|
၂၁ ရာစု ခေတ်သစ်
တိဗက်ပြည်
ကျွန်တော်ငယ်ငယ်က
မူလတန်းကျောင်းမှာ အသုံးပြုခဲ့ရတဲ့ အရွက်နှစ်ဆယ် ဗလာစာအုပ်လေးတွေကို အမှတ်ရ နေ
မိပါတယ်။ ဗလာစာအုပ်လေးရဲ့နောက်ကြောမှာ မြန်မာပြည်မြေပုံလေးနဲ့ ပါ။
မြန်မာပြည်မြေပုံကို ပတ်ဝိုင်းနေတဲ့ အိမ်နီး ချင်း နိုင်ငံတွေရဲ့
အမည်ကိုလဲဖေါ်ပြထားပါတယ်။ ထိပ်ဘက်ကနေ လင်္က်ျာရစ် ဖတ်ကြည့်မယ်ဆိုရင်
တိဗက်နိုင်ငံ၊တရုတ် နိုင်ငံ၊ ယိုးဒယားနိုင်ငံ၊ အိန္ဒိယနဲ့  အရှေ့ပါကစ္စတန်လို့ 
တွေ့ ရပါတယ်။ သင်ခဲ့ကြရပါ တယ်။ ဦးနု(ဖ.ဆ.ပ.လ) ခေတ် ကပါ။ နောက် တရုတ်ပြည်မှာ
တရုတ်ကွန်မြူနစ်တွေ အာဏာရပြီး အာဏာရပြီး တိဗက်ပြည်လေးလဲ ပျောက်သွားပါ
ရော။တိဗက်လူမျိုးတွေ နိုင်ငံပျောက်ခဲ့ရပြီး တရုတ်ပိုင် နယ်တခုအဖြစ်
ပြောင်းခဲ့ရပါပြီ။ တိဗက်ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဒလိုင်းလားမား လည်း ကမ္ဘာအနှံ
့ခြေဆန့် ပြီး တိဗက်လူမျိုးတွေကို ကယ်တင်ဘို့  ကြိုးစားရင်းအသက်အရွယ်လည်း
အိုမင်းလာခဲ့ပါပြီ။
၂၀၀၇ ခုနှစ်
အောက်တိုဘာလ (၁၅) ရက်နေ့ က အမေရိကန်ပြည်ထောင်စုက ဘုန်းတော်ကြီး ဒလိုင်းလားမား
ကို အမေရိကန်လွတ်တော် ဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်ဆက်ကပ်လိုက်ပါတယ်။
ဘုန်းတော်ကြီးရဲ့ အဲဒီနေ့ က မိန့် ကြားတဲ့ စကားတွေထဲမှာ
မြန်မာဘုန်းတော်ကြီးတွေကို မြန်မာစစ်အစိုးရ က အကြမ်းဖက်နှိပ်ကွပ်သတ်ဖြတ်တာတွေ
မြင်ရ၊ကြား ရတော့ တချိန်က ကွန်မြူနစ်အစိုးရက သူတို့ တိဗက်
ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေ၊ ရဟန်းသံဃာတွေကို နှိပ်စက် ညှင်းပန်းခဲ့တာတွေကို
ပြန်ပြီးသတိရတယ်တဲ့။
ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေ အများအပြားအသတ်ခံရတယ်။ လူဝတ်လဲပြီး
ရဲဘက်စခန်းတွေကိုပို့  အသက်သေတဲ့ အထိလမ်းဖောက်၊ တံတားဆောက်လုပ်ခဲ့ကြရတယ်။
တိဗက်ဗုဒ္ဓဘာသာ သာသနာတော်ကြီး ဘုန်းဘုန်းလဲမြေခ ကြွေကျခဲ့ရပါတယ်။
ဘုန်းတော်ကြီးဒလိုင်းလားမား အနေနဲ့မြန်မာဘုန်းတော်ကြီးတွေ
အကြောင်းမြင်ရကြားရတော့ သတိမရဘဲနေနိုင်ပါတော့မလား။
အဲဒီ နေ
့ကကျွန်တော်ရင်တွေ ဗလောင်ဆူနေတယ်။ ဘုရား၊ဘုရား ဒို့ မြန်မာပြည်လည်း
တိဗက်လိုဖြစ်တော့မှာပါလား။ အင်အားမရှိတဲ့ တိဗက်လိုတိုင်းပြည်ငယ်ကလေးကို
တရုတ်ကိုလိုနီအဖြစ်က လွတ်မြောက်အောင် ဘယ်သူက ကယ် တင်ကြမှာတုန်း။
ဘုန်းတော်ကြီးဒလိုင်းလားမား ကမ္ဘာဘုံကြယ်သ၍ ရှာပုံတော်ချဲ့နေပေမယ့် ရှာလေဝေးလေ
ဖြစ်နေ ပါရော့လား။

ကျနော်တို
့မြန်မာနိုင်ငံကတော့ ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင်နိုင်ငံမှို
့ဘာများအင်အားရှိလို့ တုန်း။ဒါကြောင့် လူရမ်းကား မိစ္ဆာဒိဌိ စစ်အစိုးရရဲ့
နှိပ်ကွပ်ညှင်းပန်းတာကို ခံနေကြရတာပေါ့၊ မြန်မာပြည်ကို နှိပ်ကွပ် နေတာ
မြန်မာစစ်အစိုးရ တဦး တည်းမဟုတ်ဘူးဗျို့  သူ့ နောက်က လက်တန်ရှည်ရှည်နဲ့ 
တရုတ်ကွန်မြူနစ်က အထင်အရှားပါဝင်နေတာ တွေ့ ရပါ တယ်။
ယခုအချိန်မှာ
တရုတ်ကွန်မြူနစ်အစိုးရကို တကမ္ဘာလုံးက ဝန်းပြီးပြောဆိုနေကြပါတယ်။ မြန်မာ
စစ်အစိုးရကို လက်နက် တွေမရောင်းဘို့ ၊ ကြောထောက်နောက်ခံ
အားပေးအားမြှောက်မလုပ်ဘို့ ၊ ဒီမိုကရေစီ ရေးအတွက် နားချပေးဘို့ ဆို တာတွေပေါ့။
ဒါပေမယ့်  တရုတ်အစိုးရက နားမထောင်မဲ့အပြင် မြန်မာစစ်အစိုးရကို အရေးယူဘို
့ကိုတောင် ဗီတိုအာ ဏာနဲ့  ပယ်ချလိုက်ပါသေးတယ်။ ကဲ ကမ်းကုန်နေပါပြီ။
ဒါဘာကြောင့်လဲဆိုတော့ လူတိုင်းသိနေကြပါပြီ။ တရုတ်ကြီးအတွက်
အကျိုးအမြတ်သုံးခုရှိပါ တယ်။ ပထမ က စီးပွား ရေး အကျိုးအမြတ်ပါ။ တရားဝင်
ကုန်သွယ်မှု့ ထက် တရားမဝင်ကုန်သွယ်မှု့  လုပ်ငန်း အကျိုးအမြတ်တွေ၊ နိုင်ငံတကာ
က စီးပွားရေးပိတ်ဆို့ လေ သူ့ အတွက်တွက် ချေကိုက်လေပေါ့။
ဒုတိယ အမြတ်ထက်
လူဦးရေပေါက်ကွဲစီးဆင်းလာမှု့ ပါဘဲ။ မြန်မာပြည် အထက်ပိုင်းမြို့ကြီး
မြို့ငယ်များအားလုံး လိုလိုမှာ မျက်နှာစိမ်းတရုတ်လူမျိုးတွေ
နေရာယူထားတာကြာလှပါပြီကော။ ဝ လိုလို၊ ကိုးကန့် လိုလို၊ ရှမ်းတရုတ်လိုလိုနဲ
့မြန်မာ စကားမတတ်ဘဲ မြန်မာမှတ်ပုံတင်ကိုင်ဆောင်နေကြသူတွေ နိုင်ငံနဲ
့အဝှမ်းပါဘဲ။ မန္တလေးဆိုတာ ယူနန်မြို့ တော်လား အောင်းမေ့ရပါတယ်။
တတိယအမြတ်ကတော့
အရေးအကြီးဆုံး တရုတ်ကြီးရဲ့ မဟာဗျူဟာ အကျိုးအမြတ်တခုပါ။ ဒါကတော့ တချိန်က
တိဗက်ပြည်ကလေးအပေါ် သူစဉ်းစားတဲ့  ပုံစံမျိုးဖြစ်ပါတယ်။ ခုခေတ်မှာပြောနေတဲ့
ပထဝီဝင်နိုင်ငံရေးဆိုတာပေါ့။ တိဗက်သာ တရုတ်ရဲ့ကိုလိုနီမဖြစ်ခဲ့ဘဲနဲ
့အနောက်အုပ်စုနဲ့ နီးစပ်ပြီး ဒီမို ကရေစီ နိုင်ငံလေး ဖြစ်သွားရင် တရုတ်ရဲ့
အသဲမှာဆူး စူး သလို နာတာရှည်ရောဂါဖြစ်သွားနိုင်တာပေါ့ဗျာ။ ဒီမိုကရေစီမဲ့
ကွန်မြူနစ်နိုင်ငံတွေ အနေနဲ့ ဘယ်စိတ်ချ နိုင်ပါ့မလဲ။ ခုလဲ ဒီလိုဘဲပေါ့။
မြန်မာပြည်သာ ဒီမိုကရေစီ ရပြီး ဒီမိုကရေစီနိုင်ငံတွေနဲ့ လက်တွဲသွား မယ်ဆိုရင်
ဒီမို ကရေစီကို ရောဂါတခုအနေနဲ့  ကြောက်လန့် နေတဲ့ ကွန်မြူနစ် တရုတ်အစိုးရ အဘို
့ ရောဂါကူးမှာ ကြောက်ရွံ့ စိုးရိမ်ပြီး မအိပ်နိုင်မစားနိုင်ဖြစ်တော့မှာပေါ့။
ဒါကြောင့် မြန်မာပြည်ကိုလည်း ဒုတိယ တိဗက်ပြည်အဖြစ် ကိုလိုနီဖြစ်အောင်
သူလုပ်တော့ မှာပေါ့။
ကဲ ဒါကြောင့်
မြန်မာပြည်သားတို့ ရေ ̏ မြေမျို၍ လူမကုန်၊ လူမျိုမှ လူကုန်ကုန်မည်˝ တဲ့ ၊
ဒီအရေးကို မျှော်တွေးပြီး တရုတ်ကွန်မြူနစ် ဆန့်ကျင်ရေး
ဦးစားပေးလုပ်ဆောင်ကြရန် ပဓါန အချက် ဖြစ်နေပါကြောင်းတင်ပြလိုက်ပါတယ်။
ဦးသိန်းထွဋ် -ရေတာရှည်၊ ပဲခူးတိုင်း။
-----------------------------------------------------------------------------------------------------------------------
|