|
ထိုင်းနှစ်သစ်ကူး
(ပီမိုင်) အလုပ်ပိတ်ရက်နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ဘဝ
(ဒီဇင်ဘာလ ၃၁၊ ၂၀၀၇ သောင်ရင်းနဂါး)
ထိုင်းနိုင်ငံ၏နှစ်သစ်ကူး(ပီမိုင်)
ကာလအလုပ်ပိတ်ရက်များတွင် ၂ ရက် (၀ါ) ၃ ရက် အား လပ်ခွင့်ရရှိ ကြသော
ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအကြားဝယ် ရှားပါး
သော နားနေခွင့် အတွက်တခဏတာစိတ်ချမ်းသာနေကြရကြောင်းနဲ့ အမျိုးမျိုးသော
ရင်ဖွင့်သံတွေ ကြ၊ ထုတ်ဖေါ်ပြောဆိုကြ တာကိုနှစ်သစ်ကူး အစီအစဉ်အနေနဲ့ 
တင်ပြချင်ပါတယ် ။
ထိုင်းမြန်မာနယ်စပ်တလျောက်တွင်
မြန်မာနိုင်ငံမြ၀တီမြို့ဘက်မှ ထိုင်းနိုင်ငံမဲဆောက် မြို့ဘက်သို့
ဆက်သွယ်ထားသော ထိုင်းမြန်မာ ချစ်ကြည်ရေးတံတားကြီးပေါ်နှင့် အောက်လှေဂိတ်
များမှလည်းကောင်း တာချီလိပ်မြို့ဘက်မှ မယ်ဆိုင်မြို့သို့လည်းကောင်း၊
ကော့သောင်းမြို့မှ ရနောင်းမြို့ သို့လည်းကောင်း၊ ဘုရားသုံးဆူမြို့မှ
စံခရပူရီမြို့သို့လည်းကောင်း ပုံစံအမျိုးမျိုးဖြင့် မြန်မာပြည်သားအများအပြား
နေ့စဉ်ရောက် ရှိနေကြပါတယ်။ယင်းတို့မှာ ထိုင်းနိုင်ငံတွင်
ခက်ခဲသောအလုပ်(Difficult)၊ ညစ်ပတ်သောအလုပ် (Dirty) ၊အန္တရာယ်ရှိသောအလုပ်
(Dangerous) စသည့်အလုပ်များကို မြန်မာရွှေ့ပြောင်းအလုပ်သမားများလုပ်ကြရပါသည်။
လုပ်အားခမှာ ထိုင်း နိုင်ငံတွင်ရှိသော ဒေသအလိုက် စံနှုန်းအတိုင်း မရရှိကြပါ။
အလုပ်ချိန်အားဖြင့် တနေ့ ၈ နာရီသတ်မှတ်ထားသော်လည်း တနေ့လျှင် ၁၂ နာရီထက်မနဲ
လုပ်ကြရပြီး အပိုအလုပ်ချိန် (0T) အခ ကြေးငွေ မယ်မယ်ရရမရရှိကြပါ။
ဆမွတ်ဆခွန်ခရိုင် မဟာချိုင်ဒေသ ကမ္ဘာလုံး အထည်ချုပ်စက်ရုံမှ မမြမြက`သမီးတို့က
မဟာချိုင်ဒေသက ကမ္ဘာလုံးစက်ရုံကပါရှင်၊ မနေ့က (ဒီဇင်ဘာလ ၃၀ ရက်) နေ့ကစပြီး
ပီမိုင်ပိတ်ရက် ဆိုပြီး ၃ ရက်အလုပ်ပိတ်ပေးပါတယ်။ ဇန္န၀ါရီလ (၁) ရက်
နေ့အထိပိတ်ပေးတာဖြစ်ပါတယ်။အခုသမီးနားရက်ရတုန်းအိပ်မလို့
ပြင်နေတာရှင့်။ဟုတ်တယ်လေ တနင်္ဂနွေနေ့ကလွဲပြီး နေ့တိုင်းအိုတီ ည(၁၁) နာရီ
(၁၂)နာရီအထိဆင်းရတယ်ရှင့်။ လုပ်အားခဟုတ်လား။နေ့စားခ (၁၉၁)ဘတ်ရတယ်။
အိုတီ(၁)နာရီ (၈)ဘတ်ရတယ်။ ပိုက်ဆံတွေ သိပ်ရတယ် လို့တော့ မထင်နဲ့
ကိုယ့်ဘာသာကိုယ် အိမ်ခန်းငှားရတယ်။ ထမင်းဟင်းချက်စားရ တယ်။
ကိုယ့်လုံခြုံရေးကိုယ်တာဝန်ယူရတယ်။ အလုပ်သမား လက် မှတ်(ဘတ်) ဟုတ်လား။ လုံးဝ
မလုပ်ပေးဘူးရှင့်။ ကိုယ့်ဖာသာကိုယ်ရှင်းပဲလေ။ ဟိုတခါမဟာချိုင်မှာ အဖမ်းအဆီးကာလ
တုန်းက ဆိုရင် သမီးတို့ ဘတ်မရှိ သူတွေ၊ ဘာကဒ်မှမရှိသူတွေဟာ ကြောက်လွန်းလို့
ပုန်းနေကြရတာ။ အခန်းတွေထဲမှာ (၃၊ ၄)ရက်လောက် အပြင် မထွက် ရဲကြဘူး။
အလုပ်ရှင်ကလဲ ပုန်းခိုင်းတယ်လေ။ အလုပ်နားရတာပေါ့။ အိပ်ရေး၀၀အိပ်ရတာပေါ့။
ပီမိုင်ကာလနားရက် (၃၊ ၄) ရက် အတွင်းမှာ ပုလိပ် တွေ၊
တောမောတွေလာမဖမ်းပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်ရှင့်´ ဟုရင်ဖွင့်ပြောပြပါတယ်။
 
ဆက်လက်၍ သောင်ရင်းနဂါး၏
ကွင်းဆင်းမေးမြန်းမှုသည် မဲဆောက်မြို့ မြောက်ဘက်တွင် ကပ်လျှက်ရှိသော
မယ်ရမတ်မြို့သို့ဦးတည် နေသည်ကိုတွေ့ရပါမည်။ ၁၂ ကီလိုသာကွာဝေးသော မယ်ရမတ်မြို့
မယ့်ကဆာကျေးရွာသစ်စက်အလုပ်ရုံမှ ကိုအောင်ကလည်း `ကျနော်က မယ့်ကဆာ
ကျေးရွာသစ်စက်မှာလုပ်သက် ၄ နှစ်ရှိတဲ့အလုပ်သမားပါ။ ကျနော်တို့သစ်စက်အလုပ်က
သတိကြီး ကြီးထားပြီးလုပ်တာတောင် အပွန်းအရှဆိုတာက အသေးအမွှားကိစ္စ။
ကျနော့်သူငယ်ချင်း ငပြည့် ဆိုရင် လက်ချောင်း ၁ ချောင်းပြတ်သွားတယ်။
ဒါကိုသူဌေးက လျော်ကြေး မပေးဘူး။ ၂၀၀၆ ခုနှစ် အောက်တိုဘာမှာ ဖြစ်တဲ့
လုပ်ခမရတဲ့ပြဿနာပေါ်ပေါက်တဲ့အခါ ဂျေအေစီဘီအေ အဖွဲ့အစည်းက ဆ၀ါဒီကန်ရုံးကို
တိုင်ပေးတဲ့အတွက် လုပ်ခလစာတွေရော၊ လက်ချောင်းပြတ်တဲ့ကိစ္စတွေကိုပါ
နစ်နာကြေးပေးခဲ့တာ ရှိပါတယ်။ အခုနောက်ပိုင်းပြတ်ကြတာမှာတော့
မတိုင်ကြားရဲကြတဲ့အတွက် ဆ၀ါဒီကန်ရုံးကို မရောက်တော့ ဘာမှနစ်နာကြေး
မရတဲ့အပြင်သူတို့ကိုပါ အလုပ်ဖြုတ်ပစ်လိုက်တဲ့ အထိ သူဌေးဘက် ကလုပ်ပါတယ်။
ကျနော်တို့နေ့စားခက အမှန်မရှိဘူးဗျ။ သစ်ခွဲရတာရှိသလို ညကြီးမိုးချူပ်ကျမှ
သစ်တင်ကားလာလို့ သစ်ထမ်းတင်ရတာလဲရှိ တယ်။ သစ်ထမ်းတင်ရတာက ပိုရတယ်။ ၁၀၀၊ ၁၅၀
ပေါ့ဗျာ။ သစ်ခွဲတာကတော့ ၇၀၊ ၈၀ ပါပဲ။ ပီမိုင်ဟုတ်လား။ဘာမှမလုပ်ပေး ဘူးဆရာ။
အလုပ် တော့ ၂ ရက်ပိတ်ပေးမယ်ပြောတာပဲ´ ဟုဝေသီသောမျက်လုံးများဖြင့် ပြောပြပါတယ်။
ထိုမှတဖန်သောင်းရင်နဂါး၏လက်ကိုင်ဖုန်းသည် မဲဆောက်မြို့တောင်ဘက်တွင်
ကပ်လျက်ရှိသော ဖုတ်ဖရမြို့နယ်ဘက်သို့နား စွင့်မိ သည်။ ဖုတ်ဖရ ၃၇ ကီလိုမီတာမှ
စိုက်ပျိုးရေး အလုပ်သမားတစ်ဦးဖြစ်သူ မရီက`သမီးတို့ ၃၇ ကီလိုမီတာမှာ
ဘာပီမိုင်မှမရှိဘူးရှင့်။ အခုအချိန်မှာ မုန်လာခူး၊ ခြင်းထဲ့တာရယ်၊ဂေါ်ဖီဖြတ်၊
လွေ့ဖြတ်တဲ့အလုပ်ပဲလုပ်ရတယ်။အလုပ်ကနေ့တိုင်းမရှိ ဘူးရှင့်။အလုပ်ချိန်ဆိုတာက
တခါတလေ နံနက် စောစော ၄ နာရီလောက်ကနေ အလိုက်(စိုက်ခင်းထဲ) သွားရတာရှိတယ်။ မနက်
၁၀၊ ၁၁ နာရီလောက်မှာ အလုပ်ပြီးသွားရော။ အဲဒီ မှာနေ့စားခ (၇၀) ရတယ်။
ပုတ်ပြတ်စားတွေက မုန်လာဥတစ်ခြင်း ၁၀ ဘတ်ရတာရှိတယ်။ သမီးတို့ဆီမှာ
ပဲခူးတိုင်းဘက်ကလူတွေများတယ်။ ယောင်္ကျား၊ မိန်းမ လုပ်အားခခွဲခြား ပေးသလား
ဟုတ်လား။ ရှိတယ်။ သမီးတို့ကနေ့စားခ ၇၀ ရတဲ့အချိန်မှာ ယေင်္ကျားတွေက ၇၅၊ ၈၀
ရတာတွေ ရှိတယ်။ နှစ်သစ်ကူး (ပီမိုင်) ဘယ်လို ပြောသလဲဟုတ်လား။
မပျော်ရွှင်ဘူးရှင့်။ အခုအလုပ် ၁၀ ရက်လောက်နားမယ်ဆိုတော့ အလုပ်မရှိရင်
ငွေမရှိတာမို့ ပီမိုင်မှာသမီးတို့ မပျော်ပါဘူးရှင်´ ဟုတုန်ရီသောအသံကလေးဖြင့်
ဟစ်တိုင်သို့ ပြောပြပါတယ်။
ထိုမှတခါ မဲဆောက်မြို့တောင်ဘက် ၃
ကီလိုမီတာအကွာ မယ်တောင်တိုက်ကျေးရွာရှိ ကျောက်သွေးစက်အလုပ်ရုံသို့
ကွင်းဆင်းကြည့်ရှု ခဲ့ပါသည်။ ထိုအလုပ်ရုံမှာ တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသော
အိမ်ရုံ အမျိုးအစားဖြစ်သော်လည်း ခြံနှင့်ဝန်းနှင့် ကျယ်ဝန်းသန့်ရှင်း၍ ခံ့ခံ့
ညားညားလည်းရှိတာတွေ့မြင်ရပါသည်။ ကျောက်သွေးရုံမှ အလုပ်သမားတစ်ဦးဖြစ်သူ
မရင်ရင်က `သမီးက မွန်ပြည်နယ် သထုံမြို့ဘက်ကပါ။ ဒီစက်ရုံမှာ လုပ်သက် ၈
နှစ်ရှိပါပြီ။ သမီးတို့စက်ရုံက နိုင်ငံခြားကိုတင်ပို့မယ့် အော်ဒါနဲ့
ထိုင်းနိုင်ငံတ၀ှမ်းက အော်ဒါကျောက်အရိုင်းထည်တွေကို
ချောမွတ်အောင်သွေးပေးရပါတယ်။ များသောအားဖြင့် ဆေးတောင့်လေးတွေထက်ငယ်ရွယ်တဲ့
အရွယ်အစားကို သွေးပေးရပါတယ်။ တစ်ခုသွေးရင်တစ် ဘတ်၊ တစ်ဘတ်ခွဲရပါတယ်။
သမီးကလုပ်သက်ကြာလာတော့ အနည်းဆုံး ၁၀၀ ဘတ်ရပါတယ်။ အလုပ်ချိန်က မနက် ၈ နာရီ ကနေ
ညနေ ၅ နာရီခွဲအထိလုပ်ရပါတယ်။တနင်္ဂနွေနေ့မှာ အိုတီပိတ် ပေးပါတယ်။နေ့ကြီးရက်ကြီး
၁၃ ရက်ဆိုတာထိုင်းနိုင်ငံမှာ ရှိမှန်းသမီး သိပါ တယ်။ ဒါပေမယ့် ဒီစက်ရုံမှာ
နေခဲ့တဲ့ ၈ နှစ်ကာလပတ်လုံး ထိုင်းဘုရင်မွေးနေ့ (ဒီဇင်ဘာ)။
ထိုင်းမိဘုရားမွေးနေ့ (သြဂုတ်)၊ သင်္ကြန်သုံးရက်၊ ပီမိုင် ၃ ရက် အဲဒါတွေပဲ
ပိတ်ပါတယ်။ ပီမိုင်ကမနေ့က စပိတ်တာ ဇန်န၀ါရီလ ၁ ရက်နေ့အထိပါရှင့်။ စက်ရုံမှာ
ပီမိုင်ပွဲလုပ်ပေးမယ့် အစီအစဉ်မရှိပါဘူး ရှင့်။ ´ဟုပြောပြပါတယ်။
ထို့နောက် မဲဆောက်မြို့မှ ၅
ကီလိုမီတာအကွာတွင်ရှိသော မယ်တော်ကျေးရွာ (သောင်ရင်းမြစ်ကမ်းနဖူးဒေသ) ရှိ
ရင်းမိုးအီး(ခေါ်) အမိုးနီသိုးမွှေးစက်ရုံသို့
ဟစ်တိုင်အဖွဲ့ကွင်းဆင်းမေးမြန်းခဲ့ပါသည်။ ယနေ့ညကျင်းပသော
ပီမိုင်ပွဲနှင့်ပတ်သက်၍ အလုပ်သမားတစ်ဦးဖြစ်သူ မသင်းသင်းကလည်း `သမီးက
အမိုးနီစက်ရုံမှာ သိုးမွှေးချိတ်ကောက် ဆွဲ လုပ်ပါတယ်။ ဒါဇင်စားဖြစ်ပါတယ်။
များသောအားဖြင့် သိုးမွှေးထည် ၁၂ ဂိတ်၊ ၇ ဂိတ် စသဖြင့် လုပ်ရပါတယ်။
တနင်္ဂနွေနေ့ပဲ အိုတီချိန်ပိတ်ပေးပါတယ်။ လုပ်အားခကတော့ အလုပ်ပုံမှန်ရှိရင်
(၂၀၀၀)ကျော်၊ အခုလို အလုပ်ပါးတဲ့အခါ ၁၀၀၀ ကျော်ရပါတယ်။ သမီးလုပ်သက် ၁
နှစ်ခွဲရှိပါပြီ။ သူဌေးကဘတ်မလုပ်ပေးပါဘူး။ တောမော(လ၀ကရဲ) ကြေးတစ်လကို
၁၀၀ဘတ်ဖြတ်ပါတယ်။ အခုလိုပီမိုင်မှာ မနေ့ကစပြီး ဇန္န၀ါရီလ ၂ ရက်နေ့အထိ ၎
ရက်ပိတ်ပေးပါတယ်။ အလုပ်မကောင်းလို့ မပျော်နိုင်ပါဘူး ရှင့်။ ယာယီအပျော်ပါပဲ´
ဟုညည်းတွားပြောဆိုပါတယ် ။
 
ထိုင်းနိုင်ငံမဲဆောက်မြို့၊
မဟာချိုင်ဒေသ၊ ဘန်ကောက်မြို့စသည်တို့တွင် စက်ရုံအလုပ်ရုံက အများစုရှိနေပြီး
ထိုင်းမြန်မာနယ်စပ်ရှိ ဖုတ်ဖရမြို့၊ မယ်ရမတ်မြို့၊ အုန်းဖန်မြို့တို့တွင်မူ
စိုက်ပျိုးရေးအလုပ်သမား(၀ါ) လယ်သမားများက အများစုဖြစ်သည်။ ထိုင်းမြန်မာနယ်စပ်တ
လျောက်ရှိ မဲဆောက်အပါအ၀င် တာ့(ခ်)ခရိုင်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃
သိန်းခန့်ရှိပြီး ထိုင်းနိုင်ငံတခုလုံးအနေဖြင့်မူ (၂၆) သိန်းခန့် ရှိကြောင်း
မြန်မာပြည်သူများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီ (ဂျေအေစီဘီအေ)
ကခန့်မှန်းသုံးသပ်သည်။ ထိုင်းနိုင်ငံ၏ နှစ်သစ်ကူး(ပီမိုင်) ပွဲများကို
ထိုင်းနိုင်ငံတ၀ှမ်းလုံးရှိ ခရိုင်ပေါင်း (၇၉) ခုတွင်ရိုးရာဓလေ့အားဖြင့်
ကျင်းပကြရန်ရှိကြောင်းစုံစမ်း သိရှိရတာတင်ပြလိုက်ပါတယ် ။
|