|
တရုတ်ပြည်ရောက် ဘ၀အမောများနဲ့
မြန်မာနိုင်ငံသားများ (၅)
မူဆယ်ကနေပြီး တရုတ်ပြည်ရွှေလီဖက်ကို
ဗမာပြည်ထွက် ကုန်ပစည်းတွေ သုးံဘီး ဆိုက်ကားပေါ်တင်ပြီး
နင်းသယ်
ကြတာတွေ
လည်းရှိ တယ်။ အဲဒီလို
မူဆယ်ဖက်ကနေပြီးရွှေလီကိုကုန်ဆွဲစားသူတွေက ရွှေလီကနေ
အပြန် ကုန်တွေ ပြန်သယ်ရတာတွေ လည်း ၇ှိတယ်။ သူတို့အများစုကတော့
အပြန်ကုန်တွေက ဗမာရဲပေးရတာနဲ့ မကိုက်ကြလို့
တချို့ လည်းအပြန်ကုန် မတင်
တော့ ဘူး-တချို့
လည်း
အဆက်အစပ် မရှိကြလို့
အပြန်ကုန်မရကြဘူး ရွှေလီကနေ
မူဆယ်ကို ပို့တဲ့
စားသောက်ကုန် အများစုကတော့ တရုတ်တွေက
သူတို့အဆက် အစပ်နဲ့သူတို့ပို့ကြတယ်။တရုတ်အလုပ်ကြမ်း
သမားတွေပို့ကြတာအတွေ့ရ
များတယ်။ ဗမာပြည်က၀င်တဲ့ ကုန်တွေက
တော့
တရုတ်ပိုင် ကျယ်ကောင်မှာ စစ်ဆေး တာလည်းရှိတယ်။ မစစ်ဆေးတာ
တွေလည်းရှိတယ်။ ချုပ်ပြောမယ်ဆိုရင် ဗမာပြည်တွင်း
ပိုင်းထဲကနေ
တရုတ်နယ်စပ် ရောက်လာပြီး ကုန်ဆွဲစားသူတွေအများစုကတော့
တလကို တဦး ချင်း ပိုငွေသုံးသောင်းကနေ
တစ်သိန်း
ကျပ် လောက် အထိပိုသူ တွေရှိတယ်။ သူတို့အလုပ်တွေက
အတက်ရောက်ရင်တော့ မနင်း နိုင်ကြတော့လို့
ဆင်းပြီး လူကိုယ်တိုင် မြင်းတွေ။ နွားတွေလို ရုန်းကြရတယ်။
သူတို့လုပ်ကြတာကတော့
အုန်းသီးဆိုရင် တစ်လုးံ ကို
သယ်ခ မြန်မာငွေ (၁၂) ကျပ်ရတယ်။ သုးံဘီးဆိုက်ကား တစီးကို
အုန်းသီးအလုးံ(၂၅၀)လောက် အထိ တင်ပြီးတော့
နင်းကြ ဆွဲကြတယ်။
အုန်းသီးတလုးံကို (၇၀)သား ပါတ်ဝန်း ကျင် ရှိတယ်။ အုန်းသီးက
အလုးံ(၂၅၀)ထက်ကျော်တင်ရင် အဆင်းတွေမှာ ဘရိတ်အုပ် မရတော့ဘူး။
သူတို့ကုန်ဆွဲသူ အားလုးံကတော့
တခေါက်ကို ဗမာငွေ(၃-၄-၅-၆) ထောင်
ရကြတယ်။

ဗမာပြည် မူဆယ်ဖက်ကနေ တရုတ်ပြည်ဝင်ဖို့ ဂိတ်ကြေးက
ဗမာပိုင်ဂိတ်ကို ငါးရာ(၅၀၀)ကျပ် ပေးရတယ်။
လူဝင်ခ အနေနဲ့
သုးံရာ
(၃၀၀)ကျပ် ပေးရတယ်။ တရုတ်ဂိတ်က ပေးစရာမလိုဘူး တရုတ်က
တနိုင်တပိုင် လုပ်စားခွင့် ပေးထားသလို့ပေါ့။
နောက်သံပုရာသီး ဆိုရင် တအိတ်ကို သယ်ခ(၂၀၀)ကျပ်ရတယ်။
တအိတ်ကိုသံပုရာအလုးံပေါင်း
(၆၀၀-၇၀၀)အထိ
ပါတယ်။ (၁၆)အိတ် လောက်ပဲ
တင်ပြီး သယ်နိုင်တယ်။ကော်ဖီမစ်။ ငါးခြောက်။ ငါးခြမ်း။
ကြက်သွန်။
ထန်းလျှက်။ မူဆယ် မရွေးက ဖါနဲ့လာတယ်။ပြောင်းဖူးမိတ်။
အဲဒါတွေကတော့ ဗမာပြည်တွင်းကနေ
တရုတ်ပြည်ဝင်ဖို့
ကင်းလွတ် ကုန်သတ်မှတ်ထားတယ်။ မန္တလေး မရွေးက
သေတ္တာနဲ့လာ
တယ်။အဲဒီသေတ္တာတွေက။သယ်ခသေတ္တာ
တလုးံ ကိုဗမာငွေတစ်ထောင် (၁၀၀၀)ကျပ်ရတယ်။ အခုတော့
တရုတ်ဖက်က။ သေတ္တာတွေ ပေးမ၀င်တော့ဘူး။
ကျန်းမာရေးအတွက်လို့
ပြောတယ်။နို့ဆီဗူးဖါတွေလည်းသယ်ကြတယ်။
တဖါကို(၃၀၀)သုးံရာကျပ်သယ်ခရတယ်။
အဲဒီ
ဖါတွေက(၁၂)
ဖါနဲ့ (၁၅)ဖါအထိပဲ
သယ်နိုင်တယ်။ အဲဒီလို
ကုန်ဆွဲလုပ်စားနေသူပေါင်း(၂၀၀)
ပါတ်ဝန်းကျင်လောက် ရှိမယ်။တချို့ 
လခစားလုပ်သူ
တွေကတော့ စရိတ်ငြိမ်း ရကြတယ်။
တလကိုသုးံသောင်း
(၃၀၀၀၀)
ကနေပြီး ငါးသောင်း
(၅၀၀၀၀)ကျပ်ရတယ်။
တချို့လည်း ငါးသောင်းကျော်မယ်။လခစား လုပ်သူတွေက
မနက်(၄)နာရီလောက်ထပြီး လုပ်ကြ
ရတယ်။သူတို့ကတော့လမ်းမှာနားရင်
ကြာကြာ
နားလို့ရတယ်။ဖေါက်သည်မရှိ
ကိုယ်ပိုင်သုးံဘီးဆွဲ ဆိုက်ကား မ၀ယ်နိုင်
သူတွေ။ လုပ်ရတာများတယ်။ သူတို့က
တနေကုန်နီးနီး လုပ်ကြရတယ်။ ဗွီဗွီဖျော်ရည်ဖါတွေလည်း
သယ်ကြတယ်။ တဖါကို ဗမာငွေ
ခုနှစ်ဆယ့်ငါး(၇၅)ကျပ် ရတယ်။အများဆုးံ ဖါ(၅၀) သယ်တယ်။
နောက်ဗမာပြည်ထုတ် အမွှေးတိုင်တွေ
သယ်တာလည်း ရှိတယ်။ အမွှေးတိုင်က
အထုတ်ကြီး
တထုတ်ကို နှစ်ရာ
(၂၀၀)
ကျပ် ရ
တယ်(၂၅)ထုတ်ထက်
ပိုတင်လို့မရဘူး၊ကုန်ဆွဲသူတိုင်း
ပိသာချိန်(၂၀၀)နှစ်ရာ ပါတ်ဝန်းကျင်လောက်အထိ
တင်ကြတယ်။
တခေါက်ကို ဆိုက်ကားဘီးတွေ မပေါက်ဘူးဆို (၂)နာရီနဲ့
အရောက်နင်းကြတယ်။အသွားအပြန်ဆိုရင်
နှစ်နာရီခွဲ(၂-၃၀) သုးံနာရီ
လောက်
ကြာတယ်။တခါတခါနားရင်
၁၀မိနစ် (၁၅)မိနစ်နားကြရတယ်။ နေတအား
ပူတဲ့
အခါဆိုရင် နှစ်ခါသုံးခါ နားရတယ်။
ကုန်ဆွဲ
သူအများစုက ရွှေလီကျယ်ဂေါင်တံတားမှာ
တော်တော်လေး ပင်ပမ်းကြတယ်။
တချို့ ဆိုရင်အချင်းချင်း ကူတွန်းပေးကြရတယ်။
တယောက်ချင်း ဆွဲတက်နောက်လူက သူ့ဆိုက်ကား
ခနရပ်ပြီး အရင် တက်သူကို တွန်းပေးရတယ်။ပြီးရင်
နောက်လူကို အရင်တက်
ပြီးသူက ပြန်တွန်းပေးတယ်။နောက်ထပ် အတော်
မြင့်တဲ့
အတက်ကြီးတခု ရွှေလီမစ္စူ
ဆေးရုံရှေ့က အတက်ကြီးလည်း
ရွှေလီတံတား
ထက် ပိုပင်ပမ်းတယ်။
မတ်ဆောက်ကြီးလို
ဖြစ်နေတယ်။ရွှေလီမှာ
နွေရာသီဥတုက။ မမှန်ဘူး။အခုနေ တအားပူပြီး ခနနေ မိုးရွာရင် ရွာတာ
အဲလို
ဒဏ်တွေကို
ကုန်ဆွဲသူတွေအများစု ခံကြရတယ်။ တချိုးက
ကုန်ဆွဲစရာ မရှိရင်ကုန်ထမ်းကြတယ်။
အဲဒီကုန်ဆွဲသူတွေ အလုပ်ပါး လဆိုရင် မပိုကြဘူး။သူတို့အသုးံပြုတဲ့
ဆိုက်ကားတွေက တစီးကိုယွမ်(၈၀၀)တန် ရှိတယ်၊
(၄၀၀)ယွမ်တန်
လည်း ရှိတယ်။
(၄၈၀)ယွမ်ပေးရတာလည်း ရှိတယ်။သံအမာအပျော့နဲ့
ကုန်တင်ခံနိုင်မှုရယ်။ရည်ရှည်
ခံနိုင်မှုပေါ်မှာ
တည်ပြီး ဈေးပေးရတယ်။။ သူတို့
အားလုးံက ဗမာပြည်ပိုင် မူဆယ်ဖက်ကို အခန်း ငှားပြီးနေကြတယ်။
သူတို့ငှားနေတဲ့
အခန်း
တွေက တလကို ခုနှစ်ထောင်ကျပ် (၇၀၀၀)ရှိတယ်။
ရှစ်ထောင်(၈၀၀၀) ကျပ်ရှိတယ်။
အဲဒီလို
အခန်းမျိုးတွေက
ရေမီးမရှိဘူး။
တလကို တစ်သောင်းကျပ် (၁၀၀၀၀) အခန်းနေသူတွေလည်း ရှိတယ်။
သူတို့
ရေမီးသုးံခတွေ
က တလကို သုးံထောင်(၃၀၀၀)ကနေ
ငါးထောင်(၅၀၀၀)ကျပ်အထိ ကျတယ်။နောက်အခန်းခ တစ်
သောင်းကျော်လည်း ရှိတယ်။
ရေမီး ခုနှစ်ထောင်ကျပ် ကျသူတွေလည်း
ရှိတယ်။သူတို့နေကြတာတွေက မူဆယ်
ခရစ်
ယာန်ရပ်ကွက်။ ၄၅ကုန်း။ တောင်ရပ်ကွက်။ မြောက်ရပ်ကွက်။ မာန်ဝိန်းဂိတ်နား။
ကောင်းမှုတော်ရပ်ကွက်
မူဆယ်မြို့
တွင်း အဲဒီရပ်ကွက်တွေထဲမှာ သူတို့လို
အလုပ်ကြမ်းသမား
တွေ အများစု အခန်းငှားနေကြတယ်။

ဗမာပြည်
ဒေသစုံ။တောနယ်တွေက
နေလာပြီး။လုပ်ကိုင် စားသောက်ကြတယ်။တချို့ 
လူလွတ်တွေကတော့
အခန်းကို လေးငါး
ယောက်ပေါင်းပြီး ငှားနေကြတယ်။တဦး
သုံးထောင် လေးထောင်စုပြီးတော့။အခန်းခ ပေးကြရတယ်။
ရေမီး
အပါ ကျသလောက် ခွဲတမ်းချပြီး ပေးကြတယ်။အိမ်တွေကသွတ်မိုးထရံကာ
အိမ်တွေ များကြတယ်။
ကုန်ဆွဲသူတွေ အားလုံး
တစ်ရက်သုးံခေါက်ထက် ပိုမလုပ်နိုင်ဘူး တခါတလေ
ဆိုက်ကားပျက်တာလည်းရှိတယ်။
တချို့လူလွတ်တွေကတော့
ထမင်းကို လပေးစားကြတယ်။ တလကို
သုးံသောင်း(၃၀၀၀၀)ကျပ် ပေးပြီးစားတယ်။
အဲလို
လာလုပ်စား
နေသူတွေ အားလုးံဟာ မူဆယ်အာဏာပိုင်ထံ
ဧည့်စာရင်းတိုင်ပြီး နေကြရတယ်။
စရောက်ရောက်ချင်း (၅)ရက်တပါတ် တခါတိုင်ရ
တယ်။တရက် နှစ်ရာကျပ်နှုံးံ
တွက်ပြီးပေးရတယ်။ အဲဒီ
ငါးရက်ပြည့်ရင်
(၁၀)ရက်
(၁၅)ရက် နောက်တခါ ထပ်တိုင်ရတယ်။ အဲဒီ
နောက်အများဆုးံ
တလဧည့်စာရင်း တိုင်ခွင့်ပေးတယ်။တရက်လွန်ရင်
ငါးရာဒဏ်ငွေ ရိုက်တယ်။ ဧည့်စာရင်းတိုင်ရတာက
(၁၀)နှစ်
ကျော်ပြီဆိုရင် တယောက်နှစ်ရာကျပ် ပေးရပြီ။မူဆယ်မှာ
ဒေသခံရှမ်း
တွေထက် ဗမာပြည်အတွင်းမှာ လုပ်ကိုင်စားသောက်ဖို့
ခက်ခဲကြလို့
တရုတ်နယ်စပ် မူဆယ်
ရောက်လာပြီး လုပ်စား
နေကြသူ။
ဗမာပြည်တွင်း တောနယ်ဒေသစုံက
ရောက်နေသူတွေ ပိုများတယ်လို့
ပြောရင် ရတယ်။။
ဟိန်းနိုင် (မန္တလေး)။
|