သတင်း  နိုင်ငံတကာသတင်း    ဆောင်းပါး     ရသ    သုတ    ရင်ဖွင့်သံ   သူ့အမြင်    ကဗျာ  ဟာသ   ကာတွန်း   ကမ္ဘာတလွှားမြန်မာများ  ပြည်သူ့စစ်သည်ရေးရာ

    

မလေးရှားက “ရွှေဒုက္ခ“

မင်းမင်း (ကွာလာလမ်ပူ)

သံရုံးက ကျနော် သိသလောက်တော့ အခွန်ဆောင်ဖို့၊ သက်တမ်းတိုးဖို့ ကိစ္စတို့၊ မြန်မာပြည် ပြန်မယ့်သူတွေအတွက် ထောက်ခံချက် လုပ်ပေးတာတို့ အဲဒီလောက်ပဲ။ ပြဿနာ ဖြစ်လာလဲ သံရုံးကို သွားရင် ကူညီပေးတာ မရှိဘူး။ အိုဗာစတေးနဲ့ နေတဲ့သူတွေဆိုရင် လေယာဉ်နဲ့ အပေါ်လမ်းက ပြန်လို့ရအောင် ထောက်ခံချက် လုပ်ပေးတာတို့ ဒါပဲ လုပ်ပေးတယ်။ အဲဒီ အိုဗာစတေးတွေ အပေါ်လမ်းက ပြန်ချင်ရင် ပေးရမယ့် ငွေကြေးကို ပေးပြီး အပေါ်လမ်းက ပြန်လို့ရအောင် လုပ်ပေးတယ်။ အားလုံး တာဝန်ယူတယ်လို့ ပြောတာပဲခင်ဗျ။ အခွန်မဆောင်တဲ့သူ မြန်မာပြည် ခဏတဖြုတ် ပြန်လည်လို့ မရဘူး။ ရန်ကုန်လေဆိပ် ၀င်ရင် အခွန်မဆောင်ရင် မြန်မာပြည် ပြန်လို့မရဘူး။ အဖမ်းခံရမယ်တို့ အမျိုးမျိုး ပြောပြီ ခြောက်လှန့်နေတာ။

တခြားနိုင်ငံသားတွေ အခွန်ဆောင်ရတာ မရှိဘူးခင်ဗျ။ ကျနော်တို့ မြန်မာသံရုံးတခုပဲ ရှိတယ်။

အိန္ဒိယတို့ နီပေါတို့ အင်ဒိုနီးရှားတို့ ဘင်္ဂလားဒေ့ရှ်တို့ အလုပ်သမားတွေကို ကျနော် မေးကြည့်တယ်။ သူတို့ သံရုံးမှာ ဘာမှ မပေးရဘူး။ သက်ဆတမ်းတိုးရင်လဲ ဒီမလေးရှားပိုက်ဆံ ရင်းဂစ် ၅၀ လောက်ဆို သက်တမ်းတိုးလို့ ရတယ်။ မြန်မာငွေနဲ့ဆိုရင် ကျပ် တသောင်းရှစ်ထောင် လောက် ရှိမယ်။

မြန်မာတွေ မလေးရှားနိုင်ငံမှာ အလုပ်လာလုပ်တဲ့ နိုင်ငံခြားသားအားလုံး အလုပ်လုပ်ခွင့် သက်တမ်း တနှစ်တခါ တိုးရတယ်။ သူတို့ရဲ့ ကောလင်းဗီဇာကို လိုက်ပြီး ၁၅၀၀ ကနေ ၂၂၀၀ ရင်းဂစ်ဝန်းကျင် ရှိတယ်။ အဲဒါ အကုန်ပဲ တခြားဟာ ဘာမှ မဆောင်ရတော့ဘူး။ အဲဒီထဲမှာ မလေးရှားအစိုးရကို ဆောင်ရတဲ့ အခွန် တခါတည်း ပါတယ်။

အခွန်နှစ်ထပ်က မလေးရှားမှာ မြန်မာလူမျိုးတွေပဲ ဆောင်နေရတယ်။ မြန်မာအလုပ်သမားတယောက်က သံရုံးကို အခွန်ဆောင်မယ်ဆိုရင် တလ ရင်းဂစ် ၆၀ လောက် ဆောင်ရတယ်။ တနှစ်ကို ရင်းဂစ် ၄၈၀၊ မြန်မာငွေနဲ့ဆို နှစ်သိန်းနီးပါးပေါ့။ တကယ်တမ်း အလုပ်အဆင်ပြေတဲ့လူ၊ လစာကောင်းတဲ့ လူတွေကတော့ ဆောင်ကြတာပေါ့နော်။ များသောအားဖြင့် ခုနောက်ပိုင်း ရောက်လာတဲ့ သူတွေက လစာ မကောင်းကြဘူး။ တလကို မလေးရှား ၁၈ ရင်းဂစ်ပဲ ရတယ်။ ပိတ်ရက်တွေ နှုတ်ရင် တလ ရင်းဂစ် ၄၀၀ ၀န်းကျင်ပဲ ရတယ်။ မြန်မာငွေ တသိန်းသုံးသောင်းလောက် ရမယ်။ စားစရိတ်နဲ့ ကုန်စရာနဲ့ တလ ရင်းဂစ် ၂၀၀ လောက် ကုန်မယ်။ တချို့ဆိုရင် ရောက်လာကတည်းက လေးငါးခြောက်လကို တပြားမှ မပို့နိုင်တဲ့သူတွေ အများကြီးပဲခင်ဗျ။

မြန်မာအလုပ်သမားတွေကို မေးကြည့်တော့ ဟိုကနေ လာတော့လဲ အိမ်ပေါင်ခြံပေါင်မြေပေါင်နဲ့ဆိုတော့ အကြွေးတွေနဲ့ အတိုးပေးပြီး လာခဲ့ရတာဆိုတော့ ပြန်ရင်လဲ အဆင်မပြေဘူးလေ။ ခုဆို ယောက်ျားလေးတွေတင် မဟုတ်ဘူး။ မလေးမှာ မိန်းကလေးတွေပဲ တော်တော်များနေပြီ။ ဒီနှစ်ထဲမှာကို တော်တော် ၀င်လာတာ။

မေးကြည့်တော့ မြန်မာပြည်မှာ မိသားစုတွေ အားလုံးအလုပ်လုပ်လို့ တရက်စာ စားဖို့တောင် မလောက်ကြဘူး။

(၁-၃-၀၈)

  

မူလ ဆောင်းပါးများသို့ 

Suggestions & Comments: webmaster@hittaing.org