ပြန်မပြောရင် ပြောချင်ပ (၁)

ကျမတို့ က သူ့ ကို “ဘီဘီစီ” ဟု ကွယ်ရာမှာ ခေါ်ကြပါတယ်၊သူ့နာမည်အရင်းကတော့ “ဘေဘီစိုး”ပါ၊သူက မြန်မာပြည်တွင်းမှာ ဗြူတီဆလွန်းနဲ့  အလှ ကုန် စတိုး ဖွင့်ထားတယ်၊ထိုင်းတို့ တရုတ်တို့ ရှော်ပင် ထွက်လေ့ ရှိသလို၊ကျမတို့  အလုပ်လုပ်တဲ့ စင်္ကာပူကို (၃)လခြား တခါလောက်လာလေ့ရှိပါ တယ်၊ သူလာပြီဆိုရင် ကျမတို့ တတွေ တအိမ်မှာစုပြီး သူ့ ကိုဖိတ်ကျွေးမွေးလို့  မြန်မာပြည်တွင်း သတင်းစုံကို သူပြောပြသမျှ နားထောင်နေကြပါ၊သူ့ သတင်း တွေက  မှန်လည်း မှန်၊စုံလည်းစုံ လို့ ဘီဘီစီလို့  တညီတညွတ်တည်း အမည်ပေးလိုက်ကြတာ ဆိုပါစို့။

အခုလည်းသူရောက်လာတယ်ဆိုလို့ ကျမတို့တတွေ စုရပ်အိမ်ကို ကျမတို့ လူစုမိပါပြီ၊ဦးစွာ ကျမတို့ အထဲက တယောက်က စပြီး ဂျြိုလ်တု စလောင်း သတင်းလေးလုပ်စမ်းပါဦး၊ နင်တို့ အိမ်မှာ ဖြုတ်လိုက်ရပြီလားဆိုပြီး တယောက်က သတင်းအစဖော်ရင်း သတင်းမေးလိုက်ပါတယ်။ ဟင်းဟင်း“ ဦးသာရ ရဲ့  ၀တ္တုခေါင်းစဉ်လို ပြောရရင်--“ပြန်မပြောရင် ပြောချင်စမ်းပါဘိသနဲ့ ”လို့ စာသံပေသံနဲ့ အစချီလိုက်ပါတယ်။

ဒီလိုဟဲ့ -- ရွှေဝါရောင်တော်လှန်ရေးဆိုတာ စက်တင်ဘာ ၂၀၀၇ ကဖြစ်တယ်မို့လား၊အဲဒါ နယ်က လူတွေက သိကြတာ မဟုတ်ဘူး၊စီအင်န်အင်န်တို့ ၊ဘီဘီစီသတင်းဌာနကတို့ က လွှင့်တာကို နယ်တွေက ကြည့်ရတော့မှ ပြည်သူတွေက ဒေါသအိုးပေါက်ကွဲပြီး ပြဿနာကြီးကျယ်သွားတယ်လို့ ဟို-

၈ျိုကုပ်မင်းတွေက ယူဆ တော်မူပြီးြ၈ိုလ်တု စလောင်းတွေကို လူအများ မကြည့်နိုင်အောင် ဈေးတွေ တက်လိုက်တာလေ၊

ဘယ်နှယ်-မကြားဘူးတဲ့ဈေးတွေ တမင်သတ်မှတ်လိုက်တာ ဦးနှောက်ရှိတဲ့ လူတိုင်းသိတယ်၊ ထိုင်းနိုင်ငံမှာ ဆိုြ၈ိုလ်တု စလောင်းလိုင်းက တနှစ်မှ ဘတ် ရှစ်ထောင်(၈၀၀၀)ရယ်၊ မြန်မာငွေ လက်ရှိပေါက်ဈေး နဲ့ ဆို ၃ သိန်း ၀န်းကျင်လောက်ပေါ့၊ တရုတ်မှာဆိုရင် ဖရီးစလောင်းကို အပြတ်ဝယ်ပြီး ဖရီးလိုင်းတွေ ငါးရာကျော် ကြည့်လိုရတယ်၊အဲဒီဖရီးလိုင်းထဲမှာ စီအင်န်အင်န်တို့ ၊ဘီဘီစီသတင်း လိုင်းတွေပါပ ။အားကစားလိုင်းတို့ နောက်ဆုံးထွက် ရုပ်ရှင်ကားတို့ ကြည့်ချင်ရင် ကတ်ထိုးကြည့်လို့ ရတယ်၊ တရုတ်ြ၈ိုလ်တုလိုင်းကြည့်ချင်ရင် တရုတ် ဆော့ဖ်ဝဲယား ကတ်ဝယ်ပြီးထိုးကြည့်လို့ ရတယ်၊ မြန်မာငွေ ၃ထောင်ကနေ ၅ ထောင်အထိဈေးနှုန်းပေးရတတ်တယ်။ ဒီကတ်က ၄ လတခါလောက်ေ ဆာ့ဖ်ဝဲယား ပြောင်းရင် အသစ် ထပ်လဲပေးရ တာမျိုးလည်းရှိတတ်တယ်။

ဥရောပကနိုင်ငံတွေမှာတော့ အိမ်တိုင်းမှာ တီဗွီလိုင်း ဖုန်းလိုင်းက တပ်ပြီးသားတဲ့၊ကိုယ်က ပိုကြည့်ချင်ရင် ကိုယ်ပိုင်ြ၈ိုလ်တု စလောင်းတပ်ပြီး ကိုယ် လိုချင်တဲ့ လိုင်းကို လပေးနဲ့ ယူလို့ရတယ်။ဘာမှ မယူပဲ ဖရီးလိုင်း တွေချည်း ကြည့်ချင်လည်းရတယ်၊ ဘောလုံးပွဲတွေ တိုက်ရိုက်ကြည့်ချင်ရင်တော့ တရုတ်မှာလို ကတ်ဝယ်ပြီး ထိုးကြည့်လို့ရတယ်။

တကမ္ဘာလုံးမှာ ပညာရေး၊နည်းပညာ၊ကိုယ်ကျင့်တရားတွေ တိုးတက်နေချိန်မှာ ကျောက်ဆည်သား ဖိုးသန်းရွှေကြီးက မြန်မာပြည်သားတွေကို အတင်း တွန်းပြီး “ကျောက်ခေတ်” ပြန်ပို့ ချင်နေတယ်လေ။ တိုင်းပြည်ကို စေတနာမဲ့ခဲ့တဲ့ ဟို-ကျောက်တန်းသား အာဏာရူး ခင်ညွန့် ကတော့ သမိုင်းကွေးပြီး ချောင်အထိုး ခံလိုက်ရပြီလေ။

အခုလည်း နှစ်ဦးမှ ဆန်းမယ်မကြံသေးဘုး။ ပျဉ်းမနား ဘူတာနဲ့ ရန်ကုန်ဘူတာကြီးမှာ ဗုံးတွေ ပေါက် လူတွေသေကြ နာကြရ ပြန်ပြီ။ ဖြစ်လိုက်တိုင်း အရူးချေးပန်း ဦးနှောက်နဲ့ တောင်လက်ညှိုးထိုး၊ မြောက် လက်ညှိုးထိုးနဲ့  လေဖမ်းဝရမ်းချည်ပြီး တရားခံလုပ်တော့တာပဲ၊ အခုလည်း လူဘယ်နှစ် ယောက်ကို ဖမ်းရိုက်နှက်ပြီး ဘယ်သူတွေ ထောင်အချခံဦးမယ်မသိသေးဘူး။

ပြောရရင်တော့ “ယိုသူမရှက်၊မြင်သူရှက်”ဆိုသလို ငါတို့၊နင်တို့ပဲ ၀စီဗေဒ ထိပြီး ငရဲရောက်သွားနိုင်တယ်၊ သူတို့ကတော့ အခွက်ပြောင်ပြီး လုပ်ချင်ရာ လုပ်နေမှာဟဲ့၊ လျှော့မယ့် ရုပ်တွေမဟုတ်ဘူး၊နိုင်ငံတကာကတို့ ကုလသမ၈္ဂဆိုတာလောက်တော့ မမှုဘူး။ သေမင်းက ကိုယ်ထင်ပြ ပြောရင်တောင် ရချင်မှ ရမယ့်ရုပ်တွေ၊

ဟဲ့ ဟဲ့ နင်တို့အထဲ မှာ မီဒီယာသမာေးတွနဲ့ ကွန်တက်ရှိသူပါရင် အခု ငါပြောတာတွေ သတင်း မပေးလိုက် ပါနဲ့နော်၊ ငါ့ကို သေနာကောင်တွေက ဂိုထောင်ထဲထည့်ပြီး လုံခြုံရေးအပြည့်နဲ့ ရှယ်ထမင်း အကျွေးခံနေရပါဦးမယ်၊ကိုင်း- ကိုင်း၊ ခနနားဦးစို့။နောက်ဆက်ပြောသေးတာပေါ့နော်။

(ဆက်ပါဦးမည်)                 နော်လီမိုင်
 

 

Suggestions & Comments: webmaster@hittaing.org