|
“တရုတ်ရှေ့မှောက် ဒူးထောက်ကြရတော့မှာလား”
အခု
ကျုပ်အသက် ၇၈ နှစ်ရှိပါပြီ၊ နာမည် ဦးစိန်သောင်းပါ၊ အညာဘက်
ကျောက်ပန်းတောင်းနယ်နဲ့ ရေနံချောင်းနယ်စပ် ကဆိုပါတော့။ အသက်အရွယ်အရရော
ဒေသခံလေသံနဲ့ ကျုပ်လို့ ပြောတာကို နားလည်ပေးစေချင်ပါတယ်၊ ကျုပ်က အငြိမ်းစား
မူလတန်းကျောင်း အုပ်ဆရာကြီးပေါ့။
ကျုပ်မြေး ကလေးက ရန်ကုန်မှာ အလုပ်ရလို့ ရွှေတိ၈ုံစေတီတော်ကြီးကို ဖူးဖို့
ခေါ်လွန်းတာနဲ့ ပြီးခဲ့တဲ့လက ရန်ကုန်ကို ရောက်ပါ ရောလား၊ ရန်ကုန်ဆိုလို့
အထင်မကြီးလိုက်ပါနဲ့၊နေတာက မြောက်ဒဂုံ အစွန်အဖျားမှာ အိမ်ငှားနေရတာပါ၊
ဖြစ်ချင်တော့ ကျုပ် ရောက် သွားတဲ့ အချိန်မှာ နိုင်ငံတော် လူကြီးမင်းများက
လောင်စာဆီ ဈေးနှုန်းမြှင့်လိုက်လို့ လူတွေက ပူညံပူညံ မကြေမနပ် ဖြစ်နေကြတဲ့
အချိန်ပေါ့၊ ရန်ကုန်ဆိုတာက ဘာဝယ် စားစား အလွန်ကို ဈေးကြီးနေပါတယ်၊
ဟိုနားဒီနား ဆိုတာကလည်း အနည်းဆုံး လိုင်းကားနဲ့ မှဖြစ်တာ၊ အငှားကား ဆိုရင်
ကားပေါ်တက်လိုက်လို့ ဘီးလှိမ့်တာနဲ့ ထောင်ဂဏန်း-တောင်းချင် နေကြပြီ၊ ကျုပ်မြေး
ဆိုရင် အလုပ် သွားရင် ငွေ နှစ်ထောင်(၂၀၀၀) ကျပ်လောက် အမြဲ ထည့်သွားတတ်တယ်၊
လိုင်းကား မရရင် ကြားကားနဲ့ ပြန်လာရင် ဒီလောက်ပါမှ လောက်မှာတဲ့၊ ကျုပ်
ကျောင်းဆရာလုပ်စက ရတဲ့ ငွေ( ၈၂)ကျပ် နဲ့ ပြန်နှိုင်းယှဉ်ကြည့်တော့ ဘုရားတောင်
တမိတယ်။
ကျုပ်လဲ ရန်ကုန်သူ ရန်ကုန်သားတွေ အပြေးအလွှား ကြက်များ ငှက်များလို တနေ့စာ တနေ့
ရှာစားနေရတာ မြင်ရတော့ ရန်ကုန်မှာ နေရတာ တရက်မှ မပျော်ပါဘူး၊ အရင်ရက်တွေက
မြေးတော်မောင် လိုက်ပို့လို့ ဘုရားစုံလောက်အောင်လည်း ဖူးပြီးပါပြီ။
ပြန်ခါနီးရင်တော့ ရွှေတိဂုံစေတီတော်ကြီးကို ဦးခိုက် ပြန်ဦးမယ်လို့ တွေးပြီး
မြေးတော်မောင်ကို လိုက်အပို့ခိုင်းရပြန်တယ်။

ဖြစ်ချင်တော့ ကျုပ်ရွှေတိဂုံပေါ်ရောက်ပြီး ရာဟုထောင့် အောင်မြေ မှာ
တရားမှတ်ဝတ်ပြုနေတုံး ရဟန်း ငယ်တွေရော ဆရာတော်ကြီး တွေရော၊ ကိုရင်လေးတွေ
ရောက်လာပြီး မေတWာပို့
ငြိမ်းချမ်းရေး ဆုတောင်းဖို့ ကျုပ်အနားကို ရောက်လာကြတယ်၊ ကျုပ်လဲ ဘာမှ
မဖြစ်လောက်ဖူးဆိုပြီး မျက်စေ့မှိတ်အာရုံပြုနေခဲ့တယ်၊ တရားမှတ်အပြီးမှာ
ကျုပ်ဘေးနားရောက်နေတဲ့ ကိုရင်လေးတပါးက “ရေဆာ လို့တဲ့ ”၊အသံကြားတာနဲ့
ကျုပ်မှာပါလာတဲ့ ရေသန့် ဘူးလေးကို ထုတ်ကပ် လိုက်တယ်၊ ကျုပ်မြေးတော်မောင်ကတော့
ဗိုက်နာလို့ အိမ်သာသွားမယ်ဆိုပြီး ထွက်သွားလို့ ကျုပ်အနားမှာ မရှိပါဘူး၊
ကိုရင်လေး ကျုပ်ကပ်တဲ့ ရေသောက်လို့မှ မ၀ခင်မှာ ဗြုန်းဆို စစ်သား တွေ
ရောက်လာပြီး မြင်မြင်သမျှကို ဖမ်းတော့တာပဲ၊ ကျုပ်လဲ အသက်ကြီးအိုမှ
အဖမ်းခံရတဲ့ အထဲမှာပါသွားတယ်၊ ဒိုင်နာလိုကားများနဲ့ ငပိသိပ်ငါးချဉ်သိပ်
တွန်းထိုးတင်ပြီး ကိုရင်လေးတွေ ဦးဇင်းတွေနဲ့ အတူ ခေါ်သွားခံရတာပေါ့၊
ဘယ်ကိုခေါ်သွားလို့ ဘယ်ရောက် နေတယ်ဆိုတာ ကျုပ်မသိပါဘူး၊ ကျုပ် သတိရလို့
ဘေးဘီကို မျက်စေ့ကိုကစားကြည့် နားစွင့်မိတော့ ကိုရင်လေးတွေနဲ့ ဦးဇင်း တွေကို
လူဝတ် အလဲခိုင်းနေတယ်၊
လူဝတ်မလဲရင် “နာသွားမယ်၊ နားသွားမယ်၊ ရပ်သွားချင်သလား”တဲ့ ၊“ခင်ဗျားတို့ ဘယ်
ဘာသာဝင်တွေ လဲ”လို့ ပြန်မေးတဲ့ ဦးဇင်းတပါး ကို ပြေးကန်တယ်၊ ဦးဇင်းလေး
လဲကျရာက ပြန်ပြီး အထမှာ နားရင်း တချက်ဖြတ်အုပ်ထဲ့လိုက်သေးတယ်၊ ဦးဇင်းလေးခမျာ
နားရင်း ရိုက်ထဲ့လိုက်တဲ့အား ကြောင့် ပြန်လဲကျ သွားပြန်တယ်၊ ပြီးတော့
ဟိုအဖိုးကြီးလာဆိုပြီး ကျုပ်ကိုဂုတ်ကဆွဲခေါ်ပြီး စားပွဲတလုံးမှာ အထိုင်
ခိုင်းတယ်၊ စစ်ဆးမယ့် သူက ဓါတ်ပုံတပုံကိုကြည့်ပြီး ကျုပ်နောက်က
လူကိုထောင်ပြတယ်၊ ကျုပ်လှမ်းခိုးကြည့် လိုက် တော့ ကိုရင်လေး ကို
ကျုပ်ရေသန့်ဘူး လှူနေတဲ့ပုံ၊ ဘယ်အချိန်က ဓါတ်ပုံအရိုက်ခံ လိုက်ရမှန်းတောင်
မသိဘူး။ နောက်ကလူက မသူတော်ကို အားပေး အားမြှောက်လုပ်တဲ့ သေနာကြီးဆိုပြီး
ဂုတ်ပိုးကို ရိုက်ထဲ့ လိုက်တာ မျက်စိထဲမှာ ကြယ်တွေ လတွေမြင် ကုန်တယ်၊
အသက်ကလဲကြီး၊ ခွန်အားကလဲ ဆုတ်ယုတ် ချိန်ဆိုတော့ တော်တော်နဲ့ အမူးမပြေဘူးရယ်။
နောက်တော့ ကျုပ်ကိုနေရပ်လိပ်စာမေး၊ ဖြစ်ပျက်ပုံမေးပြီး နောက်
ပြန်အနားခိုင်းတယ်၊လူငယ်တွေ ကတော့ အများဆုံး အဆော်အတီး ခံရတာပေါ့၊ တချို့ဆို
စစ်ဆေးရင်းရော၊ စစ်ဆေးပြီး နေရာပြန်အပို့မှာပါ တောက် လျှောက်
အရိုက်အနှက်ခံရတာရှိတယ်၊ နေ့ရော ညပါ စစ်ဆေးရင်း ရိုက်နှက်သံ။ ဆော်ပလော်တီးသံ၊
ညည်းညူ သံတွေ ငရဲပွက်သလို ဆက်တိုက် ကြားနေရတယ်၊ ငရဲပြည်ဆိုတာ မြန်မာပြည် မှာ
တကယ်ရှိတာဟ လို့တောင် မှတ်ချက်ချမိတယ်၊တပါတ်လောက်ကြာတော့ ကျုပ်တည်းခိုတဲ့
နေရာကိုပြန်လိုက်ပို့ပေးတယ်၊ ရပ်ကွက် ကရော ကျုပ်မြေးတော်မောင် ရော
သေရွာပြန်ဖိုးဖိုးဖြစ်တဲ့ ကျုပ်ကို ဖြစ်ပျက်ခဲ့ပုံ မေးကြ၊ အညာပြန်ဖို့
လမ်းစရိတ် လှူဖို့ စုသူ စုကြ ကြလုပ်ကြတယ်၊
ကျူပ်တို့ မြန်မာ ပြည်သူတွေရဲ့ သောကတွေ အပူမီးတွေကိုငြိမ်းပေးမယ့်သူ
ကယ်နိုင်မယ့်သူ မရှိကြ တော့ဘူးလား၊
ကမBာ့ကုလသမဂ~
ဆိုတဲ့ အဖွဲ့ကြီးကရော တရုတ်နဲ့ ရုရှားက ကန့်ကွက်တာနဲ့ မြန်မာ့ အရေးကို
လစ်လှူရှုထားကြတော့မှာလား၊ မြန်မာ့အရေး လေ့လာ သူတို့ ဆန်းစစ်ဝေဖန်သူတို့ဆိုတဲ့
ပြည်ပက မြန်မာပညာရှင်ကြီးတချို့က
“တရုတ်နဲ့ ပြေလည်အောင်ညှိမှဖြစ်မယ်ဆိုပဲ”။
အရိုက်နှက်ခံ အသတ်ခံ အဖမ်းခံနေရတဲ့ ဆရာတော်တွေ ရဟန်းငယ်တွေ လူထုတွေအတွက်
“ကျနော်တို့ အရမ်းစိုးရိမ်ပါတယ်” ဆိုတာထက် ပိုမပြောတတ် ကြတော့ ဘူးလား၊
ပြည်သူတွေမှာ ဒီမိုကရေစီဖော်ဆောင်ဖို့ ထောက်ပံ့ကြေးဒေါ်လာငွေ လဲမရရှိကြ၊ နအဖက
ကျွေးတဲ့ ကျည်ဆံ ရင်ဘတ်နဲ့ ရင်းပြီး အသေခံကြရ တော့ မှာလား၊ ပြည်ပက
ပညာရှင်တချို့ ပြောသလို တရုတ်နဲ့ ရုရှား သနားမှ မြန်မာပြည်သူတွေ အသက်ချမ်းသာရာ
ရကြတော့ မလား၊ ကျုပ်တို့ မြန်မာပြည်သူတွေ အားလုံး “တရုတ်ရှေ့မှောက်
ဒူးထောက်ကြရတော့မှာလား”၊ ပြည်တွင်းမှာတော့ တိုက်ပွဲဝင်သူ တွေရော ၊ငြိမ်း
ချမ်းရေး ဆုတောင်းပေးတဲ့ ရဟန်းတော်တွေရော၊ အားပေးတဲ့ ပြည်သူတွေပါ “အုန်သီး
-ဆင်အနင်းခံရသလို ပြားပြား မှောက်လို့ ဖွတ်ဖွတ်ညက် ကြေနေပါပြီ”။ ကျုပ်တို့ပြည်
အေးချမ်းဖို့ ဘယ်သူတွေ ဖန်တီးနိုင်မှာလဲ၊ ဘယ်သူ့ကိုအားကိုးရပ။ ကျုပ်မသေခင်
သိသွားချင်လိုက်တာ။
(အညာသားကြီး ဖိုးဖိုး ဦးစိန်သောင်း ပြောပြချက်ကို ပြန်လည်ရေးသားပါသည်။)
၁၂။ ၁၀။ ၀၇ စိန်မောင်ဝင်း(မြောက်-ဒ၈ုံ)
|