|
အိန္ဒိယက ပြန်ခဲ့သူ

ကျနော် အရေးအခင်းပြီးတော့ (၁၉၈၉) လောက်ကပေါ့၊အိန္ဒိယ ကိုသွားခဲ့တယ်၊အလုပ်သွား
လုပ်တာပေါ့၊ မီဇိုရမ်းပြည်နယ်ကို သွား ခဲ့တာပါ၊ အဲဒီတုန်းက မီဇိုရမ်းပြည်နယ်က
ဆောက်လုပ်ရေးလုပ်ငန်းတွေ အရမ်း ပေါတယ်၊အိမ်ဆောက်တာတို့ လမ်းဖောက်တာတို့
ပေါ့လေ။ ကျနော်လုပ်တုန်းကတော့ တနေ့ကို ရူပီ (၅၀)လောက်ရတယ်၊ နေတာကတော့
လုပ်ငန်းခွင်မှာ နေတာပေါ့၊ စားသောက် တာကတော့ ကိုယ့်ဖာသာ ချက်စားတာ တနပ်ကို (၃)
ရူပီလောက် ပျမ်းမျှကုန်တယ်၊တနေ့ကို ၅ ရူပီ ကျော်လောက်ဆိုရင်ရပြီ။
ကျနော်အိန္ဒိယကိုခြေလျှင်သွားခဲ့တာ၊ ကျနော်တို့ရွာကသွားရင် အလုပ်လုပ်တဲ့
မီဇိုရမ်းပြည်နယ်က အိုက်ဇောမှာရှိတဲ့ လုပ်ငန်းခွင်ကို ၅ နာရီလောက်ပဲသွားရတယ်။
မီဇိုရမ်းစကားက ချင်းစကားနဲ့ အတော်တူ တော့ ကျနော့် အဖို့တော့ ဆက်သွယ်ရတာ
အဆင်ပြေတယ်၊ ကျနော့်ဇာတိရွာက ထန်တလန်မြို့နယ် မှာလေ။
အိန္ဒိယနယ်စပ်မှာရှိတာကိုး။
ကျနော်တို့ ရွာကနေ အိန္ဒိယကိုသွားဖို့ လိုင်းကားမရှိဘူး၊ မြင်သာအောင်ပြောရရင်
ခိုးလမ်းကနေ တရားမ၀င် သွားတာပေါ့၊ အိုက်ဇောမှာ တော့ မြန်မာနိုင်ငံသားတွေ
အတော်အများသားဗျ။ ချင်းရော။ ဗမာရောရှိတယ်၊ အိုက်ဇော ဆိုတာက
မီဇိုရမ်းပြည်နယ်ရဲ့မြို့တော်ပါ၊ အိန္ဒိယမှာ တချို့လူတွေက ယက်ကန်းယက်ကြတာလည်း
ရှိတယ်၊ အဲဒီအလုပ်က ကျွမ်းကျင်မယ်ဆိုရင် တနေ့ကို ရူပီ ၁၅၀ လောက်
အထိရကြတာရှိတယ်၊ ကျနော် ကတော့ အိမ်ငှားမနေနိုင်ပါဘူး၊ လုပ်ငန်းခွင်မှာ
နေစရာလေးဖန်တီးပြီးနေတယ်၊ အိမ်ငှားနေမယ် ဆိုရင်
တော့ တလကို ရူပီ ၅၀၀လောက်ပေးရမယ်၊ လူ ၃ ယောက်လို့နေလို့ရတယ်၊
ကျနော်တွေ့ရသလောက်ကတော့ မြန်မာနိုင်ငံသား အများစုဟာ လူလီထမ်းမယ်၊
လမ်းဖောက်မယ်။ ယက်ကန်းယက်မယ်။ ရရာ အလုပ်ကြမ်းတွေ လုပ်ရတာပေါ့၊ စိုက်ပျိုး
ရေးခြံမှာ အလုပ်လုပ်ကြတဲ့သူတွေလည်းရှိသေးတယ်၊သူတို့လည်း တနေ့ကို ပျမ်းမျှ
နှုန်း ရူပီ ၅၀ လောက်တော့ ရကြတာပါပဲ၊
ကျနော်တို့ မြန်မာနိုင်က တရားမ၀င် ၀င်လာပြီးအလုပ်လုပ်ကြတဲ့ သူတွေကို
အိန္ဒိယကရဲက မဖမ်းဘူး လားလို့ မေးမလို့လား၊ ကျနော့်အမြင်တော့
မဖမ်းဘူးဗျ။ ဒါပေမယ့် မြန်မာတွေက ရာဇ၀တ်မှု ကျူးလွန်တာ မျိုးဖြစ်လာခဲ့ရင်တော့
ဖမ်းတယ်၊ ဥပမာဗျာ- ၇န်ဖြစ်ပြီးတော့ လက်လွန်ကုန်ပြီး လူသတ်မှုဖြစ် တာမျိုး၊
မူးယစ် ဆေးဝါးရောင်းဝယ်တာမျိုးတွေမှာပေါ့၊ အိန္ဒိယမှာတော့ ထိုင်းတို့။
တရုတ်ပြည်မှာတို့လို နေထိုင်ခွင့်တို့ အလုပ်သမားလက်မှတ် လုပ်ရတာတို့
မရှိဘူးဗျ။ ဒီအတိုင်း ပဲ အလုပ်လုပ်ရင်း နေထိုင်နေ ကြတာပဲ၊ ရိုးရိုသားသား
လုပ်ကိုင်စားသောက်နေလို့ကတော့ ရဲတွေက ဘာမှ မလုပ်ဘူး။ကျနော်ဆိုရင် ရဲတွေနဲ့
လုပ်ငန်းခွင်ကို အတူသွားလာ နေတာပဲ၊ တချို့ကတော့ မီဇိုရမ်းကနေ
အိန္ဒိယပြည်အတွင်းဘက်ကို သွားပြီး အလုပ်လုပ်ကြတာလည်းရှိတယ်၊ အဆက်အသွယ်ရှိတဲ့
လူတွေကတော့ နယူဒေလီ အထဲသွားပြီး အလုပ် လုပ်ကြတယ်၊ ကျနော်ကတော့ အိန္ဒိယနိုင်ငံ
အတွင်းပိုင်းထဲ မရောက်ခဲ့ပါဘူး၊
ကျနော်သွားတုန်းက ငွေဈေးလဲလှယ်နှုန်းကလည်း ဒီလောက် မများသေးဘူး၊တရုပီးမှ
မြန်မာငွေ ၂ ကျပ် ကျော် ၃ ကျပ်လောက်ရယ်၊ အခုတော့ ၁၈ ကျပ် ၂၀
လောက်တောင်ဖြစ်နေပါပြီ။ အိန္ဒိယမှာ အလုပ်လုပ်ရင် ငွေစုနိုင်မှ တော်ကာကြတယ်။
မစုရင်တော့ မြန်မာနိုင်ငံကို ပြန်မပို့နိုင်ကြပါဘူး၊ တချို့ကတော့ ငွေရင်းပြီး
တရုတ်ပြည်က ကုန်တွေကို သယ်ပြီး အိန္ဒိယဘက် ရောင်းကြတာရှိတယ်၊ သူတို့ကတော့
အဆင်ပြေကြ တယ်၊ သူတို့ကတော့ မြန်မာနိုင်ငံဘက်က ရဲတွေနဲ့ သက်ဆိုင်ရာတွေကို
အဆင်ပြေအောင်ပေါင်းရတာပေါ့်။

နောက်ပိုင်းမှာ
မြန်မာတွေက မူးယစ်ဆေးရောင်းဝယ်ထာတွေရှိလာတယ်၊ အိန္ဒိယက ဖင်ဇီဒိုင်းတွေ မြန်မာ
နိုင်ငံဘက်သွင်းတယ်၊ မြန်မာ နိုင်ငံဘက်က မူးယစ်ဆေးတွေ အိန္ဒိယ
ဘက်သွင်းတာတွေရှိလာတော့ အိန္ဒိယရဲတွေက မသင်္ကာရင် ဖမ်းတာ စစ်ဆေးတာတွေ
သိပ်များလာတယ်၊ ကျနော် အဲဒါကြောင့် မြန်မာနိုင်ငံဘက်ပြန်လာခဲ့တာပေါ့၊
ကျနော်ပြန်လာပေမယ့် အိန္ဒိယ ဘက်ကိုဝင်ကြသွားကြတဲ့ သူတွေကည်း သွားနေကြတုန်းပဲ၊
မုံရွာဘက်က။ အထက်အညာနယ်က လူတွေပေါ့ဗျာ၊ သူတို့က ယက်ကန်းယက် တတ်ကြ တယ်ပြော တယ်၊
သူတို့တွေက အလုပ်ကောင်းတယ်။ ငွေစုပြီး မြန်မာနိုင်ငံက မိသားစုကို
ပြန်ထောက်ပန့် နိုင်ကြတယ်။
ကျနော့်အနေနဲ့ ပြောနိုင်တာကတော့ မြန်မာနိုင်ငံသားတွေ
အိန္ဒိယကိုသွားအလုပ်လုပ်မယ်ဆိုရင် အရင်း အနှီးမရှိ လုပ်အားနဲ့ ရင်းရမယ့်
သူတွေကတော့ မြန်မာနိုင်ငံမှာ ရှာဖွေစားသောက်ရတာ ထက်ပိုသာတယ်၊
လွတ်လပ်တယ်လို့ပြောရမယ်၊ မြန်မာနိုင်ငံမှာလို အခမဲ့ လုပ်အားပေးလိုက်ရတာက
ဝေးသွားပြီး ကိုယ်လုပ် နိုင်ရင် လုပ်နိုင်သလောက် ငွေရနိုင်တာပေါ့ဗျာ။
မြန်မာနိုင်ငံမှာ လက်လုပ်လက်စား လုပ်ရတာနဲ့စာရင်
အဆင်ပြေနိုင်ပါတယ်။
ကျနော် မြန်မာပြည်က ကိုယ့်ရွာကို ပြန်ရောက်ပြီး မိဘတွေနဲ့ အေးအေးဆေးဆေး
အလုပ်လုပ်ပြန်တော့ တချို့ ချွန်တွန်းလုပ်တဲ့ သူတွေကြောင့် နေရထိုင်ရ
ခက်လာတယ်၊ ခနခဏ အစစ်အဆေးခံရတယ်၊ အိန္ဒိယ မှာက မြန်မာ အတိုက်အခံတွေ။ တော်လှန်ရေး
သမားတွေက လည်းရှိနေတာကိုး၊ ကျနော်လည်း အခြေအနေ မကောင်းတာနဲ့
လမ်းကြောင်းပြောင်းပြီး ထိုင်းနိုင်ငံ ဘက်ကိုထွက်ခဲ့ တာပေါ့ဗျာ၊
ထိုင်းမှာတော့ ခင်ဗျားအမြင် ပဲ၊ အလုပ်သမားလက်မှတ်မရှိတဲ့ သူတွေကို ထိုင်းရ့
ဖမ်းမြဲ ဖမ်းနေတာပဲ၊ မြန်မာနိုင်ငံ ဘက်ကနေ ထိုင်းနိုင်ငံ ထဲကို ၀င်လာမစဲ
တသဲသဲနဲ့ ၀င်မြဲဝင်နေဆဲပါပဲ၊ နအဖ စစ်အစိုးရက တိုင်းပြည် ဘယ်လောက် တိုးတက်
နေပါတယ်လို့ ပြောမြဲပြောနေပါတယ်၊ ဒါပေမယ့် ကုန်ဈေးနှုန်းကြီးမြင့်လာတဲ့
နှုန်းကို ပြည်သူ တွေရဲ့ ၀င်ငွေက မကာမိတော့ လုပ်ခပိုတဲ့ ထိုင်းနိုင်ငံဘက်ကို
မြန်မာနိုင်ငံသားတွေပြောင်းလာနေတာ “ရေများရာ ငါးတွေ ပြောင်းကြတဲ့
သဘော”မဟုတ်ဘူးလားဗျာ၊ ကျနော့်သူငယ်ချင်းတချို့ မလေးရှားဘက် ခရီးဆက်
ကြတာရှိတယ်။
မလေးရှားမှာလဲ “အော်ပရာစီ” လုပ်တယ်ဆိုလားပဲ၊ တရားမ၀င်အလုပ်သမား တွေကို
အဖမ်းအဆီးတွေ ရှိတယ်လို့ကြားရတယ်၊ တလောကတော့ ရဲရှောင်ပုန်းရင်း ပြေးတဲ့ကား
မှောက်လို့တဲ့ ကျနော်တို့ ချင်းတိုင်းရင်းသားတွေ သေပျောက်တာတောင်ရှိတယ်၊
ဘယ်သွားသွား မြန်မာနိုင်ငံက တရားမ၀င် အလုပ်သမားတွေကတော့ လုပ်အားခ
အနှိမ်ခံရခြင်း၊အနိုင်ကျင့်ခံရခြင်း ဌာနေနိုင်ငံရဲတွေက ဖမ်းဆီးပြီး
ပြန်ပို့ခံရခြင်းဆိုတဲ့ ဖြစ်ရပ်တွေကတော့ ရိုးအီနေတဲ့
ဖြစ်ရပ်လို့တောင်ပြောလို့ရနေပါပြီ၊ ကျနော် ကတော့ အလုပ်သမား လက်မှတ်
လုပ်ထားပြီး စုနိုင်တာလေး မြန်မာနိုင်ငံကိုပြန်ပို့ပေးနေရတယ်၊ နေရေးထိုင်ရေး
ရော လုပ်ငန်းပိုင်းရော အခုအထိတော့ အဆင်ပြေပါ တယ်ဗျာ။
ကိုင်ခင်ထန်း
|