ပြည်ပအားကိုး ပုဆိန်ရိုးတဲ့လား

မြန်မာနိုင်ငံထဲမှာ လက်ရှိဖြစ်ပျက်နေတာတွေကတော့ ကျနော်ပြောပြမှာထက် ပြည်တွင်းမှာ ကိုယ်တိုင် တိုက်ပွဲဝင်နေသူတွေရော ပြည်ပမှာတိုက်ပွဲကို ကူညီပန့်ပိုးနေသူတွေပါ သိကြ ကြားကြ မှာပါ။

ပြည်တွင်းလက်ရှိ အပစ်သတ်ခံ၊ အရိုက်နှက်ခံနေကြရတော့ ကယ်သူကူကို မျှော်သူမျှော်ကြပြီ၊ ပြည်ပ ကျည်လွတ်မြေကလူတချို့က ပြည်တွင်းရေး ကိုယ့်ပြည်တွင်းမှာ ကိုယ့်ဖာသာ ဖြေရှင်းမယ်လို့ ပြောသံတွေ ကြားနေရဆဲပဲ။

ကိုယ်က ငြိမ်းချမ်းရေး နည်းနဲ့တိုက်ပွဲဝင်နေကြရာက ခုတော့ လက်တွေ့ ကိုယ့်ရှေ့မှာ သေနေတာ မြင်နေကြရတာကိုး၊ တရုတ်နဲ့ ရုရှားကို အသေကပ်ပြီး ပြည်သူနဲ့ ဘုန်းတော်ကြီးတွေကို ပေါ်တင် သတ်ဖြတ် မိုက်ရိုင်းပြနေတဲ့ နအဖ အုပ်စုနဲ့ နောက်လိုက်တွေကို ဆုံးမပေးဖို့၊ကြားဝင်ပေးဖို့ ကျောင်းသားခေါင်းဆောင် တချို့ကတောင် မြန်မာပြည်မှာ လူသိန်းချီပြီးသေမှ ကုလသမဂ~က ၀င်လာ ကူညီဖြေရှင်းမှာလားလို့ ပြောဆိုနေကြပါပြီ။ဒီလိုလူတွေကို ပြည်ပအားကိုး ပုဆိန်ရိုးတဲ့။ဒီစကားကို (န။ အ။ ဖ)က အမြဲပြောနေတယ်

 ပြည်တွင်းအင်အားနဲအနိုင်တိုက်မှ လူထုအားနဲအနိုင်တိုက်မှ အောင်ပွဲရမယ်၊ ကိုယ့်ပြည် တွင်းရေး ကိုယ်ဖာသာရှင်းရမယ်၊ ဒီစကားကို တရုတ်ကအမြဲပြောနေတယ်၊သူတိုဘာပြောပြောအရေးကီးတာကစစ်အစိုးရကို ဆန့်ကျင်နေတဲ့ ပြည်တွင်းပြည်ပ အတိုက်အခံ  အဖွဲအစည်းများမှ ခေါင်းဆောင်များကရော ဘာပြောနေကသလဲ၊ ပြည်တွင်းအားသည် အဓိက ဖြစ်တယ်။ ပြည်တွင်းအားဟာ ပြည်တွင်းမှာဘဲ ရှိတယ်တဲ့၊

ဒီနေရာမှာ အင်းအားဆိုတဲ့သဘောတရားကိုတင်ပြပါမယ်၊ လူအင်အားက အဓိကဆိုတာ လုံးဝမှားယွင်းပါတယ်၊ ထောက်ပြရရင် တချိန်က အင်္ဂလိပ်လူနည်းစုလေးက ကမBာတ၀က် လောက်ကို အုပ်ချုပ်ကျွန်ပြုနိုင်ခဲ့တယ်၊ ဒီနေ အစPရေး နိုင်ငံသေးသေးလေးက အာရပ်နိုင်ငံတွေကို ရင်ဆိုင်ထိမ်းချုပ်ထားနိုင်တယ်၊ ဒီဟာကိုထောက်ပြတာက ပြည်ညှင်းမင်းမခံနိုင် ဆိုတဲ့အယူ အဆဟာ လုံးဝဥသုံ မမှန်တော့ဘူးဆိုတာ သိစေချင်ပါတယ်၊

ဒါဆိုအင်အားဆိုတာဘယ်မှာရှိသလဲ၊ အင်အားဆိုတာလက်နက်။ နည်းပညာနဲ့ မိတ်ဆွေရှိမှု အပေါ်မှာဘဲရှိတယ်၊ ဒီသဘောတရားကို ပညာဥာဏ်ရှိတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ နားလည်တယ်၊  တချိန်က ဗိုလ်ချုပ်အောင်ဆန်းဟာ ပညာဥာဏ်ရှိတဲ့ အမြှော်အမြင်ကီးမားတဲ့ ခေါင်းဆောင်ကီးဖြစ်တယ်၊ လွတ်လပ်ရေးကိုးပမ်းစဉ်က သူဟာပြည်တွင်း အင်အားနဲ့  လွတ်လပ်ရေး မရနိုင်မှန်းသူသိတယ်၊ အဲဒီတုန်းကခေါင်းဆောင်ကီးတွေသိတယ်၊ ဒါကောင့်လည်း ပြည်ပကအကူအညီတွေကိုရအောင်ယူပြီး အင်္ဂလိပ်ကိုတိုက်ခဲ့တယ်၊ ဂျပန်ကိုတိုက်တော့ လည်းအင်္ဂလိပ်ရဲ့  အကူအညီနဲဘဲ တိုက်တယ်၊ နောက်ဆုံးလွတ်လပ်ရေး ရတယ်၊

နိဂုံးချုပ်ပြောချင်တာကတော့ မြန်မာ့အရေးကိုမြန်မာတွေ အသေခံပြီတိုက်ပွဲဝင်နေမှာအမှန်ဘဲ၊ တပြိုင်နက်တည်းမှာ အသေခံ မြန်မာပြည်သူတွေ အတွက် တိတိကျကျ ကူညီမယ့်ပြည်ပက အမေရိကန်လို အင်အားတရပ်ကို ယူနိုင်မယ့်။ ခေါ်နိုင်မယ့် အဖွဲ့ အစည်းတခုမုချလိုအပ်နေပါပြီ၊ ဒါမှမဟုတ် လက်ရှိအဖွဲ့ အစည်းတွေကအတွေးအခေါ်ပြောင်းလဲပြီး ဗိုလ်ချုပ်ဆောင်ဆန်းတို့   လိုပြုလုပ် နိုင်မှသာမြန်မာ့ဒီမိုကရေစီရေးအောင်ပွဲရမှာဖြစ်တယ်၊

ဒီနေရာမှာနိုင်ငံခြားက စစ်တပ်ကီးတွေ ၀င်တိုက်ပေးဘို့လောက်ဘဲ သိရင်မှားလိမ့်မယ်၊ဒီခေတ်မှာ အကူအညီဆိုတာ အမျိုးမျိုးရှိတယ်၊ ကျယ်ပြန်တယ်ဆိုတာ နက်နက်ရှိုင်းရှိုင်းဘို့ လိုပါတယ်၊

                                                                          ၃၀။ ၀၉။ ၂၀၀၇  ဦးဖိုးသာအောင်  လီလီဟားမား /နော်ဝေ

 

Suggestions & Comments: webmaster@hittaing.org