|
နမ့်ခမ်းဒေသရှိ လက်ဖက်ခြောက်ဈေးနူန်းများ ကျဆင်းနေ
မိုင်းယိုဝ့်ခြိုဝ်း
peace-on-earth.org
ရှမ်းကုန်းပြင်မြင့်မှ ပလောင်အမျိုးသမီးတဦး
နမ့်ခမ်းမြိုနယ် ဒေသတ၀ိုက်အတွင်းရှိ ပလောင်ကျေးရွာများတွင်
လက်ဖက်ခြောက်ဈေးနှုန်းများ ကျဆင်းနေပြီး ကုန်ဈေးနှုန်းများ မြင့်တက်နေကြောင်း
ဒေသခံများ၏ ပြောပြချက်အရ သိရှိရပါသည်၊
“ကျမတို့ နမ့်ခမ်းမြို့နယ် ဒေသတ၀ိုက်တွေမှာ လက်ဖက်ခြောက်ဈေးနှုန်းဟာ ၁၄၀၀
အထိကျဆင်းပြီး အခြားကုန်ဈေးတွေ အရမ်း မြင့်တက်နေပါတယ်၊ ကျမတို့မှာ
လက်ဖက်အမျိုးအစား အစားစားရှိပါတယ်၊ လက်ဖက် အကောင်း၊ အလတ်၊ အကြမ်းဆိုတဲ့
အမျိုးအစားများ ရှိပါတယ်၊ ပြီးခဲ့တဲ့နှစ်ကဆိုရင် ၄၀၀၀ မှ ၅၀၀၀ ထောင်အထိ
လက်ဖက်ဈေးကောင်းခဲ့ပါတယ်၊ ယခုနှစ်မှာတော့ လက်ဖက်အကောင်း တစ်ပိဿာကို ၁၄၀၀
နှုန်းနဲ့ ၀ယ်ယူပြီး အကြမ်းအတွက်တော့ ဈေးမရှိပါဘူး၊ ယခုရရှိတဲ့
လက်ဖက်ဈေးနှုန်းနဲ့ ကုန်ဈေးနှုန်းတွေနဲ့ မကိုက်ညီတဲ့ အတွက် ကျမတို့
ပလောင်လူထုတွေရဲ့ အခြေအနေဟာအရမ်းကို ဆိုးရွားနေပါတယ်၊ ဘာကြောင့်လဲ ဆိုတော့
ယခုနှစ်ထဲမှာ လက်ဖက်ခြောက် ဈေးတွေကျဆင်းပြီး ကုန်ဈေးနှုန်းတွေလဲ
အဆမတန်မြင့်မားနေတဲ့အပြင် လက်ဖက်ဝယ်တဲ့လူတွေလည်း မရှိသလောက် ဖြစ်နေပါတယ် ”
“ ယခုလက်ရှိ ဆန်တစ်အိတ်ဆိုရင် နှစ်သောင်း ကျော်ပေးရပါတယ် အဲဒါတောင်မှ ဆန်ထဲမှာ
အညံ့ဆုံး ဆန်ပါ၊ အကောင်းဆုံး ဆန်ကတော့ တစ်အိတ်ကို သုံးသောင်းခွဲဖြစ်ပြီး
အလယ်အလတ် ဆန်တွေကတော့ နှစ်သောင်းရှစ်ထောင်ကျော်လောက် ပေးရပါတယ်၊ စားဆီဆိုရင်
တစ်ဆယ်သားခွက်ကို ၆၅၀ ပေးရပါတယ်။ ဆားတစ်ပိဿာကိုတော့ ၆၀၀ ပေးရပါတယ်၊
လောင်စာဆီများနှင့် ပတ်သတ်ပြီး ဓါတ်ဆီ တစ်ပုလင်း ဆိုရင် တစ်ထောင် ပေးရတယ်
ဆိုတော့ ကျမတို့ ရတဲ့ လက်ဖက်ဈေးတွေနဲ့ ကိုက်ညီမှု မရှိပါဘူး ” လို့
ပြောပြပါတယ်၊
kipling/flickr.com
ကလောမြို့အနီးမှ
ပလောင်ရွာတခု
ပြီးခဲ့တဲ့
နှစ်က လက်ဖက်တစ်ပိဿာကို ၄၀၀၀ ကျော်မှ ၅၀၀၀ ကျော်အထိ ဈေးကောင်းခဲ့ပြီး
မိုးကုန်ပြီး လက်ဖက်ဈေးနူန်းများ ၂၈၀၀ကျပ်နှုန်း အထိ ကျဆင်းလာသည့်
အတွက်ကြောင့် ရွာသားများမှာ ယခုနှစ် ၂၀၀၈ အတွင်းရောင်းရန်အတွက်
စုဆောင်းထားခဲ့ကြသည်၊ သို့ သော် ယခု ၂၀၀၈ အတွင်းတွင် ၀ယ်ယူသူများ
မရှိသောကြောင့် စုဆည်းထားသော လက်ဖက်များ အလဟဿ ဖြစ်သွားကြောင်း၊ ထိုအပြင်
လက်ဖက်များကို ခူးဆွတ်ပါက ၀ယ်ယူသူမရှိကြောင်း မခူးဆွတ်ပါက
လက်ဖက်များရင့်သွားမည်ဖြစ်သည်၊ ထိုသို့ မည်သည့်ဘက်မှ လှည့်လို့
မရသည့်အခြေအနေနှင့် ဒုက္ခများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဒေသခံ တစ်ဦးမှ
ဆက်ပြောပြပါသည်၊
ပလောင်လူထုဟာ လက်ဖက်ကိုသာ မှီခိုပြီး လုပ်ကိုင်စားသောက်နေကြသည့်
တိုင်းရင်းသားဖြစ်ကြပါသည်၊ ဤကဲ့သို့ လက်ဖက်ဈေးနှုန်းများ ကျဆင်းခြင်းနှင့်
လက်ဖက်များကို ၀ယ်ယူခြင်း မရှိသည့်အတွက် ပလောင်လူထုတစ်ခုလုံးမှာ ဒုက္ခများ
ရင်ဆိုင်နေကြရ ပါသည်၊ ထွှိုအပြင် အခြားကုန်ဈေးနှုန်းများ
အဆမတန်မြင့်မားနေသည့်အတွက်ကြောင့် ပလောင်လူထု၏ ရှေ့ရေးများ
ဆိုးရွားနိုင်ဖွယ်ရှိကြောင်း တင်ပြ လိုက်ပါသည်။
x x
x x x x
x
|