သတင်း  နိုင်ငံတကာသတင်း    ဆောင်းပါး     ရသ    သုတ    ရင်ဖွင့်သံ   သူ့အမြင်    ကဗျာ  ဟာသ   ကာတွန်း   ကမ္ဘာတလွှားမြန်မာများ  ပြည်သူ့စစ်သည်ရေးရာ
ကမ္ဘာ့သစ်ငုတ်ကြီးများ
မိုးသက်မုန်တိုင်း
သာဘ၀ဘေးအန္တရာယ်ဆိုတာ တားဆီးလို့မရဘူး ဆိုပေမယ့် မဖြစ်ခင် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားနိုင်ပါတယ်။ သို့သော်လည်း ကြိုတင် ပြင်ဆင်မှုတွေ မပြုလုပ်ရကောင်းလားဟုဆိုကာ အပြစ်တင်ဝေဖန်နေကြမယ်ဆိုရင် အပြစ်အတင်ဝေဖန်တဲ့သူရဲ့စိတ်ဟာ လည်း သူ့အလိုလိုနေရင်း ဒေါသတွေဖြစ်နေတော့မှာ ဖြစ်ပါတယ်။ မကျေနပ် ဒေါသနဲ့ ရောပြွမ်းနေတဲ့စိတ်ဟာ လွတ်လပ်မှုမရှိသလို ချမ်းမြေ့မှုလည်း မရှိဘူး။
            သဘာဝဘေးအန္တရာယ် ခံလိုက်ရပြီး အသက်မသေကျန်ရစ်ကြတဲ့ ဒုက္ခသည်များကလည်း တွေးပေးချင်ပါတယ်၊ ဘာလည်းဆိုတော့ မည်သူမပြု မိမိမှု ဆိုတဲ့အတိုင်း အတိတ်က ကိုယ်လုပ်ခဲ့တဲ့အတွက် ကိုယ်ပြန်ခံရတယ်ဆိုတာလေးကို မြတ်ဘုရားဟောတဲ့ တရားသဘောလေးနဲ့ ယှဉ်ကြည့်ဖို့ အလွန်အရေးကြီးပါတယ်။ ဖြစ်လာတဲ့အပေါ်မှာ မှန်ကန်တဲ့နှလုံးသွင်းမှုလေးတွေ ရှိကြမယ်ဆိုရင် ကိုယ်လည်းစိတ်ထဲပေါ့သွားပါတယ်၊ အနှောင်အဖွဲ့လည်း ကင်းသွားကာ ကိုယ့်စိတ်ဟာ လွတ်လပ်ပြီးနေပေလိမ့်မယ်။ ဒုက္ခဖြစ်နေတဲ့ကြားကနေ ဒုက္ခသည်များကို အားပေးချင်ပါတယ်။ အခုအချိန်မှာ သူတို့လေးတွေဟာ ရုပ်ပိုင်းဆိုင်ရာ သာမက စိတ်ပိုင်းဆိုင်ရာမှာပါ အလွန်ကျဆင်းနေကြမှာပါ။ အကူအညီတွေရောက်တဲ့နေရာဆို တော်သေးရဲ့ မရောက်တဲ့နေရာဆိုရင် လူစင်စစ်ကနေ ငရဲကျရောက်နေသလိုပဲပေါ့။
            တစ်ချို့ဆို မိသားစု အားလုံးပါသွားတဲ့အတွက် ဆောက်တည်ရာမရဖြစ်ကာ မယုံနိုင်သလိုနဲ့ ကြောင်သွားတာတွေလည်း အများကြီးပါ။ ဒုက္ခသည်များက တွေးရမယ်၊ ကိုယ့်တစ်ယောက်ထဲဖြစ်တာမဟုတ်ဘူး၊ အများနဲ့ဖြစ်တာပဲဆိုပြီး ကိုယ့်ကိုယ်ကို ဖြေရပါမယ်နော်။ မုန်တိုင်းကြားမှာ စိတ်ဖြေသာဖို့အတွက် ဆောင်ပုဒ်လေးတစ်ခုပေးလိုက်မယ်။
ဖြစ်ချင်ရာဖြစ် စိတ်မညစ်နဲ့
လုပ်သာလုပ် နောက်မဆုတ်နဲ့……..တဲ့၊  ဖြစ်လာတော့လည်း စိတ်မညစ်နဲ့လို့တော့ မပြောရက်ပါဘူး။ ဒါပေမယ့်အမှန်တွေးရမှာက ကိုယ်ဖြစ်ချင် သလို မဖြစ်တာဘဲ သူဖြစ်ချင်သလိုဖြစ်ပါစေပေါ့ဟု မှန်ကန်အောင် နှလုံးသွင်းပေးပါ။ စိတ်ညစ်စရာတွေ မတွေးဘဲနေနိုင်ရင် ကောင်းပါတယ်လို့ ပြောတာနော်၊ ပြီးတော့ လုပ်သင့်တာကိုလည်း လုပ်ကြဖို့ပါနော်။ ထို့အတူ ကယ်ဆယ်ရေးသမားတွေကလည်း လုပ်သာလုပ် နောက်မဆုတ်နဲ့ပေါ့၊ ကူညီတဲ့လုပ်ငန်းကို ကြုံလို့ ကူညီရတာပဲလို့ နှလုံးသွင်းပြီး ဆိုင်ရာအာဏာပိုင်တွေကလည်း  တိုင်းတစ်ပါးကကူညီလိုက်တဲ့ ကယ်ဆယ်ရေး ထောက်ပံ့ ပစ္စည်းတွေကို အလစ်မသုတ်ပဲ ကိုယ်ချင်းစာတရားထားကာ စိတ်ရောကိုယ်ပါ ဖိအားနဲ့ ကူညီပါ၊ ကိုယ်ချင်းစာပါနော်။
            အများအားဖြင့် ဒုက္ခဖြစ်လာရင် မေ့နေတာတစ်ခု ရှိနေတတ်ပါတယ်။ အဲဒါက ကိုယ်ကျင့်တရားပဲ၊ ဒါကအလွန်အရေး ကြီးပါတယ်နော်။ ကိုယ်ကျင့်တရားလေးကို အောက်ထစ်ဆုံး(၅)ပါးသီလလေးလောက် စောင့်ထိန်းပေးလိုက်ရအောင်နော်။ သီလဆိုတဲ့ကိုယ်ကျင့်တရားကို စွမ်းနိုင်သလောက် တစ်နာရီနိုင်ရင် တစ်နာရီ၊ မိနစ်(၃၀)နိုင်ရင် မိနစ်(၃၀) စောင့်ပေးပါနော်၊ ဒီလိုသီလကို နိုင်သလောက်စောင့်ထိန်းနေရင် စောင့်ထိန်းနေချိန်မှာ သီလကုသိုလ်ဖြစ်သလို ကြုံရတဲ့ဒုက္ခကြောင့် လေးနေ ဆွေးနေတဲ့စိတ်ဟာလည်း အတော်အတန်သက်သာလာပါမယ်နော်။ ဒါဆိုရင် လက်ငင်းမှာလည်း အဆင်ပြေတယ်၊ အကယ်၍ မိမိက သီလကို စွမ်းနိုင်သမျှလေး စောင့်ထိန်းပေးရင် ဒီကုသိုလ်အတွက် ငွေမကုန်ဘူးနော်၊ ဒါပေမယ့် အကုသိုလ်တော့ ခဏတာ ကုန်သွားလိမ့်မယ်၊ အခုလို ဒုက္ခတွေနဲ့ ကြုံရတာဟာ ကိုယ့်ရဲ့ အကုသိုလ် ကြောင့်ပဲဆိုတာ အသိရှင်းပါစေနော်၊ ဒါကြောင့် အကုသိုလ်နည်းအောင် ဒီအချိန်မှာ သီလစောင့်ကြပါလို့ ပြောပါရစေနော်။
 ကိုယ်ကျင့်တရားရှိရင် စိတ်ကတောင့်တတိုင်း ရနိုင်တယ်လို့ မြတ်ဗုဒ္ဓဟောတော်မူထားပါတယ်။ ဘာကြောင့်တုန်းဆိုရင် သီလစောင့်တဲ့ သူတော်ကောင်းတွေကို နတ်ကောင်းတွေက ကြည့်မနေပါဘူး။ ဒီလိုဆိုဘာဖြစ်လို့ အခုလို ပြင်းထန်တဲ့ လေဘေးတွေနဲ့ ဘာကြောင့် ရင်ဆိုင်ရတာလဲလို့ မေးစရာရှိတယ်၊ အော်……..ကံကြမ္မာဆိုတာ မျက်နှာမလိုက်ဘူး၊ အကျိုးပေးခွင့်ကြုံပြီဆိုရင် ဘယ်သူမှ မကယ်နိုင်ဘူးလေ၊
            တစ်ခါတုန်းက ၀ိဋဋူဘ ရဲ့ အာဃာတအညိုးကြောင့် သာကီဝင်ဆွေတော်မျိုးတော်များ သွေးချောင်းစီးမယ့်အဖြစ်ဆိုးမှ လွတ်အောင် မြတ်ဘုရား ကြားကနေ စေ့စပ်ဖူးပါတယ်၊ ဒါပေမယ့် ကံတရားက မျက်နှာသာမပေးတဲ့အတွက် နတ်ကိုမဆိုထားနဲ့ မြတ်ဘုရားကိုယ်တော်တိုင်တောင်မှ မကယ်နိုင်ခဲ့ဘူး၊ နောက်ဆုံး ၀ိဋဋူဘရဲ့လက်ချက်နဲ့ သာကီဝင်မင်းမျိုး အတော်တော်များများ အသတ်ခံခဲ့ရတာဟာလည်း သာသနာ့သမိုင်းမှာ အထင်အရှား ရှိနေဆဲပါ။
            ဒါကြောင့် ဖြစ်ပြီးတာတွေ ဖြစ်ပြီးတဲ့အတွက် ဒီအဖြစ်ဆိုးကလွတ်သွားပြီလို့ပဲ စိတ်ထဲတွေးရမယ်နော်၊ လက်ရှိအချိန်လေးမှာ လုပ်သင့်တာလေးတွေကို လုပ်ဖို့ပဲ တိုက်တွန်းပါရစေ၊ စာရေးသူလည်း (၁၆.၅.၂၀၀၈)မှာ ကွမ်းခြံကုန်းလေဘေးမှာ ကိုယ်တိုင်သွားပြီးလှူကြတဲ့အထဲ ငွေတစ်သိန်း လှူပေးလိုက်တယ်၊ နောက်လည်း လှူမယ့်အစီအစဉ်ရှိပါတယ်။
            သဘာဝကပ်ဘေးဆိုတာ တစ်နိုင်ငံတည်း မဟုတ်ပါဘူး၊ အခုလည်း တရုတ်ပြည်မှာ ငလျင်ဒဏ်ခံလိုက်ရတာ အသေအပျောက်မနည်းဘူး။ ဒီထက်ကြောက်စရာကောင်းတာက တရုတ်ပြည်မှာ ရေကာတံတိုင်းကြီး အက်နေပြီ။ မကြာမီမှာ ကန်ဘောင်ကြီး ကျိုးထွက်သွားနိုင်တယ်လို့ ပြောနေကြတယ်။ ကျိုးလည်းကျိုးထွက်တော့မယ်။  အခုလူနေအိမ်ခြေတွေ ပြောင်းနေကြပြီ၊ ကပ်ဘေးဟာ မြန်မာနိုင်ငံတစ်နိုင်ငံသာမက နိုင်ငံ အတော်တော်များများမှာလည်း ရင်ဆိုင်နေကြရပါတယ်၊ ဒါကြောင့် ကမ္ဘာကို အသိပေးချင်တာက ဒီလိုအဖြစ်ဆိုးတွေ ကပ်ဆိုးတွေနဲ့ ကြုံရတာဟာ လူတွေမှာ လိုချင်မှုတွေ အရမ်းများနေခြင်း၊ မရမနေ ပိုင်ဆိုင်သင့်တာထက် ပိုပြီးလိုချင်မှုတွေဖြစ်ခြင်း၊ လိုတာမရတော့ အလိုမကျဆိုတဲ့ စိတ်ဆိုးမှုတွေ ဖြစ်ခြင်း၊ အမှန်အတိုင်းမသိ၊ အမှန်အတိုင်းနားမလည်နိုင်မှုတွေကြောင့် ဒီကပ်ဘေးတွေ ဆိုက်ရတယ်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၅၀၀)တုန်းက စက္က၀တ္တိသုတ္တန်မှာ မြတ်ဗုဒ္ဓဟောတော်မူခဲ့ပါတယ်နော်၊ ဒါကြောင့် လူသားအားလုံး အဖြစ်ဆိုးနဲ့ မကြုံရ မရင်ဆိုင်ရစေဖို့အတွက် စိတ်ဆိုး၊ စိတ်ကြမ်းတွေကို နည်းနိုင်သမျှ နည်းအောင် နည်းရာကနေ ပါးသွားအောင် ပြုလုပ်ကြဖို့ပါပဲ၊ ဒါကို နိုင်ငံခေါင်းဆောင်ကြီးများကိုယ်တိုင်ကလည်း ကျင့်သုံးရပါ့မယ်၊ ဒီလိုခေါင်းဆောင်တွေက ကျင့်သုံးတော့ နောက်လိုက်ဖြစ်တဲ့ ပြည်သူတွေက အတုလိုက်ပြီး ကျင့်သုံးကြမှာ ဖြစ်ပါတယ်၊ “ ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားက နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်” လို့ ဆိုရိုးစကားတောင်ရှိပါသေးတယ်။
            ဒါကြောင့် လူသားအားလုံး အဖြစ်ဆိုးများက လွတ်ကင်းအောင် နောင်တွင်လည်း အဖြစ်ဆိုးတွေနဲ့ မကြုံရလေအောင် နိုင်ငံခေါင်းဆောင်ကြီးများက ငါရရင် ပြီးပြီ၊ ငါလုပ်ချင်တာလုပ်လိုက်ရပြီဆိုတဲ့ ကိုယ့်ရဲ့ဆန္ဒတစ်ခုထဲကို မကြည့်ပဲ မိမိကိုယ်၌ကလည်း သီလ စောင့်ထိန်းပါ။ အားလုံးအပေါ်လည်း မေတ္တာပို့ပေးပါ။ ဒါ့အပြင် တိုင်းသူပြည်သားများအားလည်း မေတ္တာပို့ဖို့အကြောင်းတိုက်တွန်းပေးမယ်ဆိုရင် တိုင်းပြည်ကြီး သာယာအေးချမ်းလာနိင်သလို ကမ္ဘာကြီးလည်း အေးချမ်းသာယာလာနိုင်ပါကြောင်း မေတ္တာဖြင့် ရေးသားလိုက်ရပါသတည်း။
အလုပ် (၃)မျိုးရှိသည်ဆိုရာဝယ် မည်သည့်အလုပ်ပင် ဖြစ်စေကာမူ ထိုအလုပ်၏ အကျိုးသင့်ရောက်မှုတော့ ရှိမည် ဖြစ်ပါသည်။ အလုပ်ဟူသည် ကံတရားဟူ၍ တစ်ခြားဘာသာဝင်များ မသိသော်လည်း ဗုဒ္ဓဘာသာဝင်အများစုကတော့ နားလည်ကြမှာပါ။
ထိုကံတရားသည် (၃)မျိုးရှိသည့်အနက် ကိုယ်ဖြစ်ပြုသည်ကို ကာယကံ၊ နှုတ်ဖြင့်ပြောသည်ကို ၀စီကံ၊ စိတ်ဖြင့်တွေးကြံသည်ကို မနောကံ ဟုခေါ်ပါသည်။ ကာယကံက (၃)ပါး၊ ၀စီကံက(၄)ပါး၊ မနောကံက (၃)ပါး ပေါင်း(၁၀)ပါးဖြစ်သည်။
ကာယကံ(၃)ပါး၊
(၁)သူ့အသက်ကို သတ်သည့်ကံ၊
(၂)သူ့ဥစ္စာကို ခိုးသည့်ကံ၊
(၃)ကာမမှု၌ မှားယွင်းစွာပြုကျင့်မိသည့်ကံ၊
ဝစီကံ(၄)ပါး
(၁)လိမ်ပြောသည့်ကံ၊
(၂)သူတစ်ပါးအချစ်ပျက်အောင် ကုန်းတိုက်သည့် အကုသိုလ်ကံ၊
(၃)ကြမ်းတမ်းစွာ ပြောဆိုဆဲရေးသောကံ၊
(၄)ပြိန်ဖျင်းသောစကားကို ပြောဆိုသော အကုသိုလ်ကံ၊
မနောကံ(၃)ပါး
(၁)သူ့ပစ္စည်းဟာ ငါ့ပစ္စည်းဖြစ်ပါတော့ဟု မတရားရချင်သည့် အကုသိုလ်ကံ၊
(၂)သူတစ်ပါးပျက်စီးအောင် သေအောင်ကြံစည်သည့် အကုသိုလ်ကံ၊
(၃)အယူအဆမှားယွင်းသည့် အကုသိုလ်ကံ
            ထို(၁၀)ပါး အကုသိုလ်တရားတို့သည် အပါယ်ရောက်ကြောင်းလမ်းကြောင်းကြီးနှင့်တူလှသောကြောင့် အကုသလကမ္မပထ တရားဟု ခေါ်ပါသည်။ ထို ဆယ်ပါးသော တရား လမ်းပေါ်ဝယ် တစ်ပါးပါးသော လမ်းပေါ်ကို တက်နင်းမိလျှင် အပါယ်လေးပါးသို့သွားရာ သို့ လမ်းညွန်ပေးနေမည်ဖြစ်သည်။ ထိုကံ ၁၀ ပါးအနက်တစ်ပါးပါး လွန်ကျုးမိလျှင် အပါယ်လေးပါးသို့ မြှားဦးလှည့်နေမှာဖြစ်ပါတယ်။ ထိုကြောင့် အကုသလကမ္မပထတရား ၁၀ ပါးဟာ မည်သည့်တရားက အပြစ်ငယ်သည်ဟု မဆိုသာချေ။ သို့သော်လည်း မည်သည့် တရားက အပြစ်အကြီးဆုံးနည်း ဟုတွက်ဆကြည့်မည်ဆိုလျှင် နောက်ဆုံးဖြစ်သည့် မိစ္ဆာဒိဋ္ဌိကံက အပြစ်အကြီးဆုံးဟု ဆိုရပေမည်။
            ဒီအကြောင်းကို မကောင်းသော တရားတွင် ကြီးလေးသည့် ဂရုကံ ဟုရှိပါသည်။ ထိုကံများက အနန္တရိယကံ (၅)ပါးဖြစ်သည်။
(၁)အမိကိုသတ်သည့်ကံ၊(၂) အဖကိုသတ်သည့်ကံ(၃) ရဟန္တာကို သတ်သည့်ကံ၊(၄)မြတ်ဘုရားကို သွေးစိမ်းတည်အောင်ပြုသည့်ကံ၊ (၅) သံဃာသင်းခွဲသောကံ များကို ပဉ္စာနန္တရိယကံ ကြီးလေးသည့်ဂရုကံ ဟုခေါ်ပါသည်။
            ထိုကံငါးပါးတွင် ရဟန္တာသတ်သည့်ကံဟု ဆိုရာဝယ် ရဟန္တာသည် သံဃာထဲတွင်ပါဝင်သည့်အတွက် သံဃာကို သတ်လျှင် လည်း အတူတူပင်ဖြစ်ပါသည်။ ထိုအကြောင်းနှင့်စပ်လျဉ်း၍ မြန်မာသက္ကရာဇ်(၈၈၈ ) ရှစ်သုံးလုံး ခုနှစ်က အင်းဝတွင် ရှမ်းသိုဟန်ဘွား မင်းပြုဖူးသည်၊ ထိုမင်းသည် ဘာသာခြားမင်းဖြစ်ရကား သာသနာတော်ကို မကြည်ညိုပေ၊ ထို့ကြောင့် သံဃာတော်များကို ဆွမ်းကျွေးဖိတ်လေဟန်ပြုပြီး သုတ်သင်လိုက်ရာ စာတတ်ပေတတ် ရဟန်းတော်များ အပါး(၃၀၀)ခန့် တစ်ပြိုင်နက် ပျံလွန်တော်မူခဲ့ရဖူးပါသည်။ သာသနာ့အဆောက်အဦးများ၊ စေတီများကိုလည်း ရိုက်ချိုးဖျက်ဆီးသည်။ ကျန်သံဃာတော်များက အသက်ဘေးစိုးရိမ်ရ၍ ပြေး လွှားပုန်းအောင်းနေခဲ့ကြရသည်ဖြစ်ရာ ထိုအထဲတွင်လည်း ဆရာတော်ကြီးတစ်ပါး ထွက်ပြေးတိမ်းရှောင်လာခဲ့ရာ ပုဂံသို့ရောက်ရှိခဲ့သည်။ တစ်နေ့ ထိုဆရာတော်သည် ဂူတစ်ခုထဲတွင် ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဖတ်သရဇ္ဈာယ်၍ ပြီးဆုံးသောအခါ ဂူပေါက်ဝမှ သာဓု ခေါ်သံကို ကြားရပါသည်။
“သင်ဘယ်သူလဲ” မေးရာ “ တပည့်တော် သာသနာစောင့်နတ်မင်းပါဘုရား” ဟုလျှောက်၏၊ “ဒါဖြင့် သင်ဟာ သိကြားမင်းဖြစ်မှာပေါ့” ဟုမေးရာ “မှန်ပါဘုရား”ဟု သိကြားမင်းကဖြေသည်၊ ထိုအခါ ဆရာတော်က “သင်ဟာသာသနာစောင့်နတ်မင်းဖြစ်ရင် သိုဟန်ဘွားရန်ကို သင်မသိဘူးလား၊ ဘာကြောင့်သိုဟန်ဘွားရန်က ကာကွယ်မပေးရတာလဲ” ဟုပြောရာ သိကြားမင်းဖြေလိုက်ပုံက “ အရှင်ဘုရား… မြတ်စွာဘုရားသော်မှ ကံအတိုင်းဖြစ်လာသည့် ၀ိဋဋူဘဘေးကို မတားမြစ်နိုင်ခဲ့ပါ၊ တာဝန်အရ နှစ်ကြိမ်သုံးကြိမ်တားမြစ်တော်မူပြီးလျှင် ၀ဋ်ရှိသည့်အတိုင်း ဖြစ်လာသည့် ဘေးကို ဘုရားကိုယ်တော်မြတ်တောင်မှ လျစ်လျူရှုတော်မူခဲ့ရသည်။ အကျွန်ပ်ကား အဘယ်မှာ တတ်နိင်ပါမည်နည်း၊ သို့သော် ဤသိုဟန်ဘွား ဘုရင်ဟာ မကြာခင်ရက်ပိုင်းအတွင်းမှာ ပျက်စီးရတော့မှာပါဘုရား”ဟု သိကြားမင်းက ဆရာတော်ကြီးအား လျှောက်ချက်အရ ယနေ့ခေတ်တွင်လည်း မင်းများက ရဟန်းသံဃာတော်များကို ပြောင်ပြောင်တင်းတင်း ရိုက်နက်သတ်ဖြတ်နေကြရာ နအဖအစိုးရမင်းများနှင့်နောက်ပါများသည်လည်း ကံနှင့်ဝဋ်ကို ပြေးမလွဲ ခံရမည်ကို ဆုတောင်းစရာမလို အော်တိုမစ်တစ် အ၀ီစိငရဲလက်မှတ်ဖြတ်ပြီးဖြစ်သောကြောင့် မကြာခင် သွားရတော့မှာပါ၊ သူတို့အလာကို မဟာအ၀ီစိငရဲတွင် သေဆုံးပြီးသော အ၀ီစိငရဲသား ကြံ့ဖွဲ့နှင့်စွမ်းအားရှင်များက တစ်ဘက်တစ်ချက် ၀ိုင်းဝန်းကြိုဆိုနေကြမှာကို မြင်ယောင်နေမိပါသည်။
အထက်ကဆိုခဲ့သည့် ကံငါးပါးသည် ကာယကံဖြစ်၍ ပိုအပြစ်ကြီးသည်ဟု ထင်စရာရှိသည်။ ထိုကာယကံသာမဟုတ်၊ ၀စီကံလည်း အပြစ်ကြီးလှသည်။ ၀စီကံထဲက မုသာဝါဒကံအပြစ်ကြီး လွန်းလို့ ဘုရားအလောင်းတော်ဘ၀က တစ်ခြားအကုသိုလ်ကံတွေကို ကျုးလွန်ခဲ့ပေမယ့်လို့ မုသာဝါဒကံကိုတော့ မကျုးလွန်ခဲ့ဘူး။ မာဃဒေ၀လင်္ကာသစ်မှာ (အကုသိုလ်မှာ မုသာဝါဒ၊ကုသိုလ်မှာကား သစ္စ၀ါစာ၊ လေးဆုံးသာတည့် ) ဟုစပ်ဆိုထားပါသည်။
            ထို့ထက် အပြစ်အကြီးဆုံးသောကံမှာ မိစ္ဆာဒိဋ္ဌိကံ ဖြစ်ပါသည်၊ ထိုမိစ္ဆာဒိဋ္ဌကံများမှာ---
(၁) အလှူငယ်ပေးလှူ၍ အကျိုးမရှိ၊
(၂) အလှူကြီးပေးလှူ၍ အကျိုးမရှိ၊
(၃) ပူဇော်၍ အကျိုးမရှိ၊
(၄) ကုသိုလ်ကံ၊အကုသိုလ်ကံမရှိ၊
(၅) ဘ၀တစ်ပါးမှ လာသူမရှိ၊
(၆) တမလွန်လောကမရှိ၊
(၇) မိခင်၏ကျေးဇူးမရှိ၊
(၈) ဖခင်၏ကျေးဇူးမရှိ၊
(၉) ဥပပတ်သတ္တ၀ါမရှိ၊
(၁၀) ကိလေသာငြိမ်းအေးသော သာမဏဗြဟ္မဏဟူ၍ မရှိ ဟု မိစ္ဆာဒိဋ္ဌိကံ(၁၀)းပါးရှိပါသည်။
            ရှင်းပါဦးအံ့………….ကံ၏အကျိုးမရှိဟု ကံကိုပယ်လျှင် နတ္ထိကဒိဋ္ဌိဟုခေါ်ပြီး၊ ကောင်းမှုပြုသော်လည်း ကောင်းမှုမမည်၊မကောင်းမှုပြု သော်လည်း မကောင်းမှုမမည်ဟု ကံကိုပယ်သည့်အတွက် အကြိယဒိဋ္ဌိ ဟုခေါ်ပါသည်။ သတ္တ၀ါဆိုသည်မှာ ကုသိုလ်ကြောင့်ဖြစ်တာလည်းမဟုတ်၊အကုသိုလ်ဖြစ်တာလည်းမဟုတ်၊ အကြောင်းအထောက်အပံ့မရှိ၊ သူ့အလိုလို ဖြစ်လာသည်ဟု အကြောင်းကိုပယ်လျှင် အဟေတုကဒိဋ္ဌိ ဟုခေါ်ပါသည်။
            ဒီအယူအဆိုးကြီး(၁၀)ပါးကို စွဲကိုင်ထားလျှင် အပါယ်လားရန်အတွက် ကမ္မပထမြောက်သွားပြီ၊ ထိုအယူကို စွဲစွဲမြဲမြဲ ယူထားလျှင် နိယတမိစ္ဆာဒိဋ္ဌိဖြစ်သောကြောင့် ထိုသူသေလျှင် အပါယ်လောက်သာမဟုတ်၊ မဟာအ၀ီစိငရဲသို့တိုင်  ကျရောက်ရပေတော့မည်။ ပဉ္စနန္တရိယကံထိုက်၍သေလျှင် မဟာအ၀ီစိငရဲကျရောက်မည့်သူများသည် ကမ္ဘာပျက်လျှင် မဟာအ၀ီစိမှ လွတ်ရပါသော်လည်း နိယတမိစ္ဆာဒိဋ္ဌိများသေ၍ မဟာအ၀ီစိငရဲကျသူများသည် ကမ္ဘာပျက်သော်လည်း တစ်ခြားကမ္ဘာသို့သွား၍ မဟာအ၀ီစိငရဲတွင်ထပ်မံ၍ ခံရပေဦးမည်။ ထိုသို့သောသူများကို အရာထောင်သောင်းမက ပွင့်တော်မူပြီးသည့်မြတ်ဘုရားများ မည်မျှပင် တရားဟောစေကာမူ အယူသည်းမှုကို မပယ်စွန့်နိုင်ကြပေ၊ ထိုကြောင့် အပါယ်ကျပြီးရင်းကျရင်း ဖြစ်ကား ကမ္ဘာသစ်ငုတ်ကြီးများအဖြစ်ကျန်ရစ်သည်ဟု ကျမ်းဂန်များမှာ ဖွင့်ပြထားသည်ကို သတိထားသင့်ပါကြောင်း ။         ။
x                     x                          x
 ကန့်ကွက်မဲ များလွန်းလို့ အကြိမ်းခံရသည့် ရှမ်းပြည်မြောက်ပိုင်း ရယကများ--ဆက်ပွား
နမ့်ခမ်းဒေသရှိ လက်ဖက်ခြောက်ဈေးနူန်းများ ကျဆင်းနေ      မိုင်းယိုဝ့်ခြိုဝ်း
ရွှေထုအကြိုက် ရွှေငါးပိလမ်းညွှန်      ရွှေတာတေ
အလင်းတန်းများ      ခွန်ဆိုင်း
နှင်းခဲမြေမှ ပအိုဝ်းအမျိုးသားနေ့    ခွန်မျိုးငယ်
ဘ၀အသွင်ကို ဓမ္မဖြင့်အစားထိုးခြင်း   နတ်မျက်စိ
ဗေဒင်နှင့် ဗုဒ္ဓဘာသာအမြင်        ၀ိသကြုံ
မလေးရှားက “ရွှေဒုက္ခ“    မင်းမင်း (ကွာလာလမ်ပူ)
     ကျူးဘားသမ္မတသစ် ရောလ်ကက်စထရို
     ကမ္ဘာ့အပါးဆုံး ကွန်ပျူတာ လာပြီ
    အမေရိကန် အင်ဒီး(စ်) ပေါ့(ပ်)တေးဂီတ သီဆိုတဲ့  ဆီလ်အက်တယ်လ်မြို့က "မေရီဝင်း"
    အများမသိသေးတဲ့ ကြားသိလိုက်ရတဲ့ ၀မ်းနည်းဖွယ် ဖြစ်ရပ်မှန်တစ်ခု
မန်မာ့ အရေးအတွက် အမေရိကား တခွင် ကားဖြတ်သန်းမောင်းနှင်မည့်  ကိုကျော်စည်သူ
    သူ့ စကား မုသားက ကြွယ်
     မြန်မာ့အရေး နီနီရဲရဲ သတင်းများ
     ကြားဖူးကြလား အရပ်ကတို့
     ဂူးဂဲလ်နဲ့ စကြာဝဠာအထိ ခြေဆန့်ကြမယ်
     ဆက်ဒမ်ဟူစိန် နောက်ဆုံး စက္ကန့် များ
       ပါပီတို့  အကြောင်း တစေ့တစောင်း
      သားသားမီးမီး လိုချင်တာမွေးနိင်ပြီ
       အာဏာရ သမ္မတ အခြေမလှသည့် အီရန်မှ ဒေသန္တရ ရွေးကောက်ပွဲ
        ရ၀မ်ဒါ လူမျိုးတုံး သတ်ဖြတ်မှု ဘုန်းတော်ကြီး  ထောင် ၁၅ နှစ်ကျပြီ
Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top
Suggestions & Comments: webmaster@hittaing.org