တောင်ကိုရီးယားမှာ အလုပ်လုပ်မည့်သူများသို့

တောင်ကိုရီးယားနိုင်ငံကို အလုပ်လုပ်ဖို့ မြန်မာနိုင်ငံက လုပ်သား တစ်သောင်းကျော် တောင်ကိုရီးယား ဘက်က လက်ခံသလို မြန်မာနိုင်ငံဘက်ကလည်းပဲ ပို့ဖို့ပြင်ဆင်နေ တယ်လို့ ကြားနေရပါတယ်၊အမှန် တကယ်က ၂၀၀၇ ခုနှစ်မှာ နိုင်ငံခြားသားအလုပ်သမား ၁၀၉၆၀၀ခေါ်ပါမယ်၊ကိုရီးယားနွယ်ဖွား တခြား နိုင်ငံသားက ၆၀၀၀၀ ယောက်၊ မြန်မာအပါအ၀င် တခြားနိုင်ငံ သား ၄၉၆၀၀ ခေါ်မယ်လို့ပါ တယ်၊ဘယ် နိုင်ငံက ဘယ်လောက်ခေါ်မယ်ဆိုတာ ဖော်ပြမထားပါဘူး။ ရန်ကုန်မှာ တချို့ဆိုရင် ကိုရီးယား ဘာသာ စကားတွေ သင်သူသင်ကြ။ တောင်ကိုရီးယားရောက်ရင် ကိုယ့်နဲ့ ကိုက်ညီမယ့် အသက်မွေးဝမ်းကြောင်း ပညာ သင်သူ တွေသင်ကြနဲ့ လုပ်နေတယ် လို့ကျနော်ကြား ရပါတယ်၊ ဒါကြောင့် တောင်ကိုရီးယားကို လာမယ့် မိတ်ဆွေများ အတွက် အထောက်အကူရစေချင်တဲ့ စေတနာနဲ့ ကျနော် ဒီစာကိုရေးပို့လိုက်တာပါ။

                     

တောင်ကိုရီးယား လာမယ်ဆိုရင် အဓိကလိုအပ်တာက ကိုရီးယားစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ် ဖို့ လိုပါမယ်၊ပြီး တော့ တောင်ကိုရီးယား ကိုရောက်လာရင် ဘာအလုပ် လုပ်ပဲ လုပ်ရလုပ်ရ ဇွဲကောင်းကောင်း နဲ့ လုပ်နိုင်ဖို့ အရေးကြီးပါတယ်၊ ကိုရီးယား ရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲက သရုပ် ဆောင်-၈ျွန်စောတို့၊ အွန်စောတို့၊ ထယ်ဆောက်တို့ ကိုအားကျပြီး စမတ်ကျကျ စတိုင်ကျကျ နဲ့၊သသလေးနေလို့ မဖြစ်ပါဘူး၊ ဆင်ဖမ်းမယ် ကျားဖမ်းမယ် ဆိုတဲ့ စိတ်နဲ့ အလုပ်လုပ်မှ ဖြစ်မှာပါ။ ဘာဖြစ်လို့အခုလိုပြောရလဲဆိုရင် တောင်ကိုရီးယားကိုရောက်လာရင် မြန်မာနိုင်ငံမှာတုန်းက ပြောတဲ့ အလုပ်ကို လုပ်ရချင်မှ လုပ်ရနိုင်ပါတယ်၊ ပြောတုန်းက အလုပ် တမျိုး၊ရောက်လာတော့ လုပ်ရတာကတမျိုး ဖြစ်နေတတ် တာ ကြုံရတတ်ပါတယ်၊ ပြီးတော့ ပွဲစား ပြောထားတဲ့ လစာလည်း ရချင် မှရမှာပါ၊ကိုရီးယားကိုရောက်စ အလုပ်သမား တယောက်ဟာ အများအားဖြင့်တော့ အမေရိကန်ဒေါ်လာ တထောင် လောက်ကစပြီး ရတတ်ပါတယ်၊ အခုလက်ရှိလုပ်အားခပေါက်ဈေးပါ၊ရောက်လာပြီဆိုရင် ရရာအလုပ်မှာ ၀င်လုပ်နေပြီးတော့ နောက်တနှစ်မျိုး၊ နှစ်နှစ်မျိုး ကြာလာပြီဆိုရင် ကိုရီးယားဘာသာစကားလည်း ကျွမ်းကျင် လာမယ်၊သူ့လူမျိုး သဘာဝလည်း သိလာမယ်။ အနေကြာတဲ့ မြန်မာတွေ နဲ့လည်း တွေ့မယ် ဆိုရင် အလုပ်ပြောင်းလုပ်လို့ရပါတယ်၊ကျနော်ဆိုရင်ရောက်စက ကြုံရာအလုပ်ကိုဝင်လုပ်ရတာပါပဲ၊ အလုပ်ဝင်   ကာစက ဆို တလကို အမေရိကန် ဒေါ်လာ လေးရာလောက်က စရခဲ့တာပါပဲ၊အခုဆိုရင်တော့ တလကို အမေရိကန် ဒေါ်လာ တထောင့်ငါးရာလောက်ရနေ ပါပြီ၊ စားပြီးသောက်ပြီး အ်မ်ကို မြန်မာငွေ တလ ဆယ်သိန်းလောက်တော့ ပို့နိုင်နေပါပြီ၊ ကျနော်ရောက်တာက လည်း ၁၀ နှစ်ကျော်နေပြီလေ။ အလုပ်သမားတွေအဖို့ နေစရာက အလုပ်ရုံမှာနေလို့ရတယ်၊ အလုပ်ရှင်ကနေစရာစီစဉ်ပေး တာများတယ်၊   နေရေးအဆင်ပြေတော့ စားရေးကတော့ကျနော့အဖို့ ပြဿနာ မဟုတ် ခဲ့ပါဘူး၊ ပြီးတော့ ကိုရီးယား နိုင်ငံ ဒေသတော်တော်များများမှာ နိုင်ငံခြားသား အလုပ်သမား ရိပ်သာ တွေ ရှိပါ တယ်၊ အင်န်၈ျီအိုတွေပေါ့၊ အဲဒီ အဖွဲ့ အစည်း တွေကနေ ကွန်ပျူတာသင်တန်း၊ ကိုရီးယားဘာသာ စကား သင်တန်း စသည်ဖြင့်  နိုင်ငံခြားသား တွေကို အကူအညီ ပေး ကြပါတယ်၊ ပြီးတော့ မြန်မာတွေရဲ့ အခက်အခဲ တွေကိုအကူအညီပေးနေတဲ့ မြန်မာအဖွဲ့ အစည်းတွေလည်း ရှိပါတယ်၊ ကိုရီးယား ဘာသာ စကားမှာ အက္ခရာကအခြေခံဗျည်း ၁၄လုံး၊ ပူးတွဲဗျည်း ၅လုံး၊အခြေခံသရ ၁၀လုံး၊ပူ့းတွဲ သရ ၁၁ လုံးရှိ ပါတယ်။ ကိုရီးယား ဘာသာစကားကို အဆင့် ၆ ဆင့်ရှိတဲ့ အထဲက အဆင့်(၃) အောင်မှ အလုပ်ဖြစ် ပါမယ်၊ အခြေအနေပေးရင်သီးခြားတင်ပြပါဦးမယ်။  ပြီးတော့ ကိုရီးယားမှာ လုပ်သက် ၅ နှစ်ကျော်ရင် ကိုရီးယားနိုင်ငံ သား လျှောက်လို့ရတယ် ဆိုပြီး မြန်မာပြည်က စာစောင်တွေမှာ ရေးနေကြတယ်လို့ ကြားရတယ်။ ဟုတ်ပါတယ်၊ ကိုရီးယားတရားရေးဝန်ကြီးဌာနက ထုတ်ပြန် ထားပါတယ်၊ ဒါပေမယ့် မြန်မာ အပါအ  ၀င် တော်တော်များများ နိုင်ငံခြားသားတွေအတွက် အကြုံး မ၀င်ပါဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ တရားရေးဝန်ကြီး ဌာနက ထုတ်ပြန် တဲ့စာမှာ နိုင်ငံသားလျှောက်ဖို့ အချက်အလက်တွေရှိပါတယ်၊

(၁) ကိုရီးယားနိုင်ငံအတွင်းမှာ တရားဝင်အလုပ်လုပ်ကိုင်မှု ၅ နှစ်နှင့်အထက်ဖြစ်ရမည်၊

(၂)ကိုရီးယား နိုင်ငံတွင် အခြေချနေထိုင်ရန် အနည်းဆုံး ကိုရီးယားဝမ် သိန်း ၃၀၀-နှင့်အထက်ရှိရမည်၊

(၃) တရားရေး ၀န်ကြီးဌာနမှ အသိအမှတ် ပြုသည့် လုပ်ငန်းကျွမ်းကျင်မှု အထောက်အထားလက်မှတ်။

(၄) ကိုရီးယား ဘာသာစကား ကျွမ်းကျင်မှု စာမေးပွဲအနည်းဆုံး အဆင့် ၃ ဖြေဆိုအောင်မြင်ပြီးသူဖြစ်ရမည်။ (၅)ရာဇ၀တ် မှုကင်းရှင်းသူဖြစ်ရမည်ဟု ဖော်ပြထားပါတယ်။

 

နောက်တခုပြောချင်တာက အခုအချိန်မှာ တောင်ကိုရီးယားကိုလာမယ်ဆိုရင် အစိုးရက တရားဝင် လွှတ်တာ နဲ့လာစေချင်တယ်၊ ဘာလို့လည်းဆိုတော့ ပွဲစားနဲ့လာမယ်ဆိုရင် ဗီဇာက အမှန်ဖြစ် ဖို့လိုတယ်၊ အဲသလို မဟုတ်ရင် လေယာဉ်ကွင်း ပြန်လွှတ် တာ မျိုးခံရတတ်တယ်၊ အခုအချိန်မှာ တောင်ကို ရီးယား လူဝင်မှုကြီးကြပ် ရေးက တော်တော်စစ်ဆေးတယ်၊ မြန်မာတွေက အင်တွေနဲ့ လုပ်ကြတာလည်း များတာကိုး။ တောင်ကိုရီးယား နိုင်ငံထဲကို တရားဝင် ၀င်လာနိုင်ဖို့၊အလုပ်လုပ်ခွင့်ရဖို့က ပိုအရေးကြီးပါတယ်၊ ကျနော့သဘောကတော့ ခုချိန်မှာပွဲစားနဲ့ မလာစေချင်ဘူး၊ ပွဲစားနဲ့လာာပြီး ကိုရီး ယားလေဆိပ်ရောက်မှာ ၀ပ်ပါမစ်က အင်ဖြစ်နေလို့ ဖြစ်စေ။ ဗီဇာက အင်ဖြစ်နေလို့ဖြစ်စေ ပြန်အကန်ခံရတတ်ပါတယ်၊ အခုအချိန်မှာ ၀န်ဆောင်ခ၊ခရီး စရိတ်တွေနဲ့ ဆိုရင် အနည်းဆုံး သိန်း ၆၀ နဲ့ ၇၀ အကြား လောက်တော့ ကုန်ကြမှာပဲ၊ မြန်မာနိုင်ငံက ချဲသမားတွေပြောတဲ့ ပလုံတယ်ဆိုတဲ့ စကား ကို ကးဖူးကြ တယ်မို့ လား၊ ရှိသမျှလေး ရင်းပြီး လာကြတဲ့ သူတွေကို ပလုံ မဖြစ်ချေင်ဘူး၊ ပွဲစားအများစုမှာ တချို့က အမှန်အကန် တွေရှိသလို လေတလုံး မိုးတလုံးပြောပြီး ကျောင်းသားဗီဇာ။ business ဗီဇာ စသည်ဖြင့် ပို့တာ မျိုးစုံပါတယ်၊ လွန်ခဲ့တဲ့ ၂ နှစ် လောက်ကဆိုရင် ရုပ်ရှင်မင်းသား ကျော်သူ တို့ မင်းဦးတို့ကိုအသုံးချပြီး ပိုတဲ့ လူပွဲစားတွေတောင်ရှိတယ်၊ ပွဲစားတွေ မက်လုံးပေးပြီး လွှတ်လိုက်လို့ တချို့ အကြံအဖန်နဲ့ထိပြီး တောင်ကိုရီးယားမှာ ဆုတ်ပြန်လုပ်ရ တာတွေလည်း ရှိတယ်၊ တောင်ကိုရီးယားကိုရောက်လာလို့အခက်အခဲရှိရင်တော့ ကိုယ်လူချင်း တိုင်ပင်ပြီး ဖြေရှင်းကြတာက ပိုကောင်း တယ်၊မြန်မာသံရုံးလား။ သူကတော့ အခွန်တောင်းဖို့ လောက်ပဲ စိတ်ကူးနေတာ၊ ပြ၏နာဖြစ်ရင် အလုပ်ရှင်နဲ့ တည့်အောင်းပေါင်းဖို့ တရားချမယ်၊ သည်းခံ လုပ်ဖို့ပြောမယ်။ သူကိုထုံးစံအတိုင်းခေါင်းရှောင် နေကြပဲလေ၊ မြန်မာနိုင်ငံက အထွက်မှာလည်း ကိုရီးယားရောက်ရင် ဟိုအဖွဲ့ ဒီအဖွဲ့တွေနဲ့ မပတ်သက် မဆက် သွယ်ဖို့ သြ၀ါဒပေး မိန့်ခွန်း အခြွေခံရတာတွေ ရှိနိုင်မယ်၊ မြန်မာအချင်းချင်းဆက်သွယ်လို့ အကျိုးမယုတ်နိုင်ပါဘူး၊ ကိုရီးယားမှာ ကောင်းတဲ့ အချက်က လုပ်သက်တနှစ်ကျော်ရင် အလုပ်သမား ၅ယောက်ရှိတဲ့ စက်ရုံမှာဆိုရင် လုပ်သက်ခံစား ပိုင်ခွင့်ဆိုတာရှိပါတယ်၊ ခံစားခွင့်က တနှစ်ကိုရက် ၃၀ လုပ်အားခခံစားခွင့်ရတာပါ၊ တရား ၀င်အလုပ်သမားရော တရားမ၀င်အလုပ်သမားပါခံစားခွင့်ရှိတာပါ၊လစာထုတ်တဲ့ အခါမှာ လစာ စာအိပ်လေး တွေကို သိမ်းထား ဖို့လိုပါမယ်၊ ဒါမှ နောင်တချိန်မှာ အလုပ်အသမားဥပဒေအရ မတရားတာအလုပ်ခံရရင်  ပြောခွင့် ရမှာမိုပါ။

တောင်ကိုရီးယားမှာ လုပ်ရတဲ့ အလုပ်အတော်များများဟာ ကိုရီးယားနိုင်ငံသားတွေ မလုပ်ချင်တဲ့- 3 D  လို့ ခေါ်တဲ့ ခက်ခဲတဲ့ အလုပ်။ညစ်ပေတဲ့ အလုပ်။ အနWရာယ်များတဲ့ အလုပ်မျိုးတွေပါ၊ နေ့ည လုပ်ရတဲ့ အလုပ်တွေ လည်းရှိတယ်၊ တနေ့ ၁၂ နာရီ အလုပ်လုပ်ရတာရှိတယ်၊ တချို့ကျတော့ တနေ့ ၈ နာရီ ပါပဲ၊ အလုပ်ရှင်တွေက ၁၂ နာရီလုပ်ခ ဘယ်လောက်ဆိုပြီး ပေးကြတာ များပါတယ်၊ အရေးအကြီးဆုံးက အလုပ်ရှင်တွေက  ပတ်စ်ပို့ သိမ်းထားတာမျိုး ရှိတတ်ပါတယ်၊ အသိမ်းမခံပါနဲ့၊ကိုရီးယား လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ တခြားနိုင်ငံ သားရဲ့ ပတ်စ်ပို့ကို သိမ်းပိုင်ခွင့်မရှိပါဘူး၊ မိတျွှူတော့ ပေးပိုင် ခွင့်ရှိပါတယ်၊ ကျရာနေရာမှာ ၀င်ပြီး အလုပ် လုပ်နိုင်ရမယ်၊ လုပ်ငန်းခွင်မှာ တတ်ရမယ့် ပညာကိုတော့ ကိုယ်သင်ခဲ့ တတ်ခဲ့တာနဲ့ မကိုက်ညီရင်တောင်မှ သင်လုပ်လုပ်ရင်း အဆင်ပြေသွားတာ များပါတယ်၊လုပ်ငန်းခွင်နဲ့ ကိုက်ညီမယ့် ဟာတွေ သင်ပေးပါတယ်၊

ကျနော်အဓိက ပြောချင်မှာချင်တာကတော့ သူ့တိုင်းပြည်ရဲ့ ဘာသာစကားကိုကောင်းကောင်းပြောနိုင်ရမယ်၊ ကိုရီးယား ဘာသာစကား မှာ အသံတူ ကြောင်းကွဲတွေ သိပ်များတယ်၊မပြောတတ်ရင် အသံထွက်လေယူ လေသိမ်း နည်းနည်း လေးပြောင်းတာနဲ့ အဓိပ္ပာယ် အများကြီး ပြောင်းသွား တာမျိုး တွေရှိတယ်၊ ကျနော်တို့ မြန်မာစကား မှာ တေးနဲ့သေး အသံထွက်ကွာ သွားရင် အဓိပ္ပာယ်ပြောင်း သလိုပေါ့လေ။ ရောမ ရောက်ရင် ရောမလိုကျင့် ရမယ်ဆိုတဲ့ စိတ်လည်းရှိရပါမယ်၊ ဒါမှ ယဉ်ကျေးမှုခြင်းမတူလို့ ဖြစ်ရတဲ့ ပြ၏နာတွေ ပြေလည်နိုင်မယ်၊ကိုရီးယားစကားတတ်ပြီဆို ပြနာ အဖြစ် နည်းပါတယ်၊ တောင်ကိုရီးယား ကို ရောက်လာခဲ့လို့ အခက်အခဲရှိမယ် အကူအညီလိုမယ်ဆိုရင်တော့ ကျနော့်ဆီ ဆက်သွယ်နိုင်ပါတယ်၊ ကျနော့် နာမည်က ကိုလူချစ်ပါ၊ တတ်နိုင်သမျှ ကူညီပေးပါ မယ်၊

 

ကျနော့ကို ဆက်သွယ်နိုင်တာက ဟစ်တိုင်က ဖုန်း ၀၀၄၇-၄၇၈၆၀၉၁၁ -ကိုစော၈ျင်မီက တဆင့်ဖြစ်စေ၊ hlaing2005@hanmail.net ကိုဖြစ်စေ ဆက်သွယ် လာရင် အတတ်နိုင်ဆုံးအကူ အညီပေးမှာပါ။ တိုးတက်ချင်နေတဲ့ မြန်မာလူငယ်တွေ ၊အလုပ်ကြိုးစား ချင်သူ တွေကိုကြိုဆိုနေ ပါတယ်၊ မင်္ဂလာပါဗျာ၊

ကိုလူချစ်

 

Suggestions & Comments: webmaster@hittaing.org