင်ဆန်းစုကြည်ကို
အာဏာ အလွှဲ ပေးခိုင်းတာကို တလွှဲ ယတြာချေလိုက်ကြဆိုပဲ၊ ကဲ ဒီတော့ တိုင်းပြည်က
မြင်တဲ့ အတိုင်းပဲလေ။
အခုလဲ လောင်စာဆီဈေးနှုန်းတက်လို့ တိုင်းပြည်မှာ အုတ်အော်သောင်းနင်းနဲ့ 
ဆရာတော်ဘုရားတွေက မေတ္တာပို့  ဆုတောင်းကြ။ ကျောင်းသား လူငယ်တွေက
ကုန်ဈေးနှုန်းချပေးဖို့ ဆန္ဒပြုတောင်းဆိုကြလို့ ပစ်လိုက် သတ်လိုက် ဖမ်းလိုက်တာ
အခု အထိမရပ်သးပါဘူး။ ဒီချိန်မှာ ကိုတေဇတို့ ကတော့ “သုဘရာဇာ”တွေလို သူများ
ဒုက္ခရောက်လေ မျက်ရည်ကျလေ၊သူချမ်းသာလေ ဆိုသလို ဓါတ်ဆီ ဒီဇယ်ဆီတွေ
သင်္ဘောလိုက်တင်သွင်းခွင့် ရလို့ ရန်ကုန်မှာ ဆိုက်လာကြကုန်ပြီ။
အင်ဒိုနီးရှားနိုင်ငံမှာ ဒီမိုကရေစီအစိုးရက အာဏာရှင်ဟောင်းကြီး ဆူဟာတို ကို
လုပ်သလိုများ တချိန်မှာ မြန်မာပြည်မှာ ဦးသန်းရွှေကို လာဘ်စားမှု
လုပ်ပိုင်ခွင့် အလွဲသုံးမှုတွေနဲ့  တရားစွဲလာမယ်ဆိုရင် ကိုတေဇတို့ လို
တိတ်တိတ်ပုန်း “သမက်လိုလို ဘာလိုလို”တွေရော ပါမှာလားဟင်။
စန္ဒာခိုင် (ကနေဒါ)
|