ကမ္ဘာ့အပါးဆုံး ကွန်ပျူတာ လာပြီ

ရိုက်တာ

ကမ္ဘာ့အပါးဆုံး ကွန်ပျူတာနှင့် တွေ့ရသော ပန်းသီးဘော့စ် စတိဗ် ဂျော့ဘ်စ်

ပန်းသီး ကွန်ပျူတာသူဌေး စတိဗ် ဂျော့ဘ်စ်သည် Macbook Air ဟု အမည်ပေးထားသော ကမ္ဘာ့အပါးဆုံး လက်ဆွဲကွန်ပျူတာကို ထုတ်လုပ်လိုက်သည်။ ၁ ဒသမ ၃ ကီလိုသာ လေးမည့် ကွန်ပျူတာပေါက်စသည် သာမန် ကွန်ပျူတာများထက် အထူး သေးငယ် ပါးလွှာမည် ဖြစ်သည်။

ပန်းသီး (Apple) ကုမ္ပဏီ အကြီးအကဲသည် အမေရိကန်ရှိ iTunes အသုံးပြုသူများအတွက် ဒစ်စနေနှင့် ဖောက်စ် အပါအ၀င် အဓိက ရုပ်ရှင် စတူဒီယိုတိုင်းနီးပါးမှ ရုပ်ရှင်များ အင်တာနက်မှ ငှားရမ်း ကြည့်ရှုနိုင်မည့် ၀က်ဘ်ဆိုက်များကိုလည်း လွှင့်တင်လိုက်သည်။ “ကျနော်တို့ ဒါကို နိုင်ငံတကာမှာလဲ ဖြစ်လာအောင် ကြိုးစားနေပါတယ်”ဟု ဂျော့ဘ်စ်က ပြောကြားရင်း ယခုအစီအစဉ်သည် ဤနှစ်နှောင်းပိုင်းအတွင်း ကမ္ဘာတလွှား ပြန့်နှံ့သွားမည်ဟု ဆိုပြန်သည်။

အသစ်တီထွင်လိုက်သော လက်ပ်တော့ ကွန်ပျူတာနှင့် ပတ်သက်၍မူ “ဒါဟာ အင်ဂျင်နီယာ ပညာရပ်ရဲ့ ထူးခြားအံ့ဖွယ် လုပ်ရပ်တခုပါ”ဟု ပြောသည်။ ထိုလက်ပ်တော့ အသစ်တွင် အရွယ်ပမာဏ သေးငယ်စေလိုသဖြင့် စီဒီ သို့မဟုတ် ဒီဗီဒီပေါက်များ ပါရှိမည် မဟုတ်ပေ။ “၀ိုင်ယာလက်စ် (ကြိုးမဲ့)စက်တခုအဖြစ် တည်ဆောက်ထားပါတယ်”ဟု ပန်းသီးဘော့စ်က ဆိုသည်။

ယခု လက်ပ်တော့သည် ပေါ့းပါးပြီး သယ်ဆောင်ရ လွယ်ကူအောင် ဒီဇိုင်းပြုလုပ်ထားသော ဆိုနီ၊ ဒဲဘ်နှင့် Asus ကုမ္ပဏီများမှ ထုတ်လုပ်ပြီး နုတ်ဘုတ် အငယ်စားများကဲ့သို့  ပြီးပြည့်စုံ သေးကွေးသော အသုံးအဆောင်တခု ဖြစ်မည်ဖြစ်သည်။ နှစ်ပတ်အတွင်း ဈေးကွက်တင်မည် ဖြစ်ပြီး ဈေးနှုန်းမှာ အမေရိကားတွင် ၁၇၉၉ ဒေါ်လာ ဖြစ်သည်။ ဟာ့ဒစ်စ် ၈၀ ဂီဂါဘိုက် ပါရှိကာ ပိုမိုကောင်းမွန်သော solid state drive ၆၄ ဂီဂါဘိုက် ရလိုပါက ၉၉၉ ဒေါ်လာ ထပ်မံ အကုန်ခံရမည် ဖြစ်သည်။

(အေပီ)

 

 

ယခင် သုတဆောင်းပါးများသို့

Home | About HitTaing | Activities | Statements | Current News | Photo Gallery | Contact Us | Related Links | Back to Top

Suggestions & Comments: webmaster@hittaing.org