"ရွှေ … တဲ့ .. ကွ"

      

      သမုဒ္ဒရာကို အံတုကာ မုန်တိုင်းမိနေတဲ့ ပင်လယ်ကူး သင်္ဘောများ

ပြောရယင် သြချလောက်တဲ့ "ရွှေ" တွေ အကြောင်းပေါ့ဗျာ၊ ရွှေ ဆိုတာ မြန်မာကိုခေါ်တာ၊ ဥပမာ စင်္ကာပူ ကို "စ" လုံး  "စာကလေး"၊ ဖိလစ်ပင်းကို "ဖား" ၊ ထိုင်းကို "ယပက်လက်" ၊ အိန္ဒိယကို "အ"၊ ဗီယက်နမ်ကို "ဗထက်ချိုက်"၊ ဆိုဗီယက်ကို "ရုစကီး" "ရကောက်"၊ ဂျပန်ကို " ဂျ" ၊ မြန်မာ ကျတော့ "ရွှေ"တဲ့ ဗျား၊ အဲဒီလို ရွှေဥာဏ်တော် စူးရောက်ကြတာ၊ အဲဒါကလဲ ၁၉၈၀ ၀န်းကျင်လောက် ကတည်း က မြန်မာနိုင်ငံကနေ နိုင်ငံခြား အထွက်များတာ သင်္ဘောသားတွေပါပဲ မြန်မာတွေ ကမ္ဘာရေကြောင်းစိုးမိုး လာတဲ့ အဲဒီအချိန် ကတည်းက ဒီလို အသုံးအနှုန်းတွေ စတင်ကြားလာရတာပါ။

 ဒီလိုပါ ဇါတ်လမ်းက သင်္ဘောဆိုတာ ဟိုနားဒီနားသွာတာ မဟုတ်ပဲ သမုဒ္ဒရာဖြတ်တဲ့ သင်္ဘောတွေဆို တန်ချိန် အနည်းဆုံး သောင်းကျော် အများဆုံး တန်ချိန်သိန်းနဲ့ချီ ကျွန်းကြီးမျှောလာသလို သင်္ဘောတွေ ရှိကြတယ်၊ တစင်းလုံးပါလှ လူကလည်း ၂၀ ကျော်ပေါ့ ဒါ အင်္ဂျင်ပိုင်းရော ကုန်းပတ်က ရောပေါ့၊ ရေကြောင်း ဥပဒေစည်းမျဉ်း စည်းကမ်းအရ အရေးပေါ် အခြေအနေမှာ သင်္ဘောပေါ်က ဘေး တဖက် တချက်မှာပါတဲ့  အသက်ကယ်လှေ (Life boat)၊ အသက်ကယ်ဖေါင် (Life Raft)တွေမှာ ဘယ်ဖက်က ဘယ်သူစီးရမှာ သင်္ဘော ပေါ်မှာ စည်မျဉ်းရေးဆွဲပြီးသားပါ သင်္ဘောပေါ်မှာလဲ အတိအလင်း ကပ်ထားတတ်ကြတယ်။

Life Raft လို့ခေါ်တဲ့ အသက်ကယ်ဖေါင် ( ဖေါင်မပွင့်မှီ နှင့် ဖေါင်ပွင့်သွားပြီး ကယ်တင်ရမိသူများ )

   လူမျိုးစုံပါတဲ့ ကုန်သွယ်ပင်လယ်ကူး သင်္ဘောတစီးမှာပေါ့ဗျာ ကုန်တွေ အပြည့်တင်ပြီး သမုဒ္ဒရာ ခရီးစဉ်တခု ဖြတ်သွားနေ ယင်း  ၃၊၄ ရက်အကြာ မမျှော်လင့်ပဲ မုန်တိုင်းမိပါရော မုန်တိုင်းကိုလဲ ရှောင်မဖြစ် ကုန်ကလည်း အချိန်မှီ ရောက်ရမှာ ဆိုတော့ အတတ် နိုင်ဆုံး မုန်တိုင်းကို ကပ်ရှောင် မောင်းမယ်ဆိုထွက်လာ လိုက်တာ နာရီအတော်ကြာ မုန်တိုင်းမိပြီး သင်္ဘောတခြမ်းစောင်းရေ၀င်ကာ နစ်ပါလေရော နောက်ဆုံးတော့ Abandon Ship လို့ ခေါ်တဲ့ သင်္ဘောကို စွန့်ခွာကြပြီး သင်္ဘော တခြမ်းစောင်းနစ်တော့  ကသောကမျှော ဆင်းကြရတာ တဖက်က အသက်ကယ်လှေ ဖြုတ်မရဖြစ်ပြီး ရတဲ့ဖက် ဆင်းတော့ နောက်ကြတဲ့ ခြေထောက် သစ္စာဖေါက်ပေါ့ ဘာရ မလဲ…. မဟုတ်ဘူးလား အသက်လုပြေးတဲ့ အချိန်လေ ဟုတ်ဘူးလား၊  ကိုယ့်ဖက်သူ့ဖက် ဘယ်ရွေးအားမလဲ ဖြုတ်ချ၊ ကန်ချလို့ လွယ်တဲ့ အသက်ကယ်ဖေါင်( Life Raft) ပေါ်မှာပဲ ရှိသမျှ လူတွေ သွားပုံနေသတဲ့ ။

 နည်းနည်းလဲ အခြေနေတည်ငြိမ်လာတော့ လူစစ်တော့ Life Raftပေါ်မှာ ပင်လယ်ဖက် နောက်ကျောပေး ထိုင်နေကြတဲ့ သင်္ဘောသားတွေကို ကပ္ပတိန်( သူကြီး )က အခု အသက်ကယ်ဖေါင်ပေါ်မှာ လူပိုနေကြောင်း၊ ပိုနေတဲ့သူများမှ ရာထူးငယ်တဲ့သူ လေးဦး ထဲက ၃ဦး ဆင်းပေးရမှာ ဖြစ်ကြောင်းပြောတော့ တယောက်မျက်နှာ တယောက်ကြည့်လို့ပေါ့ အဲဒီ Crew လေးဦးမှာ "ရွှေ"ရယ်၊ "ရကောက်" ရုစကီးရယ်၊ "ဂျ"ရယ်၊ "အ"ရယ် ကျန်နေသတဲ့။

Life Raft ပေါ်မှာရှိနေကြတဲ့ သင်္ဘောသားတွေကလည်း စိတ်မကောင်းလွန်းလို့ ခေါင်းငုံ့နေကြ သတဲ့ ဒီချိန်မှာ ဆိုင်းမဆင့် ဗုံမဆင့် ဂျပန်က ထရပ်လိုက်ပြီး အသံဝါ၀ါကြီးနဲ့ "နေမျိုးနွယ် ဂျပန်ဘုရင် သက်တော်ရာကျော်ရှည်ပါစေ နဲ့ ဂျပန်လူမျိုး တွေကောင်းစား ပါစေ" လက်သီး လက်မောင်းတန်းပြီး ရေထဲ ဒိုင်ဗင်ပစ်ဆင်းသွားတယ်၊ နောက် ရကောက် ရုစကီး ထရပ်လိုက်ပြီး " ဆိုရှယ်လစ်စနစ် အဓွန့်ရှည်ရမည် စတာလင်၊ လီနင်၊ ဂေါ်ဘာချော့ကနေ အစပြုပြီး ပူတင် အထိနံမည်တွေ တသီတတန်းကြီးရွတ်ပြီး နိုင်ငံကောင်းစား ပါစေလား၊ ပြိုကွဲအောင်လုပ်သူလား မသဲကွဲတဲ့စကားတွေ ဟစ်ကြွေးပြီး ရေထဲခုန် သွားလေတယ်တဲ့။

 ဒီတော့ ကျန်နေတဲ့ သင်္ဘောသားတွေလဲ ဆင်းရမဲ့သူ "ကိုရွှေ" နဲ့ "ကိုအ" တို့ကိုကွက်ကြည့်ကွက်ကြည့် လုပ်နေသတဲ့ ဗမာက လည်း ကုလားကိုကြည့်လိုက်၊ ကုလားကလည်း ဗမာကိုကြည့်လိုက် လုပ်နေတုန်း ရုတ်ချည်း ကိုရွှေဗမာ ထရပ်လိုက်ပြီး " အမိနိုင်ငံတော် ကို လွတ်လပ်ရေးဆောင်ကျဉ်းပေးခဲ့တဲ့ အဖဗိုလ်ချုပ်အောင်ဆန်းနှင့် တော်လှန်ရေး ရဲဘော်များအား ကျေဇူးတင်ကြောင်း ( ဦးနေ၀င်း မပါ )၊ ယခုနိုင်ငံတော်ကို မုဒိန်းကျင့်နေကြတဲ့ သန်းရွှေနဲ့ စစ်အုပ်စုများ အပါအ၀င် အိမ်နီးချင်း အာစီယံ အုပ်စုများကို ရောက်လေရာ ဘုံဘ၀များတွင် အ၀ီစိသို့ လားပါစေဆိုပြီး" ရွှေဘိုသားအသံနဲ့ ဗိန်းမောင်းတိုက်သလို "ဗမာ… ကွ" လို့အော်ပြီး ဘေးနားမှာ သနားစဖွယ် မျက်နှာနဲ့ ကြည့်နေတဲ့ အိန္ဒိယ ကုလားကို ရေထဲကန်ချလိုက်သတဲ့ …. ဒီအချိန် ကပ္ပတိန်ကလည်း မထူးတော့ပါဘူး ဆိုတဲ့ သဘောနဲ့ "let by gone , Be by gone" လို့ဆိုသတဲ့။

                                   ရေ သူရဲတဦး ( M.V – Pioneer Elegant )  

 

 

Suggestions & Comments: webmaster@hittaing.org