|
ဖျက်မြင်း
ဦးဖိုးသာအောင်
(နော်ဝေ)
မြန်မာပြည်တွင် ဟိုတချိန်က မြင်းစီးအပြေးပြိုင်ပွဲများ
ရှိခဲ့ပါသည်။ တရားဝင် လောင်းကစား
ပွဲကြီး
များ
ဖြစ်ပါ
သည်။ ယခု ကျိုက္ကစံအားကစားကွင်းကြီးမှာယခင်ကမြင်းပြိုင်ကွင်း
ပင်ဖြစ်ပါသည်။ နိုင်ငံအတော်များ
များ
မှာ ယခုအချိန်
အထိ
မြင်းစီးပြိုင်ပွဲများကို လောင်းကြေးဖြင့် ပြုလုပ်နေကြတုန်း ဖြစ်ပါသည်။
ဤကဲ့သို့  မြင်းပြိုင်ပွဲ
များတွင်
“
ဖျက်မြင်း
”ဟူ၍
ရှိတတ်ကြပါသည်။ ဖျက်မြင်းဆိုသည်မှာ ပြိုင်ပွဲတွင် ပထမ ရမည်ဟုခန့်မှန်းနှိုင်သော
မြင်းကို ပထမ မရနှိုင်အောင်
နည်းအမျိုးမျိုးဖြင့်
နှောက်ယှက်ရသော
မြင်းကို ဖျက်မြင်း
ဟုခေါ်ပါသည်။ ဖျက်မြင်း
မှာ သူဖျက်ချင်သောမြင်းကို
နှောက်
ယှက်
ဖျက်ဆီးရန်သာ
တာဝန်ရှိပါသည်။ သူကိုယ်
တိုင် ပထမ ရရန် ကြိုးစား
သော မြင်းမဟုတ်ပါ။
ဒေါ်အောင်ဆန်းစုကြည်၏
ကြေညာချက်ကို ကန့်ကွက်ကြသော
အဖွဲ
့များသည် “ဖျက်မြင်း”
များ
သာဖြစ်ကြပါ
သည်။
အဘယ်ကြောင့်ဆိုသော်
ဒေါ်စု၏ကြေညာချက်သည် မြန်မာနိုင်ငံအတွင်း
မှီတင်းနေ
ထိုင်ကြသူ
အားလုံးအတွက်
အကျိုးစီးပွား
နှင့်
ပြည့်စုံ
နိုင်သော၊ လေးနက်၍အဓိပ္ပါယ်ဝပြည့်သော၊
အစွန်း
မထွက်
ဘဲ စိတ်စေတနာ
သန့်ရှင်းသော သဘောထားများ
ကိုသာ
ထင်ဟတ်နေသည့် ကြေညာချက်ဖြစ်သောကြောင့် ဖြစ်ပါသည်။

သို့ သော်
“
အပြစ်တင်သောသူကိုဆင်ခြေပေး၍မရ”
ဆိုသည့် စကားရှိသည့်အတိုင်း၊
သိကြားမင်းကိုယ်
တိုင် နွား
ယောင်
ဆောင်ပြ
သော်မှ
အမြီးနဲနဲတောင်းနေသည်(တိုနေသည်)
ဟု ပြောဆိုသော လူစားများပင် ရှိတတ်ကြသည်မှာ လောကဓမ္မတာ
ဟုပြောရမှာပင်
ဖြစ်ပါသည်။ ယခု ကိစ္စမှာတိုင်းပြည်၏
အနာဂတ်
ကံကြမ္မာ
ဖြစ်နေသည့်အတွက်
အလွန်
အရေးကြီးသော
ကိစ္စဖြစ်ပါသည်။ ထို့ ကြောင့် ကန့်ကွက်သူ
များ
အနေနှင့်အလေး
အနက်ထား၍စဉ်းစားသင့်ပါသည်။
အဂတိကင်းလွတ်စွာတွေးခေါ်သင့်ပါသည်။
မိမိနှင့်အပေါင်းပါလူတစုအတွက်
ဘယာဘေးကို ကြောက်၍သော်
လည်း
ကောင်း၊ မိမိတို့ လိုအင်ဆန္ဒနှင့်
မကိုက်ညီ၍သော်လည်းကောင်း၊ မိမိတို့ 
အကျိုးစီးပွားကို
ထိခိုက်မည်စိုး၍
သော်လည်း
ကောင်း ဆောင်ရွှက်မှု
အား
လုံး
သည် မှန်ကန်မှု့ 
မဖြစ်နှိုင်ပါဟု သတိချပ်သင့်ကြ
ပါသည်။
ယနေ့ ဒေါ်အောင်ဆန်းစုကြည်၏
ကြေညာချက်အပေါ်ကန့်ကွက်သူများ၏
အကြောင်းပြချက်ကို
ဆန်း
စစ်
ကြည့်မည်ဆိုပါလျှင်
“ကြေညာချက်သည်
တခြားနိုင်ငံရေး
အဖွဲ
့
အစည်းတွေနဲ့
ပါတီတွေရဲ့ သဘောထားနဲ့
အကျိုးစီးပွား
အတွက်ပါ
ကိုယ်စားပြုဆွေးနွေးမည့် သဘောသက်ရောက်တဲ့
အချက်တွေ
ပါဝင်နေတာကြောင့်”
ကန့်ကွက်ခြင်းဖြစ်
သည်ဟု ဆိုကြပါသည်။
ထိုသို့ ဆိုသည့်အတိုင်း
“
ကိုယ်စားပြု ဆွေးနွေးမည့်သဘော
သက်
ရောက်သည့်
အချက်
”
ဆိုသည်ကို သေချာစွာ ရှာဖွေကြည့်ရှု့တဲ့အခါမှာ
“
ယခုကဲ့သို့ 
အမျိုးသား
ညီညွှတ်
ရေးနှင့် ဒီမိုကရေစီ
သွေးစည်း
ညီညွှတ်ရေးကို
အထူးတလည်လိုအပ်နေသည့်
အခါသမယတွင်
အခြားနိုင်ငံရေး
အဖွဲ့ အစည်းများ၊
အင်းအားစုများ၏
အကျိုးစီးပွားနှင့်
ဆန္ဒသဘောထားများ၊
အထူးသဖြင့်
ကျွန်ုပ်တို့ ၏တိုင်းရင်း
သားလူမျိုးစုများ၏
အကျိုးစီးပွားနှင့်
ဆန္ဒ
သဘောထားများကို
တတ်နှိုင်သမျှကျယ်ပြန့်စွာ
အစဉ်တစိုက်
အလေး
အနက်
ထည့်သွင်းစဉ်းစားရန်
ကျမတွင် တာဝန်
ရှိပါသည်။
ဤရည်မှန်းချက်ပေါက်ရောက်အောင်မြင်စေရန်အတွက်
အပြုသဘော
ဆောင်
သည့် တွေ့ ဆုံဆွေးနွေးရေး
လမ်းကြောင်းအတိုင်းသွားရန်
ကျမ ပိုင်းဖြတ်ထားပြီဖြစ်ပါသည်
”
ဆိုသည့် စာပိုဒ်ကို တွေ့ ရှိမှတ်သားမိပါ
သည်။
ကြေညာ
ချက်
ပါ ဤစာပိုဒ်၏
ဆိုလိုချက်များသည်
အလွန်ပင်ရှင်းလင်း
ပါသည်။
အလွယ်တကူနား
လည်သ
ဘော
ပေါက်
နှိုင်ပါ
သည်။ သို့သော်
ကန့်ကွက်သူများရှိနေသဖြင့် ထပ်မံ၍ရှင်းလင်းချက်ထုတ်ပေးရပါဦးမည်။
“
ယခုကဲ့သို့ 
အမျိုးသားညီညွှတ်ရေးနှင့်
ဒီမိုကရေစီ သွေးစည်းညီညွှတ်ရေးကို
အထူးတလည်
လိုအပ်နေသည့်
အခါ
သမယ
”
ဆို
သည့် စကားသည် ပြည်သူတရပ်လုံးက လက်ခံရမည့်
စကားလား၊ ငြင်းပယ်ရမည့်စကားလား ဆိုတာ တကမ္ဘာလုံး၊တနိုင်ငံလုံးက သိရှိအတည်ပြုပြီးသား
ဖြစ်ပါသည်။ ဇွတ်မှိတ်ပြီး ငြင်းရမည့်
အချက်မဟုတ်ပါ။ထို့
ကြောင့်
တိုင်းပြည်
အတွက်
အလွန်အရေးကြီး
နေသော
အခြေအနေနှင့်
အချိန်အခါသမယ
ဖြစ်နေသည်ကို
သဘော
ပေါက်ရ
ပါလိမ့်မည်။
ဒုတိယအချက်အနေနှင့်
ဤကဲ့သို့ အလွန်အရေးကြီးနေသည့်
အခြေအနေနှင့်
အချိန်အခါမျိုးမှာ
“
အခြားနိုင်ငံရေးအဖွဲ
့အစည်းများ၊
အင်းအားစုများ၏
အကျိုးစီးပွားနှင့်
ဆန္ဒသဘောထားများ
”
ဟု သုံးနှုန်းပြောဆိုလိုက်ခြင်းသည်
ဒေါ်အောင်
ဆန်းစုကြည်က သူမ
ကိုယ်စားပြုနေသော
အမျိုးသားဒီမိုကရေစီအဖွဲ
့ချုပ်တခု
အတွက်မျှသာ
မဟုတ်ဘဲ န.အ.ဖ
ပါ
အပါအဝင်
တနိုင်ငံလုံးရှိအဖွဲ
့အစည်း
အားလုံးအတွက်
အားလုံး၏အကျိုးစီးပွားနှင့်
ဆန္ဒ
သဘော ထားများအတွက်
ကြီး
မားသောစေတနာနှင့်
ရည်ရွှယ်ပြော
ဆိုခြင်း
ဖြစ်
သည်ဟု နားလည်သဘော
ပေါက်ရပါမည်။ ငါပိုင်သည်၊ ငါပြီးသည်ဟူ
သော ကိုယ်စားပြုသော၊
ကိုယ်စားလှယ်လုပ်လိုသော သဘော
ထား
လုံးဝမပါကြောင်း တွေ
့ရပါလိမ့်မည်။ သေသေချာချာ သဘောပေါက်အောင်
ဖတ်ပြီး စဉ်းစားသင့်ကြပါသည်။
တတိယအချက်မှာ
“
အထူးသဖြင့်
ကျွန်ုပ်တို့ ၏ တိုင်းရင်းသား လူမျိုးစုများ၏
အကျိုးစီးပွားနှင့်
ဆန္ဒသဘော
ထား
များ
ကို တတ်နှိုင်
သမျှကြယ်ပြန့်စွာအစဉ်တစိုက်လေးအနက်
ထည့်သွင်းစဉ်းစားရန်
ကျမတွင် တာဝန်ရှိ
ပါသည်
”
ဟုဆိုထား
ပါသည်။ ဤအချက်ကို
ကန့်ကွက်သူများ
အနေနှင့်
သေသေချာချာ နားလည်သဘော
ပေါက်ဖို့ လိုပါသည်။
အဘယ်
ကြောင့် ဆိုသော် ဒေါ်အောင်ဆန်း
စုကြည်
သည်
အတိုက်အခံအင်းအားစုများနှင့်
ပြည်သူလူထုကြီးဘက်မှ ရပ်တည်ပြီး စစ်အစိုးရနှင့်စကားပြောရန်
တဦးတည်းသော
အသင့်
တော်ဆုံးဖြစ်သော
ပုဂ္ဂိုလ်ဖြစ် သည်ဟု မြန်မာပြည်သူလူထုကြီးနှင့် ကမ္ဘာကပါ
ရွှေးချယ်သတ်မှတ်လိုက်သောသူ ဖြစ်နေ
သည်မှာ ထင်ရှားလှပါသည်။
မြန်မာပြည်သူလူထုကြီးနှင့်ကမ္ဘာကပါ ယုံကြည်မှု့ ရှိရှိဖြင့် ရွှေးချယ်သတ်မှတ်၍
အသိအမှတ်
ပြုထား
သည့် နေရာမှနေ၍
ဒေါ်အောင်ဆန်းစုကြည်သည်
သူမ
ဆောင်ရွက်လုပ်ကိုင် ရမည့်
လုပ်ငန်းစဉ်များကို
တာဝန်သိသိ၊ တာဝန်ရှိရှိ တာဝန်ယူ
လုပ်ဆောင်သွားမည်ဟု
ကြေညာ
ခြင်းသည်
အလွန်မှ
လေးစားထိုက်
သောစကားပင်ဖြစ်သည်ဟု
သဘောပေါက်ကြ
ရပါမည်။
(ဤနေရာတွင်
ဒေါ်စုနှင့်ဦးသန်းရွှေတို
့နှစ်ဦးတည်းဆွေးနွေးမှု
့လို့အမြင်
မတိမ်းစောင်းသင့်ပါ။ သူတို့ ကိုယ်စား
ပြုနေ
သော
အဖွဲ
့ဝင်
များနှင့် တိုင်ပင်ညှိနှိုင်းမှု့ ဖြင့် ပြုလုပ်သော ဆွေးနွေးပွဲများကို
ရည်ညွှန်းပါသည်။)
ဒေါ်အောင်ဆန်းစုကြည်သည်
“
အထူးသဖြင့်
တိုင်းရင်းသားလူမျိုးစုများ၏
အကျိုးစီးပွားနှင့်
ဆန္ဒသဘောထား
များကို
အလေးအနက်
ထည့်သွင်းစဉ်းစားရန်
ကျမတွင်တာဝန်ရှိပါသည်”
ဟု သီးခြားထည့်သွင်း
ပြောဆိုခြင်း
သည် လူမျိုးစုများ
အပေါ်
အထူးပိုမို၍
လေးစား
ခြင်း၊ တန်ဖိုးထားခြင်းနှင့် ထိုသူတို့ ၏
အကျိုးစီးပွားကို
ဂရုတစိုက်
ရှိနေသည့်
အချက်ကို
လေးနက်စေရန် ထည့်သွင်းထားခြင်းဖြစ်
သည်ဟု သဘောပေါက်ရပါမည်။ တိုင်းရင်းသား
တို့ ၏
အကျိုးစီးပွားကို
သူမ၏
တာဝန်တခုအနေဖြင့်
ဖေါ်ပြခြင်းသည် သူမ၏ ကြီးမား
သောစေတနာကို ဖေါ်
ညွှန်းနေသည် ဟု
နားလည်ရပါလိမ့်မည်။
ကြေညာချက်ကို ကန့်ကွက်ကြသည့်ဗဖွဲ့ များ၏
ထောက်ပြချက် သည် ဒေါ်အောင်ဆန်းစုကြည်သည်
သူတို့ အဖွဲ
့များ၏ သဘောထား
နှင့်
အကျိုးစီးပွားကို
ကိုယ်စားပြုဆွေးနွေးမည်ဟု သက်ရောက်နေသည့်အချက်များ
ပါဝင်
်နေသည်ဟု
ဆိုကြပါသည်။
ဤသို့ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်သည်
သူမ၏ ဆွေးနွေးပွဲမှာ (ဥပမာ
အားဖြင့်
တ.စ.ည ပါတီ၊
ဦးအောင်ခန်းထီ၏
အဖွဲ
့၊ ဝ
အမျိုးသားတိုးတက်ရေးပါတီ၊)
စသည်တို့ နှင့် မသက်ဆိုင်ပါဟု ထည့်သွင်း
ပြောရတော့မှာလား စဉ်းစားကြည့်
ကြပါ။
“
ဆွေးနွေး
ပွဲမှသည်
ဒီမိုကရေစီသို့ 
”
ရလဒ်ကောင်းတွေ ရရှိလာပြီဆို
လျှင် ထိုကန့်ကွက်သော
အဖွဲ
့များနှင့် မသက်ဆိုင်ရ၊ မခံစားရလို့ ပြောရ
မှာ
လား စဉ်းစားကြည့်ကြပါ။
အခုလိုမျိုး
အမျိုးသားညီညွှတ်ရေး၊
ရင်ကြားစေ့ရေးတွေ
အရေးကြီးနေသည့်အချိန်၌
ညီညွတ်ရေး လမ်းစလေး
မြင်စပြုနေ
ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်သည်
သူမ၏တာဝန်
ယူဆောင်ရွှက်ရမည့်
အလုပ်တွင်
စစ်အစိုးရအပါအဝင်
မည်သည့်
အဖွဲ
့အစည်းကိုမှ
ဖဲ့ထားချန်ထား၍ လုပ်မည်မဟုတ်
ပါ။ ဒါကိုနားလည်ဖို
့လိုပါသည်။
ထို့ ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏
ကြေညာချက်သည် တတိုင်းပြည်လုံး၏
အကျိုးစီးပွား
အတွက်
မြန်မာပြည်မှာ မှီတင်းနေထိုင်သူအားလုံး၏
အကျိုးစီးပွားအတွက်
စွမ်းအားရှိသမျှတာဝန်ယူ
ဆောင်
ရွက်မည်ဟု
အခိုင်
အမာကြေညာခြင်းဖြစ်
သည်ဟု
သဘောပေါက်ဖို့ လိုပါသည်။ နောက်ဆုံးအနေနှင့်
သူမ၏ သံန္နိဌါန်အတိုင်း
အခိုင်အမာ
ဆောင်ရွက်သွားမည်ဖြစ်
ကြောင်း ထပ်လောင်း
အတည်ပြု
ပြောဆိုလိုက်ပါသည်။
သူမနှင့်ပူးပေါင်းဆောင်ရွက်ကြဖို့
့ကိုလည်း ကမ်းလှမ်းလိုက်ပါသည်။
သို့ သော် ကျွန်တော် ပထမ ပိုင်းရေးသားခဲ့သလို ဘယ်လိုပင်ကောင်းမွန်မှန်ကန်
ပါစေ၊ ကန့်
ကွက်သူများရှိတတ်
မြဲဖြစ်ပါသည်။ ထိုသူတို့ ကို
“
ဖျက်မြင်း
”
ဟု ကင်ပွန်းတပ် ရသည်မှာလည်း
အကြောင်းရှိ
ပါသည်။ ထိုသူတို့ သည်
လောလောဆယ် စစ်အစိုးရကို
ကြောက်နေရသူများ၊
အကျိုးစီးပွားဘက်များ
ဖြစ်နေ
သောကြောင့်
ဖြစ်ပါသည်။ ယခု
လည်း စစ်အစိုးရက
စေခိုင်းသည့်အတိုင်း
လိုက်ပါဆောင်ရွက်နေ
သူများ
ဖြစ်ကြောင်းကို တွေ
့မြင်နေရပါသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက
မကန့်ကွက်ကြနှင့်ဟုပြောလျှင် ကန့်ကွက်ကြမည်မဟုတ်ပါ။ ဒါကိုလူတိုင်း သိကြပါသည်။
ဗိုလ်ချုပ်မှူးကြီး
က မလုပ်လျှင်မဖြစ်တော့ဘူးဟု
ယူဆပြီး လုပ်ရမည့် ဤတွေ့ ဆုံဆွေးနွေးပွဲမှာ သူ့ ဘက်က
အသာ
စီးရရေးအတွက်
မွေးထားသော
“
ဖျက်မြင်း
”
များကို သူ့ နေရာနှင့်သူ
အလှည့်ကျ
ထုတ်သုံးလိုက်ခြင်းပင်
ဖြစ်ပါသည်။
ထို့ ကြောင့် ဖျက်မြင်း
အဖြစ်အသုံးချမခံကြတော့ဘဲ၊
ပြည်သူလူထု တရပ်လုံး၏
အကျိုးစီးပွားကို
ထောက်ပြီး ဒေါ်အောင်
ဆန်းစုကြည်
ကမ်းလှမ်းထားသည့်အတိုင်း
အတူတကွလက်တွဲ
လုပ်ဆောင်ကြပါရန်
တိုက်တွန်းလိုက်ပါသည်။
--------------------------------------------
|