ပုပ်လို့ ပေါ် ၊ဟုတ်လို့ကျော်

ကျမတို့ မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေကို ပြည်တွင်းမှာရှိနေတဲ့ သူတွေထက် ပြည်ပရောက်နေတဲ့ သူတွေက ပိုသိနေတယ်လို့ ပြောရင် ပြည်တွင်း က လူတွေက အမေကျော်ဒွေးတော်လွမ်းတဲ့ အထဲ ကျမပါသွားပြီလို့ ပြောကြမယ်ထင်ပါတယ်၊ ကျမ ပြည်ပ ရောက်နေတာ  ၅နှစ် ကျော်သွားပြီ ဆိုတော့ ပြည်တွင်းနဲ့ အဆက်အသွယ်ပြတ်နေတာ ဘယ်လိုလုပ် မြန်မာပြည်တွင်းက အကြောင်းတွေ အထဲမှာနေ နေတဲ့ သူတွေထက် ပိုသိနေ တာလဲ။ ကဲလုပ်စမ်းပါဦးလို့ ပြောမလို့လား၊ကျမ ကြားရသလောက်ပြောပြပါ့မယ်နော်။

မြန်မာ ပြည်ထဲမှာ စက်တင်ဘာလက ဖြစ်ခဲ့တဲ့ ဘုန်းဘုန်းဆရာတော်ဘုရားတွေရဲ့  မေတ္တာပို့ဆုတောင်းပွဲကို စစ်တပ်က ပစ်ခတ်တာ ရိုက်နှက် တာ သတ်ဖြတ်ပြီး အလောင်းတွေကို  တာဝန်မဲ့ လုပ်တာတွေ အများကြီးရှိပါ့ရှင်။ ရုပ်သံခွေ ကြည့်ချင်သလား၊ မှတ်တမ်း ဓါတ်ပုံတွေကြည့်ချင်သလား၊ ဘာလဲ ကွန်ပျူတာနဲ့ လုပ်ကြံထားတယ်လို့ ပြောချင်လို့လားရှင်၊ အဲလိုပြောမယ်ဆိုရင်တော့ ကျမ ဆီမှာရှိတဲ့ ပုံတွေက ကမ္ဘာ့ ကုလ သမဂ္ဂရုံးမှာ တောင် ပြပြီးသွားတဲ့ သက်သေခံ အထောက်အထားတွေပါ၊ အင်တာနက်ကနေ ကျမ ဒေါင်းလုပ်ဒ် ယူထားတာပါ၊ မြန်မာနိုင်ငံက နအဖ ကိုယ်စား လှယ်တောင် အခုပုံတွေ မဟုတ်ပါဘူးလို့ တချက်မငြင်းရဲခဲ့ပါဘူး။ အခု ကျမပြောချင်တာက မြန်မာပြည်ထဲက နအဖ ခေါင်း ဆောင်ကြီး သာသနာ တော်၊ရဟန်းတော်တွေကို စော်ကားလို့ ကံကြီးထိုက်နေတာကို ကြားသိရသလောက်ပြောပြချင်လို့၊ ပြောပြမလို့ပါရှင်။

နင့်ဟာက အထောက်အထားခိုင်ရဲ့ လားလို့ မေးရင်တော့ ကျမက တကယ်ဖြစ်ရပ်ကလေးကိုအရင်ပြောပြချင်ပါတယ်၊ကျမတို့ ရွာမှာ လက်ကြော တင်း အောင်လုပ်မစားတဲ့ ရွာဆယ်အိမ်ခေါင်း ကိုပြူး ဖြစ်သလိုမျိုးပေါ့၊ ရွာမှာ သူကြီးကိုဖား၊အပိုင်ရဲစခန်းကို ဖားပြီး ရွာသားတွေကို ခြိမ်းခြောက် အနိုင်ကျင့် စားတဲ့အပြင် လစ်ရင်လစ်သလို လယ်တွေ ကိုင်းခင်းတွေထဲကို ညဘက်ထွက်ခိုးတတ်သေးတယ်၊တညတော့ တခြားရွာက ပြောင်းဖူး ခင်းကို သွားအခိုးမှာ လေးခွနဲ့ ယာခင်းရှင်က  ပစ်လိုက်တာ မျက်လုံးကို တိုက်ရိုက်ထိသွားတယ်၊ သူ့ အပြစ်နဲ့ သူဆိုတော့ ရွာလူကြီးလဲ မတိုင်ရဲ။ ဘယ်သူ့မှလည်း အမှန်အတိုင်းဖွင့်မပြောရဲဘူး။ ရဲလည်း မတိုင်ရဲနဲ့ ဆေးကျိတ်ပုန်းကုတယ်၊ မျက်လုံးတဖက်သာ ကန်းသွားရော အဖြစ်မှန်ကို ဖုံးကွယ်ပြီး ဒီနေ့ အထိ အမှန်ကို မပြောရဲဘူး။

အခုလည်း နအဖစစ်ခေါင်းဆောင်ကြီး ဦးသန်းရွှေတို့  အဖြစ်က အဲသလိုမျိုးဖြစ်နေတာ၊ သူတို့မိသားစု ကာလနာတိုက်နေတာကို ပြည်သူတွေ သိရင် ၀မ်းသာကြမှာစိုးလို့  မြန်မာ့အသံက မကြေငြာရဲတာ သတင်းမထုတ်ရဲတာကို အင်တာနက်ဝက်ဘ်ဆိုက်တွေက ကျမသိကြားရသမျှ ပြောပြပါ့မယ်။ ဟုတ်နိုင်မဟုတ်နိုင်ဆိုတာကတော့ ကိုယ့်ဦးနှောက်နဲ့ ကိုယ်ချင့်ချိန်ကြပေါ့ရှင်၊ကဲ ပထမဆုံး ကြားရတဲ့ သတင်းတွေကတော့ ကြပ်ပြေးမှာ သူနေတဲ အိမ်က ဘုရားစင်က ပြိုကျတယ်လို့ ပြောတယ်။ အဲဒါဖြစ်ပြီး ဂေါက်ကြောင်ကြောင် ဖြစ်သွားတယ်။ နောက်ပြီး သူယတြာ ချေထားတဲ့ အုန်းပင် ၂၈ ပင်က သေပြီး ခြောက်ကုန်တယ် လို့ ပြောပါတယ်။ အဲဒီမှာ တင် ကြောက်လန့် မှု့ စိုးရိမ်မှု့ တွေ များပြီး ရူးကြောင် ကြောင် ဖြစ်နေတယ်လို့ တပ်တွင်း သတင်း တစ်ခု အရသိရပါတယ်။ သန်းရွှေရူးကြောင် စိတ်ဖေါက်တဲ့ အကြောင်း  ပြည်တွင်းက သူငယ်ချင်း တစ်ယောက် က မှန်ကြောင်း ထပ်ပြီး အတည်ပြုပြောပါတယ်။ နောက်  လိုက်ဗိုလ်ချုပ် တွေက  ရူးကြောင်ကြောင် စိတ်ဖေါက်နေတဲ့ ခေါင်း ဆောင် ရဲ့ အောက်မှာ နေရ တယ် အရူးခိုင်းသမျှ လိုက်လုပ်ရတယ်ဆိုပြီး သိပ် မကြည်လင်ကြတော့ပါဘူး ။အခြေအနေကို စောင့် ကြည့် ဖယ်ရှားဘို့ စောင့် ဆိုင်းနေ ကြပါတယ် ။ စင်္ကာပူကို ထွက်ဆေးကုလို့ ကတော့ ထူးခြားမယ်လို့ ခန့် မှန်းပြောဆိုနေကြပါတယ်။

ဒေါ်ကြိုင်ကြိင် ပေါင်ကျိုးတယ်ဆိုတဲ့သတင်းထွက်လာပြန်ပါတယ်၊ အိမ်မှာချော်လဲပြီး ကျိုးတာဆိုပဲ။ မှန်ကန်ကြောင်း ပြည်တွင်း ကွန်ယက်မှ အတည်ပြုပြောကြားကြပါတယ်။  ဒီသတင်းကို မဇ္စျိမသတင်းမှာရော ကိုမိုးသီးရဲ့  ဘလော့ဂ်မှာ ဖတ်ရတယ်။ ပေါင်းကျိုးတဲ့ အတွက် ဗိုလ်လောင်း သင်တန်းဆင်းပွဲကို မတကနိင်ဘူး။ သင်တန်းဆင်းပွဲအပြီးမှာ သွားနေကြ မေမြို့ ရုကဗေဒ ဥယျဉ်ကို သွားမကြည့် နိင်ဘူး။သူမ ကြည့်ရူနိင်ဖို့ ဒီနစ် ပန်းပေါင်း ၂သန်း ခင်းကျင်းပြသထားပေးခဲ့တယ်။ ဒီပွဲကို ဒေါ်ကြိုင်ကြိုင်ကြီး မတက်နိင်ခဲ့ပါဘူး။ ပြည်တွင်းကွန်ယက်ရဲ့ သတင်းအရ သူတို့ မိသား စု ဟာ အားလုံး ခြေထောက်ကိုထိခိုက်ဒဏ်ရာရလေ့ရှိတယ်လို့ သိရတယ်။ လည်လွန်းတဲ့ ဘီးချေးသင့်ဆိုသလို ဒေါ်ကြိင်ကြိုင် ခြေကျိုးတယ်။ သန်းရွေ ခြေထောက် ထရွတ်တိုက်ဆွဲနေတယ်။သူသား ထွန်းနိင် က ကားက သစ်ပင်ကိုဝင်တိုက်လို့ ခြေထောက် ထိကျိုးခဲ့သေးတယ်။အတော်ကြာ ကုခဲ့ရတယ်။သူနဲ့ အတူ တင့်တင့်ထွန်းပါတယ်လို့ တောင် သတင်းတွေထွက်ခဲ့ပါသေးတယ်။ (တကယ်က တင့်တင့်ထွန်းမပါဘူးလို့ သိရတယ်။)    

မြန်မာ့တပ်မတော်မှာ ဗိုလ်ဘ၀ဟာ သန်းရွှေနဲ့ မိသားစုအတွက် ငယ်ကျွန်သက်သက်မျှသာ ဖြစ်ပါတယ်။ တနိုင်ငံလုံး မကြားချင်မှ အဆုံးဖြစ် နေတဲ့ သန်းရွှေနဲ့ သူသမီး တိုင်းလုံးကျော်မတွေအကြောင်းကို ပြောရင် မိုးမဆုံမြေမဆုံး ပြောကုန်နိုင်မထင်ပါဘူး။အကျင့်ကောင်းလားဆိုတော့ သူခိုးဂျပိုး တွေကတောင် မင်္ဂလာပါ ဆရာမလို့ အလေးပြု ရလောက်တဲ့သူတွေ။ ဉာဏ်တွေ ကလည်း အတော်ဆုံးသမီးတော်က အသက် ၃၀ မှ ဆယ်တန်း အောင်သတဲ့။တရုတ်ပြည်သွားပြီး ခပ်တည်တည်နဲ့ ပီအိပ်ခ်ျဒီဆိုတာ လုပ်နေပြန်သေးတယ်။မိခင်ကြီးဖြစ်သူကလည်း ပညာရေးမှာ မခေဘူး မဟုတ် လား။တခါက ဒေါ်ကြိုင်ကြိုင်ကြီး တရုတ်သွားတုံးက တရုတ် ၀န်ကြီးကို Kyaing Kyaing is My name လို့ ခပ်တည် တည် မိတ်ဆက်တော် မူသတဲ့။ စကားပြန်လုပ်တဲ့သူက မရယ်မိအောင် မနည်းအောင့်နေရသတဲ့။ အစည်းဝေးပြီးတော့ အိမ်သာထဲမှာ အ၀သွားရယ် ခဲ့ရဘူးသတဲ့။ ခင်ညွန့် လက် ထက်က ထောက်လှမ်းရေးအရာရှိကြီးတဦး (ဗိုလ်မှူးကြီးအဆင့် )ရဲ့ အဓိကတာဝန်က ဒေါ်ကြိုင်ကြိုင်အတွက် ကာရာအိုကေ ဆိုဖို့ အတွက် ဖွင့်- ပိတ်- အလုပ်တွေကို နေ့စဉ် တာဝန်ထမ်းရွက်နေရတာသတဲ့၊၊
တိုင်းလုံးကျော်မ တွေအကြောင်း ကို ပြောရမယ်ဆိုရင် - တခါက သန်းရွှေသမီးတွေကို ငွေဆောင် ကိုသွားတယ်။ သောင်ပြင်မှာ အရာရှိတွေက စက်ဘီးတွေနင်းရတယ်။ သူတို့က နောက်ကနေ စီးတယ်။ ဗိုလ်သင်တန်း ဆင်းပွဲတိုင်းမှာ ဗိုလ်လောင်းတွေ ရွေးလေ့ရှိတယ်။ သူသမီးတွေ အတွက် ဗိုလ်လောင်းလေးတွေကို လိုက်ကြည့် တာလို့ စစ်တပ်အသိုင်းဝိုင်းက ဆိုတယ်။ သူတို့လုပ်တိုင်းမခံတဲ့ စစ်ဗိုလ် တယောက်ပေါ်ဘူး တယ်။ ဒီစစ်ဗိုလ်ကို သူသမီးတယောက်က ကြိုက်တယ် စစ်ဗိုလ်က မကြိုက်ဘူး၊ ဒါကြောင့် နယ်ကို အပို့ ခံရတယ်။ အချုပ်ချခံရသတဲ့

တခါက ဟင်္သာတ က သာသနာ့ဗိမာန်ဖွင့်ပွဲကို သန်းရွှေ ၊ကြိုင်ကြိုင်နဲ့ တိုင်းလုံးကျော် မ တွေ သွားကြတယ်။တိုင်းမှူးတွေက သန်းရွှေနဲ့ ကြိုင်ကြိုင် ကို အနီးကပ် စောင့်ရှောက်နေရတဲ့ အချိန်မှာ တိုင်းမှူးကတော်နဲ့ ဗိုလ်မှူးကတော်တွေက သန်းရွှေ သမီးတွေကို ပြုစုရဖို့ အမိန့် ကျလာတယ်။ တိုင်းမှူးကတော် က ဗိုလ်ကတော်တွေကို အစည်းဝေးခေါ်တယ်။ အစည်းအဝေးဆိုတာက ပြုစုနည်းကို တိုင်းမှူးကတော် ကိုယ်တိုင် ဦးဆောင်ပြီး သင်တန်းပေးမယ်လို့ဆိုတယ်။ အားလုံးသင်တန်းတက်ကြရတယ်။ သင်တန်းကာလ ၃ ရက်ကြတယ်။ သင်တန်းထဲမှာ ပါတာတွေကတော့---
၁- ခေါ်မှသွားရမယ်။
၂- မလှမ်းမကမ်းမှာ ရပ်နေရမယ်။
၃- ဖြတ်သွားရင် ခေါင်းငုံ့ ထားရမယ်။ ( လက် မပိုက်ထားရဘူး။ လက်အုပ်ချီစရာမလိုဘူး၊ )
၎- သောက်ရေတွေ ဘာတွေကပ်ရင် လက်ကိုပြောင်နေအောင် ဆေးကြောရမယ်။
၅- တစ်ရှူးပေပါနဲ့ အဖုံးကို ကိုင်ပြီးဖွင့်ရမယ်။ တစ်ရှူးပေပါနဲ့  ပုလင်းကိုကိုင်ရမယ်။ တစ်ရှူးပေပါနဲ့  ဖန်ခွက်ကိုကိုင်ရမယ်။
၆- လက်နှစ်ဖက်နဲ့ ပေးရမယ်။
၇- သန်းရွှေသမီးတွေ ရဲ့ ခန္ဓာကိုယ်ကို ဖက်လှည်းတကင်း မလုပ်ရ။
၈- လက်ဆွဲ မနှုတ်ဆက်ရ ။
စတဲ့ဆောင်ရန် အချက်အလက်တွေ ပါတယ်။ တိုင်းမှူးကတော်က သင်တန်းဆင်း မိန့် ခွန်းမှာ အစွမ်းကုန် ပြုစုဆောင်ရှောက်ဖို့နဲ့ ယောက်ျား ကိုယ်ပိုင်နံပတ် အမေးခံရရင်တော့ သတိသာ ထားကြပေရော့ ကောင်မတို့လို့ မိန်ကြားခဲ့တယ်။ ရှောင်ရှားနိုင်ဖို့ ဘယ်သမီးက စိတ်ဆတ် တော်မူ တယ်။ ဘယ်သမီးက ထတယ်။ ဘယ်သမီးက သောက်စားကြီး တယ်။ ဘာကြိုက်တယ် စတာတွေကို ကြိုတင် တစ်ကြိုမေးခွန်းပေး ထားတယ်။ သူသမီးတွေထဲမှာ မပေါက် ဆိုတာက အော်ကြောလန် လို့သိရတယ်။ တိုင်းမှူးကတော်တိုင်း လက်လန်တယ်။တရုတ်ပြည်ဆိုင်ရာ မြန်မာသံအမတ် ကို ဆေးလိပ်ခွက်နဲ့ ပေါက်ဖူးတာလည်း သူပဲလို့ ဆိုတယ်။ ဒီကောင်မ က တိုက်တန်းနစ်ရုပ်ရှင်ထဲက ကိတ် ၀င်းစလက်နဲ့ တူတယ်လို့ပြောရင် သိပ် သဘောကျတယ်လို့ ဆိုတယ်။
တိုင်းမှူးကတော် ၊ဗိုလ်မှူးကြီးနဲ့ ဗိုလ်မှူးကတော် တို့ရဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်တွေကိုလည်း အမျိုးသားညီလာခံ ကွန်စီတီကျူးရှင်းလို အစည်း ဝေးမှာ စနစ်တကျခွဲ ထားတယ်လို့သိရတယ်။
၁- တိုင်းမှူးကတော် တာဝန်မှာ --ဒေါ်ကြိုင်ကြိုင် ကားပေါ်မှ ဆင်းလာတာနဲ့ ထီးနဲ့ ပြေးပြီး ကြိုရန်
၂- ဗိုလ်မှူးကတော်များရဲ့ တာဝန်မှာ သန်းရွှေသမီးများ ကားပေါ်မှ ဆင်းတာနဲ့ ထီးနဲ့ ပြေးကြိုရန်
၃- ဗိုလ်ကြီးကတော်များမှ တိုင်းလုံးကျော်မများရဲ့  အထုတ်ပိုးများကိုဆွဲရန် နှင့် တန်းစီ နေရာယူရပ်နေရန် လိုတာကိုအကုန်လုပ်ပေးရန် ။
၎- ဗိုလ်ကတော်များရဲ့ တာဝန်မှာ ထမိန်ခေါက် ၊ အိုးခွက်ပုဂံဆေးရန်တို့ ဖြစ်ပါတယ်။

ဒီခရီစဉ်ထဲက တိုင်းလုံးကျော်မတွေ က ဗိုလ်ကတော်လေးတွေကို အနိုင်ကျင့် နှိပ်စက်ခဲ့ပုံတခုကိုပြေခြင်ပါတယ်။ တိုင်းလုံးကျော်မထဲက တယောက်က သာနာဗိမ္မာန်ဖွင့်ပွဲ ကြည့်ပြီး အပြန်မှဲာခိုခန်းကို သဘောအလိုတော်မကျဖြစ်တယ်။ တောဆန်တယ်။ ဟိုဟာ မရှိဘူးလား ဒီဟာ မရှိဘူးလားဖြစ်လာတယ်။ ပြဿနာရှာတော့တယ်။ သူနဲ့ သက်တူရွယ်တူဖြစ်တဲ့ ဗိုလ်ကတော်လေးကို မဲတယ်။ ပြီးတော့ခြေထောက်ကို ရေဆေး ခိုင်းတယ်။ ဗိုလ်ကတော်လေးက ရေစလုံ ယူလာပြီး ခြေထောက်ကိုဆေးပေးရတယ်။ ရေစိုနေတဲ့ ခြေထောက်ကို သုတ်ခိုင်းတယ်။ ကံမကောင်း ချင်တော့ ခြေထောက်ကို သုတ်စရာ မျက်နှာသုတ်ပုဝါ မရှိဖြစ်တယ်။ စားပွဲပေါ်မှာရှိတဲ့ တစ်ရူးပေပါနဲ့ ခြေထောက်ကိုသုတ်ပေးလို့ ဒေါသူပုန်ထ တော့တယ်။ သူမ က ဒီလိုခိုင်းစေတာတွေကို ပါးစပ်ကနေခိုင်းတာမဟုတ်ပဲ Body Language နဲ့ ခိုင်းသွားတာ ဖြစ်တယ်လို့ ဗိုလ်ကတော်လေးက ဆိုပါတယ်။ ဗိုလ်ကတော်လေးရဲ့  ယောက်ကျား ကိုယ်ပိုင်နံပတ်ကို မေးသွားပါတယ်။
နောက် ဖြစ်ရပ်တခုကတော့ ပဲခူးကို သန်းရွှေနဲ့  သမီးတသိုက ပဲခူးကိုသွားတယ် ။ ပဲခူးကိုရောက်တော့ ညအိပ်မယ်ဆို တယ်။ သမီးတွေက အတွင်းခံ တွေပါမလာဘူး လို့ပြောတယ်။ တပ်မမှူးကတော် က အလိုက်သိစွာနဲ့  ရန်ကုန်ကို ဗိုလ်တွေ လွှတ်ပြီး အတွင်းခံ ဗေါင်းဗီတွေ ကမန်း ကတန်း တက်ဝယ်ကြရတယ်လို့ဆိုပါတယ်။ ပြန်လာတော့ မျက်နှာမရခြေထောက်ရကြတယ်။ အကောင်းစားတွေ မ၀ယ်လာလို့ ဒေါပွ သတဲ့။
ဒေ၀ါရွှေ ဆိုတဲ့ အရူးမကလည်း တမှောက်ပါ။ သူမ ကြည့်လို့မရတဲ့ စစ်ဗိုလ်ဆိုရင် ၀ရံဒါကနေ ရေနွေးပူနဲ့  လောင်းချသတဲ့။ ထမင်းစားရင်း ရန်ကုန် မြို့ကြီးကို ပတ်ကြည့်ချင်တော်မူသတဲ့ ဒီတော့ ကားဒရိုင် လုပ်တဲ့ စစ်သားက သူသမီးကိုကားပေါ်တင် ထမင်းပွဲနဲ့ ကားပေါ်တင်ကားကို ညင်သာစွာ မောင်းပေးခဲ့ရသတဲ့။
သန်းရွှေသမီးတွေရဲ့ နောက်ညစ်လုံး တခုကတော့ အင်းလေးကိုသွားလည်ကြတယ်။ညသန်းခေါင်ကြီး ကျမှ မုန့်ကျွဲသဲ စားခြင်တယ်လို့ သမီး တော် တွေက ချင်ခြင်းတတ်ကြတယ်။ ဒီတော့ တိုင်းမှူးကတော်တွေ မျက်လုံးပြုး မျက်ဆံပြူးဖြစ်ရတယ်။ တိုင်းမှူးကတော်တွေ မျက်လုံးပြူးရင် ဗိုလ်တွေ က ရှိတာ အကုန်ပြူး ရတော့တာပဲ။ ညတွင်းခြင်း မုန့်ကျွဲသဲ ကြိုကြရသတဲ့။
သမီးတော်တွေရဲ့  စီးပွားရေးတခုကလည်း ရန်ကုန်မြို့ ကို ပတ် အကောင်းဆုံးရတနာဆိုင်တွေကို ရုပ်ဖျက်ပြီး လှည့် ကြည့်လေ့ရှိတယ် ဆိုတယ်။
ကြိုက်တဲ့ပစ္စည်းကို မှတ်ထားတယ်။ ပြီးရင် ဗိုလ်ချုပ်ကတော် ၀န်ကြီးကတော်တွေကို အလှည့်ကျဆင့်ခေါ်ပြီး ၀ယ်ခိုင်းတယ်။ ဆက်ကြေး သဘော ပေါ့ ။ ၀န်ကြီးကတော်တွေကလည်း ခိုးစားနေကြတာကို သူတို့သိတယ်လေး။ တနေ့ကြတော့ မြို့ တော်ဝန် ဦးကိုလေးရဲ့ ဇနီး ဒေါ်ခင်ခင် ကို ဆင့်ခေါ် တယ်။ အက်ဖက်အမ်အိုင် မှာ ရှိတဲ့ ပုလဲဆွဲကြိုးကို ၀ယ်ခိုင်းတယ်။ ဒေါ်ခင်ခင်ကလည်း ပုလဲဆွဲကြိုးကို အကြွေးနဲ့ ယူပြီး ၀ယ်ပေး လိုက်ရတယ်။
ဒါက ကျန်တဲ့ သူတွေလည်း ခံနေကြရတာလို့ သိရတယ်။ သူတို့က စိန်နဲ့ ပုလဲ ကို သိပ်ကြိုက်ကြတယ်ဆိုတယ်။ သူတို့စာနဲ့ လှမ်းခေါ် ရင်တော့ ငွေထုတ်ပြီးတော့သာသွားလိုက်ပေတော့လို့ ၀န်ကြီးကတော်လောကမှာ လက်တို့ပြီး ပြောကြတယ်။
သန်းရွှေ မြေးအကြောင်းကလည်း အားလုံးသိပြီးပါပြီ။ ဒီကောင်လေးကို မျောက်မူးလဲ လို နောက်ကွယ်မှာခေါ်ကြတယ်။ ဒီကောင်လေးက သူနာရီ ကို ရေထဲမှာ ဖျောက်ခဲ့တယ်။ ဒီတော ညသန်းခေါင်ကျမှ တိုင်းမှူးကို နာရီတလုံးဝယ်ပေးရမယ်လို့ ဆိုတယ်။ တိုင်းမှူးက ညသန်းခေါင် မျောက် လောင်းလေးကို ခေါ်ပြီး မော်လမြိုင်မြို့ ထဲက နာရီရောင်းတဲ့အိမ်ကို တံခါးခေါက်ပြီး ရောင်းခိုင်းတယ်။ ကောင်လေးက သူကြိုက်တဲ့နာရီ တစ်ဒါဇင် လောက် ပိုက်ဆံမပေးပဲ မသွားတော်မူတော့တယ်။ နာရီဖိုးကို တိုင်းမှူးကလည်း မပေးဘူး။ နာရီဆိုင်က ခံလိုက်ရသတဲ့။

တခါက ပြည် ကို သူတို့ မိသားစု သွားကြတယ်။ ကားတန်းကြီးနဲ့ သွားတယ်။ သွားရင်းနဲ့ ဒုတိယဗိုလ် မူးကြီးကတော် တယောက်က အောက ကျနောက်ကျ ပြုစုမူတွေ မလုပ်ပဲ ခတ် မှန်မှန်နေမိတဲ့ အတွက် သူမကို ပြည်နဲ့ ရန်ကုန်သွားတဲ့ကားလမ်းမမှာတယေက်ထဲချန်ထားခဲ့ပါသတဲ့

ဦးသန်းရွှေ ကြီး ရာဇပလ္လင်ပျောက်မှာစိုးလို့ ပုဂံမြို့တော်ဟောင်းမှာ ယတြာချေတာ ရာဝတီဝက်ဆိုက်မှာ ဖတ်ရသလို ကိုမိုးသီး ဘလော့မှာ လည်း မယ်တော်ကြိုင်ကြိုင်ကြီး ဗေဒင် ယကြာယာချေ တဲ့အကြောင်း ရေးသားဖော်ပြထားတာကိုဒီလိုတွေ့ ပြန်ပါတယ်။ စကားစပ်မိတုံး ပြောပြပါဦးမယ်၊ နိုဝင်ဘာ ၁၈ ရက်နေ့ ညသန်းခေါင်ယံ၊ ရေတိဂုံဘုရား ပေါ်မှာ ဒေါ်ကြိုင်ကြိုင်လာရောက်ပြီး ယတြာချေ သတဲ့

ဝက်တကောင်၊ခွေးတကောင်ကို ဆွဲပြီး ဘုရားကို တပတ်လှည့် သွားတာလို့  အမည်မဖေါ်လိုတဲ့ ဂေါ်ပက လူကြီးတဦးက ထုတ်ဖေါ်ပြောဆိုပါ တယ်။ ဒီလို ယကြာကိုချေပေးတဲ့ ဘိုးတော်ကတော့ ကလောမြို့ ကနေခေါ်လာတာလို့ သိရပါတယ်။ သူကို အရှေ့ ပိုင်းတိုင်းတိုင်းမှုး ကိုယ် တိုင် ခေါ်ယူလာပေးတာလို့ သိရပါတယ်။ဒီသတင်းကို ကြည့် ရင် ရီစရာတော့ကောင်းတယ်။ကလေးကလားဆန်တယ်လို့ မိတ်ဆွေ တွေးကောင်း တွေး မိနိင်ပါတယ်။ ဒါပေမဲ့ ဒီသတင်းနဲ့  ဖြစ်ရပ်တွေဟာ အာဏာရ နအဖ စစ်ခေါင်းဆောင်တွေထဲမှာ အူလိုက်သည်းလိုက် ယုံကြည်နေတဲ့ လုပ်ဆောင် နေတဲ့ဖြစ်ရပ်တွေ ပါ။ ဒီလိုအရူးထမူတွေဟာ သန်းရွေ စစ်အုပ်စုရဲ့ ဆရာ ကြီးဖြစ်တဲ့ နေ၀င်းလက်ထက်ကတည်းကစခဲ့တာပါ။ သူရဲ့ လက်စွဲ ကတော့ ဆရာမြိုင်ဆိုတဲ့ စုန်းကဝေ ဆရာကြီး ဖြစ်ပါတယ်။ပြည်သူတွေကို ဒုကပေါင်းစုံရောက်အောင် နေ၀င်း အာဏာတည်မြဲ သထက် တည်မြဲအောင် အောက်လမ်းနည်းလမ်းပေါင်းစုံကိုသုံးပြီး အကျိုးပြုခဲ့သူတဦး ဖြစ်ခဲ့တယ်။ မြန်မာ ပြည်မှာလူထု အုံကြွမူတွေ ဖြစ်ပြီး နေ၀င်း ပြုတ်တော့မှာကို ဆရာမြိုင်က ယတကြာချေပေးတဲ့အနေနဲ့  ထိုင်းနိင်ငံကို နေ၀င်း ကိုယ်တိုင်သွားပြီး ဘုရားတဆူလူခဲ့ပါသေးတယ်။ ဘုရားအောက်မှာ အင်းကွက် တွေရေးခဲ့တယ်လို့ဆိုပါတယ်။
ထိုင်း နိင်ငံဆိုတာကလည်း ဗေဒင်တို့ ယတြာတို့ ကို အင်မတန်မှာ ယုံတဲ့သူတွေပါ။ နေ၀င်းယတကြာချေတဲ့ဘုရားအကြောင်းကိုသူတို့ သိတော့ ဘုရားကို မြန်မာ ပြည်ထဲ ပြန်လာပြီးလွတ်ပြစ်တယ်လို့ သံတမာန် အတင်းစကားတွေ ကို ကျနော်တို့ တကသိုလ်ကျောင်းသားဘ၀က ကြားခဲ့ ဘူး တယ်။ နောက်ဆုံးတော့ ၈လေးလုံးဆိုတဲ့ မဟာ လူထု တန်ခိုးတော်အောက်မှာ နေ၀င်းလည်း ပြုတ်။ မဆလလည်း သမိုင်းအမူက်ခြင်းထဲ ရောက် ဆရာမြိုင်လည်း